ဝိုင်းဆဲဂျပါခင်ဗျား Kai

လက်ပံတောင်းကြေးနီတောင် သပိတ်စခန်းတွေ အင်္ဂါနေ့က အင်အားသုံး ရိုက်နှက်အဖြိုခွင်းခံရ၊ သပိတ်အဖွဲ့ဝင်များစွာ အဖမ်းခံရတယ်။ ရာနဲချီပြီးတော့လည်း ထွက်ပြေးနေရပါတယ်။ ဂဇက်ရွာသွားတို့အနေနဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးမရနဲ့ သူ့လက်ပါးစေ လူရမ်းကားတွေ၊ ခရိုနီတွေ၊ တရုတ်ပြည်မနဲ့ တနည်းနည်း ပတ်သက်နေတဲ့ ကုမ္မဏီတွေကို ဆန့်ကျင် ကန့်ကွက်ကြပါ။ လက်တွေ့အကျဆုံး ဆဲနိုင်တာ တရုတ်ကူမြူနစ် လက်ဝေခံ စီးပွားရေးသမား ဂဇက်သဂျီးဦးခိုင် ရှိပါတယ်။ ပိုးစိုးပက်ဆက် ဝိုင်းဆဲဂျပါ၊ မိုက်တော့မရိုင်းပါနဲ့ ဆင်ဆာအဖျက်ခံရမှာစိုးပါတယ်။

တလက်စထဲ ပြောချင်တာ လွှတ်တော် တယားအုပဒေ ဆိုးမိုးရေးကော်မတီ ငှက်ကထ ဘွားဒေါ်ဂျီးမှာလည်း တာဝန်ရှိတယ်။ ကြာသာပတေးနေ့ကျရင် သပိတ်စခန်းကို သွားတွေ့မယ်ဆိုလို့ အင်္ဂါနေ့မှာ လုံထိန်းတပ်နဲ့ ဖြိုခွင်းပစ်လိုက်တာပါ။ ဘွားဒေါ် လေသနတ်ပစ်တာ ရပ်သင့်ပြီ။ ဒီလိုအကြမ်းဖက်လာမယ်ဆိုတာ နိုင်ငံရေးအမြင်ရှိသူတိုင်း ကြိုတွက်မိပြီးသား ဖြစ်ပါတယ်။ ဘွားဒေါ်အနေနဲ့ မသိပါ ပြောလို့မရဘူး။ သိပေမဲ့ မတားနိုင်ဆိုရင် လွှတ်တော်ကထွက်လိုက်ပါ။ သုံးစားမရတဲ့ လွှတ်တော်ခုံနေရာ ဟုတ်နိုးနိုးနဲ့ ဖက်တွယ်မထားပါနဲ့တော့။ လူထုခေါင်းဆောင်နေရာ ပြန်ယူပါ။ ကိုယ့်တပ်ကိုယ် မဖျက်ပါနဲ့လို့ တောင်းဆိုပါတယ်။

ဦးရွှေမန်းအတွက် အကွက်ကောင်း ဖြစ်ပါတယ်။ ဦးသိန်းစိန် လူလည်ပန်ကာ လုပ်နေတာကြာပြီ။ ဒေါ်စုနဲ့ဖြစ်ဖြစ်၊ သူမလုပ်ရဲရင် ၈၈မျိုးဆက်အဖွဲ့နဲ့ ပူပေါင်းပြီး လက်တွေ့ကျကျ သပိတ်တပ်ကို အကူအညီပေးပါ။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ ရန်သူမရှိလို့ သပိတ်တပ်ဟာ ရန်သူမဟုတ် ပြည်သူ၊ ၈၈အဖွဲ့သည် မဟာမိတ်..။ အောင်ပွဲဆိုတာ အနိုင်ယူရဲသူများအတွက်သာ ဖြစ်ပါတယ်….။ မီးတုတ် မီးတုတ် ရှို့ရှို့…

93 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2012 at 9:48 am

    အဲ့သည်ဒေသအသိမ်းခံရတဲ့မြေတွေမှာ ကျုပ်အမေလင် လယ်မပါတော့
    ခင်ဗျားတို့ဆင်းစားကြဇေလိုဘာဒယ် ကြေက်ရတာဂိုး :mrgreen:
    ဆဲတယ်ကွာ
    ငှက်ပျောသီး
    အီကြကွေး
    ငရုပ်ကျီပွေ့
    စမူဆာ
    နံဗျား
    လင်ဗန်း

    • surmi

      November 29, 2012 at 10:22 am

      ဘကြီးပု
      ဘိန်း မုန် ့ကျန်သေးတယ်
      :harr:

      • ချစ်စ/ဆရာ

        November 29, 2012 at 11:27 am

        လိင်တူချစ်သူကြီး ကို မိုက်ကယ်ဂျေနီအောင်ပု ရေ
        ပေါက်ဖေါ်ကြီးက မြစ်ဆုံကိစ္စ တုန်းကတည်းက သိပ်ကြည်ပုံမရဘူးထင်တယ်
        ဧရာဝတီ မြစ်ဆိုတာကြီးပါနေတော့ သူတို့ မျက်စိမှိတ်ပြီးရပ်လိုက်တာလား
        ရပ်ထားတာလားမသေခြာပေမယ့်
        ဒီကိစ္စကတော့ ကုန်းတွင်းပိုင်း ကိစ္စဆိုတော့ကာ
        တောင်းဆိုသူတွေဖက်က အလွန်ဂရုစိုက်ရမယ်ထင်ပါတယ်
        ဆိုခြင်တာက ရပ်တန့်ဘို့ထက် လျှော်ကြေးငွေတွေဆိုနိုင်မလားဗျာ
        အဲ့ဒါတွေကို အကြေအလည်ဆွေးနွေးသင့်တယ်ထင်မိပါတယ်ခင်ဗျား
        ဒါကတော့ သာမန်အခြေခံသဘောနှင့်ပြောတာပါ
        နှိမ်နင်းမှု့မှာ သုံးဆွဲတဲ့ လက်နက်ကရိယာတွေအပေါ်မှာတော့
        ဆန့်ကျင်မိပါတယ်
        ကျနော့ ပါပါ ထန်းတောကြီးမပါလို့ပြောတာ ဟုတ်ရပါဘူးခင်ဗျား
        လေးစားလျှက်
        ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
        .. ချစ်စ/ဆရာ

  • Mobile

    November 29, 2012 at 9:48 am

    ကြားရတဲ့သတင်းကတော့ စိတ်မကောင်းစရာပဲဗျာ။
    ဝိုင်းဆဲပါလို့ပြောတဲ့လူတွေကို x လို့ပဲဆဲထားလိုက်ပါတယ်။
    အခြေအနေလေးတွေ ထူးခြားမှုရှိလာရင်လည်း ဆက်လတ်ဖော်ပြပေးပါအုံး။

  • surmi

    November 29, 2012 at 10:19 am

    မီးလောင်စေတဲ ့ မီးစုန်းဗုံးဆိုလား သုံးနေပြီ
    ဒဏ်ရာရ တဲ ့သူနဲ ့သေတဲ ့သူလည်းသေမယ်ထင်တယ်
    ဆိုတော ့…………
    ဒီလောက်ကြမ်းကြမ်းတမ်းတမ်းလုပ်ပြလိုက်တာ တစ်ခုခုကိုလှုံ ့ဆော်ချင်လို ့လားဆိုတာ
    စဉ်းစားစရာပဲ ။ ထင်တာပြောရင် ဘက်ဂီယာထိုးချင်နေတဲ ့
    သူတွေ သေသေချာချာရှိပြီး လှုပ်ရှားနေသလိုပဲ………
    အထူးသတိပြုရတော ့မယ်ထင်တယ် ။
    ပြည်သူတွေ အသုံးချခံ မဖြစ်ကြဖို ့လိုပါမယ် ……..
    ပြောသာပြောနေတာ အခုပဲ မုံရွာဆေးရုံမှာမြင်မကောင်းတော ့ဘူး ………..
    သဂျီး ဘာပြောမလဲ သိချင်နေမိပါတယ် ……

    • Inz@ghi

      November 29, 2012 at 10:23 am

      သဂျီးလား .. ဘာပေါမလဲ အောက်က ၄ခုအပြင် ဘာမှပေါမှာမှုတ်ဖူး
      ၁). people get the government they deserve
      ၂). စနစ်ကြောင့်မှုတ်ဖူး
      ၃). အနှစ် တထောင်ကျိန်စာ
      ၄). အနိစ္စ

      :chee:

      • Foreign Resident

        November 29, 2012 at 12:02 pm

        ” သဂျီးလား .. ဘာပေါမလဲ အောက်က ၄ခုအပြင် ဘာမှပေါမှာမှုတ်ဖူး
        ၁). people get the government they deserve
        ၂). စနစ်ကြောင့်မှုတ်ဖူး
        ၃). အနှစ် တထောင်ကျိန်စာ
        ၄). အနိစ္စ ”

        တော်လိုက်တဲ့ မောင်ဂီ ။
        မချီးကျူးပဲ မနေနိုင်ပါဘူး ။

      • Mr. MarGa

        November 30, 2012 at 1:10 pm

        မှန်လိုက်လေခြင်းကွယ်
        သဂျီးသမက် ပီသပါပေ့

  • Wow

    November 29, 2012 at 10:20 am

    !@#$%^&*()
    ဆဲပြီးဘီ… ပြီးရင် ဘာဆက်လုပ်ရမလဲဟင်င်င်င်…. :chee: :bar:

  • Ma Ei

    November 29, 2012 at 10:24 am

    https://www.facebook.com/ElevenMediaGroup
    မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေပါတယ်…
    တွေ့မြင်ရတာ စိတ်မကောင်းစရာပါ…
    ရက်စက်လိုက်ကြတာ…
    … … …

  • jullies cezer

    November 29, 2012 at 10:25 am

    ဦးကြောင်က ပြောတော့သဂျီးသမက်ဆို အခုတော့ဘာလို့ ကိုယ့် ယောက္ခကို
    ပြန်ဆဲခိုင်းနေတာတုန်း လူမိုက်ဌားတာလား ကိုယ့်ယောက္ခကိုထိန်းပေါ့ …….

    ယောက္ခမ
    ဂျူးလိယက် ဆီဇာဂလေး သတ်ပုံမှားနေတာ ဦးကြောင်ကြီး အချောင် အဂါဝရထိုက်နေမှာစိုးလို့ အမှန်ပြင်လိုက်ပါတယ်…။ သဂျီးကိုဆဲတာ သမီးကို ဆဲတာမဟုတ်တဲ့အတွက် နိုင်ငံရေးနဲ့ ပါစင်နယ် ခွဲခြားတတ်ခြင်းမည်ပါတယ်ကွယ်..။ နိုင်ငံရေးသမားဂေါင်း ဖြစ်လိုသူများ သင်ခန်းစာယူဂျဖို့ပါ…။

  • ဦးကြောင်ကြီး

    November 29, 2012 at 10:27 am

    အခုတင် သဂျီးအိမ်တော်က သတင်းဝင်လာပါတယ်။ ဦးခိုင် ဝိပဿနာ ကမ္မဌာန်းရှုနေလို့ မနှောက်ယှက်ကြပါနဲ့ ငရဲကြီးမယ်တဲ့..။ ကောင်းဂျသေးရဲ့လားဗျာ :eee:

  • တိမ်မည်း

    November 29, 2012 at 10:45 am

    သဂျီးလား နှာစေးနေတယ်…………. ဒီမိုကရက်တစ် သမား ပီသစွာနဲ ့ အပြစ်ဖြစ်မည့်ကိတ်စဆိုရင် ဝင်မပြောပါ…

  • တိမ်မည်း

    November 29, 2012 at 10:49 am

    သဂျီးကပြောဒယ်…. အခုလို လူစုဖွဲ ့ အရေးဆိုတာကို မရပ်ရင်… စက်ထဲကို Virus Malware Trojan တွေ ထည့်ပီး အင်အားသုံး လူစုခွဲမယ်တဲ့…… နောက်ဆုံးအချိန်အနေနဲ ့ မြန်မာစံတော်ချိန် မနက် ၁၂ နာရီ အထိ အချိန်ပေးထားတယ်တဲ့………

  • မင်းနန္ဓာ

    November 29, 2012 at 10:54 am

    … လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီ မီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ ….. တဲ့ဗျာ

    ပြည်ပအားကိုး/တရုတ်အားကိုး မအေရိုးတွေ … @#!!%$@ *&&$$#@
    ဘင်္ဂလီတွေ အုပ်လိုက်တတ်လာတုန်းက လုပ်ပါလား အဲလို…
    မီးခိုးဗုံးလား.. နာလ်ပမ်ဗုံး/မီးကျည်ဗုံးလား စီစစ်အရေးဆိုပေးကြပါ..
    ဝိုင်းဝန်း အရေးဆိုပေးကြပါ.. ဆဲပေးကြပါ..
    ..
    အန်တီစု လုံခြုံရေးလည်း ဂရုစိုက်ပေးကြပါအုံးကွယ်တို့…

  • တိမ်မည်း

    November 29, 2012 at 11:04 am

    ဒါမျိုးကျတော့ ဘယ် UN INGO က မှလေသံမထွက်ပါလားကွယ်………….
    ကယ်ဆယ်ရမယ်လို ့လည်း အသံမကြားမိဖူး…………
    လူအခွင့်အရေး ချိုးဖောက်တယ်လို ့လည်း မပြောဖူး…………..
    တယ်လည်း တရားကျဖို ့ကောင်းပါလား………..

