ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။

ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ ….

သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။

ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် ………….

အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး …..

ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ ……

ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ………

==================================================

ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။

ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. တိုက်ဆိုင်တယ်ပဲပြောရမလားပဲ …..

လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်ကျော်လောက်က ချောင်းသာ ကအပြန်မှစမက်တာပါ …..

တစ်ခါမက် တော့  သိပ်မထူးခြား ….နောက်တစ်ခါ ….နောက်တစ်ခါ …….ဒီအိမ်မက်တွေချည် ့ပဲဆိုတော့

ကျနော် အံ့ဩရပြန်တယ် …..။ ဘာများလဲ …..ဘာတွေဖြစ်ခဲ့လို့လဲ ….

သူငယ်ချင်းများကတော့ သိမည်မထင် ။ ကျနော်ကတော့ …..ချောင်းသာကမ်းခြေက ညလေး တစ်ညကို

အမြဲတန်း လွမ်းနေမိတော့တာပဲ ….

လွမ်းးစရာလေးတွေ …………

ဟုတ်ပါတယ် ….ကျနော် ့မှာ လူမသိ သူမသိ လွမ်းမောဖွယ်လေးတွေ ရှိခဲ ့ဖူးတာပေါ ့ ။

တစ်ခါက ဆိုပါတော့ ဗျာ ……….

====================                     ====================

ကျနော် ့ အလုပ်က ခရီးသည်ပို့ဆောင်ရေးပါ ……။ ခရီးသည်တွေ လိုရာလမ်းကို ချောချောမောမော ရောက်ဖို့ ၊

ပျော်ပျော် ပါးပါး အဆင်ပြေဖို့  ပို့ဆောင်ပေးရတာဆိုတော့ ဘယ်နေရာရောက်ရောက် တာဝန်တပိုင်းနဲ့မို့

ကျနော် လွတ်လပ်စွာ မပျော်နိုင်ခဲ့ ပါဘူး ။ ဒီတစ်ခေါက်တော့ တာဝန်တွေကို မေ့ထားပြီး သူငယ်ချင်းများနဲ့

ချောင်းသာ ကမ်းခြေကို ထွက်ခဲ့ပါတယ် ….။ အခေါက်ခေါက် အခါခါ ရောက်ပေမဲ့လည်း တာဝန်ဆိုတာကြီးက

ဖိစီးနေလေတော့ ကျနော့်ဘဝကျနော် မပိုင်သလိုပါပဲလေ ….ခုမှ ..လွတ်လပ်ရေးရတာ ….။

ကျနော်တို့ တည်းခိုကြတော ့ သီးသန့် သစ်သားဘန်ဂလိုလေးတွေ ဆောက်ထားတဲ့ အစွန်ကျကျ ဟိုတယ်ကို

ရွေးခဲ ့ကြတယ်လေ ….ဒါမှ ပိုလွတ်လပ်မှာ ..။ (ယခု ၎င်းဟိုတယ် မရှိတော ့ပါ )

အဲဒီတုန်းက တံတား မဆောက်ရသေးတော့ ငဝန်မြစ်ကို ဇက်နဲ့ ကူးရတာပေါ ့ ….။ မှတ်မှတ်မိမိ ကျနော်တို့

အမြဲစီးနေကျ ဇက်(ကူးတို့စက်လှေ) နံမည်က “ရေကျွဲ” တဲ့ ….။

 

မနက်စောစော ရန်ကုန်ကထွက်ပေမဲ့လည်း မြစ်ဆိပ်မှာ ရေတက် ရေကျ ကိုစောင့်ပြီးမှ ကူးရတာဆိုတော့

ချောင်းသာကိုရောက်ရင် အစောဆုံး နေ ့လည် (၂) နာရီလောက်ပါပဲ ….။ ရောက်တယ် ဆိုရင်ပဲ အခန်းယူ ၊

ခဏနားပြီး ပင်လယ်ထဲဆင်းဖို့ပြင်ကြတော့တာပေါ ့ ….။ ကျနော်တို့ ရတဲ့ ဘန်ဂလိုက ကမ်းခြေဘက် အစွန်

