ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ

the bestNovember 27, 20123min64827
အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ငွေကြေးကောက်ခံမည့် စနစ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးကြညာတာပါတွဲပြီးတင်လိုက်ပါတယ်။
http://www.facebook.com/photo.php?fbid=568241993191600&set=a.362239160458552.107216.287336421282160&type=1

အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ငွေကြေးကောက်ခံမည့် စနစ်မှာ
သိသင့်တာတွေ ့လို ့ကူးတင်မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage
–       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်
–       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်
–       Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်

–       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်
–       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်
–       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်
–       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်
–       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်

Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။

Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀ဝ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။

Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။

Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်

Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kbps ဖြစ်ပြီး 1 min ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)
100 Kb (2 ကျပ်)
1 MB  (20 ကျပ်)
100 MB  (1500 – 1800 ကျပ်)
http://www.facebook.com/notes/sun-thurain-moe/%E1%80%92%E1%80%AB%E1%80%B1%E1%80%90%E1%80%BC%E1%80%9E%E1%80%AD%E1%80%99%E1%80%BD-internet-%E1%80%80%E1%80%AD%E1%80%AF-%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%95%E1%80%AB/4614772361231

27 comments

  • the best

    November 27, 2012 at 7:53 pm

    “ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ။ ”

    ခေါင်းစဉ် ကျန်ခဲ့တယ်။ကူညီပါအုံး။

  • မောင်ပေ

    November 27, 2012 at 8:08 pm

    နေ ့လည်တုန်းက ဖက်စ်မြန်မာမိုဘိုင်း က တင်ထားတာ ဖတ်ပြီးကတဲက စိတ်ပျက်နေတာ
    ကျုပ်ကတော့ အရင်အတိုင်းပဲ ဆက်ပြီး လုပ်စေချင်တာပဲ ၊ အခုဟာကြီးက ကောင်းမယ်မကောင်းမယ် မသေချာပေမယ့် ပိုက်ဆံကတော့ ခါတိုင်းထက် ပိုကုန်မှာ လုံးဝ ၁၀၀၀၀၀၀% သေချာနေတာကလား
    မိုဘိုင်းလ်ဖုန်းသုံးတဲ့သူတွေ ဆန္ဒဝိုင်းပြရင် ကောင်းမယ်

    • တိမ်မည်း

      November 29, 2012 at 11:18 am

      မဟုတ်သေးဖူး ဦးပေရေ…………

      ဈေးကြီးသေးတာကတော့ အမှန်ပါဲ…………..
      ခါတိုင်းထက်တော့ ပိုကုန်တယ် မကုန်ဖူးဆိုတာ လူတိုင်း အတွက် မမှန်ပါဖူး………….
      တချို ့က Gtalk လေး ပဲသုံးတယ် နောက်ပီး မေးလ်ပဲစစ်တယ်…. ဒီလောက်ပါပဲ…..
      တချို ့က Video ကြည့်တယ် Facebook ကြည့်တယ်ပေါ့…….

      အဲ့ဒီတော့ ဈေးလျော့ဖို ့လိုတာတော့ အမှန်ပါ…. ဒါပေမယ့် နည်းလမ်းက မမှားပါဖူး….

  • padauk moe

    November 27, 2012 at 8:32 pm

    ဟုတ်တယ်နော် လွန်ကိုလွန်လွန်းတယ်လေ ထားလိုက်ပါတော့ သူတို့ခေတ်ကိုးဗျ

  • ကထူးဆန်း

    November 27, 2012 at 10:22 pm

    ဒါဆိုvdo ၃ဝ မိနစ်တစ်ခါကြည့် ကို ၁၈၀ဝကျပ် လောက်ကျမှာပေါ့ ။

  • the best

    November 27, 2012 at 11:35 pm

    မောင်ပေ၊ padauk moe၊ ကထူးဆန်း တို ့ကိုကျေးဇူးတင်ပါတယ်။
    ကျွန်တော်လည်း တော်တော်စိတ်ပျက်ပျက်နဲ ့ တင်လိုက်တာပါ။

    စောင့်ကြည့်ကြတာပေါ့။

    data usage 1 MB ကို 100 MB ဆိုပြီး ဖြတ်တာတွေ လာပါလိမ့်အုံးမယ်။

  • Mobile

    November 28, 2012 at 3:11 am

    ညီလေးတို့တစ်တွေရေ ခံလိုက်ကြပါအုံး။
    ဦးဦးတို့ကတော့ လောလောဆယ် အဲ့ဒီလိုဝဋ်မျိုးကလွတ်နေတယ်။

  • Good™

    November 28, 2012 at 5:25 am

    အဲဒီသတင်း ကြားလို့ ခု မနက်အစော ကြီး သုံး နေတာ။ နောက် ဆို ဆင်ခြင်သုံးရတော့ မှာမို့ လေ။
    မန်းဂေဇက် မှာ ရော စာ သီးသန့် ပို့ ကို တင်ရင်/ဖတ်ရင် ဒေတာ ဘယ်လောက် သုံးလဲ၊ ပုံပါတဲ့ ပို့ တင်ရင်/ကြည့်ရင် ဒေတာ ဘယ်လောက် သုံး လဲ ဆိုတာ လေးပါ လုပ်ပါအုံး။

  • Inz@ghi

    November 28, 2012 at 6:43 am

    data ပမာနနဲ့ ငွေကောက်တာကိုတော့ လွန်တယ်မပြောလိုပါဘူး
    တချိန်တည်းမှာ ဒေါင်းလုပ်ချရင်း ဘရောက်ဇ် လုပ်နေတဲ့လူက
    ဘရောက်ဇ်သက်သက်လုပ်နေတဲ့လူထက် ဆားဗစ်ကို ပိုသုံးစွဲနေတာ မို့
    ပိုပေးရသင့်တာ အမှန်ပါ
    နောက်တချက်က ..
    သူများတိုင်းပြည်မှာလည်း သည်လိုပဲ ..ဒေတာပလင်န်တွေနဲ့သွားနေတာပဲဆိုတော့
    မှားမယ်မထင်တဲ့ စနစ်ပါ…

