ချစ်သူလည်းမရောက် လမင်းလဲပျောက်

အော်မြူနှင်းတွေတောင် ဘယ်ဆီရောက်နေပါလိမ့်

ကြယ်လေးကငို နေမင်းကပြို

အော်အလင်းတန်းလည်း ညိုးရော့ပြီထင်တယ်နော်

ချစ်သူရေ အချမ်းမပိုတဲ့ ဆောင်းတစ်ညမှာ

မင်းလေး ပျောက်ရှလို့နေပြီလား

ငတ်မွတ်တောင်းတမိတဲ့ အနမ်းငွေ့လေးတောင်

အခုတော့ အလွမ်းလည်းမပြေတော့ပါဘူးလေ

မှိတ်တစ်ခါ လင်းတစ်လှည့် ပိုးစုန်းကြူးလေးနဲ့

ပျော်မြူးနေတဲ့ လိပ်ပြာငယ်လေးတွေက

အော် အတိတ်ပန်းချီကားတစ်ချပ်အလား

ငါရေးမယ့် စုပ်ချက်တွေအောက် ကျရောက်နေပြီလေ

ဒါပေမယ့် ချစ်သူရယ် အရောင်တွေထပ်မရတဲ့

ဒီတစ်ညမှာတော့ နောက်ခံကာလာအောက်မှာ

မင်းလေးက ဘေးမှာရှိနေမယ်ဆိုရင်

အပိုမပြောပါဘူးတစ်ကယ်ပါ ပြီးပြည့်စုံမယ့် ကားချစ်တစ်ချပ်ဖြစ်ပြီလေ

တင်စားပြောလိုက်မယ်ချစ်သူ မင်းလေးရဲ့ အပြုံးတစ်ချက်တိုင်းမှာ

ငါ့နှလုံးသား အမုန်းတွေထပ်မသွားတာတော့ အမှန်ပါ

ပေးခဲ့ဖူးတဲ့ အနမ်းပန်းလေးတွေကို တစ်ပါးသူခူးဆွပ်မရအောင်

ငါလေ ရူးသွပ်စွာ သိမ်းထားဆဲချစ်သူ

အခုတော့ နှင်းလည်းမရောက်

ချစ်သူလည်းပျောက်

အော် လမင်းလေးလဲ

ဘယ်ဆီရောက်လို့

ရေးခဲ့ပန်းချီ

ပြီးဆုံးသည့်အချိန်

မှန်းမရသည်မို

့ တမ်းတလို့ ရေးဖွဲရင်း

အတွေးလဲထဲမှာ

မင်းလေးရောက်လာမယ့်ချိန် ပေးလှည့်ပါတော့

အနမ်းပမ်းဝေ……………………….

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..