ရ = ရသင့်တာလေးတွေတောင်…… မရ ကြ သေးလို ့…..

alinsettNovember 28, 20122min25730

ကျွန်တော်ကတော့……

ရသင့်တာကို…ရအောင်…တောင်းဆိုနေချင်ပါတယ် ။

ရသင့်တာ ထက်… ပိုမတောင်းဆို မိသ၍…….

ရသင့်တာထက်…. ပို မယူ မိသ၍……

ရသင့်တာကို..တောင်းဆို သင့်တဲ ့ နည်းနဲ ့… တောင်းဆိုနေသ၍……..

ကျွန်တော်… အမှန်တရား နဲ ့အတူ..ရှိနေဆဲပဲ…ဖြစ်တယ် ။

ရသင့်တာက်ိုတော့…….

ရ တဲ ့နည်းနဲ ့..တောင်းဆိုနေဦးမှာပဲ…..။

တည်းတည့်တောင်းဆို လို့ မရသေးရင်…

သွယ်ဝိုက်ပြီး..တောင်းဆိုမယ် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူတို ့ပိုင်ဆိုင် ထားတာတွေနဲ ့….

တကယ်တမ်း…. သူတို ့..ပိုင်ဆိုင် သင့်တာတွေ… ကို… တိုင်းတာကြည့် ……...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆင်းရဲမှု

ရပိုင်ခွင့် ရှိတာလေးတွေတောင်မှ မရပါများလာတဲ့အခါ ကျွန်တော် ရင်နာလာပါတယ် ။

ရပိုင် ခွင့်တွေအကြောင်း ကျွန်တော် စာတစ်ပုဒ်လောက်ရေးပြီး တိုက်ပွဲဝင် ချင်ပါတယ်။

ဒါပေမယ့် စာရေး ရာမှာ ညံ့ဖျင်းလှတဲ့ ကျွန်တော် … ….. ရပိုင်ခွင့်တွေ ရလာဖို့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ ့ရေးပြရမှန်း မသိပါဘူး ။

ရပိုင်ခွင့် ရှိတာ လေးတွေ/ ရသင့်တာလေးတွေတောင်မှ မရ ကြသူတွေ ကျွန်တော့် ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ် ။

( တချို ့လူတွေကျတော့လည်း ရပိုင်ခွင့် / ရသင့်တာထက်တောင် ပို ရနေပါသေးတယ် )

ဘတ်စ်ကားကျပ်ကျပ်ကို ရုံးသွားရုံးပြန် တိုးဝှေ့ စီးနေရတဲ့ အခါ ကျွန်တော် ရင်နာပါတယ်။

ခြေထောက်တစ်ဖက်တောင် … တောင် ချဖို ့အခွင့် မသာဘူး ကိုင်စရာ တန်းကို လက်တွေ အများကြီး နဲ့လုပြီး ကိုင်ရတယ် ။

အနံ ့အသက်ဆိုးတွေ/ ချွေးနံ ့ တွေ ပေါင်းစုံ ကြားမှာ ပူလောင်လွန်းတဲ့ ကားစက် အပူရှိန်/ ပြီးတော့…….နားကွဲမတတ် ကျယ်လောင်လွန်းတဲ့ ကားစက် သံ /

လေးစားရ ကောင်းမှန်းမသိ / ညှာတာရ ကောင်းမှန်း မသအော်ဟစ် ငေါက်ငမ်းပြီး မယဉ်ကျေးစွာ ဆူပူသောင်းကျန်းနေတဲ့ (ယာဉ်အကူ ) စပါယ်ယာ ရဲ့ အသံ …..

ကားပေါ်မှာ ရုံးသွား ရုံးပြန် ကားစီး ရတဲ့အချိန်တွေဟာ တကယ့်ကို ငရဲပြည်ကို ရောက်နေရသလိုပါ ။

အဲဒီလောက် ကားပေါ် မှာ ဒုက္ခ တွေခံ နေရတာ ကားစီးရတာ မြန် သလား ဆိုတော့လည်း လုံးဝ မမြန်ပါဘုူး ။

မှတ်တိုင်တွေမှာ လူ ပြည့်ကျပ်နေအောင် စောင့်ပြီး တင်နေလို့ ကြာတာက တစ်မျိုး……………..

ကား စုတ်ကြီးတွေ ဆိုတော့ လီဗာ နင်းသံ တဗျင်းဗျင်း နဲ့ အသံ ကျယ်ကြီး အော်မြည်နေပေမယ့် အရှေ့ကို သွားတဲ့ အရှိန်ကတော့ အလွန် ့ အလွန် ကို နှေးကွေးလို့ ကြာ တာက တစ်မျိုး……

လမ်းကြောမှာ ကားက ပျက်ရတာနဲ…………… ့

ဘီး လေဝင်ထိုး ရတာနဲ့ /ဂတ်စ် ဝင်ဖြည့်တာနဲ့ / ယာဉ်ထိန်းရဲက တားပြီး .(……………..) လို ့ စကား အခြေအတင် ရပ် ်ပြောရတာနဲ့ တော်တော့်ကို ကြာတာပါ ။

မနက် ရုံးတက်ချိန်နဲ ့ ညနေ ရုံးဆင်းချိန်မှာ မှတ်တိုင်မှာ...လူတွေအများကြီး.

အလုပ်နောက်ကျတာလည်းမနည်းတော့ပါဘူး ။

အလုပ်သမားတွေ/ လိုင်းကား တိုးစီး သူတွေရဲ့ ဒုက္ခဆင်းရဲ ရောက်တဲ့အကြောင်း ပြော မကုန်နိုင်အောင် များပြားလှပါတယ် ။

တကယ်တော့ နိုင်ငံသားတစ်ယောက် အနေနဲ ့ / အခြေခံ လူတန်းစား အလုပ်သမားတစ်ယောက်အနေနဲ ့ လိုင်းကား ( ဘတ်စ် ကား )

ကို သက်တောင့်သက်သာ ထိုင်ပြီး စီးခွင့် ရှိပါတယ် ။

ဒါ ……အခြေခံ ရပိုင်ခွင့်တွေထဲက တစ်ခုပါ ။

အဲဒီ ရသင့်တာလေးတောင်မှ မရ သေးပါဘူး ။ ဆင်းရဲတဲ့နိုင်ငံတစ်ခု အနေနဲ ့ မရ နိုင်သေးရင် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေနဲ့ ရ လာအောင် လုပ်ပေးသင့်ပါပြီ ။

အခုတော့ ……… အလုပ်သမားတွေ ဟာ အလုပ်သွား အလုပ်ပြန် လိုင်းကားပေါ်မှာ အချိန်တော်တော်ကြာကြာ လူရော စိတ်ပါ ပင်ပန်း ဆင်းရဲ ခံနေကြရတယ် ။

ဟုတ်ပြီ ။ ကားက ကျပ်တယ် ။

ပူတယ် လောင်တယ။် စီးရတာ ပင်ပန်းဆင်းရဲ လွန်းတယ် ။

ဒါဖြင့်…… မြို ့ ပတ် ရထား နဲ ့ အလုပ်သွား/ ပြန် ကြည့် ။

ပ်ိုဆ်ိုးပါလေရော ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြို့ပတ် ရထား ဘူတာ တော်တော် များများက ကိုယ်သွားချင်တဲ့ နေရာကို ဒဲ့ ( တည့်တည ့် ) မရောက်တာက များတယ် ဗျ ။