    ၂ခုလေးပဲ …အဲ့ဒါကတော့ ၁။ ဈေးနှုန်းပါ .. reasonable price
    ဖြစ်စေချင်တာပါပဲ …
    ၂။ service ကောင်းမွန်စေချင်တာပါ..။ 404 တက်နေ အချိန်ပြည့် ဘက်ဘုန်း
    ဒေါင်းတယ် အော်နေတဲ့ ဆားဗစ်စ်ကို ဘယ်သူမှ ပိုက်ဆံပေးချင်မှာ မဟုတ်ပါ…

    တော်သေးပြီ

  • Foreign Resident

    November 28, 2012 at 6:58 am

    တစ်ခုတော့ပြောမယ်နော် ။

    ဟန်းဖုန်း နှင့် အင်တာနက် သုံးချင်ရင်တော့ ဈေးကြီးမိမှာပဲကွယ့် ။
    အခုက မြန်မာပြည်မှာ ကောက်ခံတဲ့ ဈေးနှုန်းက ၊
    နိုင်ငံတကာနှင့် ယှဉ်ကြည့်ရင် မများလှဘူးကွယ့် ။

    အဘတောင် ဩဇီမှာ ဟန်းဖုန်း နှင့် အင်တာနက် မသုံးပါဘူး ။
    ဈေးကြီးလို့ ၊ မတန်လို့ ။
    သိပ်အရေးကြီးမှပဲ ဟန်းဖုန်း နှင့် အင်တာနက် သုံးတယ် ။

  • ဦးဦးပါလေရာ

    November 28, 2012 at 7:01 am

    ဒီစံနစ်ကို သဘောကျပါတယ်။ သုံးတဲ့သူက သုံးသလောက်ပေးဆိုတာမျိုးကိုး

    ဈေးက 100kb ကို ၂ ကျပ်ကတော့ မသင့်ပါဘူး။ သူများနိုင်ငံနဲ့ယှဉ်ရင်လဲ များနေတယ်။ ဖြစ်သင့်တာနဲ့တွက်ရင်လဲ များလွန်းတယ်။
    ကျုပ်အမြင်အရတော့ ဖြစ်သင့်တာက 1Mb ကို ၅ ကျပ်လောက် / ၄ကျပ်လောက် ဖြစ်သင့်တယ်ထင်ပါတယ်။

    • Inz@ghi

      November 28, 2012 at 7:18 am

      ပညာရှင်ကိုနေရာပေးကြပါဆို …
      ပညာရှင်တွေ ဒုဝန်ကြီး ဖြစ်လာပြီး ထွက်လာတဲ့ ပလင်န်ပါပဲ…
      ဟီဟိ….

      :harr:

      နောက်တာပါဗျာ အတည်ပြောပါ့မယ်…
      ဖေ့စဘုတ်သုံးရင် တမိနစ် ၁မက်လောက်ကုန်ပါသတဲ့..
      ဆိုတော့ တနာရီ မက် ၆ဝ .. ပလန်အေနဲ့ဆိုရင် တနာရီ ၁၂၀ဝကျပ်လောက်ကျတော့
      အင်တာနက်ဆိုင်မှာသုံး တနာရီ ၄၀ဝ ထက် ၃ဆလောက် များတဲ့ သဘောပေါ့ဗျာ …
      အဲ … ပလန်ဘီ နဲ့ ဆိုပါစို့ ၂၀ဝမက် ဆိုတော့ ၃နာရီကျော်ကျော် … ၁၅၀ဝကျပ် တဲ့
      တနာရီ ၄၀ဝကျော် ၅၀ဝနီးပါးကျတဲ့ ပလင်န်
      ပလန်စီ ပြောင်းရင်တော့ ၁ဂစ်ကို ၇၀၀ဝကျပ် .. ဖေ့စဘုတ် ၁၆နာရီကျော်ကျော်စာ
      အဲ့ဒါကို တွက်ရင် တနာရီ ၄၀ဝကျော်ကျမယ်.. အဲ …အဲ့ထက်ကြီးတဲ့ ဒေတာပလင်န်တော့
      မရှိတော့ဘူး .. အဲ့ဒါ ထောက်စရာအကောင်းဆုံးအချက်ပဲ …
      ရီဇင်နေဘယ် ပရိုက်ဇ်နဲ့ သုံးလို့ရတဲ့ ပလင်က တလမှ ၁၆နာရီကျော်ကျော်လေးပဲ ပေးသလား..
      တနေ့ နာရီဝက် … ဖေ့စဘုတ်သုံးပေါ့ .. ဂလိုလား..

      (ဗိုက်ဘာ နဲ့ စကိုက် သူများတူးထားတာတွေ သွား မ ပြီး ပြန်လာခဲ့ပါ့မယ်ဗျာ…)

  • kai

    November 28, 2012 at 8:09 am

    What’s a megabyte (MB)?
    A megabyte is a unit for measuring data. Whenever you send an e-mail, download a photo, or view a Web page, your phone is sending or receiving data. When it comes to cell phones, 1 MB of data is equal to roughly one of the tasks below:
    • Sending or receiving 50 e-mails (without attachments)
    • Streaming 2 minutes of music
    • Viewing 1 web page
    • Posting 3 photos to your Facebook page
    • Watching 30 seconds of video on YouTube (Sites like Netflix stream higher quality video, meaning you’ll use even more data)
    ==
    Below is a sampling of typical data plans currently available from wireless carriers.

