ဘကြီးပြောပြသောရုပ်လက္ခာနှင့် သိကောင်းစရာများ အပိုင်း-(၁၀)

aye.kkNovember 27, 20121min27117

၁၀။ နဖူးမောက်၍နှာယောင်ကောက်ပါက စိတ်ထားကောက်ကျစ်သူ ။

ရုပ်လက္ခာအရ မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ နဖူးမောက်၍ နှာယောင်ကောက်ပါက
စိတ်ထားကောက်ကျစ်သူ ဖြစ်၍ မပေါင်းသင်းရန် ဘကြီး ပြောပြထားခဲ့ ဘူးပါတယ် ။

ရုပ်လက္ခာအရ နဖူးမောက်တာ နှာယောင်ကောက်တာဟာ ။ ဘယ်လိုမျိုးကို ခေါ်ဆိုတာလဲလို ့၊ နားလည်အောင် ရှင်းပြပေးဘို ့
ဘကြီးကို ။ ကျမကပြန်လည် မေးမြန်းမိပါတယ် ။ ဘကြီးပြောပြတာက နဖူးမောက်တယ်ဆိုတာ ။
နဖူးပြင် ညီညာပြန် ့ပြူးမှုမရှိဘဲ မို ့မောက်နေတာကို တွေ ့မြင်ရရင် ။ နဖူးမောက်တယ်ဟု ခေါ်ဆိုနိုင်ကြောင်း ။
ရုပ်လက္ခာ မွေးရာပါအရ နဖူးပြင်မှာ ညီညာမှုရှိ ရမည်မှာ ။ အမှန်ပင်ဖြစ်ပြီး နဖူးပြင် အနည်းငယ်မို ့
တက်နေပါကလည်း နဖူးမောက်သည်ဟုပင် ။ ပြောဆိုနိုင်ကြောင်း ရှင်းပြဘူးပါတယ် ။

နှာယောင်ကောက်သည် ဆိုသည်မှာက ။ နှာတံမှာ ဖြောင့်စင်းနေခြင်း မရှိပါဘဲ ။ နှာတံ၏အရိုးမှာ အဆင့် သုံးဆင့်အဖြစ် တွေ ့မြင်ရပြီး ဖြောင့်စင်းနေခြင်း အလျှင်းမရှိပါဘဲ ။ နှာယောင်ကောက်နေမှုအား ဖြစ်ပေါ်နေသည်ကို မြင်တွေ ့ရပါက နှာယောင်ကောက်သည် ဟုခေါ်ဆိုကြောင်း ။ ကြက်တူရွေး ကဲ့သို ့နှာတံအရင်းမှ နှာတံအဖျားထိတိုင် မျဉ်းကွေးသဖွယ်ခုံးနေတာကို နှာယောင်ကောက်တာ လို ့မခေါ်ဆိုပါကြောင်း ။ ဆိုလိုရင်းမဟုတ်ကြောင်းကိုလည်း ။ ကွဲပြားသိမြင်နိုင်ရန် ပြောဆိုပြပါတယ် ။ ကြက်တူရွေး နှာခေါင်းမျိုးက မိန်းကလေးဆိုလျှင်တော့ လင်မချစ် အ စွန် ့ပစ်ခံရတတ်တယ်လို ့လည်း ပြောပြထားပါတယ် ။ နှာတံမှာ ဖြောင့်စင်းနေပြီး နှာတံထိတ်ဖျား(လုံးဝန်းလျှက်) လှပမှုမျိုးရှိနေသည့်သူများသည် ။ အတွင်းစိတ်သဘောထားနှင့် အပြင်သဘောထားတို ့ မှာ။ တသမတ်တည်း တစ်ဖြောင့်တည်း ထားရှိကြသူများ ဖြစ်ကြကြောင်းကိုလည်း ဗဟုသုတအဖြစ် သိရှိရပါတယ် ။