ပြီးတော့ ရထားကလည်း ဘူတာကို ဒဲ့ ရောက်မလာတာက များတယ် ။

လမ်းမှာ ရထားက ပျက်နေမယ် ။

နောက်ကျနေမယ် ။

အဲဒါထက် ပိုဆိုးတာက ရထား ပျောက်တာပါ ။

တော်တော်တော့ နားလည်ရ ခက်တယ်ဗျ ။ ရထားပျောက်တယ် ဆိုတဲ့ အဖြစ်က လေ…. ။

ရထားပျောက်တယ်ဆိုတော့ လမ်းမှာ မောင်းလာတဲ့ ရထားကြီး တစ်စင်း လုံး ဖျတ်ခနဲ ပျောက်ခြင်းမလှ ပျောက်သွားသလိုလို /

ဟို ဘာမြူဒါ တြိဂံ ဒေသ ဆိုတာကြီးလို ထူးဆန်းတဲ့နေရာတွေ ထဲ ပဲ ဖြတ်မောင်းမိသလိုလိုု………….

အမှန်ကတော့ ….. ရထားက လမ်းမှာ ပျက်ပြီး နောက်ကျလွန် သွား တာ ။

နေ ့လည် ၁ း ဝဝ ရောက်လာရမယ့် ရထားက နေ ့လည် ၂ း ဝဝ မက နောက်ကျပြီးမှ

လာနိုင်တော့ နေ့လည် နှစ်နာရီ ရထားနဲ ့ရောသွားတာ။

ရောသွားတော့ တပြိုင်တည်း နှစ်စီးပြူး ရောက်လာသလား ဆိုတော့လည်း မဟုတ်ပြန်ဘူး ။တစ်စီးပဲ. …။

ပိုပြီ.တော့.လူတွေပြည့်ကျပ်သွားတာသာ..အဖက်တင်တယ်။

ထူးဆန်းတယ်နော် ။

နေ ့လည် တစ်နာရီ ရထားနဲ့ လိုက်ဖို ့စောင့်နေတဲ့ ခရီးသွားပြည်သူတွေရဲ့ အချ်ိန်တွေ….. တန်ဖိုး မဲ့ လွန်းမက မဲ့ကုန်ပါတယ် ။

ရ = ရထားကြီးလည်း ပျော်ပျော် မစီး နိုင်တော့ပါဘူး ။

ရ = ရထားကြီး ပျော်ပျော်မစီးနိုင်ဘူး ။

မြို ့ပတ်ရထား အချိန် မမှန် မှု ကြောင့် အရေးတကြီး ချိန်းဆိုမှု တွေ ဆီသွားရင် မြို့ပတ်ရထား စီးမသွား တော့ပါဘူး ။

ကားသာ တိုးစီးတော့ ။

စိတ်ညစ် စိတ်ရှုပ်ရတာ ပင်ပန်း ဆင်းရဲ စွာ စီးနင်းလိုက်ပါ ရတာမှာ တော့ မြို့ပတ်ရထားဖြစ်စေ / ဘတ်စ်ကားတွေ ဖြစ်စေ မထူးခြားနား တူနေလျက်ပါပဲ ။

မြို့ပတ်ရထားပေါ်မှာတော့ တစ်ခု သာ ပါတယ် ။

ဘာလဲ ဆိုတော့ …….. အမှိုက်တွေကြားကကြွက်တွေ / လူတွေ ထိုင်လိုက်ရင် ပျော်ပျော်ကြီး ထွက်လာတဲ့ ဂျပိုးတွေ / အနံ့အသက်ဆိုးတွေ / စိတ်ညစ်စရာ

အပြောအဆိုနဲ ့ရောင်းတဲ ့ဈေးသည်တေ ွ / မသန့်ရှင်းတဲ့အစားအသောက်တွေ / သနားစရာလည်း ကောင်း စိတ်ညစ်စရာလည်း ကောင်းရတဲ့ သူတောင်းစားတွေ …..

အဲဒါတွေ အားလူံးကို ထင်ထင်ရှားရှား တွေ ့ရမယ် ။

အေးဆေးပါပဲ....တဲ ့

ပြီးတော့ ရှိပါသေးတယ် ။

ရထားက ဘယ်ညာ ယိမ်းပြီး ခုတ်မောင်းနေတဲ့အခါ…………… လမ်းရဲ ့ အစွမ်းကြောင့် ရင်တထိတိထိတ်

ဘယ်အချိန်များ ရထားကြီး တစ်ဘက် ဘက်ကို စောင်းပြီး မှောက်သွားမလဲ လို ့ ရင်ထိတ်ရတာ သရဲ ရထား စီးနေရ သလိုလို။

ဘုရား ကို တ ပြီးရင်း တ နေရ လို့ ကုသိုလ်တွေလည်း ရပါတယ် ။

အလင်းဆက်က အကောင်းမြင်သမားပါနော် ။

အင်း …… မှော်ဘီ တို ့/ တိုက်ကြီးတို ့ဘက်ကနေ သီရိမင်္ဂလာဈေး ဘက် ပြေးနေတဲ့ ဟိုင်းလတ် လိုင်းကားလေးတွေလည်း စီး မိတာနဲ ့ ဘုရား တ ရတာပါပဲ ။

ကုသိုလ် ရတာချင်းတော့ တူတာပေါ ့ ။

အဲဒီ ဟိုင်းလတ် ကားလေးတွေကျတော့ အလုအယက် အပြိုင်အဆိုင် မြန်မြန်ကြီး မောင်းကြတာ။

မြန်မြန်တော ့ ရောက်နိုင်တယ် ။ ကားမှောက်လို့ မသေရင် အိမ်ကို မြန်မြန် ရောက်နိုင်တယ် ။

အဲဒီ ကားလေးတွေ က ထိုင်စရာ နေရာ သိပ်မရှိတော ့ ခေါင်မိုး ပေါ် မှာပါ စီးရတာ…။

ကိုင်စရာနေရာ ကျကျနန မရှိ ပေမယ့် သက်စွန် ဆံဖျား စီးရတာလေ။လူတွေ ခေါင်မိုးပေါ် မှာ ထိုင်ပြီး လိုက်လာတာများ

လှမ်း ကြည့်လိုက်ရင် အသည်းယားစရာ အုံခဲ နေတာပဲ ။

ကား မတော်တဆမှု./ တိမ်းမှောက် မှု….. .ဖြစ်နိုင်ချေ..တော်တော်များနေတဲ ့..ကားတွေ.ကို ကျွန်တော်တိုူ ့.နေ ့စဉ်…….စီးနေရပါတယ် ။

———————————————————————

အလုပ်ခွင်ထဲမှာလည်း အလုပ်သမား အခွင့် အရေး ရယ် လို ့ ဘာမှ ရေရေရာရာ မရ တဲ့ အလုပ်တွေ အများကြီးပါ ။

