အင်တာနက်ကိုအခြေခံပြီးလိမ်ကြသူများအကြောင်း

manawphyulayJuly 16, 20101min792

အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း
တွေကလည်းအရင့်အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ
ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က
ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်

တာအခုမှ တောက တက်လာပြီး ၊ ရန်ကုန်ထဲ မှာ
မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က
လူလိမ်နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့
သူများဗဟုသုတ အတွက် တင်ပေးကြပါဦး ။
လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့
စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊
အားနာတတ်တဲ့စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို
အခွင့်ကောင်းယူပြီးရိုးရိုးရှင်းရှင်း လေး လိမ်သွား ကြတာပါ။
အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ဗျ။
ယာဟူးမေးလ်ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ
ဗမာပြည်ကလူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။
အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ ခု န ပြောတဲ့ယာဟူးမေးလ် ၊
ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ
သုံးကြပါတယ်။ ‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က
ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ်
ဘူး ၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ
အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများကို
လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုးပေါ့
ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။
အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ
ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ
ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊
ချတ်တင်ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ်၊
ပြီးတော့ သေချာတဲ့ဂွင်ဆို သွားလိမ်တော့တာပါဘဲ။
ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေ ကို
အလုပ်သဘောအရ သွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင်ပြောသမျှတွေ
ကိုလူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ်ခင်ဗျ။
ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။
ခုနလူလိမ် ကအဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့
သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘအိမ်
ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်ကြောင်း
၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊
သူ့သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်မှန်း သိရလို့ ကသောကမျော
လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက်လို့လာပို့ကြောင်း
ပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို
အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ
ပါရွှန်းရွန်းဝေအောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ရလို့
ဝမ်းတွေ သာ နေသကိုးဗျ။ နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။
သားဖြစ်သူ က သူခနသွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊
ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ
ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့မလိုကြောင်း
ရေးထားပါတယ်။
အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက်မှာတော့
ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊
တခြား မှာ စရာ ရှိရင်ပြောပါဆိုပြီးနှုတ်ဆက်ပါတယ်။ တခြားတော့ ဘာ မှာ မပြောပါဘူး ၊
ဒါနဲ့ မိဘ တွေ ကမေးရကောင်းနိုးနိုးမမေးရကောင်းနိုးနိုး ပေါ့ ၊
မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာပိုက်ဆံအိတ်ပျောက်သွားတာ သိသလား ဆိုတော့ ၊
ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး၊ ဒါ က ကျွန်တော့ တာဝန်ပါ
အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမောပြောပါတယ် ။
ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း
ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။ ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ
ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ
နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်းငွေ
ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူကို
ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။
အဲဒီ မှာ လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။
ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိဆိုတော့ကာ
လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ
တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊
အီးမေးလ်အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။
ဘာ အကြောင်း ကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာအောင်တယ်လီဖုန်း
စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း၃ထပ်ကွမ်း စုံစမ်းပြီး ၊
သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊ ချတ်တင် က ကြားလို့ သိလို့ က တော့ ၊
ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ်သူငယ်ချင်းဘဲဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့
ကိုယ်တိုင် ရေးတာ
ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။ လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊
ကိုယ့် ကို လိမ် ဘို့ ၊ ဘယ်အချိန်ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊
ခင်ဗျာ ။ မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း
လှည့်ပါတ်ခံရခြင်း၊ ဘေး မှ
ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေခင်ဗျား ။

Ref: from forwarded mail

2 comments

  • winne

    July 16, 2010 at 10:02 am

    လိမ်တာကတော့ နည်းမျိုးစုံဘဲ ဆိုင်တဆိုင်မှာ ပစ္စည်းအကောင်းစားတွေချည်းဘဲ ၁ဝသိန်းဖိုးလောက် အော်ဒါမှာတယ် ပြီးတော့ လာယူတယ် ဠာန ဆိုင်ရာက လိုလို ဘာလိုလိုနဲ့ လာယူတယ် ဝန်ထမ်းက ပစ္စည်းတော့ မပေးလိုက်နိုင်ဘူး အားနာပါတယ်ဆိုတော့ ဒါဆို လိုက်ယူဆိုပြီး ခေါ်သွားတယ် လက်ဖက်ရည်ဆိုင်မှာ ခဏ ထိုင်စောင့်ခိုင်းတယ် ပါသွားတဲ့ လူကလည်း ယောင်လည်လည်နဲ့ ထိုင်နေတာပေါ့.. နောက်တခေါက် ပြန်သွားပြီး ဟိုမှာ ပိုက်ဆံ ရေနေတယ် ငါကို ပစ္စည်းပေးလိုက်ပါတဲ့။ ဝန်ထမ်းတွေ ချည်းဘဲ ဆိုတော့ ပါသွားတဲ့ လူ ပြန်လာမှ ပေးလို့ရမယ် ဆိုလို့ ဒေါပွပြီ အော်ဟစ် ဆဲဆိုသွားတယ်။ နောက် အချိန်နဲနဲ ကြာတော့မှ မလာတာနဲ့ လက်ဖက်ရည်ဆိုင်က လူက ဖုန်းဆက်တယ် အဲဒီမှာ ဇတ်လမ်းက ရှင်းသွားတာဘဲ.. တော်သေးတာ မပါသွားလို့ ပါသွားရင် တော့ မလွယ်ဘူး။ ဈေးထဲတွေမှာ လည့်ပြီး ဝယ်နေတဲ့ နယ်သမားတွေဆိုလည်း ဒီလိုဘဲ သူတို့က ဝယ်တာ များတော့ မသည်နိုင်တော့ ဆိုင်တွေမှာ ခဏ ထားထားခဲ့တယ် အပြန်မှ စုပြီး သယ်ပြီး ပြန်ကြတာ အဲဒါ အနားမှာ ဟိုလိုလို ဒီလိုလိုနဲ့ တယောက် ရပ်နေတာ မသိဘူး ရောင်းတဲ့ သူကလည်း ဝယ်တဲ့ သူနဲ့ အကူ သယ်ဖို့ ပါတာ ထင်လို့ လာတောင်းတော့ ပေးလိုက်ကော.. ပြသနာတွေက စုံနေတာဘဲ။

  • zawana

    July 26, 2010 at 10:56 pm

    ဟုတ်တယ်ဗျ။ အခုလိုမျိုး အလိမ်ခံရတဲ့ အကြောင်းတွေကို လူအများသိအောင် လုပ်ပေးနိုင်ရင်ကောင်းမယ်။ အချို့ကျတော့လည်း ရှက်လို့ ဘယ်သူ့မှ မပြောပဲ နေတတ်ကြတယ်။ အမှန်တော့ ကြိုတင်သိထားရင် အလိမ်ခံရတာ နည်းနည်းသက်သာ နိုင်တာပေါ့ခင်ဗျာ။

Leave a Reply