ဝိုင်းဆဲဂျပါခင်ဗျား Kai

လက်ပံတောင်းကြေးနီတောင် သပိတ်စခန်းတွေ အင်္ဂါနေ့က အင်အားသုံး ရိုက်နှက်အဖြိုခွင်းခံရ၊ သပိတ်အဖွဲ့ဝင်များစွာ အဖမ်းခံရတယ်။ ရာနဲချီပြီးတော့လည်း ထွက်ပြေးနေရပါတယ်။ ဂဇက်ရွာသွားတို့အနေနဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးမရနဲ့ သူ့လက်ပါးစေ လူရမ်းကားတွေ၊ ခရိုနီတွေ၊ တရုတ်ပြည်မနဲ့ တနည်းနည်း ပတ်သက်နေတဲ့ ကုမ္မဏီတွေကို ဆန့်ကျင် ကန့်ကွက်ကြပါ။ လက်တွေ့အကျဆုံး ဆဲနိုင်တာ တရုတ်ကူမြူနစ် လက်ဝေခံ စီးပွားရေးသမား ဂဇက်သဂျီးဦးခိုင် ရှိပါတယ်။ ပိုးစိုးပက်ဆက် ဝိုင်းဆဲဂျပါ၊ မိုက်တော့မရိုင်းပါနဲ့ ဆင်ဆာအဖျက်ခံရမှာစိုးပါတယ်။

တလက်စထဲ ပြောချင်တာ လွှတ်တော် တယားအုပဒေ ဆိုးမိုးရေးကော်မတီ ငှက်ကထ ဘွားဒေါ်ဂျီးမှာလည်း တာဝန်ရှိတယ်။ ကြာသာပတေးနေ့ကျရင် သပိတ်စခန်းကို သွားတွေ့မယ်ဆိုလို့ အင်္ဂါနေ့မှာ လုံထိန်းတပ်နဲ့ ဖြိုခွင်းပစ်လိုက်တာပါ။ ဘွားဒေါ် လေသနတ်ပစ်တာ ရပ်သင့်ပြီ။ ဒီလိုအကြမ်းဖက်လာမယ်ဆိုတာ နိုင်ငံရေးအမြင်ရှိသူတိုင်း ကြိုတွက်မိပြီးသား ဖြစ်ပါတယ်။ ဘွားဒေါ်အနေနဲ့ မသိပါ ပြောလို့မရဘူး။ သိပေမဲ့ မတားနိုင်ဆိုရင် လွှတ်တော်ကထွက်လိုက်ပါ။ သုံးစားမရတဲ့ လွှတ်တော်ခုံနေရာ ဟုတ်နိုးနိုးနဲ့ ဖက်တွယ်မထားပါနဲ့တော့။ လူထုခေါင်းဆောင်နေရာ ပြန်ယူပါ။ ကိုယ့်တပ်ကိုယ် မဖျက်ပါနဲ့လို့ တောင်းဆိုပါတယ်။

ဦးရွှေမန်းအတွက် အကွက်ကောင်း ဖြစ်ပါတယ်။ ဦးသိန်းစိန် လူလည်ပန်ကာ လုပ်နေတာကြာပြီ။ ဒေါ်စုနဲ့ဖြစ်ဖြစ်၊ သူမလုပ်ရဲရင် ၈၈မျိုးဆက်အဖွဲ့နဲ့ ပူပေါင်းပြီး လက်တွေ့ကျကျ သပိတ်တပ်ကို အကူအညီပေးပါ။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ ရန်သူမရှိလို့ သပိတ်တပ်ဟာ ရန်သူမဟုတ် ပြည်သူ၊ ၈၈အဖွဲ့သည် မဟာမိတ်..။ အောင်ပွဲဆိုတာ အနိုင်ယူရဲသူများအတွက်သာ ဖြစ်ပါတယ်….။ မီးတုတ် မီးတုတ် ရှို့ရှို့…

93 comments

  • Wow

    November 30, 2012 at 2:34 pm

    အင်း ဒဂျီးပြောဇယာတော့ဖစ်ပြီ :buu:

  • အရီးခင်လတ်

    November 30, 2012 at 4:35 pm

    {{{
    kai says: အဆိုပါ လက်ပံတောင်းတောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
    }}}