အလုပ်သမားတစ်ယောက်ဘက်က ရ သင့်တဲ့ အခွင့်သာမှု ဘာမှ မရှိ ။

ရ ပိုင်ခွင့် / ရသင့်တာလေးတွေတောင်မှ မရ ။ တစ်ချို့ အလုပ်သမားတွေကတော့ ရ ရကောင်းမှန်းတောင်မှ မသိ နိုင်ကြဘူး ။

လူ ချိုု့တဲ့ ရုံမက အသိဉာဏ် နဲ့ ဗဟုသုတ ပါ ချို့တဲ့ နေလို ့ ။ အဲဒီလို… လူရော စိတ်ဓါတ်နဲ ့ အသိဉာဏ်ပါ ချို ့တဲ ့ နေတာ…

ကံကြောင့်လို့တော့..လုံးဝ ပြောလိုူ ့မရဘူးနော် ။

( ဘာကြောင့်..ဒီလိုတွေ..မုန့်လုံးစက္ကူ ကပ်နေတာလဲ..ဆိုတာကို…သာ…

ရှင်းခနဲ..ကွင်းခနဲ.နေအောင်..ရေပစ်လိုက်ရရင်….ကျွန်တော်လည်း… ..စာရေးသူ..မဟုတ်တော့ပဲ…

နိုင်ငံရေးသမားဖြစ်သွားတော့မှာ ။

ဒီစာကို..ရေးနေတုန်း မှာ.အမေက.. ကျွန်တော့်ကို သတ်ိပေးတယ် ။ ထိန်းရေး… တဲ ့ ။

ဟုတ်… စာရေးသူ တစ်ယောက်ကရေးတဲ့…စာ… တစ်ပုဒ် ဖြစ်ရင်တော်ပါပြီ ။

အဲဒီလို.ထိန်းရင်း…ရေးလိုက်ပါတယ် ။)

ရ သင့်တဲ့ အခွင့်အရေးလေးတွေတောင် မရ တဲ့အကြောင်း တွေ ….. ပြောနေရင် ဆုံးခန်း တိုင်မှာကို မ ဟုတ်လို့ …..

အလင်းဆက်လည်း တစ်ထောင့်တစ်ည ဖြစ်ရပ်မှန်တွေ ရေးတဲ့ စာရေးသူ ဖြစ်သွားမှာ …… ။

ဒါကြောင့် ဒီလောက်ပဲ ပြောပါရစေတော့ ။

ဝင်ငွေ ရှာနိုင်ပြီ...တဲ ့

—————————————————————

အဲ……….. ရ သင့်တာထက် ပို ရနေတဲ့ လူတွေလည်း ရှိတယ်ဗျ ။

ဆင်းရဲ သေးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု အနေနဲ့ တိုင်းတာ ကြည့် ။

သူတ်ို ့ လုပ်နေတဲ့ အလုပ် / ရာထူးတွေ ရဲ့ ရပိုင်ခွင့် နဲ ့ တိုင်းတာ ကြည့် ။

သူတို ့ ရထားတာတွေ / ပိုင်ဆိုင်ထားတာတွေက တော်တော့်ကို ပို လို ့ သာ လို့ ့….။

မယုံ မရှိနဲ့ ။ တစ်လ ထဲမှာကို သိန်းထောင်နဲ့ ချီပြီးလက်ဝတ်ရတနာ လာဝယ်သူတွေ တစ်ပုံကြီး ။

( အခု လက်ရှိ … ကျွန်တော်က … ကျောက်မျက်ရတနာ အရောင်းဆိုင် တစ်ခု မှာ.အလုပ် လူပ်နေတော့.. သိတာပေါ့ ။

တော်တော်ကြီးတဲ ့.ရတနာ အရောင်းဆိုင် လို ့တော့.ပြောလို ့ရပါတယ် ။)

သိန်း ရာ / ထောင်ချျိီနေတဲ ့ ရတနာ ပစ္စည်းတွေက်ို ကန်စွန်းရွက် ချဉ်ပေါင်ရွက်..ဝယ်သလို..ဘက်ခနဲ…ဝယ် သွား သူတွေ တစ်ပုံကြီး ..။

တစ်နေ ့ သုံးခါလောက် လာရင်..တစ်ခါ လာရင်.. ကားအကောင်းစား..( တကယ့်ကို ကားအကောင်းစားတွေနော် ) တစ်မျိုးပြီး ..တစ်မျိုး..ထည်လဲ..စီး လာကြတာ ။

အားတော့….ကျစရာပါ ။ မုဒိတာလည်း.ပွား လို ့ရချင်ပါတယ် ။

ကိုယ့် နိုင်ငံ…ထဲက ကိုယ့် လူမျိုးတွေ..ဒီလို.နေထိုင် သုံးဖြုန်း နေနိုင်တာ .။

ဒါပေမယ့်……

သူတို ့ပိုင်ဆိုင် ထားတာတွေနဲ ့….

တကယ်တမ်း…. သူတို ့..ပိုင်ဆိုင် သင့်တာတွေ… ကို… တိုင်းတာကြည့် ………

အင်း……………………………

————————————–

( အဲဒီ..ရသင့်တာ ထက် …ပို ရနေသူတွေ..ဟာ..ဘယ်လို လူတွေ..ဆိုတာ /

ဘယ်သူတွေ.ဆိုတာတော့ ……………

ပြော မနေတော့ပါဘူး ။ မှန်း ကြည့်လည်း…သိနေတာပါပဲ..လေ ။ :kwi: )

———————————————————————————

ရသင့်တာ ထက် ပိုရနေသူတွေနဲ ့ …..

ရသင့်တဲ ့အခွင့်အရေးကလေးတွေ.တောင်….. မရ… ရှာသူတွေ…

တစ်နိုင်ငံထဲမှာ..

အတူတကွ.. ယှဉ်တွဲနေထိုင်နေရပါတယ် ။

အဲဒီ မှာ……………….

ကျွန်တော်တို ့… ( ဆင်းရဲသားတွေ… / ရသင့်တာတောင်… မရ ကြသူတွေ….က …..)

ဘယ်လို ဖြေသိမ့် လဲ….ဆိုတော့…..

——————————————————————————————

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူတို ့က….

ရှေ း…ဘဝ က ကုသိုလ် ကံ ကောင်းခဲ့လို ့….

ဒါကြောင့်.. ပြည့်စုံ ကြွယ်ဝ နေကြရတာ….

ငါတို့ကတော့…….

ရှေးဘဝတွေ…က.. ဒါန သီလ ဘာဝနာ တွေ..နည်းခဲ့လို ့…

ဆင်းရဲတွင်း နက် နေရတာ ….

ငါတို ့က သူတို့လောက်မှ…ကံမကောင်းတာ..ကိုး……..

———————————————————————-

ဗုဒ္ဓ ဘာသာ ဝင်တွေဆိုတော့လည်း…အခက်သား….နော ် ။

ရသင့်တာကို ..ရအောင်….

ဘယ်လို လုပ်ယူမလဲ… …

ဘယ်လို နည်းလမ်းကို သုံးပြီး… ဖြေရှင်းမလဲ..လို ့.. သေချာ မစဉ်းစားသေးဘူး ။

ရောင့် ရဲ တာလိုလို…..