နဖူးမောက်ကာ နှာယောင်ကောက်သည့် မိန်းကလေးမျိုးအား ။ ကျမဘဝမှာ ကြုံဆုံ မြင်တွေ ့ဘူးခဲ့ပါတယ် ။ အမှန်တကယ်လည်း ကြောက်စရာကောင်းလှပြီး ကောက်ကျစ်တာ ခံရဘူးပါတယ် ။ မပေါင်းသင်းလိုပါသော်လည်း မပြေးသာ ကံရာရှိ ဆိုသလို ။ ဘဝဝဋ်ကြွေး ကြမ္မာပါလာတော့ ရှောင်လွှဲမရနိုင်ပါဘဲ ဆုံလာရပါတယ် ။ သတိရှိတာရယ် ။ မိမိက ထိုသူ ့အပေါ်မှာ စိတ်ကောင်းစေတနာ ထားရှိသည့်အတွက် ။ မိမိအပေါ်မှာ မကောင်းသည့်စိတ်ထားဖြင့် ကောက်ကျစ် ကြံစည်မှု ပြုလုပ်ခဲ့ပါေသော်လည်း ။ မိမိကိုမထိဘဲ ထိုသူအပေါ်တွင်သာ ဘေးဒဏ်ပြန်ထိ သွားခဲ့တာ လက်တွေ ့ကြုံခဲ့ရပါတယ် ။

ထိုရုပ်လက္ခာပါရှိလာသူ၏ စိတ်သဘောထား ကောက်ကျစ်မှုက ကြောက်စရာကောင်းလှပါတယ် ။ ကျမ နယ်မြို ့မှာ တာဝန်ဆောင်ရွက်စဉ် အခါက မီလန်းဆိုသူ (အမည်နာမလွဲထားပါသည်) မိန်းကလေး နဲ ့မထင်မှတ်ဘဲ ကြုံပါတယ် ။ မိမိရဲ ့လုပ်ကိုင်ခွင့်ကို သူ ့လုပ်ကိုင်ခွင့် အဖြစ်အစားထိုး နေရာယူချင်မှုပါဘဲ ။ မီလန်းဆိုသူ မိန်းကလေးက သားမွှေးဆွယ်တာ ထိုးတတ်ပါတယ် ။ ကျမကို မီလန်းက သူတတ်တဲ့လက်မှု ပညာပြချင်ပြီး အကြောင်းပြု အကြောင်းရှာကာ ခင်မင်မှု ပြုကာ ဟန်ဆောင်ခဲ့ပါတယ် ။ ဒါဟာလည်း သူ ့အနေနဲ ့ကတော့ ကျမကို ခင်မင်လာအောင် ဖျားယောင်းဆွဲဆောင် တမင်သိမ်းသွင်းလိုတဲ့ ပြုမူတဲ့နည်း အဖြစ်နဲ ့ချည်းကပ် အသုံးပြုခဲ့တာလို ့ဘဲ ။ ကျမအနေနဲ ့ က ထင်မြင်မိခဲ့ပါတယ်။
ကျမတာဝန်ဆောင်ရွက်နေမှု အပေါ်မှာ မီလန်းက မမှိတ်မသုန် စောင့်ကြည့်နေပြီး ။ ဝိုင်းကူမှု ပြုပါရစေ ဆိုပြီး ။ ကျမရဲ ့အနားကို ချည်းကပ်သမှုပြုခဲ့ပါတယ် ။

ဒီနေရာမှာ ကျမအနေနဲ ့နားလည်အောင် ပြောပြချင်တာက ပေါ့နော် ။ ကျမရဲ ့အလုပ်တာဝန်က အခြားဋ္ဌာနဆိုင်ရာတွေနဲ ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အတူတူပြုလုပ်ရတယ် ဆိုတာကိုပါ။ ကျမနဲ ့မီလန်းက မိန်းကလေးအချင်းချင်းဖြစ်ပြီး ။ တူညီဝတ်စုံ ဆင်မြန်းထားရခြင်း အတူတူ ။ နေရာဋ္ဌာနလေးသာ ကွဲပြားပြီး ။ လုပ်ကိုင်ခွင့် အနည်းငယ်သာ ကွာဟ ခြားနားတာပါ ။ ကွာဟခြားနားမှု ရှိတဲ့အပေါ်မှာရော ။ အများအမြင်မှာပါ ။ မသင့်တော်လျှော်တဲ့ စိတ်ဝမ်းကွဲမှု ဆိုတာမျိုး ။
ဖြစ်နေတာမျိုးကို ကျမအနေနဲ ့က အဖြစ်မခံချင်ခဲ့ပါဘူး ။