    AT&T
    Plans for feature phones
    • $2 per MB pay-per-use
    • $10 a month unlimited (must have unlimited messaging plan)
    Plans for smart phones
    • $20 a month for 300 MB ($20 per 300 MB after)
    • $30 a month for 3 GB ($10 per GB after)
    • $50 a month for 5 GB ($10 per GB after)
    • AT&T’s optional Family Share Plans allow data to be shared across multiple devices. Plans range from $40 per month for 1 GB, to $200 a month for 20 GB. These plans are best for families with multiple smartphones and/or tablets.
    Sprint
    Plans for feature phones
    • $.03 per KB pay-per-use (that’s $30 per MB)
    • $20 a month unlimited
    Plans for smart phones
    • $30 a month unlimited (For $20 to $50, Sprint cutomers can tether their smartphone to other devices, like a laptop, and use up to 2 GB or 6 GB of data, respectively.)
    T-Mobile
    Plans for feature phones
    • $1.99 per MB pay-per-use
    Plans for smart phones
    • $20 a month for 2 GB
    • $30 a month for unlimited
    Verizon
    Plans for feature phones
    • $1.99 per MB pay-per-use
    • For an additional $30 a month, a feature phone customer can upgrade a 700-minute voice plan to a plan that includes unlimited talk, text and 300 MB of shareable data.
    Plans for smart phones
    Verizon’s “Share Everything” plans allow data to be shared across multiple devices. The plans include:
    • $50 a month for 1 GB ($15 per GB after)
    • $60 a month for 2 GB ($15 per GB after)
    • $70 a month for 4 GB ($15 per GB after)
    • $80 a month for 6 GB ($15 per GB after)
    • $90 a month for 8 GB ($15 per GB after)
    • $100 a month for 10 GB ($15 per GB after)
    http://www.citizensutilityboard.org/ciTelecom_DataGuide.html
    အပေါ်ကဟာကတော့.. ဘီလီယံရာဂဏန်းမက.အကုန်အကျခံထားတဲ့.. အင်ဖရာစရပ်ချာပေါ်က… ဒေတာပလင်န်တွေပါ…
    နှိုင်းယှဉ်ဖို့သာဖြစ်ပါကြောင်း.. :kwi:

  • ဦးကြောင်ကြီး

    November 28, 2012 at 10:14 am

    သောက်တုပ်တွေတော့ ပလုပ်ကုန်ပြီ။ လူတွေအင်တာနက် မသုံးအောင် ဈေးမြှင့်ချလိုက်တာပေါ့ဗျာ။ ဒင်းတို့ မသိနေတာမှ မဟုတ်တာ။ မင်းတို့ကို လဗြွတ်လို့ ထင်တယ်ကွလို့ ပြလိုက်တာ… ဝိုင်းဆဲရင်ဆဲ မဆဲရင် ဒေါက်တာချက်ကြီးဆိုက်က တက်လာတဲ့ အလန်းလေးတွေ နင်တို့ ငတ်ပြီမှတ်…။
    အပေါ်က သဂျီးပြောတဲ့ ဈေးနှုန်းတွေက 3g 4g ကွန်နက်ရှင်အပြည့် ဈေးတွေပါ။ မြန်မာပြည်မှာလို အင်ဂျီးမဟုတ်ဘူး။ ပြီးတော့ နေရာတိုင်းမှာ ကေဘယ်လ် အင်တာနက် (တီဗွီပါ၊ မပါ)၊ တယ်လီဖုံးလိုင်းဒီအက်စ်အယ်လ် လည်းအလွယ်တကူ တပ်လို့ရတယ်။ ဒီအတိုင်းဆို အိမ်နဲ့ဗိုင်ပါ ပြောတဲ့အခါ စကားလုံး ကြိုကျက်ထားရမယ်။ ဒါမှ မြန်မြန်ပြီးမှာ… :eee:

    • မောင်ပေ

      November 28, 2012 at 2:35 pm

      သိပ်မှန်တဲ့ စကား
      ခါတိုင်း ပျင်းလို ့ရှိရင်
      ဒေါက်တာ့ဆီသွားလည်နေကြ
      ခုတော့ ခုတော့
      ဟင့်ဟင့်

  • the best

    November 28, 2012 at 2:04 pm

    ပြည်သူများ သက်သာစေရန် မိုဘိုင်းအင်တာနက်အသုံးပြုခပြောင်းလဲခြင်းဟု ဆက်သွယ်ရေးရှင်းလင်း
    မြတ်မိုးကျော်(မြစ်မခ)
    by Myit Makha Mediagroup on 28 Nov, 2012 မှကောက်နုတ်ချက်
    http://myitmakhamediagroup.com/detail.php?newid=3262

    သုံးစွဲသူများ၏ ပြောကြားချက်အရ Facebook သုံးမည်ဆိုလျှင်ပင် မိမိWall ပေါ်တွင် တင်ထားသော ပုံများ၊ စာများဖော်ပြပေးသည်ဖြစ်သည့်အတွက် တစ်မိနစ်လျှင် 1 MB နှုန်း data အသုံးပြုမည်ဖြစ်သည်။
    ထို့ ကြောင့် ဖုန်းနှင့် အင်တာနက်အသုံးပြုမည်ဆိုပါက တစ်မိနစ်လျှင် ၂ဝ ကျပ် ကျပြီး နာရီဝက်ခန့် Facebook အသုံးပြုမည်ဆိုလျှင်ပင် (၆၀၀)ကျပ်ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် Viber အသုံးပြုမည်ဆိုပါက တစ်မိနစ်လျှင် 240 KB နှုန်း data အသုံးပြုမည်ဖြစ်သောကြောင့်
    တစ်မိနစ် လျှင် (၅)ကျပ် ကျသင့်မည်ဖြစ်ပြီး Skype နှင့် Video Call အသုံးပြုမည်ဆိုပါက
    တစ်မိနစ်လျှင် 6 MB နှုန်း data သုံးမည်ဖြစ်သောကြောင့် တစ်မိနစ်လျှင် ၁၂ဝ ကျ သင့်နိုင်ကြောင်း သိရှိရသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူတွေကို အဆင်ပြေအောင် လုပ်ပေးထားတာပါ။ တကယ်တမ်းက ကျွန်တော်တို့ ပြပေးတဲ့ Plan B နဲ့ Plan C ဟာ ဆိုရင် အများကြီး သက်သာအောင် လုပ်ပေးထားတာပါ။ လေးသောင်းလောက် ကျမယ့်ဟာကို ၇၀၀ဝ လောက်နဲ့ အဆင်ပြေအောင် လုပ်ပေးထားတာပါ၊ ပြီးတော့ Facebook သုံးရင်လည်း နာရီဝက် ၆၀ဝ ဆိုတာ မဟုတ်ပါဘူး၊ Facebook အသုံးပြုသူတွေက 100 MB ထက် ကျော်ပြီးတော့ သုံးကြမှာလား၊ ဘယ်လိုမှ မကျော်ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

    http://www.facebook.com/permalink.php?story_fbid=497992886887862&id=263177123702774
    Facebook မှ comment အချို ့