လောဘ နည်းတာလိုလို……

တရား သဘောနဲ ့… သံဝေဂ ရနေတာလိုလို…နဲ ့…..

ဟိုလိုလို ဒီလိုလို…. လုပ်နေကြတာ…

(ဆင်းရဲသားအ ချို ့ကိုပြောတာပါ ။ လူတိုင်းကို မရည်ရွယ်ပါဘူး ။ အဲဒီ အချို ့ထဲမှာ..ကျွန်တော်တောင်…. ပါနေုနိုင်ပါသေးတယ် ။ )

ဒီလိုပဲ..နေတော့မှာလား ။

ဟိုလိုလို ဒီလိုလိို လုပ်နေရင်.. ဟိုဟာလည်း မဟုတ်..ဒီ ဟာ လည်း..မဟုတ်…နဲ ့…

ဗုံမရောက် ပတ် မရောက် ပဲ.ဖြစ်နေတော့မှာ….။

======================================

( ဆိုးယုတ်တာကို… သိလျက်နဲ ့ အဲဒီ ဆိုးယုတ်မှု.ပြုသူတွေ..ရဲ ့..ဆိုးယုတ်စွာ.. ပြုလုပ်မှုကို..

ထိထိရောက်ရောက် မတားဆီးကြလို ့.. / သူတို ့ ဆိုးယုတ်တာကို…ငြိမ် ခံ..နေကြလို ့…

ဆိုးယုတ်မှုတွေ.. မရပ်တာပါ ။

ဆိုးယုတ်မှုတွေ… လုပ်နေတာကို…ငြိမ်ခံနေတာဟာ..သူတိ်ု့ကို.. ဆိုးယုတ်မှုတွေ..လုပ်ခွင့်ပေးထားတာ..ပဲ ။

ကိုယ်က…. လုပ်ခွင့်ပေးပြီဆိုမှတော့..ကိုယ်လည်း..ကြံရာပါ..လို့တောင်…သတ်မှတ် ခံရနိုင်ပါတယ် ။

မှားနေတာ..ကိုတော့..မှားနေတယ်..လို ့ပြောမှဖြစ်မှာပေါ့ …. ။ )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်ကတော့……

ရသင့်တာကို…ရအောင်…တောင်းဆိုနေချင်ပါတယ် ။

ရသင့်တာ ထက်… ပိုမတောင်းဆို မိသ၍…….

ရသင့်တာထက်…. ပို မယူ မိသ၍……

ရသင့်တာကို..တောင်းဆို သင့်တဲ ့ နည်းနဲ ့… တောင်းဆိုနေသ၍……..

ကျွန်တော်… အမှန်တရား နဲ ့အတူ..ရှိနေဆဲပဲ…ဖြစ်တယ် ။

ရသင့်တာက်ိုတော့…….

ရ တဲ ့နည်းနဲ ့..တောင်းဆိုနေဦးမှာပဲ…..။

တည်းတည့်တောင်းဆို လို့ မရသေးရင်…

သွယ်ဝိုက်ပြီး..တောင်းဆိုမယ် ။

( အဲ…. တောင်း ယူ..မှ ရတဲ ့ဘဝ ကတော့….

သိပ်တော့မကောင်းဘူးပေါ့ ။ အမှန်က…. အလိုက်တသိ… ဖြည့်ဆည်းပေးထားရာ…။ တောင်းယူစရာကို မလိုအောင်….ရ နေရမှာပါ ။

ရသင့်တာတွေ..ကိုလေ…. ။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငြိမ်းချမ်းသော နည်းနဲ ့…………….

အမှန်တရား ကို… လက်ကိုင်ထားပြီး……

ရသင့်တာကို..ရအောင်… လုပ်ယူကြမယ်ဗျာ ..။

ရှေ ့က..ဦးဆောင် မယ့်သူတွေလည်း.လိုတယ် ။

ဦးဆောင်ရာနောက်… တက်ညီ လက်ညီ..လိုက်ပါ… မယ့် သူတွေလည်း..လိုတယ် ။

ရသင့်တဲ ့အခွင့်အရေးကလေးတောင်မှ…..

မရတဲ ့ ဘဝ ဆိုးတွေ.ကြားမှာ….

ကျွန်တော်တို ့ ….. တွင်းဆုံး … မနေဖို ့….. လိုပါတယ် ။

ဒီတော့..

တက်ကြ..ဗျာ ..။

တက်လို ့ရသမျှ..အတိုင်းအတာ ထိ. … .. .ရှေ ့ကို တက်ကြ မယ်… ။

ရသင့်တာ မှန်သမျှ… ရလာဖို ့….

ငြိမ်းချမ်းစွာ..အရေးဆိုကြမယ် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(အဲဒီလို..

ရသင့်တာလေးတွေတောင်မှ မရတဲ ့ အကြောင်း….

စာတွေ..ပေတွေ…. .ဖွဲ ့ကြည့်ပြီး ရေးလိုက်ချင်တာ ။….။

အခုတော့..မရေးတတ်သေးလို ့…../မရေးရဲသေးလို ့………. ရသင့်တာလေးတွေကိုတောင် မရသေးတဲ ့အကြောင်း… မရေးပဲ..နေလိုက်ပါတော့တယ် ။ )

xxxxxxxxxxxxxxxxxxxx

လေးစားစွာ…ဖြင့်…

အလင်းဆက်

28 .11 .2012 (တန်ဆောင်မုန်းလပြည့်နေ ့ )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လ = ?????????????????

30 comments

  • အလင်းဆက်

    November 28, 2012 at 3:20 pm

    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ဖ =http://myanmargazette.net/153657/arts-humanities
    ဗ=http://myanmargazette.net/154762/arts-humanities#comments
    ဘ =http://myanmargazette.net/155933/arts-humanities
    မ =http://myanmargazette.net/156660/arts-humanities
    ယ = http://myanmargazette.net/157428/arts-humanities

    —————————–
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ လို ့…..

    ချစ်သော….

    အလက်ဆင်း

  • မောင်ပေ

    November 28, 2012 at 3:36 pm

    ရှေးတုန်းက ရှင်အဇ္ဇဂေါဏ လို ထွက်ရပ်ပေါက်လိုင်း ပေါက်မြောက်အောင်လိုက်စားပြီး တစ်ပြည်လုံး ရွှေမိုးငွေမိုးရွာအောင်လိုက်လုပ်ပေးရမလို ဖြစ်နေပေါ့
    အဲဒါမှပဲ ဆင်းရဲမွဲတေမှုတွေ အမြန်ဆုံးပပျောက်မှာပါ

  • Shwe Ei

    November 28, 2012 at 3:47 pm

    ရသင့်တာက ဘာတွေလဲ ဆိုတာကို သိဖို့ အရင်လုပ်ကြရမယ် ထင်တယ်
    အလင်းဆက်ရေ။
    ကျမတောင် ဒီနေ့ အများပြည်သူရုံးပိတ်ရက် မှာခပ်တည်တည်နဲ့ ဖွင့်ထားတဲ့
    ကိုယ့်ရုံးကို စိတ်နာလို့ ဘလိုအရေးဆိုရင် ကောင်းမလဲ စဉ်းစားနေတာ။ :kwi:

    • surmi

      November 28, 2012 at 4:05 pm

      ဂုဏ်ယူလိုက်ဇမ်းဘာ
      ကျုပ်လည်း အလုပ်ထဲမှာပဲ

  • surmi

    November 28, 2012 at 3:54 pm

    ရတာမလို
    လိုတာမရ
    ဒို ့ ဘဝက
    ဒီလိုပဲလေ
    တွေးမနေနဲ ့
    ငေးမနေနဲ ့
    တက်မရှိလည်း
    လက်နဲ ့သာလှော်
    မျှော်လင် ့ခရီး
    တစ်ဆင် ့နီးဖို ့
    စ လိုက်ကြစို ့သူငယ်ချင်း ။ ။

    ဆက်ဆက်ရေ
    မေး ပို ့ထားသေးတယ်
    ရောက်ရဲ ့လားမသိ ။

  • ရသင့်တာကို…ရအောင်…တောင်းဆိုနေချင်ပါတယ် ။

    ရသင့်တာ ထက်… ပိုမတောင်းဆို မိသ၍…….

