ဖုန်းထဲတွင် အင်တာနက်ဆော့ဝဲများအမြဲ run မိမှာစိုးလို့။

ခင္ခNovember 27, 20122min1758

ဖုန်းထဲတွင် အင်တာနက်ဆော့ဝဲများအမြဲ run မိမှာစိုးလို့။

 

ကျွန်တော်ဖေ့ဘုတ်ထဲကိုပို့လာတဲ့ အကြောင်းအရာလေးတစ်ခုပါ။ အများစုသိရှိပြီးသားဖြစ်နိုင်မယ်လို့ယူဆ ပေမယ့်၊ မသိသေးတဲ့သူများအတွက်လည်း သိရှိအောင်မျှဝေတင်ပေးလိုက်တာပါ။

 

Myanmar Mobile App Store

ဒီဇင်ဘာလမှစ၍ Data သုံးစွဲနှုန်းဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုခကောက်ခံတော့မည်ဖြစ်၍ မြန်မာပြည်သူများ
ပြင်ဆင်ထားသင့်သောအချက်များ
————————————————–

– ဖုန်းထဲတွင် အင်တာနက်အမြဲသုံးစွဲနေသော ဆော့ဝဲများအား run မထားပါနှင့်။
– ဖုန်းထဲတွင် သတင်းများ auto တက်နေသော ဆော့ဝဲများရှိပါက ယင်းဆော့ဝဲအား ဖြုတ်ထားခြင်း (သို့မဟုတ်) ကိုယ်တိုင် update လုပ်မှ သတင်း အသစ်တက်စေသော setting သို့ပြောင်းထားပါ။ သတင်းဌာနဆော့ဝဲများသည် auto update feed / RSS Reader ကိုအသုံးပြုထားသဖြင့် သတင်းအသစ်တင်တိုင်း data auto download လုပ်သောကြောင့် မိုဘိုင်း data အသုံးပြုနှုန်း နာရီဝက်တစ်ခါ မိနစ်ခြားတစ်ခါအသုံးပြုနေပါသည်။

– ဖုန်းတွင်းရှိ အင်တာနက်ကွန်နက်ရှင်အသုံးပြု၍သုံးစွဲရသော ဆော့ဝဲများသည် Background မှလည်း auto run နေနိုင်သဖြင့် ဖုန်းအင်တာနက်ဖွင့်ထားပြီး ကိုယ်ကမသုံးသော်လည်း နောက်ကွယ်မှ run နေမည်ဖြစ်သဖြင့် Mobile Internet Data Usage သုံးစွဲနေမည်သာဖြစ်သည်။ Android ဖုန်းများတွင် Advance Task Manager လိုဆော့ဝဲမျိုးဖြင့် ဖုန်းထဲတွင် auto run နေသော အင်တာနက်အသုံးပြုဆော့ဝဲများကို Task Kill လုပ်ထားခြင်းဖြင့်လည်းကောင်း ၊ iPhone များတွင် Home Button ကိုနှစ်ချက်ဆက်တိုက်နှိပ်၍ Background run apps list ပေါ်လာလျှင် အင်တာနက်ကွန်နက်ရှင်အသုံးပြု၍ သုံးရသော ဆော့ဝဲများ၏ icon ကို press ဖိ၍ ကြက်ခြေခတ် ကိုနှိပ်၍ remove လုပ်ထားရန် လိုပါသည်။

– ဖုန်းထဲတွင် လက်ရှိ Mobile Data မည်မျှအသုံးပြုထားသည်ဆိုသည်ကို ပြန်လည်စစ်ဆေး၍ရသော ဆော့ဝဲမျိုးကိုလည်းထည့်ထားရမည်ဖြစ်သည်။ သို့မှသာ မိမိ data မည်မျှသုံးစွဲထားသည်ကို ပြန်လည်တွက်ချက်နိုင်မည်ဖြစ်သည်။

Android ဖုန်းအတွက် Data Usage v1.0 ဆော့ဝဲကိုထည့်သွင်းသုံးစွဲရမည်ဖြစ်သည်။ အောက်က link မှာရယူပါ။

http://mmasdata.com/ipa/files/DataUsage%20by%20www.myanmarmobileapp.com.apk

iPhone အတွက် Data Usage ကြည့်ရှုရန်ဆော့ဝဲကို အောက်က link မှာရယူပါ။

https://itunes.apple.com/us/app/dataman-pro-real-time-data/id572431648?mt=8

———————————————————————-

(Post by သက်နိုင်စိုး | Myanmar Mobile App Store | Best Mobile Knowledge Sharing Website in Myanmar)
www.myanmarmobileapp.com

 

ပြန်လည်ဝေမျှ အသိပေးခြင်းပါ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

8 comments

  • မောင်ပေ

    November 27, 2012 at 8:22 pm

    ကျုပ်ကတော့ ဆန္ဒပြမယ့် အဖွဲ ့အစည်းတွေ မြို ့တိုင်း မှာ အမြန်ဆုံးပေါ်လာပါစေလို ့
    လုံးဝ အဓိတ်ပယ် မရှိဘူးဗျို ့
    ပြည်သူားတွေ ကို နို ့စားနွားမ တွေများမှတ်နေကြလား မသိဘူး

    • Good™

      November 28, 2012 at 5:35 am

      တို့ဖုန်းသုံးပြည်သူ တွေက နို့စား နွားမ ဟုတ်ဖူး ကွ၊ ညစ်လဲထွက်၊ဖိလဲထွက်၊နင်းမိလဲထွက်တဲ့ သွားတိုက်ဆေးဘူး။

  • uncle gyi

    November 27, 2012 at 10:28 pm

    အင်တာနက်လိုင်းကိုအသုံးပြုစဉ်မှလွဲ၍ပိတ်ထားပါကြောင်း

  • Mobile

    November 28, 2012 at 3:27 am

    ဟုတ်ကဲ ဗဟုသုတဖြစ်စေပါတယ်။
    မောင်ပေ ကိုကြည့်ရတာ တော်တော် ဒေါသထွက်နေပုံပဲ။

  • ဦးဦးပါလေရာ

    November 28, 2012 at 7:05 am

    အင်တာနက်မသုံးချိန်မှာ အင်တာနက်ဆားဗစ်ကို ဖြုတ်ထားတာ အကောင်းဆုံးပဲလို့ထင်ပါတယ်။

  • Xaw Lynn

    December 1, 2012 at 9:11 pm

    အင်တာနက် အသုံးပြုနူန်း ပြောင်းလဲ ကောက်ခံတာနဲ့ ပက်သက်ပြီး သတင်းတွေ ကြားရပါတယ်။ 100Kb ကို နှစ်ကျပ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ကျွန်တော် သိချင်တာက အင်တာနက် usage data type မှာ upload ကော download ကော နှစ်မျိုး ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ခု ကောက်မယ့် အစီအစဉ်မှာ upload အတွက် ကောက်တာလား။ download အတွက် ကောက်တာလား။ ဒါမှမဟုတ် နှစ်မျိုးစလုံးအတွက် ကောက်တာလား။ အဲဒါလေး မသိလို့ မေးကြည့်တာပါ။ ကျွန်တော်က ခုမှ ဒီဝက်ဘ်ဆို်က်ကို စသုံးတာဆိုတော့ မှားတာရှိရင် ခွင့်လွှတ်ပါဗျာ။

Leave a Reply