ဆူး

Nay ChiNovember 28, 20121min853

အ မှတ် တ မဲ့ တွေ အ ခါ ခါ ဆင့် တော့

မှတ် မှတ် ရ ရ နာ ကျင် တယ်…။

 

ခပ် မျှင် လေး ပါ ပဲ

ဒါ ပေ မဲ့…

အ တွင်း သား အ ထိ နစ် ဝင် တယ်…။

 

ကာ လ တစ် ခု ရဲ့ တိုက် စား မှု အောက်

ဆွေး မြေ့ သွား မှာ သေ ချာ ပေ မဲ့

 

တ ဆစ် ဆစ် နာ ကျင် စေ လွန်း လို့

ဆွဲ  နှုတ်  ပစ် လိုုက် တယ်…။

 

 

နေခြည်

3 comments

  • ဦးကြောင်ကြီး

    November 28, 2012 at 11:16 am

    အဲလိုလုပ်နဲ့လေ… အန်တီဆူးက မနေ့ကမှ မင်္ဂလာဆောင်ထားတာ…။ ဒါကြောင့်
    ဆူးဆို
    ဗူးရင်
    သူ့ဦး
    ဒူးကြောင့်
    ဟူးကနဲ
    မူးမှာမို့
    ပူးချင်နဲ့လေး..။

  • မောင်ပေ

    November 28, 2012 at 3:54 pm

    ဆွဲနှုတ်ပစ်
    ဘဲစုတ်ယစ်
    သဲမှုတ်စစ်
    ရဲကုတ်လစ်
    ဖဲထုပ်သစ်
    မြဲလုပ်ဖြစ်

  • padauk moe

    November 28, 2012 at 6:29 pm

    ဆူး၏ဒဏ်ရာ ရင်မှာနာလည်း
    မေ့ပျောက်မရ ခါးသက်လှသည်
    ဆူးနှင့် အကြင်နာ ရင်မှာ ဒွန်တွဲ
    ဝေခွဲမရ ဆူးကြောင့် အချစ်လား
    အချစ်ကြောင့် ဆူးလား မသိတော့ပါ
    မေတ္တာမိုးဆွေ ခန်းခြောက်လေတော့
    အချစ်နှင့်ဆူး ငါနှုတ်ပစ်မည်
    ရင်တွင်းဒဏ်ရာ မေ့ပျောက်ဖို့တော့
    လွန်စွာခက်လှပြီ………….. အားပေးခဲ့ပါတယ်ဗျာ တော်တော်လေးကို ခံစားနေရမှာဘဲနော်

Leave a Reply