    ရသင့်တာထက်…. ပို မယူ မိသ၍……

    ရသင့်တာကို..တောင်းဆို သင့်တဲ ့ နည်းနဲ ့… တောင်းဆိုနေသ၍……..

    ကျွန်တော်… အမှန်တရား နဲ ့အတူ..ရှိနေဆဲပဲ…ဖြစ်တယ် ။

    ရသင့်တာက်ိုတော့…….

    ရ တဲ ့နည်းနဲ ့..တောင်းဆိုနေဦးမှာပဲ…..။

    တည်းတည့်တောင်းဆို လို့ မရသေးရင်…

    သွယ်ဝိုက်ပြီး..တောင်းဆိုမယ် ။….

    (အရမ်းကိုတော့ကောင်းပါတယ်အလက်ဆင်းရေ
    ဒါပေမယ့် ရသင့်တာကို ရအောင်တောင်းလိုက်လို့ ရထားတာလေးတောင် လျော့သွားတာတွေ
    ရှိတယ် ကိုယ့်လိုင်းမဟုတ်လို့မရေးချင်တော့တာနဲ့အောင့်အီးထားလိုက်ရတယ်..)
    :eee:

  • kai

    November 28, 2012 at 4:51 pm

    သူတို ့က….
    ရှေ း…ဘဝ က ကုသိုလ် ကံ ကောင်းခဲ့လို ့….
    ဒါကြောင့်.. ပြည့်စုံ ကြွယ်ဝ နေကြရတာ….
    ငါတို့ကတော့…….
    ရှေးဘဝတွေ…က.. ဒါန သီလ ဘာဝနာ တွေ..နည်းခဲ့လို ့…
    ဆင်းရဲတွင်း နက် နေရတာ ….
    ငါတို ့က သူတို့လောက်မှ…ကံမကောင်းတာ..ကိုး……..

    ဆင်းရဲခြင်းတရားလို့.. အမည်ပေးချင်မိတယ်..
    ဆင်းရဲခြင်းကိုဖြစ်စေသော.. တရား.. :kwi:

    • Inz@ghi

      November 28, 2012 at 5:20 pm

      စနစ်ကြောင့်မှုတ်ဖူးးစနစ်ကြောင့်မှုတ်ဖူး
      :harr:

  • အလင်းဆက်

    November 28, 2012 at 5:54 pm

    ဟုတ်ပါ ့ ။ လေးလေးပေ….ရေ…

    🙂

    =============

    ခင်တဲ ့မရွှေအိ…

    ဒီနေ ့ရုံးဖွင့် ထားလို ့ စိတ်ညစ်နေပြီလား ။
    အဲဒါ..လည်း ရသင့်တဲ ့အခွင့် အရေး ဆုံးရှုံးမှု တစ်ခုပေါ ့ နော် ။

    တစ်ဖက်က ပြန်တွေးတော့လည်း..
    အများ. လုပ်အားတွေ လျော့ကျနေချိန် .( အမျာ းရုံးပိတ်ထားလို ့)
    မရွှေအိတို ့က.. တိုင်းပြည်အတွက်.. လုပ်အားတွေ .မနားမနေ…ဖြည့်ပေးနေရတာလေ .။
    ဂုဏ်တောင် ယူရဥိးမယ် ။

    သား တို ့ဆိုင်တောင် မနေ ့က..
    ဝန်ထမ်းတွေ.. က အလုပ် မပိတ်ဘူး..ဆိုတော့မျက်နာတွေ..မသာမယာနဲ ့..
    ကြည့်မကောင်းတဲ ့မျက်နှာတွေ …..ဖြစ်နေတဲ ့အဆုံး…မှာ..
    မလွဲသာလို ့ပိတ်ပေးလိုက်တော့တာ..

    ရ သင့်တာက ဘာတွေလဲ… ဆိုတာ သိအောင်အရင်လုပ်ကြရပါမယ် ။

    ကျွန်တော် အခုပြောခဲ့သလောက် က.ရသင့်တာ အတိုအစ လေးတွေပဲ.ရှိပါသေးတယ် ။
    အများကြီးရှိသေးတယ် ။
    ရှိသမျှ အကုန် ပြောနေလို ့မရ လို ့..ပြောလို ့ရသလောက်လေး..
    အခုတွေးလို ့ရသလောက်လေး.ပေါ့.. ပြောထားတာ ။

    အဟိ ။
    ခင်ရတဲ ့မရွှေအိရေ…
    အားပေး လို ့ကျေးဇူး..။

    ================

  • အလင်းဆက်

    November 28, 2012 at 6:00 pm

    ရတာမလို
    လိုတာမရ
    ဒို ့ ဘဝက
    ဒီလိုပဲလေ
    တွေးမနေနဲ ့
    ငေးမနေနဲ ့
    တက်မရှိလည်း
    လက်နဲ ့သာလှော်
    မျှော်လင် ့ခရီး
    တစ်ဆင် ့နီးဖို ့
    စ လိုက်ကြစို ့သူငယ်ချင်း ။ ။ရတာမလို
    လိုတာမရ
    ဒို ့ ဘဝက
    ဒီလိုပဲလေ
    တွေးမနေနဲ ့
    ငေးမနေနဲ ့
    တက်မရှိလည်း
    လက်နဲ ့သာလှော်
    မျှော်လင် ့ခရီး
    တစ်ဆင် ့နီးဖို ့
    စ လိုက်ကြစို ့သူငယ်ချင်း ။ ။

    လေးလေးဆာမိ….

    ကဗျာလေးက အမိုက်စားပဲ.နော် ။
    အဲဒီကဗျာလေးကြိုက်တယ် ။

    လေးလေး.ပို့ ထားတယ်ဆိုတဲ ့မေလ်း က မရဘူး..လေးလေးရေ..
    ဘာ ပါလိမ့် ။
    =====================

    မမနန်းရေ….

    ရသင့်တာကို ရအောင်တောင်းလိုက်လို့ ရထားတာလေးတောင် လျော့သွားတာတွေ
    ရှိတယ် ..