    Lu Yichun အင်ချုပ် ရေ ခင်ဗျားအဖေ fb က စာတွေကြည့်ဟုတ်ဘူးဗျ။ ပုံတွေ ။
    ဗီဒီယိုတွေလည်းပါတယ်…နောက်ပီး refresh ကခဏခဏ လုပ်ရတာဗျ

    လရောင် သာ facebook ကော သုံးဖူးရဲ့လား

    Win Htike 1 GB ၇၀၀ဝ plan ကတော့ တန်သား။ အဲဒါဆိုလဲ 100 KB ၂ ကျပ်နဲ့ မကောက်နဲ့..
    အရင်လို မိနစ်နဲ့ ဆက်ကောက်။ ဒါဆို 1GB ၇၀၀ဝ plan ကို လူပိုသုံးလိမ့်မယ်။
    အခု 1 MB ၂ဝ ကတော့ များလွန်းတယ်လေ..အခုမြန်နှုန်းက ၁ မိနစ် 1 MB ဒေါင်းလို့ ရတယ်။
    ၁ မိနစ်မှ ၂ ကျပ်ရယ်။ ၁ဝ ဆများတယ်။ သေချာ pricing ကို ပြန်ညှိပေးပါဦး။

    Demo Katkatlan ဒီ့ထက်ပိုတိတိကျကျ ရှင်းစေလိုပါတယ် ခုက မရှင်းပါဘူး

  • မိုးသောက်ချိန်

    November 28, 2012 at 3:29 pm

    လူမှုကွန်ယက် ဖေ့စ်ဘုတ်မှာတော့ ဒီလိုတွေပြောနေကြတယ်ဗျ

    https://www.facebook.com/saihan.thetoo/posts/4608573146648
    Sai Han Thet Oo
    ဖုန်းနဲ့ Computer ချိတ်ပြီး ၃ နာရီတိတိ စမ်းသုံးကြည့်ပါတယ်
    Computer ကလက်လှမ်းမီသမ
    ျှ Update တွေပိတ်ထားပါတယ်
    Facebook သုံးတယ် Torn City ဆော့တယ် တခြား Online Text Mode Game တစ်ခုဆော့တယ်
    Gmail စစ်တယ် Facebook မှာ သတင်းအကုန်ဖတ်တယ် ပုံတွေကြည့်တယ် ဟိုဟိုဒီဒီ အကုန်ဝင်ကြည့်တယ်
    ဘာ Download မှ မလုပ်ပါဘူး အရင်သုံးနေကျ ပုံစမ်းအတိုင်းပါပဲ
    ပြီး Data Usage ကိုစစ်ကြည့်တယ် လားလား 70 Mb (၁၄၀ဝ ကျပ်) တောင် ဝိုး ….. ခုလောလောဆယ် ၁ မိနစ် ၂ ကျပ်မို့ ၃၆ဝ ကျပ်ပဲကုန်တယ်

    ခုစမ်းရင်နဲ့ထူးထူးခြားခြားတွေ့တာပြောရမယ်ဆိုရင် Phone OS Services ကနောက်ကွယ်ကနေ ဆွဲနေတာ ၁ နာရီလောက်အတွင်းမှာ 9 Mb (၁၈ဝ ကျပ်) လောက်ဆွဲသွားပါတယ်
    ဘာတွေဆွဲနေမှန်းမသိပါ
    Settings -> Applications -> Running services မှာ နောက်ကွယ်က Run နေတဲ့ services တွေရှိပါတယ်
    ကိုယ်အတွက်မလို့တဲ့ဟာတွေ Stop လုပ်ပေးပါ
    ပြီး Settings -> Account and Sync ကနေ မလိုရင် Sync လုပ်နေတာကို ပိတ်ထားပေးပါ

    Facebook ကတော့ တော်တော်ဆိုးပါတယ် ဘာမှ သိပ်မကြည့်ရသေးဘူး
    News Feed ကနေ အပေါ်အောက် ခဏလေးဆွဲလိုက်သေးတယ် 3 Mb (၆ဝ ကျပ်) တဲ့ အသာလေးပဲ
    Gtalk ကတော့ သာယာတယ် တစ်နာရီလောက်ဖွင့်ထားလဲ စကားအပြောအဆို သိပ်မလုပ်ရင် Kb အနည်းသာကုန်တယ်
    Gmail ရောပဲ Download မလုပ်ရင် သိပ်မကုန်လှပါဘူး
    နောက်အဆိုးဆုံးကတော့ YouTube ပါပဲ ဘာရယ်မဟုတ် သွားမနှိပ်ကြည့်ပါနဲ့ နောက်နေ့ကုန်းကောက်စရာတောင်ကျန်မှာ မဟုတ်ပါဘူး 😛
    ခုတော့ ဒီလောက်အထိပဲ စမ်းရသေးတယ် နောက်သိရင်သိသလိုဒီ Post အောက်မှာရေးပေးသွားမယ်

    နောက်အရေးကြီးတာ တစ်ခုရှိပါတယ် ဖုန်းနဲ့ Computer ချိတ်သူများပိုပြီးအထူးသတိထားသင့်ပါတယ်
    Computer ကနေ နောက်ကွယ်ကနေ Window Update, Antivirus Software Update, တခြား Software ဟာနောက်ကွယ်ကနေ အင်တာနက်မိပြီးဆိုတာနဲ့ အမြဲတန်းလိုလို Update ဆွဲနေတတ်ပါတယ်
    ဒါကြောင့်ကိုယ်လက်လမ်းမှီသမျှ Update တွေကို ပိတ်ထားပေးစေချင်ပါတယ် တချို့ Software တွေဟာ Mb ကြီးကြီးတွေနောက်ကွယ်ကနေ ဆွဲချနေတတ်လို့ပါပဲ
    Window 7 သုံးတဲ့သူတွေ ပိုသတိထားသင့်ပါတယ်