    ဒီအရေးမှာ ဆန္ဒပြသူတွေ ကို မှန်တယ် မပြောလိုပေမဲ့ ဒီ Project က နဂိုထဲ က Win-Win မဟုတ်ပါ။
    ပြည်သူတွေ အတွက် ဘာအကျိုးအမြတ် ရမယ် လို့ ပြောနိုင်မလဲ။
    ဒီလို ဆုံးရှုံးတာ က ပြည်သူတွေ အတွက် ဘာမှ ထိခိုက်မှု မရှိပါ။
    ဘာလို့လဲ ဆိုတော့ ဘယ်က ဘယ်လို တွေ ဝင်ငွေရရ တိုင်းပြည် အတွက် သုံးတာမဟုတ်ဘဲ တာဝန်ရှိသူများ မှ အိတ်ထဲ ကို ပြောင်ပြောင် ဘဲ ထည့်နေတာ မငြင်းနိုင်ပါ။

    ဒီလို ဝင်ငွေတွေ ရှိနေတဲ့တိုင်းပြည်မှာ လူအများစု သောက်သောက်လဲ ဆင်းရဲ မွဲတေ နေတာ၊ စိတ်ဓာတ်ရေးရာ နိမ့်ကျနေတာတွေ ဟာ ပြည်သူလူထုကို စေတနာ နဲ့ ပံ့ပိုးပေးမဲ့ အစိုးရမရှိ၍ ဖြစ်ပါသည်။
    အဲဒီလို ရတဲ့ ပိုက်ဆံ တွေ ကိုသာ တကယ်ဘဲ တိုင်းပြည် အတွက် လုပ် ပေးခဲ့ရင် ဘယ်သူမှ ဒီလို ပြသနာ လုပ်မှာ မဟုတ်တာ သေချာပါသည်။
    တိုင်းပြည်ဘဏ္ဍာ ကို ကိုယ့်ဘဏ္ဍာ လွယ်လွယ်လုပ်လို့ ရနေတာမို့ နေရာ အသီးသီး မှာဘဲ ကုတ်ကပ် နေနေ ကြသည် မှာလဲ အဆန်းမဟုတ်ပါ။
    အဲဒီ လို အချောင် စားနေကြတဲ့ သူတွေ အဆင့်ဆင့် ပိတ်နေတဲ့ စနစ်ပျက် / စနစ်ဆိုးကြီး ကို ဘယ်သူ က ကိုယ့်စားခွက် အပျက်ခံပြီး သူရဲကောင်း ထလုပ်မှာ မဟုတ်ပါ။
    အရင် ကတော့ အပြောင်းအလဲ လေးတစ်ခု မှာ လက်ရှိ အစိုးရအဖွဲ့ဝင် တွေထဲ ကများ တိုင်းပြည်အတွက် စိတ်စေတနာ ရှိသူတွေ ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းပြီး တကယ်ဘဲ ပြောင်းလဲ သွားအောင်လုပ်ပေးနိုင်တယ် လို့ မျှော်လင့်ချက် ကြီးခဲ့ပါသည်။
    လက်တွေ့မှာကား ကိုယ် နေရာမပျက်ဖို့သာ အားသန်နေသူတွေ ဖြစ်နေရော့သလား တွေးမိလိုက်ပါသည်။

    ရှင်းရှင်းပြောရရင် အခုလက်ရှိ အစိုးရအဖွဲ့ဝင်များ ထဲ မှ အလွန်နာမည်ပျက်ရှိသူများ လက်ထဲ အာဏာရှိနေသ၍ ဘာမှမပြောင်းလဲ ဘဲ ဒီအတိုင်း ထူးမခြားနားပတ်ပျိုး တီး နေဆဲ ဖြစ်ကြောင်း လုံးဝ သေချာနေပါပြီ။
    သူတို့ ကလဲ ကြိုးတစ်စထုတ်လိုက်ရင် အားလုံး ပေါ်မှာစိုး ပြီး ထွက်မည် မဟုတ်ပါ။
    ရှိပြီး စည်းစိမ် အာဏာ ကို အသက်ဖြင့်ပင် လဲ၍ ကာကွယ် သွားမည်မှာ အသေအချာပင်ဖြစ်၏။
    သူတို့ ဟာသူတို့ ထွက်မည် မဟုတ်။
    ဘယ်သူက ထုတ်နိုင်မည်နည်း။
    ၂၀၁၅ မှာရော နည်းမှန် လမ်းမှန် သုံးမည် ထင်ပါသလား။
    လုံးဝ မထင်ပါ။
    ဒီအစိုးရ ဟာဖြင့် ထင်တာထက်ပိုပြီး လောဘကြီး ကာ အာဏာယစ်ပြီး မထင်ရလောက်အောင် ကို မာယာ များ နေလို့ရတာ အကြောင်း ရှိပါသည်။