ဆုံးမို့ …….  ဘန်ဂလိုအောက်မှာ သဲတွေရှိနေတဲ့အပြင် ပင်လယ်ကြီးနဲ့ တသွေးတည်း တစ်သားတည်းလိုပါ ။

အုန်းပင်ပုလေး နှစ်ပင်လောက် ခြားပြီး ခတ်လှမ်းလှမ်းမှာ ဘန်ဂလို လေးတစ်ခုလည်း ရှိနေတာ သတိထား

မိပါရဲ ့ ….။ မိန်းကလေးတွေ လို့ ထင်ရတာပဲ ……… ။ ကျနော်တို့ လေးယောက်ထဲက တစ်ဦးတည်းသော

လူပျို တစ်ယောက်ကတော့ ကျိတ်ပြီး ပျော်နေလေရဲ ့ …..။ ဒီည သူ့အတွက် စိတ်မှန်းနဲ့ ဝမ်းစာရပြီလေ …..

ကျနော်တော့ ဒီည ဂစ်တာအိုနဲ့ ုပါးစပ်ပြဲအောင် ဆိုရတော့မှာကို တွေးပြီး အဲဒီဘန်ဂလိုလေးကို တစ်ချက်

လှမ်းကြည် ့လို့ ပင်လယ်ထဲ ဆင်းခဲတော့တာပေါ ့ …..။

 

တစ်နေ ့ခင်းလုံး နွမ်းနယ်နေတာကို ပင်လယ်ရေမှာ စိမ်ရင်း ကမ်းခြေ အလှသဘာဝမှာ နစ်မျောနေမိပြန်တယ် ။

နေဝင်ချိန်ကို လွမ်းမောစွာကြည် ့ရင်း မှောင်စပျိုးမှပဲ ဘန်ဂလိုကိုပြန်ခဲ့တာပါ  ………။

ထမင်းစားပြီးတော့ နွမ်းနေပြီ ….။ တစ်ညလုံး မအိပ်ပဲ သီချင်းဆို ဂစ်တာတီးကြမဲ ့ သူငယ်ချင်းတွေလည်း

ဘီယာနှစ်ဘူးစီ သောက်ပြီးမှောက်နေကြပြီ ….။ ပင်ပန်းပေမဲ့ အိပ်မရသေးတာမို့ မှောင်မှောင်မဲမဲ ထဲမှာပဲ

သောင်ပြင်ပေါ်မှာ လမ်းလျောက်နေမိပြန်တယ် …….။ တစ်ချက် တစ်ချက် မီးပုံပွဲ လုပ်တဲ့ဆီက ခတ်သောသော

လွင် ့လာတဲ့ သီးချင်းံသံလေးတွ နားထောင် ၊ လှိုင်းပုတ်သံတွေ အဖေါ်ပြု ရင်းနဲ့ ဦးတည်ရာမဲ့ လျောက်နေမိပြန်

တာပေါ ့ …..။ စိတ်ထဲမှာလွမ်းလိုက်တာ …… ကလေးငယ်သေးလို့ မလိုက်နိုင်ရှာတဲ့ ချစ်ဇနီး ကိုသတိယရင်း

တနေ ့ မိသားစုလာဖို့ စိတ်ကူးနေမိပြန်တယ်လေ …….။

ရုတ်တရက် ……ခလုတ်တိုက်မိပြီဆိုတော့ ..အံ ့ဩပြီး သေချာကြည် ့မိတယ် …..။ သောင်ပြင်ပေါ်မှာ ဘယ်က

အုန်းလက် ကြီးလဲပေါ ့ …… အင်း….အားနာစရာတွေတော့ဖြစ်ကုန်ပြီလေ ….

ဒီလိုပါ …… သမီးရီးစား အတွဲတစ်တွဲကို ခလုပ်တိုက်မိတာ …..။ ဒါနဲ့ပဲ  ခတ်မြန်မြန် တောင်းပန်ပြီး ဘန်ဂလိုကို

ပြန်ခဲ့တော့တာပေါ ့ ……….။ ဘန်ဂလိုရောက်တော့ ည(၁၀) နာရီသာသာ ….. အားလုံးတိတ်ဆိတ် ပြီး မီးတွေ