    နောက် စမ်းဖြစ်တာက Viber ပါ Viber နဲ့ သိတဲ့သူတွေ့စမ်းခေါ်ပြီး စကားပြောကြည့်ပါတယ် ၃ ယောက်ကိုခေါ်ပါတယ် တစ်ယောက်ကို ၃ မိနစ်ကျော်လောက်စကားပြောဖြစ်ပါတယ်
    စုစုပေါင်း Viber နဲ့ ၁ဝ မိနစ်ကျော်လောက် ပြောလိုက်ပါတယ်
    ထူးစမ်းစွာ တွေ့လိုက်ရတာကတော့ Viber နဲ့ ၁ဝ မိနစ်ကျော်လောက်ပြောတာတောင် 18 Kb ပဲကုန်ပါတယ် <- (100 Kb မှ 2 ကျပ် ဆို့တော့ ပြားစွန်လောက်ပဲကျတာပေါ့)
    သူများတွေ တွက်ထားသလောက် ၁ မိနစ် ၅ ကျပ်လောက်ကုန်မယ်ဆိုတာ ကျွန်တော်စမ်းတာတော့မကုန်ကြောင်းပါ
    မှတ်ချက် – Viber နဲ့ပြောတဲ့အချိန် Connection သိပ်မကောင်းပါဘူး ဒါပေမဲ့ အသံတိုးတာကလွှဲလို့ ကြားရပါတယ်
    Video Call တော့ ခေါ်ရမဲ့သူမရှိတာရယ် Connection မကောင်းတာကြောင့် မစမ်းရသေးပါဘူး

    iPhone 4 4s 5, Samsung II III, Sony, HTC စတဲ့ နောက်ဆုံးပေါ် Smart ဖုန်းကောင်းကောင်းကိုင်သူများ
    iPad, Samsung Note, တခြား Version မြင့်မြင့် စတဲ့ နောက်ဆုံးပေါ် Tablet ကောင်းကောင်းကိုင်သူများ
    အတွက် ခု MPT က သတ်မှတ်တဲ့ Internet သုံးတဲ့နှုန်းနဲ့ဆိုရင် တကယ် တကယ် သတင်းဆိုးကြီးပါပဲ
    ခုနောက်ဆုံးပေါ်တွေက Internet ကနေ Update တွေ Firmware တွေ Resource တွေကိုတော်တော်များများ ဆွဲပါတယ်
    ပြီးဆွဲအားလဲကောင်းသလို 3G ကလေး On လိုက်တာနဲ့ နောက်ကွယ်က Application, Game နဲ့ OS Services တွေဟာ သွေးရူးသွေးတန်းနဲ့ဆွဲတော့တာပါပဲ
    နောက်ဖြစ်လာနိုင်တာက ဈေးကြီးသွားတဲ့အတွက် ဖုန်းအင်တာနက်ကို သုံးမဲ့သူနည်းသွားတဲ့အတွက် ခုထက်တော့ လိုင်းပိုမြန်လာမယ်ထင်ပါတယ် (အနည်းငယ်ပိုမြန်လာမှာတော့ သေချာပါတယ်)
    ဒါကြောင့် လိုင်းကလေး မြန်မြန်နဲ့ နောက်ကွယ်က Application နဲ့ OS Services တွေဆွဲချက်က ၁ဝ မိနစ်လောက်အတွင်း Mb တော်တော်များများကုန်သွားမှာပါ
    ကျွန်တော် စမ်းကြည့်သလောက် လိုင်းသိပ်မမြန်တဲ့အချိန်မှာတောင် Smart ဖုန်းဟာ တစ်နာရီလောက်အတွင်းကို 15 Mb (300 ကျပ်) လောက်ဆွဲသွားပါတယ်
    ရိုးရိုးသာမန် ဖုန်း OS Android 2.2 ကတော့ ၃ နာရီလောက်အတွင်းမှာ 2 Mb (40 ကျပ်) လောက်သာဆွဲသွားပါတယ်
    ဒါကြောင့် OS Version နိမ့်နိမ့် Application and Game နည်းနည်းလောက်သာရှိတဲ့ ဖုန်းမျိုးဝယ်သုံးမှ ပိုကိုက်မဲ့သဘောမျိုးဖြစ်နေပါပြီ
    ကြီးကြီးကျယ်ကျယ် အကောင်းစား Smart ဖုန်းကိုင်သောသူများ သွေးမပျက်ချင်ရင် ရှိသမျှ Internet Update ဆွဲမဲ့ အပေါက်သာအကုန်ပိတ်ပေးတော့ဗျာ

    အကြံပေးတာပါ
    Google News, Yahoo News, MSN News စတဲ့နောက်ကွယ်က Auto Update လုပ်တဲ့ဟာတွေ ပိတ်ထားလိုက်ပါ (ဘာသတင်းပဲ ဖြစ်ဖြစ် သိချင်မှဖွင့်ဖတ်ပါ)
    Stock ဈေးအတက်အကျ ရွှေဈေး ရေနံဈေး Exchange ဈေး စတဲ့ဟာတွေ ကြည့်မနေနဲ့တော့ (ကျွန်တော်တို့လို့ လူတန်းစားအတွက် သိပ်မသက်ဆိုင်သလိုပဲ)
    ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်ရာသီဥတု ဖြစ်နေသလဲ သိချင်မနေနဲ့တော့ သူများမြို့မှာ ဘယ်အချိန်ရှိရှိ ကိုယ်နဲ့မဆိုင်တော့ဘူး (ကိုယ်နေတဲ့နေရာမှာ ဘာဖြစ်နေတာသိရင်ရပြီး)
    အလကားပို့ပေးမယ် ဘာညာဆိုပြီး ကြော်ငြာများများပို့ပေးတဲ့ Application တွေ Uninstall လုပ်လိုက်တော့
    မဖြစ်စလောက်ရတဲ့ ကိုယ် Game Score တွေ Online မှာ သွားမကြွားနဲ့တော့
    Internet Connect ဖြစ်မှဖွင့်လို့ရမယ် ဆော့လို့ရမဲ့ Application တွေ Game တွေ မလိုအပ်ရင် Uninstall လုပ်လိုက်တော့
    ဟိုသွားဒီသွားရင် GPS နဲ့ Online Map တွေအားကိုးမနေနဲ့တော့ (သွားချင်တဲ့နေရာကို သိတဲ့သူများကိုမေးပါ Offline Map ကိုသာသုံးပါ)
    လျှောက်သွားရင် ရိုက်ထားတဲ့ပုံတွေကို Up to date Share မလုပ်နဲ့တော့ (Free Wifi ရတဲ့နေရာရောက်မှ အမုန်း Share တော့)
    Advanced Task Killer လို့ Application လေးတွေတင်ထားပေးပါ သတိရတိုင်း ထိုင် Kill နေပါ (တချို့ Application ဟာ ပိတ်လိုက်ပေ့မဲ့ နောက်ကွယ်မှာ Run နေတတ်ပြီး Internet Connection ကနေမသိမသာလေးဆွဲနေတတ်ပါတယ်)
    Auto Refresh ဖြစ်တဲ့ Web Site တွေကြည့်ပြီး ဒီအတိုင်းဖွင့်မထားပါနဲ့
    Connection မကောင်းလို့ ကိုယ်ကြည့်ချင်တဲ့ Page အားလုံးမပေါ်သေးတာကို ဒေါသ တကြီး Refresh ထပ်ထပ်မနှိပ်ပါနဲ့ (Refresh ဖြစ်တိုင်း Data Usage တက်တက်နေမှာ ဖြစ်ပါတယ်)
    3G ဖွင့်ထားပေးမဲ့ Internet မသုံးတော့ဘူးဆိုရင် Data Usage မတက်ဘူးလို့ ဘယ်သူပြောပြော အကောင်းဆုံးကတော့ 3G မသုံးတော့ရင် ပိတ်ထားတာအကောင်းဆုံးပါပဲ