    အနိစ္စ
    ဒုက္ခ
    အနတ္တ…………………………….

    • ခင်ခ

      November 29, 2012 at 11:47 am

      ( ဒါမျိုးကျတော့ ဘယ် UN INGO က မှလေသံမထွက်ပါလားကွယ်………….)
      သူတို့တွေ အိပ်ပျော်နေကြတာလား အိပ်ချင်ယောင်ဆောင်နေကြတာလားကွယ်။

  • ရွာသူ jujuma .

    November 29, 2012 at 11:15 am

    အော် အနိစ္စ …

    @#$%^&*&^%$#@ ဖြစ်နေ ပါလားကွယ်ရို့ …

  • ရွှေ ကြည်

    November 29, 2012 at 11:38 am

    I support Min Nandar’s comment. I want to say like that.

  • candle .

    November 29, 2012 at 11:45 am

    အစိုးရ နဲ ့ပြည်သူ အမြင်မတူတဲ့အခါ..
    ရိုက်ပွဲ..သတ်ပွဲတွေ ..
    အရင်ကလည်းရှိခဲ့ ..
    ယခုလည်းရှိဆဲ ..
    နောင်လဲရှိနေဦးမှာပါဘဲလေ ..
    အင်း..အနိစ္စ..

  • Foreign Resident

    November 29, 2012 at 12:12 pm

    အဘ အမြင်တစ်ခု ပြောကြည့်မယ်နော် ။

    အခု On Line မှာ Face Book မှာကြည့်ရတာ ။
    အားလုံး ပက်ပက်စက်စက် ဝိုင်းဆဲနေကြတယ်ကွယ့် ။
    ဆိုလိုတာက ကြံဖွံ့တွေ ၂၀၁၅ မှာ ၊
    တစ်နေရာမှ မဲ မရနိုင်တော့ဘူးလို့ ထင်ရတယ် ။
    ဦးသိန်းစိန်တော့ ၊ ပွဲပြီးပြီ ပေါ့ကွယ် ။

    ပုံစံကတော့ ၂၀၁၅ ရွေးကောက်ပွဲတောင် ၊
    ရောက်မယ် မထင်တော့ဘူး ။
    နောက်ကြောင်းပြန်တော့မယ် ထင်ပါရဲ့ ။

    အမေစု စဉ်းစားရတော့မယ် ။
    ဦးသိန်းစိန် ကို ကယ်မလား ။ မကယ်ဘူးလား ။

    ရွာသူားတွေကော ဘယ်လို ထင်လဲ ၊ ဘယ်လို လုပ်ချင်လည်း ။

    • Inz@ghi

      November 29, 2012 at 12:46 pm

      သဂျီးပြောနိုင်ခြေရှိတဲ့အထဲ အနီဂိုဏ်းက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဝင်ပါလို့
      သည်လောက် ဆိုးကုန်တာ ဆိုတဲ့ တချက် ထပ်ဖြည့်တယ် ဗျို့…

      (သတင်းမှတ်တမ်း)
      အနီဂိုဏ်းနှင့် အစိမ်းဂိုဏ်း ထိပ်တိုက်တွေ့
      အစိမ်းဂိုဏ်းမှ ညှိနှိုင်း
      အနီဂိုဏ်း လက်မခံ
      အစိမ်းဂိုဏ်းမှ လူစုခွဲရန်ပြော
      အနီဂိုဏ်း ခေါင်းဆက်မာ
      အစိမ်းဂိုဏ်းမှ ရက်ထပ်စောင့်
      အနီဂိုဏ်း မဖြုံ
      ..
      နောက်ဆုံး
      အစိမ်းဂိုဏ်းမှ အနီဂိုဏ်းအား မီးပူဇော်
      ပြည်သူလူထု ထောပနာပြု..

    • ခင်ခ

      November 29, 2012 at 2:25 pm

      ဦးသိန်းစိန်လည်း နဝတ အကြွင်းအကျန် ဒီပုပ်ထဲကလာတာ ဒီပဲပါဘဲ။
      ကျွန်တော်ကတော့ သူကိုထောက်ခံတဲ့ထဲ မပါခဲ့ဘူး။
      အခုတော့ပိုတောင် မထောက်ခံသေး။
      ဦးသိန်းစိန်တော့ကယ်စရာမလိုပါဘူး တိုင်းပြည်ကိုကယ်ရင်ရပါပြီလေ။

      • တရုတ်ကြီးကတော့
        ဒါတို့ပြည်၊ဒါတို့မြေ ၊တို့ပိုင်တဲ့မြေ
        လို့အော်နေတာကြာပါပြီ။
        ရှေ့ငါးတွေယိုတဲ့ချီးက ပုဇွန်ဆိတ် ဦးသိန်စိန်ခေါင်းစုနေတာ။
        သမ္မတကိုချည့်အပြစ်မတင်ချင်ဘူး။
        သူ့နေရာလည်းဝင်ကြည့်ပါဦး။

        သပိတ်စခန်းတွေကိုဖြိုခွင်းတဲ့နည်းကတော့ရက်စက်ပါတယ်။

        • ရွှေ ကြည်

          November 29, 2012 at 8:17 pm

          မနန်းရေ သူကိုယ်တိုင်လည်း ယိုခဲ့ဘူးပါတယ်..။
          သူလည်းတခါက အစိမ်းရောင်လေးနဲ့ သူ့နေရာနဲ့သူခံစားစံစားခဲ့ပါသေးတယ်လေ..။
          သူလည်း အရင်စစ်အစိုးရ အာဏာပိုင်အဖွဲ့အစည်းထဲတယောက်ပါပဲ..။
          ဒီကိစ္စတွေသူလည်းကျွမ်းပါတယ်..။ သူ့ကိုအပြည့်အဝမယုံကြည်သေးတဲ့အထဲမှာ ရွှေကြည်လည်းပါတယ်။
          တို့သမ္မတကြီးဆိုပြီး ချစ်တာကတော့လုံးဝမချစ်ပါကြောင်း 😆

  • Foreign Resident

    November 29, 2012 at 12:17 pm

    ဪ ကြုံလို့ တစ်ခု ပြောပြလိုက်ဦးမယ် ၊
    အဘ တွေ့သမျှ ဒါဏ်ရာတွေက သိပ် မပြင်းဘူးကွဲ့ ။
    အပေါ်ယံ ဒါဏ်ရာတွေ ဖြစ်နေတယ် ။
    Napalm ဗုံး မဟုတ်တာ သေချာသလောက်ပဲ ။

    • မင်းနန္ဓာ

      November 29, 2012 at 12:29 pm

      မီးခိုးဗုံး/မျက်ရည်ယိုဗုံး ဆိုတာရော သေချာပါသလားခင်ဗျာ
      မျက်ရည်ယိုုဗုံးက အဲလိုကွဲပြီး မီးကျည်ကျ လောင်တတ်ပါသလားဗျ
      လက်နက်အကြောင်းတော့ နိုင်ငံခြားကားမှာ ကြည့်ဖူးတာလောက် သိတာပါခင်ဗျ
      အဲဒါကြောင့် ရှင်းအောင်မေးရတာပါ

      • Inz@ghi

        November 29, 2012 at 12:53 pm

        မီးခိုးဗုံးက မီးခိုးထွက်မှတော့ မီးစ နည်းနည်းတော့ ထွက်မပေါ့ ..
        မီးစနည်းနည်းထွက်မှတော့ တာလဘတ် လောင်မပေါ့
        တာလဘတ် လောင်မှတော့ ပလပ်စတစ်ပျော်ရည်က အသားနဲ့ထိရင်
        အရေပြား လန်မပေါ့ …

        အမှုကြီးစေချင်ရင် ဓါတုလက်နှက်သုံး ဖြိုခွင်း ဆိုပြီး ခေါင်းစဉ်ကြီးကြီးတပ်လို့ရသပေါ့

        A smoke ball is a hollow, cherry-sized sphere of brightly colored clay or cardboard filled with a smoke-generating composition that produces a forceful jet of colored smoke for 10 to 15 seconds. The usual chemical equation is 9.6KNO3 + C12H22O11 → 4.8K2CO3 + 7.2CO2 + 11H2O + 4.8N2.

        ဟုတ်ပါတယ် မီးခိုးဗုံး ဆိုတာ ဓါတုဗုံးပါ ဂမ္ဘီရဗုံး မဟုတ်ပါဝူး..

      • မင်းနန္ဓာ

        November 29, 2012 at 2:14 pm

        ဟုတ်ပါပြီ..
        Logic အရရော ဒဏ်ရာတွေအပေါ် ကြည့်မြင်ရတဲ့အတွက်ရော
        စစ်မြေပြင်သုံး Napalm ဗုံး မဟုတ်တာ သေချာသလောက်ပေါ့..
        ဒါပေမယ့် မောင်ဂီပြောတဲ့

        moke-generating composition that produces
        a forceful jet of colored smoke

        ဆိုတာနဲ့

        လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။

        ဆိုတာနဲ့ ကွဲလွဲမှုလေး ရှိနေတယ်..
        ၁၅ စက္ကန့်လောက် မီးခိုးတွေ ထုတ်ရမယ့် လူစုခွဲ မီးခိုးဗုံးက မီးစလေးနည်းနည်းထွက်လို့ မိုးကာတဲမီးလောင်ပြီး လူတွေ သံဃာတွေပေါ် ကျတာ ဟုတ်လောက်ရဲ့လား..
        ဒဏ်ရာရသူတွေ ကြည့်ပေးတဲ့ အမည်မဖော်လိုသူ ဆရာဝန်တစ်ယောက်က ပလတ်စတစ်မီးလောင်တဲ့အရည် ကိုယ်ပေါ်ကျလို့ ဖြစ်တယ်လို့မပြောထားပါဘူး…
        ဆာလဖာလား ဖော့စဖရစ်လား ပါကြောင်း ပြောထားပါတယ်..
        ..
        ယုံပါတယ်.. ဓာတုလက်နက်၊ စစ်သုံးလက်နက်တွေ အလွယ်တကူ မသုံးရဲဘူးဆိုတာ
        ဒါပေသည့် …ဒီလောက်ရှိလှတဲ့ လူတွေ ဆိုတဲ့ ဒေါသနဲ့ ပညာပြထားတယ်ဆိုတာ သိသာတယ်..
        မုံရွာ ခရိုင်ရဲတပ်ဖွဲ့မှူး ပြောတယ်လေ.. ခင်ဗျားတို့ သိပြီလား၊ ခင်ဗျားတို့ မြင်ပြီလားတဲ့..
        … ဓာတုလက်နက် လုံးဝ မသုံးပါဘူးဆိုတဲ့ ငြင်းချက်လောက်နဲ့တော့ ဟိုး ဟိုး…

        • Inz@ghi

          November 29, 2012 at 2:55 pm

          လူအုပ်ပမာဏ ရယ် ထိခိုက်ဒဏ်ရာရတဲ့ ပမာဏရယ်ကို ယှဉ်ထိုးရင်
          ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်ဗျာ..