မှိတ်ထားကြပြီလေ …… ဒါနဲ ့ပဲ ….ဂစ်တာလေးဆွဲပြီး ဝရန်တာ မှောင်ရိပ်လေးမှာ ထိုင်လို့ လက်သံစမ်းနေမိ

တယ်လေ….။

 

ဘာဆိုရမှန်းလည်းမသိ ။ နောက်ဆုံးတော့ ခင်မောင်တိုးရဲ ့  “မဟာဆန်သူ ”ကို စပြီးဆိုမိတယ် …..။

ပြီးတော့ …. “ကြိုးကြာသံ”……။ နှစ်ပုဒ်ဆိုအပြီးမှာ…  “ပန်းချစ်သူ” သီချင်းအတွက် ပလက်ကင် တီးလုံး

လေးတွေ အစပျိုးနေမိတယ် …… ။ ဒီအချိန်မှာပဲ ….ကျနော် ထူးခြားတာလေး တစ်ခု သတိပြုမိတယ်လေ …

ကျနော် ့ တီးလုံးတွေကို နောက်က ကီးဘုတ်နဲ့ ကော့ဒ် လိုက်ပြီးချပေးနေတာ ……။

ကီးဘုတ်သံမျှင်းမျှင်းလေးနဲ့ဆိုတော့ ပိုပြီး ပြည် ့စုံသွားတော့တာပေါ ့ ….. ပညာရှင်တစ်ယောက် ယောက်

လို့ ထင်မိပါတယ် ….။ ဘယ်က လာတဲ့ အသံလည်းလို့ ဘေးဘယ်ညာကို ကြည် ့မိတော့ ကျနော် အံ ့ဩ

သွားတော့တာပေါ ့ ….။ ဟုတ်ပါတယ် …..ညနေက သတိထားမိတဲ့ ကျနော်တို့ နဘေးခတ်လှမ်းလှမ်းက

ဘန်ဂလိုဆီကပါ ……..။

ဒါဆို …. ..မိန်းကလေးတစ်ယောက် ယောက်ပေါ ့ ..။  ကျွန်တော် စိတ်တွေလှုပ်ရှားလာမိတယ် ။

အတတ်နိုင်ဆုံး စိတ်ကိုနှစ်ပြီး “ပန်းချစ်သူ”  သီချင်းကို ဆိုရင်းနဲ့ သူ ့လက်သံကို အကဲခတ်လိုက်တယ်လေ ။

ဟုတ်ပါတယ် …. ပရိုဖက်ရှင်နယ် လက်သံပါပဲ ….။ သီချင်းပြီးတော့  ကျွန်တော် ခဏ ရပ်ထားတုန်း သူ့ဆီက

အင်ထရို တီးလုံးလေး ပျံ ့လွင် ့လာပါတယ် ။ ကျွန်တော် အရမ်းကြိုက်ခဲ ့တဲ ့ အဆိုတော် မီမီဝင်းဖေရဲ ့

“တိတ်တခိုး အချစ်” လေ …။ ကျွန်တော်လည်း ဂစ်တာနဲ့ လိုက်ပြီး ရစ်သမ်ခတ် ပေးလိုက်ပါတယ်  …

 

 

ကျွန်တော် နစ်မျောသွားမိတယ် … တစ်ကယ်ပါ ။ သူ ့အသံနဲ့ သီဆိုပုံက တစ်ကယ် ့ကိုလွမ်းမောဖို့

ကောင်းပါတယ်လေ …။ ပြီးတော့ ….သူ ့အသံကို ကျွန်တော့်ရင်ထဲမှာ စွဲနေမိတော ့တာပေါ ့ဗျာ ….။

သီချင်းအပြီးမှာ သူ ထပြီးမတ်တပ်ရပ်လိုက်တယ် …. ကျောလယ်လောက်ရှိတဲ့ဆံပင်အရှည်လေးနဲ ့ပါ ။

မပီဝိုးတဝါး ညအိပ်မီးရောင်လေးမှာမြင်ခဲ့ရတာကတော့…. သွယ်လျကျော့ရှင်းတဲ့ ခန္ဓာကိုယ် နောက်ပိုင်း

အလှရယ် …ပြီးတော့ .. လှုပ်ခတ်သွားတဲ့ ဆံနွယ်လေးတွေပဲပေါ ့ ။

 