မီလန်းကတော့ ကျမလုပ်ကိုင်ခွင့် ရှိတဲ့ နေရာပေးအပ်ထားရှိမှု အပေါ်မှာ ။ လာရောက်ပူးပေါင်း ကူညီချင်ကြောင်း ။ ဖွင့်ဟပြောဆို လာတော့ မလုပ်ပါနဲ ့လို ့ပြောဆိုချင်ပါသော်လည်း ။ ကျမအနေနဲ ့မတတ်သာပါဘဲ ။ သူရဲ ့ကူညီလာမှုကို လက်သင့်မခံချင်ပါလျက်နဲ ့ လက်သင့်ခံလိုက်ရတာပါ ။

မီလန်းရဲ ့အပြုအမူတွေ အပေါ်မှာ ။ ကျမစိတ်တွေလေးလံနေပြီး ဘုရားစာသာ ရွတ်ဆိုနေမိပါတယ် ။ မီလန်းက ကျမအား လုပ်ပိုင်ခွင့် ပေးအပ်ထားရှိတဲ့နေရာမှာ မဟုတ်တာကြံစည်ခဲ့ရင် ကျမက ခံစားသွားနိုင်ရလို ့ပါ ။ ထင်တဲ့အတိုင်းပါဘဲ ။ တာဝန်ပြီးဆုံးလို ့ပြန်တော့ မီလန်း က ပူးပေါင်းအဖွဲ ့မှ လုပ်ပိုင်ခွင့် ရရှိထားတဲ့ အမိန် ့အာဏာရှိသူထံဆီကို သွားရောက်ခဲ့ပြီး ။ ကျမနေရာမှာ မီလန်းက အစားထိုးဝင်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် ရရှိနိုင်ရန်အတွက် ။ လာဘ်ထိုးခါ ချည်းကပ်တောင်းဆိုပြီး ။ ကျမအား ကျမလုပ်ကိုင်ခွင့် ရရှိထားတဲ့နေရာကနေ ဖယ်ထုတ်ခိုင်းခဲ့တာပါဘဲ ။

နောက်နေ ့မနက် အလုပ်တာဝန် ထမ်းဆောင်တဲ့ အချိန်မှာတော့ ။ မီလန်းက ကျမနေရာမှာ သူ ့အားတာဝန်ပေးအပ်လွဲပြောင်း ထားပြီးပြီ ဖြစ်၍ ။ သူသာလျှင် လုပ်ကိုင်သည့် အခွင့်ရရှိထားပြီဖြစ်ကြောင်း ။ ကျမကြေနပ်မှုမရှိပါက ကျမအား ကျမ၏ အုပ်ချုပ်သူ အထက်လူကြီးထံသို ့ သွားရောက် တင်ပြနိုင်ကြောင်း ။ ပြောလိုက်တဲ့ အချိန်မှာပေါ့နော် ။ ကျမစိတ်မှာ သူ ့ရဲ ့စိတ်သဘောထား ကောက်ကျစ်မှုကို မျက်ဝါးထင်ထင်မြင်လိုက် ရပါတယ် ။ မီလန်းရဲ ့ဥပဓိရုပ်ရည် ကြည့်မြင်ပြီး ။ မလွှဲမသေ ကောက်ကျစ်မဲ့သူ ဖြစ်နေမှန်း သိရက်သားနဲ ့။ ခံလိုက်ရတဲ့ ကျမက ။ ဝဋ်ကြွေးရှိတော့ မီလန်းကို ရှောင်လွှဲလို ့ မရနိုင်ခဲ့ပါဘူး ။