    အဲဒါဟာ
    လူမညီ လို့ပါ။
    လုပ်ပိုင်ခွင့် အာဏာ နဲ့ သန်း ကနေ တစ်ကျပ်တစ်ပြား ရရ အချောင်ရသလောက် ကို ယူပြီး တနပ်စာ ကြည့်နေသူတွေ များနေတာပါ။
    အဲဒီ တိုင်းပြည်အတွက် မကြည့် တဲ့ လူအများစု ထဲ မှာ
    လက်ရှိအာဏာရသမားတွေရော၊
    သူတို့ ကို ဆန့်ကျင်သူတွေပါ လုံးနေတာမို့
    တိုင်းပြည် အတွက် ကြည့်သူ အနဲ စု ကနေ သူတို့ ကို လွှမ်းဖို့ လွယ်ပါ့မလား။

    စနစ် ဆိုတာကိုပြင်ဖို့ အင်မတန်လွယ်ပါတယ်။
    ပြင်ဖို့မလွယ်တာက လူတွေ ရဲ့ ကိုယ်ကျိုးအတွက်သာကြည့် ပြီး အများအတွက် မကြည့်တဲ့ တစ်ကိုယ်ကောင်းစိတ်၊ ကိုယ်ချင်း မစာနာတတ်တဲ့ စိတ်၊ ငါဆိုတဲ့ မာန စွဲ နဲ့ အာဃာတ တွေ ပါဘဲ။

    ကျွန်မတို့ မြန်မာပြည်မှာ
    အများစု က ငတ်နေလို့ အဲဒီ စိတ်တွေ ဖြစ်တယ်။
    အနဲစု က အရမ်းကြွယ်ဝ နေလို့ အဲဒီစိတ်တွေ ဖြစ်တယ်။
    အဲဒါတွေ ကို ဘယ်လိုပြင်မလဲ။

    စနစ်ကောင်း တစ်ခု ရဖို့ အတွက် အဲဒီစိတ်ရှိသူတွေ ထိတ်တက် ပိတ်နေသမျှ ပြင်လို့ ရမယ် ထင်ပါသလား????????????
    စနစ်ကောင်း တစ်ခု ရဖို့ အတွက် အဲဒီစိတ်ရှိသူတွေ ထိတ်တက် ပိတ်နေသမျှ ပြင်လို့ ရမယ် ထင်ပါသလား????????????
    စနစ်ကောင်း တစ်ခု ရဖို့ အတွက် အဲဒီစိတ်ရှိသူတွေ ထိတ်တက် ပိတ်နေသမျှ ပြင်လို့ ရမယ် ထင်ပါသလား???????????? 🙄

    နောက်တစ်ခု
    Wow နဲ့ Pooch ကို ထပ်ဆင့် ထောက်ခံရရင်
    စစ်တပ်ကလဲ စစ်တပ် အလုပ်ဘဲ လုပ် စေချင်သလို ရဟန်း သံဃာ တွေ ကိုလဲ ဝိနည်း နဲ့ အညီဘဲ နေစေချင်ပါတယ်။
    မဟုတ်ရင် အဲဒီကနေ စိတ်ဓာတ်ပျက်ပြားမှု တွေ နဲ့ ပါဝါပြမှုတွေ မြင်ရလွန်းလို့ပါ။

    နောက်ဆုံးမတော့
    ဦးသိန်းစိန် ခေါင်းဆောင်ပြီး အားလုံး ထွက်ဖို့သင့်တယ်။
    စစ်တပ် က နေရာတွေ ဖယ်ပေးဖို့သင့်တယ်။
    ဒါပေမဲ့ သူတို့ ကရော စည်းစိမ်တွေ ထိလာမှာ စိုးတာနဲ့ လွယ်လွယ်ထွက်မှာမို့လား။
    ဘယ်ထွက်မလဲ။

    အဲဒီ နေရာကို တစ်ခြားသူတွေ ရလဲ တိုင်းပြည် နဲ့ ဆင်းရဲသားလူထု အပေါ် တကယ်စေတနာရှိမှာလား။
    အမျိုးချစ်သူတွေ ချည်း ဆိုရင်တော့ တိုင်းပြည်က ဒုံရင်း ဒုံရင်းဘဲ ဖြစ်နေဦးမှာပါ။