          အပေါ်ကလည်း လူစုကွဲဖို့ကိုပဲ အဓိကထားခဲ့ကြလို့သာ မြင်မိတယ်..
          အောက်ခြေမှာတော့ ကိုရင်ပြောသလို ဒလောက်ရှိလှတဲ့လူတွေ ဆိုပြီး
          ဒေါသ ပါမယ် ဆိုတာ လက်ခံပါရဲ့ …

          သူတို့လည်း အအိပ်ပျက် အစားပျက် ..အလုပ်ပျက် ရတာကိုးဗျ..
          မတော် အရာကျမှာ နယ်ပြောင်းမှာ အထုတ်ခံရမှာ စတာတွေ လည်း ပူရသေးသကိုး …

          အကြိမ်ကြိမ် ညှိတဲ့ကြားက ခေါင်းမာခဲ့တဲ့ လူစုကို ခွဲဖို့ ဒီလောက်တော့ အထိခိုက်ရှိနိုင်သဗျ..
          လူစုကွဲဖို့ ဆိုတာကလည်း အနှီ ကွင်းခေါင်ခေါင်က တဲနန်းကြီးတွေ မီးလောင်တာက
          အလွယ်ဆုံးနည်းလမ်း ဖြစ်လေတော့ မီးလောင်စေမယ့် ပစ္စည်း သုံးပုံ ရပါတယ်။
          လူအုပ် ဘက်ကလည်း ရန်လိုတဲ့ တုန့်ပြန်မှုမျိုး မရှိခဲ့ဘူး မဆိုနိုင်ဘူးမလား…

          ဆိုတော့ ထိခိုက်ဒဏ်ရာရသူတွေကို စာနာသနားမိပါတယ်ဗျာ..
          အောက်ခြေထိ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အရေးယူရမယ့်လူတွေကို အရေးယူလိုက်ရင်
          ပြီးမယ့် နစ်နာသူတွေကို လျော်ကြေးပေးရင် ပြီးသင့်တဲ့ ကိစ္စပါ။

          အခု ပေါက်ဖော်ကြီးကို ၊ ဘပြောင် ၊ ကို ထိုင်ဆဲရမယ့်အချိန်မဟုတ်ပါဘူး
          ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမယ့်အချိန်ပါ …မဖြစ်နိုင်တာမတောင်းဘဲ ဖြစ်နိုင်တာတွေ
          ရသလောက် တောင်းရမယ့် အချိန်ပါ… အဲ့လိုမဟုတ်ဘဲ …
          သည်လောက်ကိစ္စကို ပုံကြီးချဲ့ပြီးလှုံ့ဆော်နေမယ် ၊ အခြားနေရာတွေ ထပ်ဆူရင်တော့ နောက်ပြန်လှည့်မှာပါပဲ

          (ပြောသာပြောရတယ် ..ဖေ့စဘုတ်မှာတော့ ဆဲသံလေးတွေ သောသောညံနေတာပဲ …အဘဖောလည်း
          အဲ့အကြောင်း အပေါ်မှာ ပြောခဲ့သေးတယ်..)
          အင်း …ဒီနှုန်းအတိုင်း ဆက်ဆဲနေ လှုံ့ဆော်နေရင်တော့ .. လက်တွေ့အကျဆုံးဖြစ်လာနိုင်တာက
          အမ်ပီတီက ဖေ့စဘုတ်ကြီး ဘန်းပလိုက် မှာ ပါပဲခင်ဗျား ….

    • Foreign Resident

      November 29, 2012 at 12:50 pm

      ကို မင်းနန္ဓာ ရဲ့ ၊
      အဘ သိသလောက်ပြောရရင် ၊
      Napalm ဗုံး ဆိုတာက အရမ်းပြင်းတယ်ကွယ့် ၊
      Phosphorous ပါတယ်ကွယ့် ၊ မီးရှိန် ပြင်းပြီး ကြာမယ်ကွယ့် ။
      လောင်ပြီးရင် အဲဒီအသားက အတွင်းထဲ အထိကို မဲကျက်သွားလိမ့်မယ် ။

      အခု ဒါဏ်ရာပုံ တွေကို ကြည့်တော့ အပေါ်ယံ အရေပြားကွာပေမယ့် ၊
      အောက်ခံ အရေပြားတွေ အဖြူရောင်ပြင် ကိုမြင်ရတယ် ဆိုတော့ ၊
      ဆေးလောက စကားလုံး အရ Second Degree Burn အဆင့်လောက်ပဲ ရှိတယ် ။
      ရေနွေးပူ လောင်တာထက် နဲနဲပဲဆိုး မယ်ပေါ့ ။

      အဲဒါကြောင့် Napalm ဗုံး မဟုတ်လောက်ဘူးလို့မှန်းတာပါ ။
      သေတော့ မသေချာဘူးပေါ့ အဝေးက ပုံကြည့် မှန်းရတာကိုး ။
      ဆရာဝန်တွေ ပိုသိမှာပါ ။

      • Mလုလင်

        December 4, 2012 at 1:01 am

        ထပ်သိရတဲ့ သတင်း ကတော့ .. အသား တွေ ရိ လာတယ် ဆိုလား ပဲ …

  • Novy

    November 29, 2012 at 12:18 pm

    မဆဲချင်တော့ပါဘူး
    ဖြစ်နိုင်ရင် ပြေးပြီသတ်လိုက်ချင်တယ်

  • Inz@ghi

    November 29, 2012 at 12:22 pm

    ဒေသခံတွေလည်း မှားတယ်…
    ဘာမှားလည်းဆိုတော့ ဒါကြီးကိုရပ်အောင်လုပ်တာ မှားတယ်…
    (အဲ့အမှားကို ထရစ်ဂါ ဖြစ်အောင်လုပ်လိုက်တာတော့ ဟိုအဘ ရဲ့ ပေါက်ဖော်ကျေးဇူးဆပ်ဖူးချင်တယ် ဆိုတဲ့
    စကားကြောင့်ပါပဲ)

    တကယ်က သတ္တုသိုက်ဖင်ခုထိုင်ရင်း တသက်လုံး မျှစ်ချိုး မှိုတူး ဟင်းရွက်ခူး စားနေကြမှာလား..
    တကယ်တမ်း သူတို့တောင်းဆိုသင့်တာက … ဒေသရဲ့ သောက်သုံးရေ ယင်လုံအိမ်သာ စာသင်ကျောင်း
    ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျ ရွှေ့ပြောင်းမှု လုံခြုံရေး စတဲ့ အင်ဖရာတွေ ပြည့်ပြည့်စုံစုံလုပ်ပေးဖို့ပဲ
    ငြှိကြရမှာ …

    သူများတိုင်းပြည်တွေမှာလည်း တောင်ဖြို သတ္တုတူး လုပ်ကြတာပဲ … အဲ့သည်တွေမှာခုလို ဖြစ်တယ်
    မကြားဖူးဘူး … ဘကြီးစိန် အမေရိကားရောက်တော့လည်း ပြောတယ် … ဟိုအဘတယောက်လည်း
    ပြောတယ် ..ဒီကိစ္စ နောက်ကွယ်မှာ လှုံ့ဆော်သွေးထိုးမှုတွေ ရှိနေတယ်ဆိုတာ …

    (ပြန်လာခဲ့ပါ့မယ်)

    • Inz@ghi

      November 29, 2012 at 12:22 pm

      ပြောရရင် ၂ဖက်စလုံးမမှန်ဘူး
      တဖက်က ဦးတို့ပိုင်တဲ့ ကန်ပနီက
      ၁။ အကျိုးအမြတ် လက်တဆုံးနှိုက်တယ်
      ဒေသခံတွေကို ရသင့်သလောက် လုပ်ပေးသင့်သလောက် မလုပ်ပေး ဘူး
      မင်းတို့မြေ သည်လောက်တန်တယ် ရော့ သည်လောက် ဆိုလုပ်တာ မနိပ်ဘူး..
      တကယ်ဆို မင်းတို့မြေကြောင့် ငါတို့ မီလျှံဘစ်ဇနက် ဖြစ်သွားပြီ….
      မင်းတို့မြေဖိုးအပြင် ပလပ်စ်အယ်လဖာ ဒါတွေ ဒါတွေ လုပ်ပေးမယ်
      ဖြည့်ဆည်းပေးမယ် ဖြစ်ရမှာ

      ၂။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တကယ်က တရားဝင်ထုတ်ပြန်ရမယ့် ကိန်းဂဏန်းတွေ
      စာချုပ်စာတမ်းတွေ တပုံကြီး ..။ အဲ့တော့ အဘ တို့ကို ဘယ်သူမှ မယုံတာ မဆန်း။

      ၃။ ခုလို အကြမ်းဖက် နှိမ်နင်းတာကတော့ အမှားဆုံးပဲ။ နိုင်ငံတကာ သတင်းစာမျက်ခွက်မှာ
      ပါကုန်ပြီ ။ ဘယ်သူက ဖြောင့်ဖြောင့် ဘစ်ဇနက် လာဒူးရဲတော့မလဲ ….။

      (ဆက်ပါဦးမည်)

      • Inz@ghi

        November 29, 2012 at 12:28 pm

        အခု လက်ပံတောင်းတောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီးသွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ် တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည်ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ် လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံ သူတွေ စိတ်မဝင်စားနိုင်တော့ဘူး

        အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှု ရှိခဲ့ရင် ဒီလိုပြဿနာတွေ မဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမိုကရေစီခေတ်မှာ ပြန်ရှင်းရတာဆိုတော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ ပေးထားတဲ့ ကတိ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်တယ် ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ

        အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီးပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွားတယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်းနဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲ မမှန်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ပဲ လိုပါတယ်

        ဒေါ်အောင်ဆန်းစုကြည်

  • အိမ်လွမ်းသူ

    November 29, 2012 at 12:59 pm

    မိဂိ ပြောသလိုပဲ နစ်ဘက်စလုံးက မှားတယ်။ ဒေသခံတွေက လဲ တောင်းရမယ့် ဟာ မတောင်းပဲ မတောင်းရမယ့် ဟာကိုတောင်း။ အစိုးရ က လူသားချင်း မစာမနာ မသုံးသင့်တဲ့ လက်နက်သုံးပြီး အကြမ်းဖက် ဖြေရှင်း။ ဒီပုံမျိုးနဲ့ လာပါလိမ်မယ် investments တွေ။ သဂျီးပြော သလိုပဲ ဒီနိုင်ငံ ကျိမ်စာများ မိနေသလား မသိဘူး။ 🙁

  • Foreign Resident

    November 29, 2012 at 1:01 pm

    ဒီအချိန်ကြီး ဒါပြန်ရေးပြရတာ ကျောချမ်းမိပါရဲ့ ။
    ဒါဏ်ရာရ ခဲ့တဲ့သူတွေကို စာနာသနား ပါတယ်ကွယ် ။
    အခု မေါင်ဂီ ပြောသွားတာတွေနှင့် တွဲစဉ်းစားနိုင်ဖို့ပါ ။
    အောက်က အချက်တွေကတော့ ၊
    အဘ အရင် Post တွေမှာ မန့်ခဲ့တာတွေရဲ့ အနှစ်ချုပ်ပါ ။

    ၁ ။
    ဆန္ဒပြတဲ့သူတွေက ဦးပိုင် / ဝမ်ပေါင် ရဲ့ လုပ်ငန်းခွင်ကို
    အလုပ် လုပ်လို့ မရအောင် သွားပိတ်ဆို့တယ် ခမျ ။
    ဒီမို နိုင်ငံ ဆိုရင်လည်း တစ်ဖက်သားရဲ့ တရားဝင် ( တရားဝင် ) ၊
    အလုပ်လုပ်နေတာကို သွား တားလို့ မရပါဘူး ။
    သွားတားရင် အစိုးရက ဖယ်ရှားရမှာ အစိုးရ တာဝန်ပါပဲ ။

    ဆိုလိုတာက ဦးပိုင် / ဝမ်ပေါင် ရဲ့ အလုပ်ကို ၊
    ဆန္ဒပြတဲ့သူတွေက တားခွင့် မရှိပါဘူး ၊
    တားချင်းတား အစိုးရက တားရမှာ ခမျ ။

    ၂ ။
    မသွဲ့သွဲ့ဝင်း စကားပြောတာ မှားပါတယ် ။
    သူက ဦးအောင်မင်း စကားလာထောက်တဲ့ အချိန်မှာ ၊
    ဒီလုပ်ငန်းကို လုံးဝ ရပ်ပြစ်ရမယ်ပဲ တောင်းဆိုနေတယ် ။
    အမှန်က ၊ နစ်နာမှုတွေကိုနစ်နာကြေးပေးဖို့ တောင်းရမှာလေ ။

    ဆင်းရဲတဲ့ တိုင်းပြည် တစ်ခု အနေနှင့် ကတော့ ၊
    သယံဇာတတွေကိုတော့ တူးဖေါ်ရမှာပဲလေ ။
    အဲဒါကို လုံးဝ မလုပ်ရဘူးလို့ ပြောလိုက်တော့ကာ ၊
    အစိုးရ မှာ ရွေးချယ်စရာ လမ်း မရှိဖြစ်သွားစေတာပေါ့ ။

    ၃ ။
    နောက်တစ်ချက်က ဗိုလ်ချုပ် ဝေလွင်က လွှတ်တော်ထဲမှာ ရှင်းတဲ့အခါ ၊
    ဆန္ဒပြသူတွေကို မီဒီယာ သမားတွေက ၊
    ဘယ်လို ငိုကြပါ ၊ ဘယ်လို အော်ကြပါ ဆိုပြီး ဇတ်တိုက် သင်ပေးနေပုံ တွေ ၊
    ဆန္ဒပြသူတွေ ဟီးဟီး ဟဲဟဲ နှင့် ပျော်ရွင်နေပုံတွေကိုပါ ၊
    ဓါတ်ပုံ ၊ VDO Slide တွေနှင့်ကို ထိုးပြပြီး ရှင်းတယ်လို့ကြားရတယ် ။

    အဲဒီမှာ လွှတ်တော် ကိုယ်စားလှယ်တွေ နှင့် အမေစု ပါ အသံတိတ်သွားတာပါ ။
    ဒါကြောင့် အမေစုက မီဒီယာ သမားတွေ ကို အပြစ်တင်တာ ၊
    မီဒီယာ သမားတွေလဲ အမေစုကို ဘာမှ ပြန်မပြောနိုင်တာ သတိထားမိမှာပါ ။