ဒါပေမယ့် ကျမအနေနဲ ့က မီလန်းအပေါ်မှာ မေတ္တာစိတ်ထား မပျက်ပါဘဲ ။ မေတ္တာပို ့ လွှတ်ပေးပြီး ။ ကျမတတ်သိတဲ့ ဘုရားဂါထာတော်ကို ရွတ်ဆို ပြီးတော့သာ နေလိုက်ပါတယ် ။ ကျမကို မနေ ့က ဆက်ဆံခဲ့တဲ့ အမူအယာနဲ ့ ။ ဒီနေ ့ဆက်ဆံတဲ့အမူအရာဟာ လုံးလုံးကြီးပြောင်းလဲသွားတာကိုလည်း ။ မီလန်းရဲ ့ ရုပ်လက္ခာအရ ကျမအနေနဲ ့က သိနေလို ့ တုန်လှုပ်မှုမျိုးတော့ မရှိ မဖြစ်ခဲ့ပါဘူး ။
တာဝန်ချိန်ပြီးဆုံးလို ့ပြန်တော့ ။ ကျမက ကျမရဲ ့အထက်လူကြီးဆီ ။ မီလန်းလုပ်သွားတဲ့ လုပ်ရပ်အပေါ် ။ တင်ပြသင့် ၊ မသင့်သာ ။ ကျမစိတ်ထဲမှာ ချင့်ချိန်မိတာမျိုး ဖြစ်ပေါ်ခဲ့ပါတယ် ။ တကယ်တန်းမှာတော့ ထိုနေ ့က တာဝန်ထမ်းဆောင်ပြီး အပြန်မှာ ။ မီလန်းကိစ္စကို အထက်လူကြီးဆီ မတင်ပြတော့ဘဲ ။ ကျမရဲ ့အိမ်ကိုသာ တန်းပြီး ပြန်လာခဲ့မိပါတယ် ။

ထိုနေ ့က ကျမပြန်လာတဲ့အချိန် ။ အိမ်တောင်မရောက်သေးခင် လမ်းတဝက်မှာတင် ။ အံ့ဩတုန်လှုပ်စွာ မီလန်းရဲ ့သတင်းတခုအား ။ မမျှော်လင့်ပါဘဲ ကြားသိလိုက်ရတော့ ။ ကြက်သီးမွှေးညှင်းတွေတောင် ထသွားခဲ့ပါတယ် ။ မီလန်းဟာ မထင်မှတ်ထားပါဘဲ ။ တာဝန်ကအပြန်မှာ သူ ့စိတ်သဘောအလိုအရ ။ ပြစ်မှုတခုပြုလုပ်ခဲ့မိရာက ။ တာဝန်က အနားပေးခံလိုက်ရတဲ့ မီလန်းရဲ ့သတင်းကို ကြားသိလိုက်ရတာပါ ။ ထိုနေ ့က ကျမအပေါ်မှာ အောင်နိုင်သူအဖြစ် ။ ဝံ့ကြွားပျော်ရွှင်စွာနဲ ့ပြန်သွားတဲ့ မီလန်းကို ကျမရဲ ့ မျက်စိထဲကနေ မထွက်ပါဘူး ။
မျက်စိထဲကနေမ မထွက်သေးခင်မှာတင် ။ လျှပ်တပျက်အတွင်းမှာပင် ။ မီလန်းရဲ ့သတင်းကို ကျမနားထဲမှာ မယုံကြည်နိုင်ဘွယ်ရာ အဖြစ်သနစ်များအား ။ ကြားသိလိုက်ရတဲ့ အခိုက်မှာတော့ ။ အံ့ဩလို ့မဆုံးနိုင်အောင်ကို ဖြစ်ခဲ့ရပါတယ် ။ ကျမနဲ ့မီလန်းက ဘယ်တော့မှ အလုပ်တူတူလုပ်ဘို ့ ပြန်မဆုံနိုင်တော့တာပါဘဲ ။