    Hawdeka Khalaylay မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခ ဈေးတက်ရန် ပြည်ဖျက်သန်းရွှေ အမိန့်ပေးညွှန်ကြားခဲ့ဟုဆို

    ဒီဇင်ဘာလက စပြီး မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခကို အဆပေါင်းများစွား တိုးလိုက်ဖို့ ပြည်ဖျက်သန်းရွှေ ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားခဲ့တယ်လို့ သိခဲ့ရပါတယ် ။

    ၁၂ မယ်ဂါပစ်ဇယ်နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံဟာ အနည်းဆုံး ၅မက် ရှိလို့ ဈေးအသစ်နဲ့တွက်မယ်ဆိုရင် တစ်ပုံကို ၁၀ဝကျပ်နှုန်းကျပါမယ်

    တစ်လကို ကျပ်သုံးသောင်းစရိတ်ငြိမ်းရတဲ့ လူငယ်တစ်ယောက် အင်တာနက် နဲ့ ဓါတ်ပုံလှမ်းပို့မယ်ဆိုရင် တစ်ရက် ၁ဝပုံ ပိုရုံနဲ့တင် သူ့လစာ ပြောင်သွားနိုင်ပါတယ် ၊

    အခုလိုဈေးတက်လာတာကတော့ အီရန်က နေစလိုက်တဲ့ မိုဘိုင်းဖုံး ဖေ့ဘုတ် သတင်းပျံ့နှံ့မှုကြောင့်ပါပဲ . . မိုဘိုင်းဖုန်းကတဆင့် မတရားမှုတွေကို ချက်ချင်းဆိုသလို ဓါတ်ပုံတွေရိုက် ဗီဒီယိုတွေ

    ရိုက်ပြီး ဟန်းဖုန်းနဲ့ အင်တာနက်ပေါ်တင်လို့ အားလုံးကို ပျံ့နှံ့သွားရင် ခရိုနီတစ်ပိုင်းအစိုးရဖြစ်တဲ့ ဗမာအစိုးရအတွက် ပီကင်းတရုတ်ကြီးနဲ့ တိတ်တိတ်ပုန်း ဗမာပြေကို ဖဲ့ရောင်းထားတာတွေ

    ပေါ်ကုန်မစိုးလို့ပါ ၊

    အဲဒီ ဟန်းဖုန်းတွေ အထောက်အကုပြုမှုကြောင့် အာရပ်ပြေက သက်တော်ရှည်အာဏာရှင်အစိုးရတွေ ဗုံးဗုံးလဲခဲ့ကြတာဟာ လက်တွေ့သာဓကတစ်ခုပါပဲ . . .

    ဗမာပြေက ခရိုနီတစ်ပိုင်းအစိုးရဟာ တစ်ခုခုဈေးတက်မယ်ဆိုရင် ကမာ္ဘ့ဈေးအကြီးဆုံးတစ်ခုကို လက်ညှိုးထိုးပြီး တစ်ကမာ္ဘလုံး ဒီဈေးနဲ့ပဲ ရောင်းဝယ်နေသလိုလို ဝါဒဖြန့်မှိုင်းတိုက်တတ်ကြပါတယ် ၊

    အခုသတ်မှတ်မယ့် ၁မက်ဂါဗိုက် ကိ ဗမာငွေ ၂ဝ ဆိုတာကိုလည်း ကမာ္ဘ့ဈေးနှုန်းနဲ့ ညှိထားသလိုလို ပြောအုံးမှာပဲ . . .

    နမုနာတစ်ခုပြောချင်ပါတယ် . . မက်ဒေါ်နယ်ဘာဂါကို လူတိုင်းကြားဖူးကြမှာပါ . . ဒီမှာရောက်နေသူတွေ အားလုံးစားဖူးကြပါတယ် . . .

    မက်ဒေါ်နယ်ဆိုင်ခွဲတွေ ကမာ္ဘ အနှံ့မှာ ဖွင့်ထားပါတယ် . . .

    မက်ဒေါ်နယ်ရဲ့ဘာဂါဟာ အမြန်စားအလွယ်အစားအစာတစ်ခုပါ . . လမ်းဘေး သွားရေစာတစ်ခုပါ . . . မက်ဒေါ်နယ်ကုပ္မဏီဟာ အမြတ်ဦးစားပေးတဲ့ စီပွားရေးအဖွဲ့တစ်ခုပါ . . .

    ဒါပေမယ့် မက်ဒေါ်နယ်ဘာဂါတစ်ကို ဈေးသတ်မှတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒေသတစ်ခုနဲ့တစ်ခု မတူကြပါဘူး . . .