  • surmi

    November 29, 2012 at 1:09 pm

    ဒါကိုအကြောင်းပြုပြီးနောက်ကြောင်းမလှည် ့ဖို ့လိုတယ်
    ဒီကိစ္စဟာ ခလုတ်တစ်ခုမဖြစ်ပါစေနဲ ့လို ့ မျှော်လင် ့ရတာပဲ
    အာရုံတွေတော ့သိပ်မကောင်းတော ့ဘူး

  • Inz@ghi

    November 29, 2012 at 1:14 pm

    တကယ်တမ်း အရေးကြုံလာတော့ ၈၈ ကလည်း သဘာဝပတ်ဝန်းကျင်ဘက်ကပဲ..
    အဲ့ဒီဘီးကျဲ တွေကို ဒူဘိုင်းလေ့လာရေးခရီး ပို့ချင်သဗျာ ….
    ဆိုလိုချင်တာ ပိုက်ပိုက်သာ ရှိလို့ကတော့ အိုအေစစ် အခုတူး အခုရေကြည်သောက်လို့ရရဲ့ …

    မီဒီယာတွေကလည်း ရပ်-ဖျက် ဆိုတာချည်းပဲ …။
    အဲ့ဒါ ဧရာဝတီအောင်ပွဲကို ယစ်မူးတာပါပဲ ….။ ဒီလုပ်ငန်းကတော့ဖြင့် တားသင့်မတားသင့်
    မစဉ်းစားကြတော့ဘဲ သဘာဝရဲ့ ရင်သွေးငယ် အလုပ်ကောင်းခဲ့ကြတာပါ

    တကယ်က အဘဂျုံးဂျုံးဂျက်ဂျက်အစား ကြီးမေ စောစောသွားခဲ့သင့်လိုက်တာ…
    အင်း … ကြီးမေကလည်း ဧည့်သည်လာလို့ အိမ်ပြန်ပြေးလာပြီး
    မြန်မာ့ဒီမိုခွေစီလမ်းစဉ်အတွက် ပါးနှစ်ဖက် ပေးဆပ်နေရတော့လည်း
    နောက်ကျသွားသပေါ့…

    သူတို့ ကျေညာချက်၃ရပ်ထုတ် ပြီး ကတည်းက လူစုခွဲလိုက်သင့်တာ …
    နောက်၂ရက်နေ ကြီးမေလာတော့မှ ရှင်းပြတာတွေ နားထောင် ရင်း လိုတာတွေ တောင်းဆိုတာ
    ညှိနှိုင်းတာ လုပ်ယူရမှာ … ခုတော့ စိတ်မကောင်းစရာတွေ ဖြစ်လာတော့တာပေါ့…

    မြစ်ဆုံ၊ရခိုင် အခု လက်ပံတန်းတောင် … အင်း ..
    နောက်တခါ ထားဝယ် အလှည့် လားဗျာ …. လေပါဒယ်..

    :gee:

    • Foreign Resident

      November 30, 2012 at 12:22 pm

      ” ကြီးမေကလည်း ဧည့်သည်လာလို့ အိမ်ပြန်ပြေးလာပြီး
      မြန်မာ့ဒီမိုခွေစီလမ်းစဉ်အတွက် ပါးနှစ်ဖက် ပေးဆပ်နေရတော့လည်း ”

      ပြောရဦးမယ် အမေစုလည်း ၆ရ နှစ်ကျမှ ၊
      အားရပါးရ အနမ်းခံလိုက်ရတာ တော်တော် ရှက်သွားပုံပဲ ။

      ပြောရမယ်ဆိုရင် ဒို့ဆီက နိုင်ငံရေးသမားတွေ ၊
      နိုင်ငံရေး / ဆက်ဆံရေး ပညာမှာ အမေရိကကို မမှီသေးဘူး ။

      မတရားပါဘူးလေ ။
      ဒို့ အဘပြောင်ကိုတော့ ဘယ်သူမှ လာမနမ်းဘူး ။
      ပြောမယ်ဆို ဟိုဘက်မှာ ဟီလာရီ ကလင်တန် ရှိတာပဲ ။

  • Foreign Resident

    November 29, 2012 at 1:33 pm

    ” ၃ ။ ကြည့်ရတာ အမေစုကလည်း လက်ဝင်ရှိုမယ့်ပုံ မရှိဘူး ။
    အဲဒီတော့ ညှိပြီး နဲနဲပါးပါး လျော်ကြေးပေးပြီး ပွဲပြီးသွားလိမ့်မယ် ။
    အဲဒီလို ညှိတာကိုမှ လက်မခံရင် ၊ အစိုးရ ခပ်ကြမ်းကြမ်း ဆော်လိမ့်မယ် ထင်တယ် ။
    ဒီ လက်ပန်းတောင်း ပွဲ က Turning Point ဖြစ်နိုင်တယ် ။
    ဆန္ဒပြတာတွေ သိပ်များနေပြီ ၊ အစိုးရ သိပ် သည်းခံနိုင်တော့မယ် မထင်ဘူး ။ ”

    အဘ ၂၆ ရက်နေ့ထဲက ” ဆက်လျှောက်မလား ရပ်မလား ” Post မှာ ပြောခဲ့တယ် ၊
    အမေစု မထောက်ခံတဲ့ပုံ စကားပြောကတည်းက ၊
    ဒီတစ်ခါ တကယ် ဆော်တော့မယ် Turning Point ပဲ ဆိုတာကို ၊
    အဘတို့တောင် မှန်းနိုင်သေးတာ ၊
    နိုင်ငံရေး သမားတွေလဲ မသိစရာ ဘာအကြောင်းမှ မရှိဘူး ။

    သိသိကြီးနှင့် တွန်းပို့လိုက်လား မသိဘူး ။
    နောက်ကြောင်းပြန်မယ့်သူတွေများ လုပ်သလား ။

  • kyeemite

    November 29, 2012 at 1:33 pm

    နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။” ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
    http://www.news-eleven.com/ :chee: :bar:

  • ကိုရင်စည်သူ

    November 29, 2012 at 2:58 pm

    ကြေးနီကိတ်စမှာ သပိတ်သမားတွေကို ပြည်ထဲရေးက ဝမ်နင်ပေးတာကြားလိုက်ထဲက
    ရွှေဝါရောင်လို နှိမ်နင်းခံရမလားတွေးမိသေးတယ်။ ဒီလို မီးကျည်ဗုံးသုံးတာတွေ ကိုရင်ကြီးတွေ၊ ဥပဇင်း
    ထိခိုက်ခံရတာတွေ မြင်ရတော့ တော်တော်စိတ်မကောင်းဘူး။ နံပါတ်တုတ်နဲ့ရိုက် မီးခိုးဘုံးသုံးတဲ့
    အဆင့်လောက်ဆို တော်ပါသေးတယ်လို့ ဖြည့်တွေးလို့ရပါသေးတယ်။ တခါတလေ မြန်မာပြည်မှာ
    လူလာဖြစ်ရတဲ့ အတိတ်ကံလေးတောင် တွေးမိသေးတယ်။ နိုင်ငံတကာမှာ မျက်နှာငယ်ရ၊ စီးပွားရေးမကောင်းရတဲ့အထဲ
    အာဏာပိုင်တွေက ကိုယ့်လူမျိုးချင်းဆို လက်သံပြောင်ပြောင်နဲ့ဗျင်းသေး။ ဗုဒ္ဓဘာသာဖြစ်နေလို့သာ တော်သေးရဲ့။
    ရခိုင်မှာ ဘင်္ဂလီတွေ ဆူနေတုန်းကတော့ အဲ့လိုမျိုးဗျင်းပါလား..။ မိုးပေါ်ထောင်ပစ်လိုက်၊ မီးသတ်ကားနဲ့
    မီးလိုက်ငြိမ်းပြီး လုပ်နေလိုက်နဲ့…။
    ဒီကိတ်စကို နောက်ဆုံးသုံးသပ်မိတာတော့.. စာချုပ်က ထပ်ဖောက်လို့တော့ အစိုးရအနေနဲ့မရတော့ပါဘူး။
    ဒေသခံတွေနဲ့… ငွေအရင်းအနှီးညှိပြီး.. လုပ်မှပါ။ ဒါမှမဟုတ်ရင် ဖက်ဖြစ်တဲ့ ဒေသခံတွေပဲ နာသွားပါလိမ့်မယ်။
    ညှိကြပါဗျာ.. ညှိကြ… ညှိ.. ညှိ…
    လောကမှာ မညှိတတ်ရင် ရည်းစားတောင် ဟိုတယ်ခေါ်လို့မရဘူးတဲ့ဗျ….. :mrgreen:

    • ရွှေ ကြည်

      November 29, 2012 at 5:40 pm

      ရခိုင်မှာ ဘင်္ဂလီတွေ ဆူနေတုန်းကတော့ အဲ့လိုမျိုးဗျင်းပါလား..။ မိုးပေါ်ထောင်ပစ်လိုက်၊ မီးသတ်ကားနဲ့
      မီးလိုက်ငြိမ်းပြီး လုပ်နေလိုက်နဲ့…။

      မှန်၏ကိုရင်စည်ရေ ရွှေကြည်လည်းအဲဒါကိုမကျေနပ်တာ..။

      • ကိုရင်စည်သူ

        November 29, 2012 at 6:15 pm

        ရွှေကြည်လေးတောင် ချက်ဆို နားခွက်ကမီးတောက်တယ်…
        အဲ့ဒါတွေဂျောင့် အူးစည်က ဂျစ်ဒါ… 😳
        ရွှေကြည်လေး ကျေနပ်တွားအောင် အူးစည်နဲ့ ဘုရားတူတူတက်ပြီး
        ရေသပ္ပာယ်ရအောင်လေ… :gee:

  • Foreign Resident

    November 29, 2012 at 3:09 pm

    နောက်တစ်ခု အဘ စဉ်းစားလို့ မရတာက ။

    ညမှောင်ကြီးထဲမှာ မီးခိုးဗုံးက ဘာလုပ်တာလဲဟင် ။
    ဖြစ်ချင်းဖြစ် ၊ မြင်ရအောင် မီးကျည်ပြစ်တယ်ဆို ယုတ္တိရှိသေး ။

    • ခင်ခ

      November 29, 2012 at 3:59 pm

      မီးခိုးဗုံးသုံးချင်လို့ ညမှောင်ထဲဖြိုခွဲတာနေမှာပေါ့ အဘရေ။
      သူတို့က အကြံနဲ့လေ။

    • surmi

      November 29, 2012 at 4:06 pm

      အဘဖောရဲ ့
      မီးခိုးလုံးတွေနဲ ့ မမြင်မကန်းဖြစ်မှ ဆွဲချင်တဲ ့သူဝင်ဆွဲလို ့ရမှာပေါ ့
      ဒီလိုဖြိုခွင်းမှုနောက်ကွယ်မှာ တစ်ခုခု ရှိနေမယ်ထင်တယ်
      လက်ရှိအစိုးရကို နာမည်ဖျက်ချင်လို ့လား လို ့ ခတ်ကြောင်ကြောင်တွေးနေမိတယ်

  • kai

    November 29, 2012 at 4:13 pm

    အခုလိုအကြမ်းဖက်ဖြိုခွင်းတာကို.. တရားဥပဒေအတိုင်း.. မှန်မှန်ကန်ကန်ဖြစ်စေချင်ပါတယ်..။
    ဆန္ဒပြသူတွေဟာ.. စည်းကမ်းအတိုင်း.. ရဲတွေကို.. တုန့်ပြန်တိုက်ခိုက်တာမရှိပဲ.. လက်နက်မကိုင်ထားပဲဖြစ်ခဲ့ရင်.. အကြမ်းဖက်နှိမ်နင်းသူတွေကိုတရားဥပဒေအရ.. အရေးယူရမှာပါ..။
    အဲဒီနယ်က.. လူထုရွေးကောက်တင်ပေးထားတဲ့.. လွှတ်တော်အမတ်က.. ဘာလုပ်နေသလည်းမသိ..

    ဆိုတော့..
    ယူအက်စ်မှာ.. ပြီးခဲ့တဲ့နှစ်နိုင်ဝင်ဘာက.. အော့ကျုူပိုင်းလှုပ်ရှားမှု့ဖြစ်တယ်..
    နယူးယောက်ပန်းခြံထဲ.. အခြေချထားတဲ့သပိတ်စခန်းကို.. ဝမ်နင်ပေးပြီးသကာလ.. အချိန်ကိုက်.. ရဲကဝင်စီးပါတယ်..
    အမှတ်မမှားရင်.. လူတော်တော်များများ.. ဆေးရုံရောက်တာပဲ..
    ဆန္ဒပြသူတွေက. အဲဒီပန်းခြံပိုင်ရှင်ကို.. တရားစွဲတယ်..။လျှော်ကြေးတောင်းတယ်..။ တရားသူကြီးက.. ဆန္ဒပြသူတွေဖက်ကမလိုက်ပဲ.. ပန်းခြံပိုင်ရှင်ကိုအနိုင်ပေးလိုက်တယ်..။
    A judge ruled against Occupy Wall Street protesters, upholding a move by New York City and the landlord of the privately owned plaza to clear tents from Zuccotti Park and prevent protesters from bringing equipment back in.