    ဟုတ်တာပေါ့ ။
    အဲဒါ.လည်းအမှန်တရားတစ်ခုပဲ. ။

    မမနန်းက..ရသ..အရေးအသားလိုင်း မှာတော့..နံပါတ်စဉ်တစ် တွေထဲက တစ်ယောက်ပါနော် ။
    ရွာထဲမှာက….တစ်တွေ..အများကြီးရှိတယ်ဗျ ။

    :kwi:

    ==================

  • အလင်းဆက်

    November 28, 2012 at 6:07 pm

    သူကြီးမင်းရေ…

    ဒီတစ်ခါလည်း.သားနဲ ့ တဂျီးနဲ ့ …တူပြီ ။

    အဲဒီလိုတွေးကြတာကို သားလည်း.လုံးဝမကြိုက်ဘူး ။

    ဆင်းရဲခြင်းကိုဖြစ်စေသော တရား..

    ဆိုတာ..

    သားလည်း..လက်ခံတယ် ။

    လုပ်မှ ဖြစ်မယ့် ကိစ္စတွေကိ်ု.. မလုပ်သေးပဲ..လေကန်နေတာ.က…များနေတာ..တော့..
    အသဲ..ယားတယ်ဗျ ။

    အဟိ ။
    :kwi:

    ———————————————————–
    Inz@ghi

    ဂီင်္ဂီရေ..

    စနစ်ကြောင့်မဟုတ်ဘူး.လာ း။

    အဲဒါဆို……
    ……………………………………….
    🙂

    ==============================

    အချိန်ပေးဖတ်ရှု..ခံစား..ပေးကြသော..
    ချစ်သော..မိတ်ဆွေများ.အားလု့းကို..
    လေးစားစွာ..ကျေးဇူးတင်လျက်ပါ ။

    လွန်သွားတာ..
    လိုသွားတာ.ရှိနေရင်လည်း…
    နားလည် ခွင့်လွတ်ပေးဦးနော် ။

    အလင်း ဆက် ချင်တဲ ့
    အလင်းဆက်

  • aye.kk

    November 28, 2012 at 6:08 pm

    ကိုအလင်းဆက်ရေ
    နားလည်သလောက်ပြောရရင်ပေါ့နော်..
    “ကံ”ဆိုတာပြုလုပ်ချင်းပါဘဲ။ပြုလုပ်တဲ့အကြောင်းတရားကောင်းရင်ကံကောင်းမှာပါဘဲ။
    ဘုရားဟောထားတဲ့တရားတွေကသဘာဝတရားဓမ္မစစ်တွေပါဘဲ။
    ကံ=အလုပ် လို ့အဓိပါယ်သတ်မှတ်ပါတယ် ။
    လူတစ်ဦးတစ်ယောက်ချင်းဆီရဲ (့စိတ်စေတနာတွေပေါ့နော်)။
    ထိုသူတို ့ရဲ ့ပြုမူလုပ်ကိုင်နေတဲ့အလုပ်(ကမ္မ)ကောင်းရင်=ပြုလုပ်တဲ့အကြောင်းတရားကောင်းရင် =အကျိုးတရားလည်းကောင်းမှာပါ ။ ဘုရားဟောထားတာလည်းကြောင်းကျိုးဝါဒတရားပါဘဲ။
    ကိုယ်ပြုတဲ့အလုပ်အကြောင်းတရားတွေမကောင်းမွန်လို ့= အကျိုးတရားတွေမကောင်းမွန်တာ = ခုလိုဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေကြုံတွေ ့နေကြရတယ် ။
    စနစ်ကြောင့်ဆိုတာထက်အုပ်ချုပ်သူ(မင်းလုပ်သူ)တို ့က တိုင်းပြည်မျက်နှာထောက်ထားပြီး
    ကိုယ်ချင်းစာတရားနဲ ့အုပ်ချုပ်နေမယ်ဆိုရင် တိုင်းသူပြည်သားတွေကလည်းကောင်းတဲ့အကျိုးတရား
    “ရ”ရှိခံစားကြရမှာဧကန်မလွှဲပါဘဲလို ့ပြောလိုက်ပါရစေ။။

    • မှန်တယ်ရှင့်
      ကျွန်မတို့ ဘုရားရှိခိုးမှာထည့်ဆိုနေရတဲ့
      “ဝိပ္ပတ္တိတရား(၄)ပါး..***…..***…***အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ”
      ဆိုတဲ့ ဝိပတ္တိ ခေတ် ဆိုတာဟာ မကောင်းတဲ့၊မင်းဆိုး မင်းညစ်တွေအုပ်ချုပ်တဲ့ခေတ်လို့ ဆိုတာတဲ့။

  • Courage

    November 28, 2012 at 6:16 pm

    ရပိုင်ခွင့်ကို ရရှိအောင်တောင်းဆိုမိခြင်းဟာ ပြစ်မှုမဟုတ်ပါ။
    ရပိုင်ခွင့်ကို ရဲရဲကြီး တောင်းဆိုသင့်ပါတယ်။
    လွပ်လပ်ရေးဆိုတာ သူများပေးလို့မရပါဘူး။တိုက်ယူမှရတာပါ။
    သို့ပေမယ့် ကိုယ်ကရော မရသင့်တဲ့အရာတွေ ဘာတွေများ ယူထားပြီးပြီလဲ…………
    ကျုပ်ကတော့ တော်တော်များများယူထားပြီးပြီလို့ထင်တာပဲ
    (ဥပမာ-လွတ်လပ်စွာအမှိုက်ပြစ်ခွင့်တို့ဘာတို့ပေါ့) ဆရာလင်း ရေ

  • အလင်းဆက်

    November 28, 2012 at 6:21 pm

    အန်တီအေး…ရေ..
    ဘုရား ရဲ ့ အကြောင်းအကျိုးဝါဒ ကို
    သား လက်ခံပါတယ် ။
    အမှန်တရား..နဲ ့အနီးစပ်ဆုံးဝါဒ မို့လို့ပါ ။

    ပြီးတော့….
    တိုင်းပြည်မျက်နှာထောက်ထားပြီး
    ကိုယ်ချင်းစာတရားနဲ ့အုပ်ချုပ်နေမယ်ဆိုရင် တိုင်းသူပြည်သားတွေကလည်းကောင်းတဲ့အကျိုးတရား
    “ရ”ရှိခံစားကြရမှာဧကန်မလွှဲပါ…

    အဲဒါကိုလည်း.လက်ခံပါတယ် ။

    တိုင်းသူပြည်သားတွေ..အတွက်..ကောင်းတဲ ့အကျိုးတရားတွေ.ခံစားကြရအောင်
    ပြည်သူတွေကလည်းကောင်းသော..လမ်းကိုလျှောက်ဖို့လိုသလို…
    လျှောက်ဖို့အတွက်…ေကာင်းမွန်သော လမ်းတွေလည်း.ဖွင့်ပေးထားဖို ့လိုပါတယ်ပေါ့နော် ။

    လမ်းရှင်းး စနစ် လည်း..ကောင်းဖို့ လိုပါတယ်ပေါ့နော် ။

    အဟိ ။ လေပေါကြည့်တာပါ ။

    အန်တီအေးရေ….