သူ  အခန်းထဲကို ဝင်သွားပြီးတဲ့ အချိန်မှာ တံခါးပိတ်လိုက်တော့ ညအိပ်မီးရောင်လေးလဲပျောက်လို့သွားပြီး

ကျွန်တော့ ရင်ထဲမှာလည်း တစ်ခုခု ပြေးထွက်သွားသလိုပါပဲလေ ……။ ကျွန်တော်ဆက်ထိုင်နေမိတယ် …

သူ မလာတော့ဘူးဆိုတာသိပေမဲ ့  အိပ်လိုက်ရင် သူ ့အသံလေး မေ ့သွားမှာစိုးလို့ပါ ….

ကျွန်တော် မနက်ကျရင်တော့  သူ့  ဆီသွားပြီး မိတ်ဆက်မယ်လို့ စိတ်ကူးရင်း  တော်တော်လေးညဉ် ့နက်

လာတော့ အိပ်ပျော်သွားခဲ့တယ်လေ …..။ သူ  အဲ့ဒီညက ကျွန်တော့ဆီကိုလာခဲ့ပါတယ် …

အိမ်မက်ထဲမှာပေါ ့ …။ ကျနော် လန် ့နိုးလာတော့ မနက် (၈) နာရီထိုးပြီလေ ….. သူငယ်ချင်းတွေတောင်

မနက်စာစားပြီးလို့ ရေထဲဆင်းကုန်ကြပြီ ………… ကျွန်တော်လည်း အမြန်ရေမိုးချိုးပြီး ညက သီချင်းဆိုခဲ့တဲ့

ဘန်ဂလိုလေးကို လှမ်းကြည် ့တော့ တံခါးတွေပိတ်လို့ ….။ ဟိုတယ်က ကောင်လေးတွေပြောတာကတော့

မနက်စောစော ပြန်သွားပြီ တဲ ့လေ ……။

ပင်လယ်ကြီး ရေခန်း သွားပြီ ၊။ မျှော်လင် ့ချက်တွေလည်း သောင်ပြင်မှာ ပြန် ့ကျဲခဲ့ရပြီ ……….။

ကျွန်တော်တို့လည်း နောက်နေ ့ ပြန်ခဲ့ကြပါတယ် …။အဲဒီနေ ့ကမက်ခဲ့တဲ့ အိမ်မက်ကို ပဲ ထပ်တလဲလဲ မက်ရင်း

ကျွန်တော် သူ ့ ကို ရှာမိတာပေါ ့ …။ ကျွန်တော် စဉ်းစားကြည် ့မိပါတယ် ..

သူ ့ကိုချစ် လို့လား ……………… ? ……. ဟင် ့အင်း …….

သူ ့ ကိုတွေ ့ရင် ဘာပြောမှာလဲ ? ……………… မသိဘူး ……………….

ဒါဆို ဘာကြောင် ့ သူကိုရှာနေမိတာလဲ …? ……………..မပြောတတ်ဘူး …………..

………………………………………………………………………………………………………………….

ဒါပေမဲ့ ……. ကျွန်တော် သူ ့ ကိုသတိတယနဲ့  ခုထိရှာနေတုန်းပါပဲ …….

သူ ့  သီချင်းသံလေးတွေလည်း သတိယနေမိပါသေးတယ် …………

ပြီးတော့ …..ဘယ်သူမှ မသိပဲ အိမ်မက်ထဲကိုသူလာ တတ်တယ်လေ …………………

ကျွန်တော် နှစ်စဉ် သူ့နဲ့ တွေ ့ခဲ့တဲ့ နေ ့ရက် မှာ ချောင်းသာကမ်းခြေကိုသွားပြီး သူလာမလားလို့

တိတ်တိတ်လေး မျှော်နေမိသေးတာပေါ ့ ………………..

အနဲဆုံးတော့ …….. အိမ်မက်တွေ မက်နေမိဦးမှာပဲလေ ………………….

အိမ်မက်လေးတွေ တော ့  မက်နေမိဦးမှာပါ …………………..။

 

 

တစ်ခါက

မောင်ဆာမိ

 

 

 

 

 

About ေမာင္ရိုး

surmi has written 113 post in this Website..