    Hours after police cleared the last protester from their encampment in an early morning raid Tuesday, lawyers for the city and the park’s owner Brookfield Office Properties Inc. BPO +0.69% faced off with Occupy Wall Street representatives inside a courtroom.

    နောက်.. ကာလီဖိုးနီးယားတက္ကသိုလ်တခုမှာ.. လမ်းပိတ်ဆန္ဒပြတဲ့ကျောင်းသားတွေကို.. ရဲတွေ..နံပါတ်တုတ်နဲ့ရိုက်. စစ်တပ်သုံး.. မျက်စိစပ်ဆေးနဲ့ဖြန်းတာမို့.. ပြဿနာဖြစ်ပါတယ်..
    လူတွေက.. ကျောင်းအုပ်ချုပ်ရေးမှုးကို.. အလုပ်ကထွက်ခိုင်းတယ်..
    မှတ်မိသလောက်.. အဲဒီအုပ်ချုပ်ရေးမှုး မထွက်ပါဘူး..တောင်းပန်လိုက်ပါတယ်..။

  • မောင်ပေ

    November 29, 2012 at 6:12 pm

    အော်… မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ ဦးနု အစိုးရ နောက်ပိုင်း ခေတ်အဆက်ဆက် ဆိုးဝါးရက်စက်ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်ဆိုးတွေ ကို မှတ်တမ်းတင်ခဲ့ကြတာ
    အခုလဲ အစဉ်လာမပျက် ကို လုပ်ချသွားတာပဲလား
    အင်မတန်မှ ဝမ်းနည်း စိတ်ပျက်စရာကောင်းလွန်းလှပါတယ်ဗျာ

  • garuda

    November 29, 2012 at 6:54 pm

    ထူးတော့ထူးနေပြီ။ ဒေါ်အောင်းဆန်းစုကြည် မရောက်လာမယ်ဆိုတော့မှ မှောင်ကြီးမဲကြီးထဲ ဘာမှသတိ မပေးပဲဆော်လိုက်တာ။ အောက်တန်းတော့ကျလွန်းပါတယ်။ အနဲဆုံး လုပ်မယ်ဆိုရင်လုပ်တော့မယ်ဆိုတာကို ၁နာရီလောက်တော့. ကြိုတင်အသိပေးသင့်တယ်။ ညကြီးလုပ်တယ်ဆိုတာလည်း အဓိပ္ပါယ်မရှိဘူးထင်တယ်။ အဲဒါပဲ ကိုယ့်ခြံထဲကကြက် ဘယ်အချိန်ရိုက်ချက်ချက်ဆိုလား။ နောက်ဆို မြန်မာပြည်မှာ ဘင်္ဂလီ နဲ့ ဒီနှိပ်ကွပ်သူတွေပဲကျန်လိမ့်မယ်။
    ဒီမီးခိုးဗုံး ဆိုတာကြီးကလည်း တစ်ယောက်ယောက်က ဟေ့..အန္တရာယ်မရှိဘူး ငါတို့ထွင်ထားတာ..မင်းတို့
    စမ်းသုံးကြည့်ကွာ ဆိုပြီးပေးလိုက်တာလားမသိဘူး။ မဟုတ်မှလွဲရော အဲဒီကုမ္မဏီကပဲ ပံ့ပိုးပေးလိုက်တာထင်တယ်။

  • ဦးကြောင်ကြီး

    November 29, 2012 at 6:58 pm

    နေစမ်းပါအုံး ဆန္ဒပြသမားတွေ ခေါင်းမာတယ် မှားတယ်ဆိုပြီး စီမံကိန်းရပ်ခိုင်းတာကို လက်ညှိုးထိုးနေတဲ့သူတွေ နင့်အမေလင် တရုပ်ကုမ္မဏီက လုပ်ငန်းခွင်ယာယီ ရပ်နားမပေးဘဲ ဆက်မြေတူး မိုင်းခွဲတာကြတော့ မမှားဘူးလား..။ ဆွေးနွေးညှိနှိုင်းစဉ် နှစ်ဖက်စလုံးက ရပ်နားပေးရမယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ဒီသဘောပဲ၊ နှစ်ဖက်တပ်တွေအားလုံး မူလနေရာကို ပြန်ဆုတ်ပေးရတယ်၊ ကြားဘာဖာဇုန် ထားပေးရတယ်။ အခုကြတော့ တရုတ်က ဦးပိုင်မျက်နှာနဲ့ လူကြားကောင်းအောင် လေသံဟစ်ပြီး မိုင်းဆက်တူးနေလို့ ဖြစ်ရတာ။ ဆန္ဒပြသူတွေတောင်းတဲ့ စီမံကိန်းရပ်နားပါဆိုတာ ယာယီရပ်ဆိုင်းပြီး အကြေအလည် ဆွေးနွေးခဲ့ရင် ဒီလိုမျိုးဖြစ်လာစရာ အတော်နည်းတယ်။ သိတဲ့အတိုင်း တရုတ်က လောဘဇောတိုက်ပြီး အမွေရတဲ့ပစ္စည်းလို နင်းကန်လုပ်လို့ဖြစ်ရတာဟေ့…။ နင်တို့ကို လဗြွတ်အခါတသိ်န်း ဆဲတယ်ကွာ…. :chee:

    • kai

      November 30, 2012 at 8:56 am

      အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

      http://www.eainmatnanntaw.com/2012/11/blog-post_28.html

      ဆဲဂျလို့အဖြေတခုရမယ်ဆိုရင်… ဆဲသဟေ့..
      .. အကြိမ် ၁သန်းရဲ့.. ဖက်တိုရီရယ်.. ၁သန်း.. :kwi:

      • ဦးကြောင်ကြီး

        November 30, 2012 at 10:07 am

        မဆိုင်ဘူးလေ တရုတ်ကူမြူနစ်ကေဒါ ပန်းသေးမွတ်စ်သဂျီးစုတ်ရဲ့….. ပြသနာ ပိုဆိုးသွားတာ လူထုသဘောထားကို ဆန့်ကျင်ပြီး အောက်တိုဘာလထဲမှာ လယ်တီဆရာတော် သိမ်နဲ့စေတီအနားမှာ မိုင်းကပ်ခွဲလိုက်လို့….။ ရပ်မိရပ်ဖအားလုံး တညီတညွတ်ထဲ တောင်းဆိုနေတာတောင် လူရှေ့ထွက် ပုဆိုးလှန်ပြဆဲပြီးမှ အခုခဏ ငြိမ်ပေးပါတယ် လုပ်လို့မရဘူး။ အခုဟာက ဘာနဲ့တူသလဲဆိုတော့ သူတပါးဆီက လုယက်ပြီးမှ ရဲလာဖမ်းလို့ အလုပ်အကိုင်ပျက် စီးပွားနစ်နာရပါတယ် ပြောတာနဲ့ အတူတူပဲ….။ :saut:

        ဟောဒီမှာ ပေါ်ပြူလာနယူးစ်မှာ ပါတဲ့သတင်း ……………….
        ရန်ကုန်၊ အောက်တိုဘာ ၁၆

        လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည်ဆိုသော သိမ်နှင့် စေတီအား မိုင်းခွဲဖျက်ဆီးမှုမပြုလုပ်ခဲ့ကြောင်း စီးပွားရေး ဦးပိုင် လီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးမြင့်အောင်က ပြောသည်။
        စေတီနှင့်သိမ်ကို မိုင်းခွဲဖျက်ဆီး သည်ဆိုကာ အောက်တိုဘာ ၉ ရက် တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က လုပ်ငန်းခွင်သို့ လာရောက်လေ့လာခဲ့ကြောင်း၊ သိမ် နှင့် မီတာ ၅ဝဝ ခန့်ဝေးသည့် နေရာ တွင် မိုင်းခွဲခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။”ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ လုပ်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး”ဟု ၎င်းက ဆိုသည်။
        အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံများသို့ ဆက်သွယ်မေးမြန်းရာ စေတီကို မိုင်းခွဲသည်ဆိုခြင်းမှာ မဟုတ်မှန်သော်လည်း ”ဒါပေမဲ့ အဲဒီ နားကပ်ပြီး ခွဲတာဆိုတော့ တုန်ခါ အားတော့ရှိမှာပေ့ါ။ တုန်ခါအားနဲ့ စေတီကို သူ့အလိုလို ပြိုကျအောင် လုပ်နေတာ”ဟု ဒေသခံ တစ်ဦးက ပြော သည်။
        တောင်ထွတ်ပေါင်း ၃၃ ခုဖြင့် ဖြစ်တည်လျက်ရှိသော လက်ပံ တောင်းတောင်၌ ကျေးဇူးရှင် ပထမ လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၆၅ ခုနှစ်တွင် တစ်ဝါ သီတင်းသုံး ကာ တရားဘာဝနာ အားထုတ်မှု ပြုခဲ့ပြီး ကျမ်းအချို့ရေးသားခဲ့သည်။
        ”စီမံကိန်း အတွင်းမှာ ရှိတဲ့ ကျောင်းတွေ သာသနိက အဆောက် အအုံတွေ ရွှေ့တဲ့အခါမှာလည်း သံဃနာယက ဆရာတော်တွေ ကို လျှောက် ထား ပြီး မှ လုပ်တာ” ဟု ဦး မြင့်အောင်က ပြောသည်။
        လက်ရှိတွင် အဆိုပါစေတီနှင့် သိမ်အနီးဝန်းကျင်တွင် မြေပြင်မှုကို သာ ပြုလုပ်လျက်ရှိကြောင်း၎င်း ကပြောသည်။
        အဆိုပါစေတီနှင့် သိမ်ကို မြန်မာဝမ်ပေါင် ကုမ္ပဏီက မိုင်းခွဲဖျက်ဆီး ခဲ့သည့်သတင်းကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် DVB သတင်းဌာန က ထုတ်လွှင့်ခဲ့သည်။
        အဆိုပါ သတင်းမှာ မဟုတ်မှန် ကြောင်း စီမံကိန်း လုပ်ခွင့်ရ ကုမ္ပဏီ နှစ်ခုက အောက်တိုဘာ ၁၅ ရက် တွင် ပြန်လည် ရှင်းလင်းခဲ့ကြောင်း သိရ သည်။

        MZW

  • မောင်သုည

    November 29, 2012 at 8:29 pm

    နင်လည်းမှားခဲ့တယ်..ငါလည်းမှားခဲ့တယ်…နှစ်ယောက်စလုံးပဲမှားခဲ့တယ်…ကြားထဲက မောင်ပဉ္ဖင်းခေါင်းကွဲတယ်…
    ရှေ့ကနေ လုပ်ချင်တာလုပ်သွားခဲ့ကြတဲ့ (A ROLL)တွေကြောင့်ပဲ…
    ကြောင်ကြီးက လဗြွတ်အခါတစ်သိန်းက နည်းတယ်ကွာ…သန်း၆ဝ သောလူထုကို ကိုယ်စားပြုပြီး…

    လဗြွတ်အခါသန်း၆ဝ ဆဲတယ်ကွာ…

  • နေဝန်းနီ

    November 29, 2012 at 8:44 pm

    ပြောချင်တော့ဘူး ဆဲချင်တော့ဘူး ကိုကြောင်ကြီးရေ့………..။ တစ်ခုတော့ပြောလိုက်မယ်ဗျာ ဒီလိုလုပ်လိုက်တာဟာ ကွန်မြူနစ်ဝါဒ တစ်ကျော့ပြန်လာခဲ့ပါလို့လက်ယပ်ခေါ်နေသလိုပဲ…။ နောက်တစ်ခု ပြည်သူကိုအသိမပေးပဲလုပ်ဦးမဲ့ပုံ ….။ တောင်သူလယ်သမားတွေနဲ့သာသက်ဆိုင်တဲ့ ဘဏ်တစ်ခုကို ပုဂ္ဂိလိက လွှဲမယ်လို့ကြားနေတယ် ……။ တိုင်းပြည်ကိုဒီမိုကရေစီပေးပြီးသားပဲ ငါတို့လည်းလုပ်ချင်ရာလုပ်မယ် ဆိုပြီး ထင်ရာစိုင်းနေကြတာ နဲ့တူရဲ့……..။ စိတ်ကုန်တယ်………။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2012 at 9:14 pm

    ကိုယ်မေကိုယ်လိုးဒေ
    ကိုယ့်ဖါသာ ရရင်ပြီးရောလုပ်တုန်းကတော့ ဘာဥပဒေကိုမှမပြောဘဲနဲ့
    သူများဆန္ဒပြတဲ့အခါကျမှ
    မင်းတို့အမေ ဆောက်ပတ် ဂဏန်းညှပ်တဲ့လေသံနဲ့
    ငါတစ်ခါမှမတစ်ခါ မလိုးမသားဒေ :mrgreen:

  • အလင်းဆက်

    November 29, 2012 at 9:21 pm

    ဘဘ Foreign Resident

    ပြောတဲ ့အချက် 3 ချက်ကို.. တစ်သဘောထဲ…လက်ခံပါကြောင်း ..။

    ——————-

    ဆဲချင်စိတ်လည်း.. ရှိတော့ပါဘူးအေ. ။

    နေ့လည်ကလည်း.သစ်ထူးလွင် ထဲမှာ..မြင်ရတဲ ့ သံဃာတော် တွေ..
    ဒဏ်ရာ…တွေ..ဗလပွနဲ ့…

    ရင်နာတယ် ။
    ဘယ်သူ ့ ကို..မှလည်းအပြစ်မတင်ချင်တော့ဘူး ။
    ဘယ်သူ့ကိုမှလည်း.မသနားချင်တော့ဘူး ။

    ဘာမှလည်း..မတွေး ချင်တော့ဘူး ။

    ==================
    🙁
    စိတ်ကုန်တယ် ။

  • မောင်သုည

    November 29, 2012 at 10:37 pm

    တန်ဆောင်မုန်းမှာ မောင်ဘုန်းတွေလာမယ်ဆိုလို့…ဗုံးတွေနဲ့ကြို…
    ဆေးပေါင်းခတဲ့ည မှာ ဗုံးပေါင်းခတဲ့ည..ဟူ၍လည်းကောင်း…
    အကြမ်းဖက်သောနည်းဟူသမျှကို လုံးဝလုံးဝဆန့်ကျင်ပါ၏…။
    သပိတ်စခန်းကို ဖြိုခွင်းတာ နံနက် ၃ နာရီဆိုတော့..သပိတ်စခန်းကိုဖြိုခွင်းတာနဲ့မတူတော့ပဲ ရန်သူ့စခန်းကိုတက်သိမ်းတာတူနေတယ်…ဒီနည်းနဲ့ရှင်းတော့ ပြဿနာကပြီးသွားရောလား…ပိုပြီးရှုပ်ထွေးတဲ့အခြေအနေကိုမရောက်ပါစေနဲ့ ဆုတောင်းမိပါတယ်…

  • myanmar oscar

    November 29, 2012 at 11:56 pm

    ဖက်ပေါ် ဆူးကြလဲ…ဖက်ပေါက်မှာပဲ…
    ဆူးပေါ် ဖက်ကြလဲ…ဖက်ပေါက်တာပဲ…
    ဆူးဟာ ဆူး
    ဖက်ဟာ ဖက် ပါပဲ……
    အဲ့ဒီတော့ ပေါက်တဲ့နဖူး မထူးပါဘူး….
    ဆ…ပြီဗျို……လး…..ပဲကွာ

  • Silver Twig

    November 30, 2012 at 1:23 am

    I still don’t know what is the root cause

  • Inz@ghi

    November 30, 2012 at 9:34 am

    လက်ပန်းတောင်းတောင် အပါအဝင် တစ်ခြားကိစ္စတွေ အများကြီး စဖြစ်ကတည်းက အကုန်လုံးကို ခြုံပြောရခက်ပေမယ့် မရိုးသားမှုကတော့ တွေ့နေရတာပါပဲ…. ကိုမင်းကိုနိုင်တို့၊ ဒေါ်စုတို့ အစပိုင်းကတည်းက ဝင်မပါဘူးဆိုကတည်းက တစ်ခုခုတော့ မှားနေတယ်ဆိုတာ စဉ်းစားဖို့ လိုပါတယ်……. သူတို့ ကိုယ့်ထက် မျက်စိကြီး နားကြီးကြပါတယ်….

    အခု လက်ပန်းတောင်းတောင်
    ကိစ္စမှာ ဒေါ်စု (ဗိုလ်ချုပ်သမီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်၊ လက်ရှိ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဌ) ကိုယ်တိုင် လာစစ်ဆေးမယ်….. အစောကြီးကတည်းက သတင်းတွေ သိထားကြပြီးသားပါ….. နောက်ပီး အစိုးရက အစောကြီးကတည်းက သပိတ်စခန်းကို ဖျက်ဖို့ ကြိုပီး Notice ထုတ်ထားတယ်…… ဆန္ဒပြသူတွေ အနေနဲ့ အစိုးရလည်း ဂရုမစိုက် ဒေါ်စု လာဖြေရှင်းပေးမှာလည်း ဂရုမစိုက်ဆိုတဲ့ ပုံစံလို ဖြစ်မသွားဘူးလား…. ဒေါ်စုလုပ်ပေးမှာကို မယုံလို့လား… သူဆက်ပီးတော့ လုပ်ပေးမှာတွေကို ဆန္ဒပြသူတွေက လက်မခံနိုင်ဘူးလား…… လားပေါင်းများစွာ ထွက်လာပါတယ်…. သေခြာတာတော့ ဒေါ်စုကိုလည်း လုပ်ရကိုင်ရ ကြပ်သွားအောင် လုပ်လိုက်တာနဲ့ မတူဘူးလား…… စဉ်းစားကြည့်ရင် အများကြီးပါ……

    ဒေါ်စုဟာ တရားဥပဒေစိုးမိုးမှု ကော်မတီမှာ ဥက္ကဌပါ….. သူဘာလို့ အစောကြီးကတည်းက မဝင်လည်း….. သူဘာကြောင့် အခုပြောတဲ့ စကားထဲမှာ ဒေါသတွေ ဟုန်းဟုန်းထနေတဲ့ ပါတ်ဝန်းကျင်မှာ မနေချင်ဘူးလို့ ဘာလို့ပြောလည်း…. စဉ်းစားဖို့တော့ လိုမယ်…. အခုကိစ္စမှာ ဒေါ်စုဟာ အေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်လို့ ပြောခဲ့ပါတယ်…. အခု ဒေါ်စုပြောတဲ့ စကားဟာ တရားနည်းလမ်းကျတယ် ဒါပေမယ့် လူတွေ ဘာလို့ လက်မခံနိုင်ကြသလဲ…. သေခြာတာ အခုလက်ရှိမှာ ခံစားချက်ကို ရှေ့တန်းတင်နေကြတာပဲ….. စစ်တကောင်း ဘင်္ဂါလီတုန်းက ဒေါ်စုရဲ့ ဘက်နှစ်ဘက် စကားကို မှန်ကန်ပါတယ်၊ နားလည်ပေးရမယ်၊ တရားနည်းလမ်းကျပါတယ်လို့ ထောက်ခံခဲ့တဲ့လူတွေဟာ အခုဒီစကားကိုကော ဘာလို့ မထောက်ခံနိုင်တာလဲ….. စဉ်းစားစရာတွေ ထွက်လာတာပါပဲ…

    ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ဘုန်းကြီးတွေ ရှေ့တန်းတင်ပီး ဖြစ်လိုက်တိုင်း ဘုန်းကြီးတွေ တန်းစီခံရတာကိုလည်း ကျွန်တော် အရင်ကတည်းက ခဏခဏရေးဖူးပါတယ်…. ရှေ့တန်းတင်တဲ့၊ ဘုန်းကြီးကိုလုပ်တဲ့ လူတွေလည်း ငရဲပဲ လားမှာ ဖြစ်သလို ခုတုံးလုပ်တဲ့လူတွေလည်းတော့ ငရဲပါပဲ…. ဒါပေမယ့် တမင် မလုပ်လုပ်အောင် လုပ်နေတယ် ဆိုရင်ကော ဘယ်လိုစဉ်းစားကြမလဲ…… နောက်တစ်ခုက စစ်တပ်က အာဏာသိမ်းသွားမယ်နော်နဲ့ စစ်တကောင်း ဘင်္ဂါလီကိစ္စတုန်းက ဟန့်ခဲ့သူတွေ ဒီကိစ္စမှာ ဘယ်ရောက်သွားလဲ မေးစရာတွေ ရှိပါတယ်…..

    ဒီကိစ္စမှာ အစိုးရဘက် ထုံးစံအတိုင်း ရွှေဖော့ရိုးနဲ့ ရှင်းခိုင်းတာကို ဝါးရင်းတုတ်နဲ့ ရှင်းထုတ်လိုက်လို့ ရွှေဖျဉ်းညီနောင် အနိစ္စရောက်တဲ့ ကိန်းမျိုးပါပဲ…… နဂိုက လက်နက်ကျွမ်းကျင် အခံမရှိ၊ ကိုယ်သုံးတဲ့ဟာ ဘယ်လောက် တာသွားမှန်း အနှိုင်းအဆမသိ မလုပ်သင့်တဲ့အချိန်မှာ လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်လာတာပါပဲ…… ဒီလိုပဲ ဆန္ဒပြသူတွေဖက်မှာကော သွေးထိုးသူတွေ မရှိနေဘူးလားဆိုတာ ကျွန်တော် အပေါ်ကပြောတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်….. ဒီကိစ္စမှာ ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်မက ပစ်သွားတာပါ…..

    အစိုးရလည်း သိက္ခာချလိုက်သလို ဒေါ်စုကိုလည်း အကျပ်အတည်းနဲ့ ပြဿနာ မတက်တက်အောင် ထိုးပေးလိုက်တာပါပဲ…… မြန်မာနိုင်ငံရေး မအေးလေ၊ ဆူပူနေလေ ဘယ်သူတွေ လုပ်စားရ လွယ်လေ၊ ဘယ်သူတွေ ခိုးဝင်ရလွယ်လေ ဆိုတာလည်း မျက်စိရှင်ရှင် ထားကြည့်စေချင်ပါတယ်…. ဒါတွေကို မြင်အောင်ကြည့်နိုင်ဖို့လိုတယ်….. ဒီအဆိုးထဲက အကောင်းအနေနဲ့ ဦးပိုင်ကို သေခြာကြပ်မတ်ဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်….

    ကျွန်တော်သိပါတယ် ဒီလိုကိစ္စတွေ ဖြစ်တိုင်းမှာ အစိုးရကို အားလုံး ဝိုင်းအပြစ်တင်သလို ကျွန်တော့ကို အပြစ်တင်စေချင်တယ်…. ကျွန်တော်ကလည်း ကျွန်တော့ညဉ်အတိုင်း ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းဘူး အခြေအနေကို စောင့်ကြည့်တယ်…. သူတို့ဖြစ်စေချင်သလို မဖြစ်ကြတော့ ဒီအတွက် လူခွာပီး တံဆိပ်ကပ်ကြတယ်…… အရင် NLD ကိစ္စတွေ ဖြစ်တယ်…. ထုံးစံအတိုင်း မဖြစ်သင့်ဘူးဆိုပီး ထောက်ပြတယ်…. ဒေါ်စုနဲ့ ပြဿနာဖြစ်ရခြင်းတေါနဲ့ ခွဲခြားပြတယ်…. အဲ့ဒိအချိန်တွေမှာတော့ တံဆိပ်တွေခွာ လူတွေပြန်လာကပ်ကြတယ်…… ဒီအတွက်တော့ သူတို့ဖြစ်စေချင်သလို ရေးစေချင်သလို မရေးတဲ့အပေါ် ဝေဖန်လာမှာကို ပြင်ထားပီးသားပါပဲ…..

    ကျွန်တောတို့ လူမျိုးက ကောက်ရိုးမီးလို အတောက်လွယ်တယ် အငြိမ်းလွယ်တယ်၊ အညှာသိသူတွေက ထစ်ခနဲရှိတိုင်း ကိုယ့်လူမျိုးတွေရဲ့ အသည်းညှာကို ဆွဲကိုင်လှုပ်နိုင်မယ့် ဟာတွေနဲ့ပဲ လုပ်သွားလေ့ ရှိတယ်…. အခုအချိန်မှာ အရေးကြီးတာက ခံစားချက်ကို ရှေ့တန်းတင်တာထက် Facts & Figures တွေများများစုပါ၊ နှိုင်းယှဉ်ကြည့်ပါ….. သတင်းကို စိတ်ခံစားချက်ထက် သတင်းလိုဖတ်ပီး သုံးသပ်ပါ…… ဒေါ်စုလို လူကြီးတွေ ဘယ်လိုစကားလုံးတွေ သုံးသွားသလဲ လေ့လာကြည့်ပါ.. အမှန်အမှား အဖြေသဲသဲကွဲကွဲ ထွက်လာပါလိမ့်မယ်…..

    (James Mint)

    C/D
    မဟာကြောင်၏ စာမျက်နှာမှ..

    စကားမစပ် မဟာကြောင်ဟာ ပိုစ့်ပိုင်ရှင် ကိုကိုကြောင်
    လုံးဝ(လုံးဝ) ဟုတ်ဟန်မတူပါ….