မေတ္တာရဲ ့အကျိုး ။ မြတ်စွာဘုရားရဲ ့ဂါထာတော်တွေဟာ အံမခန်းလှတာကို ကျမသိမြင်ခဲ့လိုက်ရပါတယ် ။ ကျမရဲ ့စိတ်မှာ မီလန်းအပေါ်မှာ မကောင်းတဲ့အပြစ် ဖြစ်ပါစေ ။ ကျရောက်ပါစေဆိုတဲ့ စိတ်ဆန္ဒ စိုးစိမျှ မရှိပါဘဲ ၊ ပြစ်မှုပြုမိခါ ဖြစ်သွားခဲ့တဲ့ မီလန်းကို ကျမအနေနဲ ့က အရမ်းကို အံ့ဩမှင်သက်ပြီး ကရုဏာတရားဖြစ်သွားမိခဲ့ရပါတယ် ။
ရုပ်လက္ခာတွေရဲ ့သဘောတွေက ပြောပြလို ့မကုန် ။ မယုံနိုင်ဘွယ်ရာ ။ ကိုယ်တွေ ့ကြုံလာမှသာ
သိခဲ့ရတာ ဆိုသလိုပါဘဲ ။ ကျမကိုယ်တိုင် ဝါသနာပါမှုအရ လေ့လာလိုက်စားခဲ့ရာမှ ကြုံတွေ ့ သိမြင်ခဲ့ရတဲ့အပေါ်မှာ ဗဟုသုတအဖြစ် ပြန်လည် ဝေမျှလိုက်ရခြင်း သာလျှင်ဖြစ်ပါတယ် ။။

17 comments

  • aye.kk

    November 27, 2012 at 8:12 pm

    အပိုင်း(၁၀)အားထပ်မံတင်ပေးလိုက်ပါတယ်။

  • မောင်ပေ

    November 27, 2012 at 8:37 pm

    ဒေါ်လေးကေ ရေ အဲ့လို မိန်းမမျိုးကို တွေ ့ရင် ရှောင်ပြီဗျို ့

  • aye.kk

    November 27, 2012 at 10:23 pm

    မောင်ပေ
    ပထမဆုံးကွန်မန်းအဖြစ်အားပေးဖတ်ရှုသွားတာ
    ကျေးဇူးတင်ဝမ်းသာမိရပါတယ်ကွယ်။

  • pooch

    November 27, 2012 at 10:53 pm

    ကံကံရဲ့အကျိုးပေါ့နော် အန်တီအေး ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ် မကောင်းတာလုပ်တော့လည်း သူပြုခဲ့တဲ့အတိုင်းပေါ့

    ဒါနဲ့အန်တီအေးရေ ညီမတယောက်ကတော့ အချိုးသုံးစားညီနေတယ်

  • aye.kk

    November 27, 2012 at 11:12 pm

    pooch,ရေ
    အားပေးဖတ်ရှုတာကျေးဇူးပါ။
    ဘုရားဟောတာ ကမ္မဝါဒပါဘဲ။
    ကြောင်းကျိုးဝါဒပေါ့နော်။“ကမ္မ”ဆိုတဲ့အလုပ်ပြုလုပ်မှုဟာ
    ကိုယ်ပြုလုပ်တဲ့အလုပ်ဟာ (ကမ္မ)အကြောင်းတရားကောင်းခဲ့ရင်
    ကောင်းတဲ့အကျိုးတရားကိုခံစားရမှာဖြစ်ပြီး။
    ကိုယ်ပြုလုပ်တဲ့အလုပ် (ကမ္မ) အကြောင်းတရားမကောင်းရင် ရရှိတဲ့အကျိုးဟာလည်း
    ဆင်းရဲဒုက္ခတွေဘဲဖြစ်မယ်ခံစားရမယ်ဆိုတာ သေချာပါတယ်ကွယ် ။ကံ, ကံ၏အကျိုးပေါ့နော်..။
    ညီမတယောက်က အချိုးသုံးစားညီနေတယ်ဆိုတော့ သိရလို ့ဝမ်းသာမိပါတယ်။ အရွယ်တစ်ပါးမှာကိုယ်ပိုင်ချမ်းသာသုခခံစားရရှိနိုင်ပါတယ်။

  • ဦးကြောင်ကြီး

    November 28, 2012 at 10:53 am

    နှာယောင်ကောက်
    အာကောင်ခြောက်
    စာပြောင်မြောက်
    ဝါခေါင်ရောက်
    ရွာမှောင်အောက်
    တာဘောင်ပေါက်
    ဖျာစောင်ထောက်
    မြှာအောင်လောက်..။