    အဲဒီနိုင်ငံ အဲဒီဒေသရဲ့ အခြေခံလူတန်းစားတွေရဲ့ တစ်နာရီလုပ်အားခနဲ့ ယှဉ်တွဲတွက်ချက်တာဖြစ်ပါတယ် . . .

    အမေရိကန်မှာ ၄.၂ ဒေါ်လာပေးရတဲ့ ဘာဂါတစ်ခုဟာ ဒိန်းမတ်မှာ ၅.၃ရ နဲ့ ဆွစ်ဇာလန်မှာ ၆.၈၁ဒေါ်လာ ဈေးရှိပြီး၊ ယိုးဒယားမှာကျတော့ ၂.၄၆ နဲ့ အိန္ဒယမှာကျတော့ ၁.၆၂ ဒေါ်လာ ပဲရှိပါတယ် . .

    ဗမာပြေဟာ အခုအချိန်မှာ ခရိုနီတွေ ဖျက်ဆီးခဲ့လို့ အဖက်ဖက်က နောက်ကျနေချိန်မှာ ဗမာပြေကြီး အမြန်ခေတ်မှီဖို့ ဗမာပြေသားတွေ အမြန်ပညာတတ်တွေ ဖြစ်ဖို့ အခရာကျနေတဲ့ အင်တာနက်ကို

    ဘယ်လောက်သတ်မှတ်သင့်ပါသလဲလို့ အားလုံးဝိုင်းဆွေးနွေးပေးကြပါလားဗျာ . . .

    ဖတ်ပြီးသားတွေဆိုရင်တော့ တောင်းပန်ပါတယ်ဗျာ ….

    • kai

      November 29, 2012 at 6:37 am

      ဟင်န်ဘာဂါနဲ့တော့ နှိုင်းမရပါဘူး..
      ဆဲလ်ဖုံးတလုံး.. အင်တာနက်ရဖို့ဆိုတာ.. ကြားထဲ..တာဝါတွေ.. ကွန်ပျူတာတွေ.. ဒေတာစင်တာတွေ.. ကြိုးလိုင်းတွေ.. အဲဒါတွေထားဖို့..ဆောက်ဖို့.. မြေကြီးတွေ.. ကြိုးလိုင်းတွေ.. အများကြီးလိုတာပါ…
      အင်ဖရာစရပ်ချာလို့ခေါ်ပါတယ်..

      အင်ဖရာစရပ်ချမပြည့်စုံ.. လိုအပ်ချက်ကြောင့်.. ပြီးခဲတဲ့.. ၄လလောက်က.. အိနိ္ဒယမှာ.. ပြည်တခြမ်းလောက်အမှောင်ကျတယ်..။ မြန်မာပြည်လူဦးရေရဲ့.. ၁ဝဆ..လူသန်း၆၀ဝကျော်.. လူတွေ.. လျှပ်စစ်မီးပြတ်တယ်..။

      The July 2012 India blackout was the largest power outage in history, occurring as two separate events on 30 and 31 July 2012. The outage affected over 620 million people, about 9% of the world population,

      ပြန်ပြင်တည်ဆောက်ဖို့.. ဒေါ်လာဘီလီယံ ၁ထောင်လောက်သုံးရပါမယ်တဲ့..

      India’s Power Grid Collapses – WSJ.com
      online.wsj.com/…/SB10000872396390444405804577560413…
      Jul 31, 2012 – A second big blackout in as many days left areas of India inhabited by 680 … including promises to spend $1 trillion on infrastructure projects by 2017. … have left state utilities with billions of dollars of accumulated losses.

      မြန်မာပြည်ရဲ့..တနှစ်လုံးဂျီဒီပီက.. ၆ဝဘီလီယံလောက်ပါနော…

      ဆိုတော့.. မြန်မာပြည်မြေကြီးဈေးနဲ့.. ဘာမှမရှိတဲ့.. အင်ဖရာစရပ်ချာနဲ့.. ဟောင်းနွမ်းသုံးမရတဲ့..လိုင်းတွေနဲ့.. လူတွေ..အလုပ်သမားတွေ.. အကျင့်တွေ.. ရှိပုံနဲ့.. နိုင်ဂျံဂါး. ရင်းနှိးမြုတ်နှံသူတွေလည်း.. ခေါင်းကုတ်..ဖင်ကုတ်နဲ့.. လစ်ကုန်ပြီ..

      အဟမ်း..
      ဘာဆွေးနွေးရမှန်းကို.. မသိတော့ကြောင်း.. :kwi:

      ဒို့အ,ရေး.. ဒို့အ,ရေး..
      သ,ပိတ်စုံ. သူ,ပုန်ထ..ထ
      တိုင်းပြည်ကလေး.. မွမွ,ရွ..

      • Inz@ghi

        November 29, 2012 at 6:50 am

        ကော်မန့်ရေး ရင် …ကောင်းကောင်းရေးပါဗျ…
        ကလိသလိုလို ရိသလိုလို ..လုပ်တဲ့ ဇရိုက်အို အကျင့်ဟောင်းက
        ဖျောက်မရဝူး…ချဉ်ပါတယ် သဂျီးရယ်…
        အဲ့လို ကြပ်ကြပ်ပေးနေ
        ဟိုမှာ
        ဆြာနေမျိုးဝေတို့ စန္ဒာပြမလို့ …အချိန်းအချက်စာတွေ
        တွေ့မိလို့ … စိတ်ထိခိယက်နေရပါတယ်ဆိုမှ….
        ဖေ့စဘုတ်ကြီး ဘန်းခံထိမှာတော့ မြင်ယောင်သေးတော့တယ်…

        အိုဘယ့် ၂၀၁၂ ရဲ့ ဒီမိုအကျဆုံးတိုင်းပီ…

  • Foreign Resident

    November 28, 2012 at 4:31 pm

    အမှန်တော့ နိုင်ငံတကာနှင့် ယှဉ်ရင် သိပ်မများပါဘူး ။
    ဒါပေမယ့် ပြည်သူတွေမှာလဲ ဝင်ငွေ နဲတဲ့အခါ ၊
    အခုနှုန်းထက် နဲနဲတော့ လျော့သင့်ပါတယ် ။