    ဒက်ဂလောက် ဒက်ဂလောက်…

    • Inz@ghi

      November 30, 2012 at 9:49 am

      အမှန်ပြောတာ အဲဒီမှာ မီးလောင်အောင် လုပ်လို့ ဘုန်းကြီးတွေ မီးလောင်တာကို အဲလောက် စိတ်မဆင်းရဲဘူး။ ဖေ့ဘွတ်က လူတွေ အဲလို အတွေးအခေါ်တွေ ဖြစ်နေတာကို စိတ်ဆင်းရဲတယ်။ ဘယ်နားကြည့်ကြည့် ဘယ် Comment ကြည့်ကြည့် စိတ်ဆင်းရဲစရာတွေ ချည်းပဲ။ ချဟေ နှက်ဟေ့ လုပ်နေကြတာ။ တကယ်ပြောတာ အရွံဆုံးက အဲလိုလူတွေပဲ။ အရင်ခေတ်တုန်းက မပြောပါဘူး မလုပ်နိုင်ဘူး သေနတ်နဲ့ အပစ်ခံရမှာ ဘာညာ။ အခုခေတ်မှာ ပြန်လုပ်စရာတွေ အများကြီး ကောင်းအောင် လုပ်နိုင်တဲ့ကိစ္စတွေ အများကြီး။ အမှန်အတိုင်းပြောရင် အဓိကက Online ကလူတွေ အများစုက တဖြည်းဖြည်းနဲ့ ကျောင်းတက်ရမှာ စိုးလို့ ငလျင်လှုပ်ပါစေ မိုးအကြီးအကျယ် ရွာပါစေ မုန်တိုင်း တိုက်ပါစေ ဆုတောင်းနေကြသလိုပဲ။ တကယ်ပါ စိတ်ဆင်းရဲတယ်၊ မြှောက်ပေးနေတဲ့သူတွေရော မြှောက်ပေးခံနေရတဲ့သူတွေရော။

      အခုထိ စိတ်ထဲမှာ ထင်နေတာကတော့ အစိုးရနဲ့ ပြည်သူပြေလည်ပြီး တိုင်းပြည်တိုးတက်လာရင် သူတို့စားပေါက်ပျောက်မှာကို စိုးရိမ်နေတဲ့ Project တွေလုပ်စားနေတဲ့ ပြည်ပနေ လူတစ်စုရယ်၊ အစိုးရ နဲ့ ပြည်သူပြေလည်ပြီး စည်းကမ်းတကျ လုပ်လာတာနဲ့ ခိုးထားဝှက်ထားတာတွေ ပေါ်မယ်။ လူကြားထဲ အရှက်ကွဲမယ်။ ပိုက်ဆံတွေ ဆုံးရှုံးမယ်လို့ စိုးရိမ်နေတဲ့သူတွေ၊ အဲဒီ အုပ်စု နှစ်စု ပေါင်းမိနေပုံရတယ်။ ဒါပေမယ့် အစိုးရနဲ့ အတိုက်အခံက အခုအချိန်ထိ သိပ်ပြီး ပေါင်းလို့မရသေးဘူး၊ အစိုးရကလဲ အတိုက်အခံ ပြောသမျှ သဘောတူလို့ မရတဲ့ကိစ္စတွေရှိတယ်။ အတိုက်အခံကလဲ အစိုးရပြောတာကို မှန်တယ်လို့ ထင်တောင်မှ မယုံရဲတာရယ်၊ လမ်းကြောင်းပြောင်းသွားပြီ လို့ အပြောခံရမှာ ကြောက်ရတာရယ် တနည်းအားဖြင့် နိုင်ငံရေးအရ သေမှာစိုးတာပေါ့။ အဲဒီတော့ ဒီဘက်က အဖွဲ့ က ပေါင်းဖို့ကို တကျီကျီ ညှိနေရတုန်းရှိသေးတယ်၊ အပြင်က အဖွဲ့နဲ့ အတွင်းက သူခိုးများကတော့ စကားသိပ်ပြောစရာ လိုမယ်မထင်ဘူး အဓိက ပိုက်ဆံနဲ့ ညှိလိုက်ရင် ပြီိးသွားတာပဲလို့ထင်တယ်။

      ဘာလို့ အဲဒီလိုမြင်တာလဲ ဆိုတော့ အစိုးရနဲ့ ပြည်တွင်းကအတိုက်အခံ တွေက အင်တာနက်တို့ Social Networking တို့နဲ့ နည်းနည်းတော့ အလှမ်းဝေးတယ်။ ဒါပေမယ့် ပြည်ပရောက် စားပေါက်ပျောက်မှာ စိုးသူများနဲ့ ခိုးသားများကတော့ အဲဒါမျိုးတွေ မှာ အစောကြီးကတည်းက အားသန်တာ အမှန်ပဲ။ အဲဒါကြောင့်မို့ ဒီလိုမျိုးတွေ ဖြစ်တဲ့ အချိန်မှာ ဘာမှ ရေရေရာရာ အကြောင်းပြချက် မပြောဘဲ ခံစားရတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး အလကားသက်သက် Online ကနေ သွေးလိုက်ဆွနေတဲ့ သူတွေက များသောအားဖြင့် ခုနက ပြောခဲ့တဲ့ စားပေါက်ပျောက်သူများနဲ့ ဦိးပိုင်အဖွဲ့က ဖြစ်ဖို့များတယ်။ အင်တာနက်ပေါ်က လူတွေက လဲ များသေားအားဖြင့် Peer Pressure ကို မခံနိုင်တဲ့သူတွေများတယ် ဆိုတော့ ဆွတဲ့အဖွဲ့အတွက် အင်တာနက်ပေါ်မှာ ထောက်ခံသူတွေ များများရဖို့ သိပ်မခက်လှဘူး။

      နောက်တစ်ချက်က အခုလိုဖြစ်လိုက်တဲ့ ကိစ္စမှာ တကယ်တမ်း နစ်နာတဲ့သူကို ပြန်စဉ်းစားရင် ကောင်းအောင် ပြန်လုပ်ချင်နေတဲ့ အစိုးရရယ် အစိုးရနဲ့ တွဲပြီိး ငြိမ်းငြိမ်းချမ်းချမ်း လုပ်မယ် ဆိုတဲ့ အတိုက်အခံရယ်၊ ပြည်သူရယ် ပဲ။ အကျိုးရှိတဲ့သူတွေ ကို ပြန်ကြည့်ရင်တော့ ခုနက ဦးပိုင် လိုဟာမျိုးရယ် မြန်မာနိုင်ငံမှာ ပြသနာတက်တာနဲ့ အလှူခံမယ် လူတွေရယ်ပဲ။ အမှတ်တမဲ့ကြည့်ရင် ဦးပိုင်က ပြသနာ တက်တာပေါ့ လို့ထင်ရတယ်၊ ဒါပေမယ့် သွေးအေးအေးနဲ့ အကျိုးနဲ့အကြောင်းနဲ့ ဆန္ဒပြနေရင် တရားဥပဒေထဲကနေပဲ ကြိုးစားနေမယ် ဆိုရင် ရေရှည်မှာ အများကြီိးပိုနစ်နာနိုင်တယ်။ တကယ်တမ်းဆို ရိုးရိုးလေး ဒီစာချုပ်မှာ ဘာတွေပါသလဲ ဆိုတာကနေ စပြီး ရှင်းပြပါလို့ ဆိုရင် ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ဘူး။ အချိန်ဆွဲကောင်းဆွဲနိုင်တယ် ဒါပေမယ့် ငြင်းလို့မရဘူး။ အဲဒီကနေပြီး မတရားတဲ့ စာချုပ်ကို ဘာလို့ ချုပ်ရတာလဲ ပိုက်ဆံတွေ ဘယ်မှာလဲ ဆိုရင် ယူထားတဲ့သူတွေကို တရားစွဲလိုရပြီ။ တပြိုင်တည်းမှာပဲ အန်တီစုတို့ဘက်က တရားဥပဒေ စိုးမိုးရေးဘက်ကနေပြီး တရားရုံးတွေမှာ တရားမျှတအောင် လုပ်နေတယ် အာရုံစိုက်နေတဲ့ အခါကျတော့ အချိန်ကြာရင်ကြာမယ် ဒါပေမယ့် အခုလိုဖြစ်သွားတာထက် အများကြီး ပြည်သူတွေအတွက် ကြိမ်းသေပေါက် အကျိုးသက်ရောက်မှု ရှိမှာပဲ။ မကောင်းတဲ့သူတွေ လျော့သွားမယ်။ ဦးပိုင်အတွက်ကတော့ အဲဒီလို စိတ်အေးလက်အေးဇွဲရှိရှိနဲ့ တရားရုံးကနေ တရားစွဲခံရမ့် ကိစ္စဟာ အိမ်မက်ဆိုးပဲ။ လက်နက်ကိုင်ပြီိးတိုက်တာက သူပုန်ပဲဖြစ်မှာပါ။ တရားရုံးမှာ တိုက်တာကမှ တကယ့် အကျိုးသက်ရောက်မှုရှိမှာပါ။

      အဲဒီမှာ ကြားထဲက နစ်နာသွားတဲ့သူတွေကတော့ သံဃာတော်တွေပါပဲ။ အခု အဲဒီကြေးနီတောင်ဟာ မြစ်ဆုံနဲ့ လုံးလုံးမတူသလို အခုသံဃာတော်တွေကလဲ ရွှေဝါရောင်နဲ့ တူမှာ မဟုတ်ပါဘူး။ အရင်ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေ ကိုယ့်သဘောနဲ့ ကိုယ်ထွက်လာခဲ့တာပါ။ လူတွေဒုက္ခရောက်လွန်းလို့၊ အခုကိစ္စမှာတော့ ဘုန်းကြီးတွေကို အရှင်ဘုရားတို့ ကယ်တင်လို့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီနဲ့ နီးစပ်လာတာပါ။ အခုလဲ အရှင်ဘုရားတို့ လုပ်ကြပါဦးလို့ လာပြောတဲ့သူတွေ ရှိပါလိမ့်မယ်။ နောက်ပြီိး ဘုန်းကြီးတွေကိုပဲ သပိတ်စခန်းမှာ ထားခဲ့ပြီး အနစ်နာဆုံး ဖြစ်အောင် လုပ်တဲ့သူတွေ ရှိပါလိမ့်မယ်။ အသေးစိတ်ဘယ်လိုလုပ်ရမယ် ဆိုတာကတော့ စဉ်းစားကြည့်ရင် သွေးဆူနေတဲ့ ဘုန်းကြီးတွေ မြှောက်ပေးရတာ လွယ်တယ်ဆိုတာ သိသာပါတယ်။ တကယ်တမ်းတော့ သိမ်ဆိုတာက အကြောင်းပြတာပါ။ နောက်ပြီး အဲဒီသိမ်နဲ့ ပါတ်သက်ပြီး မထိဘူးလို့လဲ ပြောထားမျိုးတွေ့ရပါသေးတယ်။ အမှန်အတိုင်းပြောရင် ဘုန်းကြီးတွေကလဲ အညာခံရတဲ့ သံဃာတော်တွေ ပါသလို သွေးဆူပြီး သံဃာအလုပ်ထက် ပိုပြီိး နာမည်ကြီးချင်တာ၊ ကိုယ့်ရဲ့ အလုပ်မဟုတ်တာကို ဝင်ပါတာတွေကြောင့် ခံရတဲ့ ဘုန်းကြီိးတွေလဲ ပါပါတယ်။ ခင်ဗျားလဲ ဗမာ ဗုဒ္ဓဘာသာ ကျုပ်လဲ ဗမာ ဗုဒ္ဓဘာသာ အချင်းချင်းမို့ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေ အားလုံးဟာ အလွန်တရာမှ ဝိနည်းနဲ့ ညီညွတ်ပြီး သင်္ကန်းဝတ်နေရက်နဲ့ ပါရာဇိက ကျနေတဲ့ ဘုန်းကြီးတွေ မရှိပါဘူး လို့တော့ အတင်း မျက်စိစုံမှိတ်ငြင်းနေစရာ မလိုဘူးထင်တာပဲ။

      အဲဒီတော့ ခြုံကြည့်ရင် ဘုန်းကြီိးတွေကို အဲဒီနေရာရောက်အောင်ပို့ အချိန်ကိုက်ပြီး ဘုန်းကြီိးတွေကို တဖက်ကဆွ နောက်တဖက်ကို ရွေးစရာလမ်းမရှိအောင် လုပ်။ပြသနာဖြစ်လာတာနဲ့ တပြိုင်နက် ဝိုင်းဝန်းပြီိး ရေးကြ ပြောကြ ဘာသာရေး အကြောင်းပြပြီိး ပြောကြ စစ်အစိုးရ ဘာညာ ဆိုပြီး လုပ်ကြ။ ရခိုင်ပြသနာ မွတ်စလင်ပြသနာကိုပါ ဆွဲထည့်လိုက်သေး။ ဒါပေမယ့် သူတို့ မလုပ်နိုင်တာ တစ်ခုရှိတယ် အဲဒါက တကယ်တမ်း လက်တွေ့မြင်နေရတဲ့ သူတွေပဲ။ အခုအန်တီစုအဲဒီကို သွားတာနဲ့ တချို့ကတော့ အတင်းကြီးကို ဒရန်မာတွေဘာတွေ လုပ်တာပေါ့ဗျာ ဒါပေမယ့် လူတွေ တော်တော်များများက ပျော်ပျော်ရွှင်ရွှင် ကြိုနေကြတာပဲ။ ဖေ့ဘွတ်ပေါ်မှာ ပြောနေကြတာကတော့ ကမ္ဘာပျက်သလား အောက်မေ့ရတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူတွေက ဘယ်လိုလုပ်ရမယ်သာ မသိတာ ဘယ်သူမှ အတင်းအကြပ်တွေ မလုပ်ချင်ဘူး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တယ် မတရားလုပ်တာ မကြိုက်ဘူး ဆိုတဲ့သူတွေပဲ များပါတယ်။ အန်တီစုကို ဟိုဘက်ဒီဘက် ပြောရမလွယ်အောင် ထပ်လုပ် အခုလိုပြောတော့ ထပ်ပြီး ပြသနာရှာ အဲဒါက ဖေ့ဘွတ်ပေါ်မှာပဲ အလုပ်ဖြစ်မှာပါ လက်တွေ့မှာတော့ လူတွေက အန်တီစု စကားနားထောင်ပြီိး အေးအေးချမ်းချမ်း ပြီးသွားမယ် လို့ မျှော်လင့်ပါတယ်။