    • ရွှေ ကြည်

      November 30, 2012 at 5:47 pm

      အရီးရေမျှော်လိုက်ရတာ အရီးရယ် အခုတော့ကျေနပ်သွားပြီ 😆
      အရီးကိုချစ်တဲ့
      ရွှေကြည်

      • အရီးခင်လတ်

        November 30, 2012 at 5:58 pm

        ရွှေကြည် လေးရော
        အားလုံး အဆင်ပြေလား။ အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်။
        ချစ်တဲ့
        အရီး

        • ရွှေ ကြည်

          November 30, 2012 at 9:33 pm

          အရီးရေ အရီးတို့မေတ္တာတွေကြောင့်အဆင်ပြေပါတယ် ပျော်တော့မပျော်ဘူးရယ်။

  • မိုးတိမ်

    November 30, 2012 at 5:23 pm

    ကျွန်တော်ပြောချင်တာတော်တော်များများကို အင်ဇာဂီပြောသွားပြီးပါဘီ။ဖွဘွတ်က ကော်မန့်တွေ၊ဓါတ်ပုံတွေကလဲ စိတ်ညစ်စရာပါ။ဆဲသံဆိုသံတွေကလဲ သောသောကိုညံနေပေါ့။ထပ်ဆဲသံလဲမကြားချင်တော့ပါဘူးလေ…အစိုးရကိုင်တွယ်တာကြမ်းတယ်လို့တော့ထင်မိပါရဲ ့။ထို့အတူ ဆန္ဒပြသူတွေဘက်ကလဲ နည်းလမ်းမမှန်ဘူးမြင်မိပါတယ်။ဒါဏ်ရာရ ဓါတ်ပုံတွေကြည့်ရတာတော့ဖြင့်မီးလောင်ဗုံးမဟုတ်တာတော့သေချာပါတယ်။တကယ့် မီးလောင်ဗုံးဆို ဆေးရုံတောင်မရောက်တာ အာမခံရဲပါတယ်ဗျာ။napalm bomb ကအဲလိုမဟုတ်ဘူးဗျ။ပြာတောင်ရှာရခက်သွားပါလိမ့်မယ်။chemical bomb ဆိုရင်တောင် အပျော့စားမို့ အဲလောက်ခံသာနေတာပါ။ကျွန်တော်မြင်တာလဲ မီးလောင်ဒါဏ်ရာ အဆင့်(၂)ထက်မပိုပါဘူးဗျာ။လူ့ကိုယ်မှာ ၆၀%မီးလောင်ရင်သေသလားလို့(ကျွန်တော်ကဆရာဝန်မဟုတ်ပါ)။သင်ခဲ့ရတာကကြာနေတော့သိပ်မမှတ်မိတော့ဘူး။ကျွန်တော့မျက်စိရှေ့မှာတင်မီးလောင်သေတဲ့လူ(၂)ယောက်ရှိပါတယ်ခင်ဗျ။တစ်ယောက်ကတော့ ၁ ရက်ကျော်ကျော်အသက်ရှင်ခဲ့ပါတယ်။ဒါတောင် အလွန်ပြည့်စုံသောဆေးရုံကြီးမှာ အလွန်တော်သောအထူးကုကြီးများကုကြတာပါ။ထားပါတော့။ပြောချင်တာက အစိုးရကလဲမိမိပြည်သူတွေကို မရက်စက်သင့်သလို ပြည်သူတွေကလဲ အစိုးရကိုဘေးကျပ်နံကျပ်ဖြစ်အောင်တော့ တောင်းဆိုခွင့်ရှိတိုင်းမတောင်းဆိုအပ်ပါဘူး။ဒီတော့ နှစ်ဘက်စလုံးမှားတယ်လို့ပဲပြောပြီး ဘယ်သူ့မှမဆဲပါရစေနဲ့တော့ဗျာ…မြန်မာပြည်ကြီးအေးချမ်းပါစေ…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2012 at 5:59 pm