  • sun

    November 29, 2012 at 12:59 am

    cdma800ကိုကွန်ပြ ူတာနဲ ့တွဲသုံးတယ်
    gmailဖွင့်တယ်။ရွာထဲဝင်တယ်။28မိနစ်ရှိပြီ။35Mbx20ကျပ်=700ကျပ်
    အရင်ကဆို28×4=112ကျပ်
    MPTရဲ ့စေတနာ။ကြောက်စရာကြီးပါလားကွာ။

    • the best

      November 29, 2012 at 3:05 pm

      ခုကောက်မဲ့နှုန်းထား များသွားတာလား နည်းသွားတာလား တွက်ပြထားတာပါ
      1 B(captial B Byte) မှာ 8 b(Small b Bit) ရှိပါတယ်
      1 KB = 8 Kb ပါ
      ခုလက်ရှိ တစ်မိနစ် ၂ကျပ်လိုင်းတွေက အမြန်နှုန်း(Bandwidth) 256 Kb/s ပေးထားပါတယ်
      Byte ပြောင်းလိုက်မယ်ဆိုရင် 32 KB/s ရှိပါတယ်
      တစ်စက္ကန့်(1 second) ကို 32 KB နှုန်းနဲ့ Data အသွားအပြန်လုပ်ပါတယ်
      ဒီတော့ တစ်မိနစ် (1 minute) ကို 32 KB*60 = 1920 KB Data အသွားအပြန်လုပ်ပါတယ်
      အဲဒါကိုမှ ၂ကျပ်ပဲပေးရပါမယ်
      ခုနှုန်းထားအရဆိုရင် 100 KB ကို ၂ကျပ်ပါ
      1920 KB အတွက်ဆိုရင် 19.2(1920 KB/100 KB)*2 = ၃၈.၄ကျပ်ပေးရပါတော့မယ်
      ဒါဟာသက်သာတာလား ဈေးကြီးသွားတာလား စဉ်းစားကြပါ

      http://www.facebook.com/newsofmyanmar/posts/500491556638996

  • the best

    November 29, 2012 at 3:00 pm

    လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများ၏ အင်တာနက် နှုန်းထားများကို GSM ဖုန်းဆိုလျှင် တစ်မိနစ် ၂ ကျပ်နှုန်းနှင့်
    WCDMA နှင့် CDMA 800 MHz ဖုန်းများဆိုလျှင် တစ်မိနစ်ကို (per minute) ၄ ကျပ်နှုန်းဖြင့်
    ကောက်ခံနေရာမှ ယခုအခါ data usage plan အပေါ် အခြေခံ၍ ပြောင်းလဲကောက်ခံသွားမည်ဟု
    အင်တာနက် စာမျက်နှာများမှတစ်ဆင့် သတင်းများ ထွက်ပေါ်နေရာ ယင်းအပေါ် ပြည်သူများ အကြားတွင်
    ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းက “လောလောဆယ်က သူတို့က ယာယီဈေးနှုန်းလို့တော့ ပြောထားတယ်ပေါ့။
    ယာယီဈေးနှုန်း အရတော့ အတော့်ကို များပါတယ်။
    India ၏ Airtel ဆက်သွယ်ရေးကုမ္ပဏီ၏ 3G အင်တာနက်ဈေးနှုန်းက 10GB ကို လစဉ်ကြေး ရူပီး ၁၅၀ဝ ပေးရပါတယ်။ မြန်မာကျပ်ငွေ နှစ်သောင်းနှစ်ထောင်ဝန်းကျင် ကျသင့်ပါတယ်။
    တွက်ချက်ကြည့်ရင် 1GB ကို နှစ်ထောင့်နှစ်ရာဝန်းကျင် ကျသင့်ပါတယ်။

    အခု MPT က 2GB ကို ၇၀၀ဝ ဆိုတော့ 10GB ဆိုရင် သုံးသောင်းခွဲတော့ ကျပါတယ်။
    ဒါကလဲ အခုလေးတင် ပြောင်းသွားတဲ့ဈေးပါ။
    အခု skynet ကနေ လွှင့်ပေးနေတာတော့ တွေ့ရပါတယ်။
    လောလောဆယ်တော့ သုံးသပ်လို့မရဘူး ဖြစ်နေပါတယ်။
    အရင်မိနစ်နဲ့ ကောက်တဲ့စနစ်နဲ့ တွက်ချက်ကြည့်ရင် 1MB ကို တစ်ကျပ်နှုန်းကောက်မှ အရင်နှုန်းနဲ့ တူမှာပါ” ဟု ပြောသည်။

    ယင်းနှင့်ပတ်သက်၍ http://www.myanmarmobileapp.com ၏ ဖေ့ဘုတ် စာမျက်နှာတွင် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူ ပြည်သူများက ယင်းနှုန်းထားနှင့်သာ ကောက်ခံမည်ဆိုပါက ယင်းကို လက်မခံနိုင်ကြောင်း ဝင်ရောက်မှတ်ချက်ပြု ရေးသားထားကြသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

    http://www.khitlunge.net.mm/news/news_detail.aspx?info_id=27955

  • intro

    November 29, 2012 at 4:30 pm

    နောက်ဆုံးတော့ လမ်းထိပ်က အင်တာနက် ဆိုင်လေးသည်သာ အကောင်းဆုံး… Huuuuuuu HUuuuu…

  • မောင် ဓုဝ

    November 29, 2012 at 5:16 pm

    ကြာကြာမထိုင်ရဲအောင်လုပ်လိုက်ပြီ။

  • မောင်မောင်ချစ်

    November 29, 2012 at 5:28 pm

    ဖွတ်ချပ် ဖွတ်ချပ် …
    မိုဘိုင်း ကိုးနတ်ရှင်လောက်နဲ့ ..
    ဒီဈေးအတိုင်း ကောက်တော့ ..
    သေပြီဆရာပေါ့ … 🙁

  • uncle gyi

    November 30, 2012 at 8:42 am

    ပြောတော့ပိုမိုသက်သာသော
    ကြားရတော့ပိုမိုကုန်ကျသော
    သူကြီးရေးတော့နိုင်ငံတကာဈေးနှုံး
    ဘာတွေလည်းဗျာ
    ဒီနေ့နောက်ဆုံးသုံးပြီး
    စောင့်ကြည့်လို်က်အုန်းမယ်

Leave a Reply