      နောက်ဆုံးပြောချင်တာကတော့ ကိုယ့်လိုပဲ ဖေ့ဘွတ်ပေါ်ကနေဖတ်ပြီးစိတ်ဆင်းရဲနေတဲ့သူများ ရှိရင် အဲလောက်ကြီးတော့ စိတ်မဆင်းရဲပါနဲ့ တကယ့် လက်တွေ့မှာ အေးအေးချမ်းချမ်း ပြီးသွားမယ်လို့ မျှော်လင့်ကြောင်း ပြောချင်ပါတယ်။

      (Htet Aung)

      ref : https://www.facebook.com/htet.aung.332/posts/4441865857724

      • Wow

        November 30, 2012 at 12:35 pm

        အမှန်ပြောတာ အဲဒီမှာ မီးလောင်အောင် လုပ်လို့ ဘုန်းကြီးတွေ မီးလောင်တာကို အဲလောက် စိတ်မဆင်းရဲဘူး။ ဖေ့ဘွတ်က လူတွေ အဲလို အတွေးအခေါ်တွေ ဖြစ်နေတာကို စိတ်ဆင်းရဲတယ်။ ဘယ်နားကြည့်ကြည့် ဘယ် Comment ကြည့်ကြည့် စိတ်ဆင်းရဲစရာတွေ ချည်းပဲ။ ချဟေ နှက်ဟေ့ လုပ်နေကြတာ။ တကယ်ပြောတာ အရွံဆုံးက အဲလိုလူတွေပဲ။ အရင်ခေတ်တုန်းက မပြောပါဘူး မလုပ်နိုင်ဘူး သေနတ်နဲ့ အပစ်ခံရမှာ ဘာညာ။ အခုခေတ်မှာ ပြန်လုပ်စရာတွေ အများကြီး ကောင်းအောင် လုပ်နိုင်တဲ့ကိစ္စတွေ အများကြီး။ အမှန်အတိုင်းပြောရင် အဓိကက Online ကလူတွေ အများစုက တဖြည်းဖြည်းနဲ့ ကျောင်းတက်ရမှာ စိုးလို့ ငလျင်လှုပ်ပါစေ မိုးအကြီးအကျယ် ရွာပါစေ မုန်တိုင်း တိုက်ပါစေ ဆုတောင်းနေကြသလိုပဲ။ တကယ်ပါ စိတ်ဆင်းရဲတယ်၊ မြှောက်ပေးနေတဲ့သူတွေရော မြှောက်ပေးခံနေရတဲ့သူတွေရော။

        ……………………………………….
        မြှောက်ပေးတဲ့သူတွေကိုလဲ ယုတ်ညံ့လှချည်လားလို့စိတ်ကုန်တယ်…
        မြှောက်ပေးခံနေတဲ့သူတွေကိုလဲ ဒီလောက်ဉာဏ်နဲရကောင်းလားလို့စိတ်ကုန်တယ်…

        အမှန်ပဲမောင်ဂီ… မီးလောက်တာတွေထက် စိတ်ဆင်းရဲတာ အဲဒါ…
        ပြောချင်စိတ်တောင်ကုန်တယ်…. :byae:

        • Wow

          November 30, 2012 at 12:38 pm

          ထစ်ခနဲရှိဘုန်းကြီးတွေကို ခုတုံးလုပ်…
          ဘုန်းကြီးတွေကလဲ အလုပ်ခံ၊ အခုလိုညှိနိုင်းလုပ်လို့ရနေတဲ့အချိန်မှာ ဘုန်းကြီးတွေ ဘယ်လိုမှ နိုင်ငံရေးမှာ ဝင် မပါသင့်တော့ဘူး…. ခက်တယ် ခက်တယ် :chee:

        • kai

          November 30, 2012 at 2:06 pm

          ၁). people get the government they deserve
          ၂). စနစ်ကြောင့်မှုတ်ဖူး
          ၃). အနှစ် တထောင်ကျိန်စာ
          ၄). အနိစ္စ.. :kwi:

          ဟတ်… ဟတ်… ဟတ်…ချိုးးးးးးးးးးးးးးးးးး
          ဟာ..
          ရာသီဥတုအေးတယ်..
          နှာစီးနေပြီ…။
          ( Wowမမအား… ပြန်သောစာဖြစ်ပါကြောင်း… )

        • pooch

          November 30, 2012 at 3:15 pm

          ကျမလည်း သံဃာတော်များ နိုင်ငံရေးထဲ လုံးဝဝင်မပါသင့်တော့ဘူးလို့ ထင်ပါတယ်။

          ဆဲချင်လည်း ဆဲကြပါတော့ ။ မနေနိုင် မထိုင်နိုင် ဝင်ပြောမိပြီ။ 🙁

          ရှေးတုန်းကတော့ ရွာတွေမှာ ပြသာနာ တစုံတရာဖြစ်လာရင် ဘုန်းကြီးပြောရင်ပြီးကြ ဘုန်းကြီး ကြိမ်လုံးကြောက်ကြတဲ့ ခေတ်ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီ ခေတ်က ကုန်သွားပါပြီ။ ဒါက ကိုယ့်ချင်းကိုယ့်ချင်း ကိုယ့်ဘာသာဝင်တွေသာ လုပ်လို့ရမှာလေ။

          နိုင်ငံတကာနဲ့ ယှဉ်လာတဲ့ အခါ ဘာသာခြား အယူခြားတွေနဲ့ ဆက်ဆံလာရတဲ့ အခါ ဘောင်ဝင်အောင်ပဲ လုပ်မှရတော့မှာ ။ ဘုန်းကြီးကြိမ်လုံးလည်း ကြောက်မှာမဟုတ်တော့ဘူး။

          ခုခေတ်က လက်သီးလက်မောင်းတန်းရတော့မယ်ခေတ်မဟုတ်တော့ဘူး ဦးနှောက်သုံးပြီး win-win ဖြစ်အောင် သိသူတတ်သူတွေက ရှေ့ထွက်ဆောင်ရွက်ရတော့မဲ့ ခေတ်ရောက်လာပြီလေ။

          အပြစ်မဲ့ တဲ့ ဘုရားသားတော် သံဃာတော်များကို အသုံးချနေတဲ့ သူတွေလည်း အမြန်ဆုံး ရပ်သင့်နေပါပြီ။
          သံဃာတော်များလည်း အသုံးချခံဖြစ်နေတဲ့ အခြေနေတွေကို မြင်တတ်ကြပါစေလို့ ။ 🙁

        • Inz@ghi

          November 30, 2012 at 3:17 pm

          ဟုတ်တယ် ..၂၀၁၅မှာ သဂျီး ပါတီထောင်ပြီး ဝင်ပြိုင်ပါ
          သဂျီးကို မဲပေးမယ်….

          :harr:

          ပုံ
          ဇိမ်ဖုံးဂျီး အူးပဇင်းဂီ

        • Inz@ghi

          November 30, 2012 at 3:18 pm

          အားမှ သဂျီး သမ္မတဖြစ်သောအခါ ဆိုပီး
          ပိုစ့် တပုဒ်လောက်ရေး ကလိချင်သား ..ဟိဟိ

          :kwi:

        • kai

          November 30, 2012 at 4:27 pm

          ပြဿနာဖြေရှင်းနည်းရှိပါတယ်..
          ကျိန်စာလည်း လွတ်သွားမယ့်လမ်းပါ…။
          Win-Win နဲ့ပါ..
          အခွန်ကောက်ခံတဲ့စနစ်.. တိတိကျကျလေးလုပ်ယုံသာဖြစ်ပါကြောင်း..

          ဘုန်းတော်ကြီးများကို.. ငွေ(လုံးဝ) လုံးဝပေးမကိုင်ရမှာဖြစ်ကြောင်း..
          သာသနာရေးထဲ.. ငွေကြေးလှူတန်းနေတဲ့သူတွေကို.. အခွန်ကောက်ခံရမှာဖြစ်ကြောင်း…

          အစိုးရမှ..သိစေသတည်း.. သိစေသတည်း…။

    • surmi

      November 30, 2012 at 9:53 am

      ကျုပ် အစကတည်းက အပေါ်မှာ ပြောခဲ ့ပါသေးတယ်လေ
      ဂဲ လာတဲ ့လမ်းကြောင်းကိုကြည် ့ပါ လို ့
      နောက်ထပ်အကြောင်းတွေ လာပါလိမ် ့ဦးမယ်

    • ဦးကြောင်ကြီး

      November 30, 2012 at 11:28 am

      ဟိတ်ယောင်မောင်ဂီ လောကဂျီးမှာ ကြောင်ခြင်းတူတောင် ငါ့ချီးတုံးက ပိုကြီးတယ်ကွ….. 👿

  • Thu Wai

    November 30, 2012 at 10:55 am

    အဲဒီကြေးနီစီမံကိန်းရဲ့ အကျိုးအမြတ်က ဘာရမှာလဲ တစ်လကိုဘယ်လောက်ဝင်မှာ လဲဘာမှလဲ မရှင်းပြဘဲ စွတ်လုပ်နေတော့ ဝိုင်းဆဲကြတာတောင်နည်းသေး

  • Foreign Resident

    November 30, 2012 at 12:09 pm

    အဘ အပေါ်မှာ မေးခဲ့တယ်လေ ။

    ” အမေစု စဉ်းစားရတော့မယ် ။
    ဦးသိန်းစိန် ကို ကယ်မလား ။ မကယ်ဘူးလား ”

    အခု ပြောသွားပုံက အမေစု က ဦးသိန်းစိန် ကို ၊
    အပြစ်ထိုးချမယ့်ပုံ မရှိပါဘူး ။

    အမှန်တော့ ဒီလိုအချိန်မှာ အမေစုသာ Popular ဖြစ်ချင်ရင် ၊
    တကယ့် အခွင့်ကောင်းပေါ့ ၊ ရောဆဲလိုက်ယုံပဲလေ ။
    ဒါပေသည့် အမေစု က ပညာတတ်လေ ၊ သူ အခြေအနေကို သိတာပေါ့ ။
    ရှေ့လျောက် ၊ တိုင်းပြည်အတွက် ဦးသိန်းစိန် ကို မရှိမဖြစ် လိုတယ်လေ ။

    ရွာသူားတို့ကော ၊ ဦးသိန်းစိန် ကို ပြုတ်စေချင်တယ် ဆိုရင် ၊
    နောက် တစ် ယောက် ဘယ်သူ့ကိုကြိုက်လဲ ၊ ကြို ရွေးထားကြနော် ။

    ၁ ။ ဦးအောင်သောင်း ။
    ၂ ။ ဦးအောင်သိန်းလင်း ။
    ၃ ။ သီဟသူရ ဦးတင်အောင်မြင့်ဦး ။
    ၄ ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် / စစ်အုပ်ချုပ်ရေး ။

    PS : အစိုးရ ဒီတစ်ခါ နှိမ်နင်းပုံ နဲနဲ ကြမ်းတယ် / လွဲတယ် လို့ ၊
    အဘ လဲ ယူဆ ပါတယ် ။

    • Mr. MarGa

      November 30, 2012 at 1:56 pm

      အင်းးးးးးးးး အဲဒီလေးယောက်က ပိုဆိုးလိမ့်မယ် အဘရေ

    • ရွှေ ကြည်

      November 30, 2012 at 5:53 pm

      ဟင့်အင်း အဘဖောရေ တပါတီလုံးတဖွဲ့လုံးဘယ်သူကိုမှမကြိုက်တာ..။

    • နီပေပါ

      November 30, 2012 at 8:13 pm

      အဘဖောကို ၂၀၁၅ မှာ သမ္မတကြီးလုပ်စေချင်ပါတယ်..။
      ပြည်သူတွေအတွက် အဘဖောလို
      ဥစ္စာဓနလည်း ပြည့်စုံပီးသူ
      အတွေးအခေါ် အမြော်အမြင်ကောင်းသူ
      နိူင်ငံချစ်စိတ်ကြီးသူ
      အို …. အရည်အချင်းတွေက ပြည့်စုံပီးသမို့
      မြော်နေပါတယ်

      We Love Our President Faw ..

Leave a Reply