    • aye.kk

      November 28, 2012 at 9:10 pm

      ကြောင်ကြီး
      ရှောင်လေဝေး
      ဘေးရန်အေး
      ဆော်လေသွေး
      တိုက်သာကျွေး
      မောက်ယောင်ပြေး..။။

  • aanyar thar

    November 28, 2012 at 4:43 pm

    သီပေါကတော် ဆု့ဖရားလတ် သက်သေပဲပေါ့ အန်တီရယ် သူ့ကြောင့်ပေါ့ ကျနော်တို့ မြန်မာတွေ သူ့ကျွန် ဘဝ ရောက်ရတာ.ခု့ သူ့မျက်နှာသွင်ပြင်နဲ့ တစ်ထပ်တည်း တူနေတဲ့( ကြိုင်.လင်မယား) ကြောင့်ပေါ့ ကျနော်တို့ ကိုယ့်ကျွန် ဘဝ ရောက်နေရတာ မှန်လိုက်တာ အန်တီရယ်( ကိုပေရေ ကျူပ်လည်း ရှောင်မယ်ဗျ အဲ့လိုမိန်းမတော့ ဟုတ်ဘူး အဲ့လို ယောက္ခမ မျိုးပေါ့ ဟေ့ဟေး)

  • aye.kk

    November 28, 2012 at 9:15 pm

    aanyar thar
    အဲဒီရုပ်လက္ခာရှိသူတွေနဲ ့လွှဲပါစေ၊ဖယ်ပါစေလို ့
    အန်တီဆုတောင်းပေးတယ်နော်။။

  • Mon Kit

    November 29, 2012 at 9:19 am

    အန်တီအေး.. မှတ်သားသွားပါတယ်နော်…

    • aye.kk

      November 29, 2012 at 7:11 pm

      Mon Kit,ရေ
      အားပေးဖတ်ရှုတာသိရတဲ့အတွက်
      ဝမ်းသာမိပါတယ်။

  • Hnin Hnin

    November 29, 2012 at 2:03 pm

    ရုပ်ရည်နဲ့ စိတ်ထား လိုက်ဖက်ညီတယ်လို့ပဲ ပြောရတော့မလား…တီကေ…

    • aye.kk

      November 29, 2012 at 7:19 pm

      Hnin Hnin
      မီလန်းရဲ ့နဖူးကမသိမသာလေးမောက်ယုံတင်ပါ။
      နှာတံကလည်းဘေးတိုက်ကြည့်ကြည့့်မှသာ
      နှာတံထိပ်ကနေအဖျားရင်းတိုင်(ချိုင့်နေတာ)နှစ်ဆင့်ပေါ့နော်။
      မသိမသာယောင်ယောင်လေးကောက်နေတာပါ။ဒါတောင်အတော်ကြောက်ဘို ့ကောင်းပါတယ်။
      ထင်းထင်းရှင်းရှင်းဆိုရင်တော့ပိုလို ့ဆိုးမလားလို ့တောင်စိတ်ကတွေးမိပါတယ်။

  • jullies cezer

    November 29, 2012 at 4:17 pm

    မီလန်းက သူ့စိတ်နဲ့တန်တဲ့ဘဝကိုရသွားတာ အဲဒါကြောင့် ကိုယ်ပြုသောကံ
    ပဲ့တင်သံကိုယ့်ထံပြန်လာမည်ဆိုတာအရမ်းမှန်ပါတယ် ……..

  • aye.kk

    November 29, 2012 at 7:26 pm

    jullies cezer
    မှန်ပါတယ်လို ့ပဲထပ်ပြောပြချင်ပါတယ်ကွယ်။
    မြတ်စွာဘုရားရဲ ့ဂါထာ(နှုတ်ခပတ်တော်)တွေကလည်းအစွမ်းထက်မြက်လှတယ်
    လို ့။ အန်တီအနေနဲ ့ကတတ်အပ်ထင်မြင်မိပါတယ်။။(အကျိုးပေးကလက်ငင်းမို ့လေ)

  • aye.kk

    December 2, 2012 at 1:25 pm

    ကိုပေါက်ရေ
    ကြုံလာရင်သတိထားတာအကောင်းဆုံးပါ။

Leave a Reply