    အချိန်ပေးပြီး.ဖတ်ရှု.ခံစားပေးလို ့.. အားတက်ရပါတယ် ။
    ကျေးဇူးပါ…။

  • အလင်းဆက်

    November 28, 2012 at 6:25 pm

    ဆရာ Courage

    ကိုယ်ကရော မရသင့်တဲ့အရာတွေ ဘာတွေများ ယူထားပြီးပြီလဲ……ဆိုတာလည်း..
    မေးသင့်တဲ ့မေးခွန်းပါပဲနော် ။

    ကျွန်တော်လည်းကိုယ့်ကို ကိုယ်ပြန်မေးရပါဦးမယ် ။
    ကျွန်တော်တို ့…ရဲ ့အတ္တ က အားပြင်းလာတဲ ့အခါမျိုးမှာ…
    မရသင့် /မယူသင့်တာကိုလည်း..ယူမိမှာပါပဲ ။

    အင်း…………ကျွန်တော်..ဘာတွေ များ..မရသင့်တာ ရ… ထားပြီးပြီလဲ..

    ဆရာ..Courage ရေ..
    ဝင်ရောက် ဖတ်ရှု..ပေးပြီး..ခံစားအားပေ;..လို ့ကျေးဇူးလည်းတင်ရပါတယ် ။

  • ခိုင်ဇာ

    November 28, 2012 at 8:24 pm

    မိန်းမ မရသေးဘူးဆိုုတာကရော ရသင့်သားနဲ့ မရတာလား။ မရသင့်သေးလိုု့ လား မသိ။
    (နောက်တာ။) :mrgreen:
    မရတာတွေများလွန်းလိုု့ ရသင့်မှန်းကိုုသိတော့ပါဘူးအေ။

  • အလင်းဆက်

    November 28, 2012 at 8:30 pm

    မမခိုင်ဇာ….

    သားက ကလေးး လေးပဲ… ကို.။
    မိန်းမ က.. မရချင်သေးပါဘူး ဂျာ ။

    မိန်းမယူခါနီးရင်လည်း..
    ရတာမလိ်ု
    လိုတာမရ..ပဲဖြစ်နေမှာ..ပါ ။ သားကို သား… သိသား ဘဲ..။

    :kwi:

    မရတာတွေ များတာတော့..
    တူတယ်ဗျို ့ .

  • Foreign Resident

    November 29, 2012 at 6:34 am

    ” ဘတ်စ်ကားကျပ်ကျပ်ကို ရုံးသွားရုံးပြန် တိုးဝှေ့ စီးနေရတဲ့ အခါ
    ကျွန်တော် ရင်နာပါတယ် ”

    အလင်းဆက် ရေ ။
    အဘတို့ ကားပိုင်ရှင် တွေရဲ့ ဘဝ တွေ ကိုလည်း အထင်မကြီးပါနှင့် ။
    အဘတို့ မှာတော့ ရင် မ နာပဲ ၊ ခြေ နာနေရပါတယ်ကွယ် ။

    ရန်ကုန် ပြန်ရောက်တုန်း ကားမေါင်းတာလေ ၊
    ဗိုလ်အောင်ကျော် လမ်းအတိုင်း ဆင်းလာတာ ၊
    အပေါ်ဆုံး ဗိုလ်ချုပ်လမ်း ကနေ ချိုးဝင်လာတာ ၊
    အောက်ဆုံး စာတိုက်ကြီးနားက ကမ်းနားလမ်းထောင့် ရောက်အောင် ၊
    နာရီဝက် တိတိ မေါင်းရပါတယ်ကွယ် ။
    မှတ်မှတ်ရရ ကို အချိန်မှတ်ထားမိလို့ ။

    မြို့ထဲမှာ ၃ / ၄ နေရာလောက် ကားနှင့် သွားပြီးလို့ ၊
    အိမ်ပြန်ရောက်ရင်လေ လီဗာနင်းရတာ ခြေသလုံးတွေကို တောင့်နေတာပဲ ။
    တစ်ချို့နေ့တွေဆို ကျွက်တက်ချင်သလိုတောင်ဖြစ်တယ် ။

    ခုခေတ်က ကားပိုင် လည်း မချောင်ပါဘူးကွယ် ။
    လှိုင်သာယာဖက်က သူငယ်ချင်းတွေဆို ၊
    ညည်းချက်က ၉ လောက်ရှိတယ် ။

  • kyeemite

    November 29, 2012 at 9:46 am

    အင်မတန်ကောင်းတဲ့ အတွေးနဲ့အရေးပါပဲ..အလင်းဆက်ရေ..
    “ဆင်းရဲ သေးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု အနေနဲ့ တိုင်းတာ ကြည့် ။
    သူတ်ို ့ လုပ်နေတဲ့ အလုပ် / ရာထူးတွေ ရဲ့ ရပိုင်ခွင့် နဲ ့ တိုင်းတာ ကြည့် ။
    သူတို ့ ရထားတာတွေ / ပိုင်ဆိုင်ထားတာတွေက တော်တော့်ကို ပို လို ့ သာ လို့ ့….။”
    အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…အမှန်ပဲ…။ :kwi:

  • ခင်ခ

    November 29, 2012 at 9:47 am

    ရ သင့်
    ရ ထိုက်တာကို
    ရ ယူဖို့အတွက်
    ရန် မဖြစ်ဘဲ
    ရ ယူနိုင်မည့်နည်းလမ်းဖြင့်
    ရ အောင်ဆောင်ရွက်ခြင်းမှ
    ရ ရှိသော
    ရ ပိုင်ခွင့်သည်သာလျှင်
    ရ တဲ့နည်းဖြင့်တောင်းခြင်းထက် ပိုကောင်းမယ်လို့ထင်ပါတယ်။

  • ဦးကြောင်ကြီး

    November 29, 2012 at 10:44 am

    မရဂျသေး
    နှမငါ့ပေး
    တလခဈေး
    ထကြွမနှေး..
    လဒဝသူဌေး
    ခွခပေး
    ဗလပြမသေး
    အဘတခွေး..။

  • jullies cezer

    November 29, 2012 at 12:38 pm

    အင်း ရသင့်တာတွေရဖို့ကတော့ ရွှေပြည်တော်ရယ်မျှော်တိုင်းဝေး ဆဲပါပဲ
    ကိုအလင်းဆက်ရေ အခုတော့လက်ပံတောင်းတောင်အကြမ်းနှိမ်နင်းနေပြီ
    ဒုံရင်း ဒုံရင်းဘဝကိုပြန်ရောက်မသွားရင်ပဲ ကံကောင်းလို့မှတ်ရမလိုပါပဲ
    မောတယ် :buu:

  • မောင်မောင်ချစ်

    November 29, 2012 at 6:17 pm

    ကျုပ် အနေနဲ့
    လောလောဆယ် ရသင့်နေတာတော့ ..
    ဟိုဒင်းဘဲ …
    တော်ကြာနေ ရသင့်တဲ့အချိန် ..
    ရသင့်တာ မရလို့ ..
    သူများဒွေ အလှောင်ခံရမှ ဒုတ်ခွ .. :mrgreen:

  • ရွှေ ကြည်

    November 29, 2012 at 8:09 pm

    အလက်ဆင်းရေ လမ်းလျှောက်ရသူတွေမှာလည်းအဆင်မပြေ လိုင်းကားစီးသူတွေလည်းမပြေ
    အငှားကားစီးတော့လည်းမထူးခြား ကိုယ်ပိုင်သမားတွေလည်းမိုးပျံမှရမယ်..။
    ဒါတို့ပြည် ဒါတို့မြေ…………။
    ဘာတခုမှအဆင်မပြေဘူးရယ် ကားတွေနင်းကန်သွင်း ဈေးတွေကျတော့သူဌေးအိမ်မှာ ကလေးကစခွေးအဆုံးကားစီး..။ လူလတ်တန်းစားတွေလည်းစီး နောက်အငှားကားတွေများလာ..။
    လမ်းတွေကကျဉ်း၊ ဆိုးကလည်းဆိုး နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ငါတို့ပြည်ကြီးပါကွယ်..။

  • အလင်းဆက်

    November 29, 2012 at 9:16 pm

    ဘဘ Foreign Resident ရေ

    ကားပိုင်သူတွေမှာလည်း..ဒုက္ခတစ်မျိုး…မက..
    သားတို့လို လိုင်းကားတိုး စီးရသူတွေမှာလည်း… ဒုက္ခ.တစ်မျိုးမက…
    အင်း..သားတို ့ဘုရားရှင်ပြောတဲ ့
    ဒုက္ခသစ္စာ ဆိုတာ..ဒါပဲ.နေမှာ ။
    ဒါပေမယ့်…
    အဲဒီလို ဒုက္ခသစ္စာ တွေကတော့……..
    မဖြစ်သင့်တဲ ့ဒုက္ခသစ္စာ…ထင်တယ် ။

    စနစ်ကြောင့်မဟုတ်ဘူး..လို ့ပြောကြပေမယ့်.
    စနစ် တစ်ချို ့ကိုလည်း.ပြင်ရမယ်ထင်ပါတယ် ။
    🙂

    ===============
    ဦင်္းကြီ်း…မိုက် ရေ..
    အမှန်တွေပဲ.. ဆိုလို ့.. ဝမ်းတာတယ် ။
    မျက်ခုံးလည်း.လှုပ်တယ် ။
    မှန်တာပြောရင်.ရွာ့ပြင် ထွက်ရတယ်..ဆိုတာကို း။

    အဟိ ။
    ထိန်းရေး ထားပါတယ် ။ ဘယ်သူ ့ကိုမှ သာစေ နာစေ..မရှိအောင်ပေါ့နော် ။
    အနုပညာ…အကြောင်းပဲ.များများပြောချင်ပါတယ် ။
    လောလောဆယ်အချိန်မှာတော့..
    အနုပညာအကြောင်းထက်.. ခံစားချက်ကို ဦးစားပေး.ပြီး..ရေးနေမိပါကြောင်း..။

    အားပေး..လို ့ကျေးဇူး တင်ပါကြောင်း…

    ====================
    လေးလေးခ….

    ရ သင့်
    ရ ထိုက်တာကို
    ရ ယူဖို့အတွက်
    ရန် မဖြစ်ဘဲ
    ရ ယူနိုင်မည့်နည်းလမ်းဖြင့်
    ရ အောင်ဆောင်ရွက်ခြင်းမှ
    ရ ရှိသော
    ရ ပိုင်ခွင့်သည်သာလျှင်
    ရ တဲ့နည်းဖြင့်တောင်းခြင်းထက် ပိုကောင်းမယ်လို့ထင်ပါတယ်။

    ဟုတ်ပါပေ့ ။

    🙂
    =======================

    ဦးကြောင်…. ရဲ ့ကဂျာ…ကလည်း..
    တညိုး ကြီးနော်..။

    နှမငါ့ပေး
    တလခဈေး
    ထကြွမနှေး..
    လဒဝသူဌေး
    ခွခပေး

    ဒဲ ့…..။

    🙂
    ==========================

    မမ jullies cezer ရေ..

    အဲဒီ..လက်ပန်းတောင်း.ကိစ္စ အကြမ်းနည်းတွေ သုံးနေတာ .ကို.

    နေ့လည်ကတည်းက… နက်..သတင်းတွေပေါ်မှာ.မြင်နေရတာ.. စိတ်မချမ်းသာစရာ..ပါ ။
    ဒုံရင်း..ဒုံရင်း ပြန်ရောက်မသွားဖို့ပဲ..ဆုတောင်းရုံ…။
    ဆန္ဒပြု.ရုံ….

    ဟုတ်တယ်..။
    မောတယ် ။
    ==============================

    မောင်မောင်ချစ်…တစ်ဖြစ်လဲ…ဦးဦးအံစာ..

    ဟိုဒင်း လိုနေတာချင်းတော့လည်း.တူသလိုလိုပါပဲ ။

    သားကတော့….

    ကိုယ်လိုချင်တာကို.. စံနှုန်းတွေနဲ ့…
    ကြေငြာပြီးပြီ ။

    အဲဒီလို.ပေါခဲ့တာ. ။
    🙂

    ==================

    .

  • အလင်းဆက်

    November 29, 2012 at 9:18 pm

    မမရွှေကြည်ရေ…

    ဖြစ်ချင်တိုင်း ဖြစ်နေတဲ ့..

    ဒါ..တို့ ပြည်..ဒါ ..တို ့မြေ…
    တို ့..မပိုင်တော့တဲ ့မြေ…..

    :kwi:

  • uncle gyi

    November 29, 2012 at 11:05 pm

    ကလေးတို့ရေခေတ်ဟောင်းအဆိုတော်ကိုစိုးပိုင်ကြီးကတနေ့တော့ရလာမှာပါတဲ့

  • Thaw Zin Loikaw

    November 30, 2012 at 2:04 pm

    ကိုလင်းရေ
    ခင်ဗျားတော်တော်လက်ဇောင်းထက်နေပါလား။ ကျွန်တော်ခုမှ သတိထားမိတယ်။ ကဲ အက္ခရာစဉ်တွေ ကျွန်တော့်ကိုလည်း မျှဦးလေ။ ဆိုဒ်မှာ အချိန်နဲ့အမျှ မဖတ်ရှုနိုင်လို့။ ဆက်လုပ်ပါဦး။ အသစ်လေးတွေ ကိုလင်းဆီကထွက်တတ်တယ်။

  • အလင်းဆက်

    November 30, 2012 at 9:38 pm

    အန်ကယ်ဂျီးရေ..
    တစ်နေ့တော့..ဆိုတာ… တဂျိီးပြောသလို..နှစ်တစ်ထောင် ကျိန်စာ.ပြည့် ပြိးတဲ ့နောက်တစ်နေ့ လား.

    အဟိ ။

    အားပေးစကားလေး.အတွက်..ကျေးဇူးပါပဲဗျ ။

    ================

    ကိုသော်ဇင်ရေ…

    အခုလို.. အားပေး.လို ့..ကျေးဇူးတင်ရပါတယ် ။
    ကိုသော်ဇင်လည်း..
    ရသ ဝတ္ထုတွေ..ရေးတာ အတော်ကောင်းလာတယ်နော် ။

    ဆက်လုပ်ကြစို ့ဗျာ.. ။

    ================

    လေးစားစွာ..ခင်မင်လျက်

    အလင်းဆက်

Leave a Reply