    အဲ့လိုတော့ ချော်လဲရောထိုင်မလုပ်ကြနဲ့လေကွာ
    ခင်ဗျားတို့စစ်အစိုးရကို ကြိုက်သလိုအမွှမ်းတင်ခြင်တင်လိုက်
    ပြည်သူတွေကိုတော့ မှားတယ်လို့စွတ်မပြောပါနဲ့ကွ
    ခင်ဗျားတို့ပြောပုံအရဆို
    မတရားမှု့ကိုဆန္ဒပြတဲ့သူတွေက လီးလိုလိုမှိုလိုလိုဖြစ်မသွားဘူးလား
    အကောင်းဖက်ကဘဲတွေးတယ်ဟေ့
    ဒီလိုမတရားမှု့တွေကို ဒီလိုဆန္ဒပြမှ ခုမအောင်မြင်ရင်တောင်
    နောင်ဖြစ်နိုင်ဘို့ခက်ခဲသွားမှပေါ့
    ခုကိစ္စမှာတောင် ခင်ဗျားတို့ပြောသလို အိညက်အိညက်လုပ်နေရင်
    ရမှာမို့လား
    ခုတော့ အားလုံးသိတာထက် ပိုသိသွားပြီပေါ့ ဟုတ်ဘူးလား
    ဒါအမြတ်ဘဲ
    ပြောထားကြပေါ့ကွာ
    မင်းတို့အမေလင်ခြံမြေတွေ ဘုရားကျောင်းကန်ဆောက်ဘို့ မြေနေရာထဲပါတဲ့အခါကြမှ
    လျှော်ကြေးအထိုက်အလျှောက်ယူပြီး သာဓုခေါ်ဂဘေဒေါ့ :mrgreen:

    • Wow

      November 30, 2012 at 6:07 pm

      သာဓုပါတော် သာဓုပါ :mrgreen:

    • အရီးခင်လတ်

      November 30, 2012 at 6:11 pm

      {{ ဒီလိုမတရားမှု့တွေကို ဒီလိုဆန္ဒပြမှ ခုမအောင်မြင်ရင်တောင် နောင်ဖြစ်နိုင်ဘို့ခက်ခဲသွားမှပေါ့}}
      မထင်။
      ပိုတောင်ဆိုးလာတာ ဘပုရေ့။
      နည်းပရိယာယ် ပိုပြီးတောင် ကြွယ်ဝ လာတာပါ့။
      ဒီတော့ ဘာလုပ်မလဲ။ ကျွန်မ ကို မမေးနဲ့။
      မသိလို့ ဒီမှာ လာပြီး လေသေနတ် ပစ်နေတာ။ 😆

    • kai

      December 1, 2012 at 5:16 am

      ရန်ကုန်မှာ.. ဘုရင့်နောင်လမ်း.. ဘာလမ်း..ညာလမ်း..
      မန္တလေးမှာ.. ဘာလမ်းညာလမ်း..
      ရန်ကုန်မန္တလေးလမ်းမှာ.. ဘာလမ်းညာလမ်း.. အဝေးပြေးရှယ်ရှယ်လမ်း…
      မြန်မာပြည်အနှံ့.. ဘာဆည်…ညာဆည်… ဟိုဆည်.. .ဒီဆည်…
      အရင်စစ်အစိုးရ.. အဲဒါတွေလုပ်ခဲ့တာတွေမှာ.. သိမ်းခံထားရတဲ့မြေတွေကို.. လူထုက.. မတရားဘူး.. ထိုက်သင့်တဲ့လျှော်ကြေးပြန်တောင်း.. ဆန္ဒပြကြဖို့..
      သင့်ကြောင်း.. သင့်ကြောင်း.. သင့်ကြောင်း.. :kwi:

      ဆိုတော့..
      ကျုပ်လည်း.. သီပေါမင်းအမျိုးတွေပြန်စုဦးမယ်..
      မန္တလေးမြို့ကြိးကို.. ခပ်တည်တည်နဲ့.. အစိုးရကသိမ်း.. လူတွေတက်နေ..
      ..အဲဒါအတွက်.. လျှော်ကြေးငွေ.. ပြန်တောင်းဖို့…

      နောက်ပြီး.. တကယ်ပြောတာ.. မဟုတ်ဖူးလို့.. မဆိုလိုတာ.. မဟုတ်ပါခင်ဗျား.. :buu:

      • ဦးကြောင်ကြီး

        December 1, 2012 at 10:33 am

        ကျုပ်ခြံထဲမှာ ငါ့စကားနွားရ ပေါက်ကရ လာမပြောနဲ့… ၈၈ပြီးခါစ စစ်တပ်က ရန်ကုန်မြို့ပြင်က လယ်တွေသိမ်းပြီး ဒဂုံမြို့သစ်၊ ဝေဘာဂီ၊ လှိုင်သာယာမြို့သစ်တွေ ဆောက်ပေးခဲ့တယ်။ အခု အက်ဖ်အမ်အိုင်စီးတီးဆိုတာလည်း အယင်က လယ်ကွက်တွေပဲထင်တယ်။ အခြားမြို့ဂျီးတွေမှာလည်း လယ်တွေသိမ်းပြီး မြို့သစ်တွေ ဖန်တီးပေခဲ့တယ်။ အဲတုန်းက အသိမ်းခံရတဲ့ လယ်သမားတွေ မျက်ရည်စက်လက်နဲ့ပေါ့။ သို့သော် အခြေခံလူတန်းစား အကျိုးရှိတော့ ဘာသံထွက်လို့ရမလဲ။ ဒီလိုပဲ လမ်းချဲ့ဖို့ဆိုပြီး ကိုယ်ခြံ ဆယ်ပေ ဆဲ့ငါးပေ၊ အိမ်မျက်နှာစာတခုလုံး အခုတ်ခံခဲ့ရတာတွေ တနိုင်ငံလုံးမှာ ဖြစ်ခဲ့တယ်။
        အခုလက်ပန်းတောင်း ကိစ္စက ဘလိုင်းဂျီး လယ်သမားတွေခံရတာ။ လယ်သမားအတွက်ရော ဒေသခံပြည်သူအတွက်ရော အကျိုးမဲ့လို့ အခြေအနေ ရှုပ်ကုန်တာ။ သာမန် စစ်တပ်ဦးပိုင်နဲ့ တရုတ်ကြီး ပေါင်းစားရိုးစားစဉ်ဆို ဘာမှမဖြစ်ဘူး။ လက်ရှိလည်း ဦးပိုင်အောက်က ရာဂဏန်းနီးပါးရှိတဲ့ လုပ်ငန်တွေ ဒီလိုပဲ ရိုက်စားနေကြတာပဲ။ သဂျီးလစဉ် ထောက်ပံ့ဂျေးပေးနတဲ့ ဘဘဂျီးရုံးကိုယ်တိုင် မှားဂျောင်း စာထုတ်ဝန်ခံပြီးသွားပြီ။ စကားမရှည်နဲ့တော့…။

  • မိုးတိမ်

    December 1, 2012 at 12:23 am

    ကိုအောင်ပု…
    နှစ်ဘက်လုံးမှားတယ်ပဲကျုပ်ကအေးအေးပြောနေတာ။
    ဘာလဲကျုပ်ကပါဝင်ဆဲပေးမှခင်ဗျားကကျေနပ်မှာလားဗျ။
    ကျုပ်လဲသိပ်ဆဲချင်သပေါ့…သို့သော် ဟုတ်မဟုတ်က စဉ်းစားရပါဦးမယ်။
    http://www.oppositeyes.info/2012/11/blog-post_7014.html
    ဖတ်ကြည့်ပါ ကိုအောင်ပု…..ကျုပ်မဆဲသင့်ဘူးထင်လို့မဆဲဘူးဗျာ။
    စစတွေ့ချင်းတုန်းက ခင်ဗျားထက်သာအောင်တောင် ဖွဘွတ်မှာဆဲခဲ့သပေါ့။
    သေသေချာချာလိုက်ကြည့်တော့မှ အဘပြေတာတွေကော ကိုအင်ဇာကီပြောတာတွေကော အမှန်တွေပဲဗျ။အဲတော့ဘယ်သူ့မှမဆဲဘူးဗျာ…အလားကားရတဲ့ခင်ဗျားကိုပဲဆဲရမလားစဉ်းစားနေတယ်။
    စတာပါကိုအောင်ပုရေ…ကျုပ်ဘယ်သူ့မှမဆဲချင်တော့ပါဘူး…အဲဒါကိုစွန့်လွှတ်နှိုင်သလောက်စွန့်လွှတ်
    ထားပါတယ်။အဲဒါကိုမကြေနပ်ရင် စည်းကမ်းချက် ၉အရ(9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။)ချိုးဖောက်ခွင့်ကို သဂျီးထံမှာတင်မယ်ဗျာ။သဂျီးခွင့်ပြုရင် အားရပါးရကျုပ်ဆဲပြရမလားဗျ………..

    • Mလုလင်

      December 4, 2012 at 12:54 am

      ကိုရင် မိုးတိမ် … ဦးစိုးသိန်း တောင် ဝန်ခံ သွားပြီ။ ဘယ်သူ .. ဘယ်ဝါ တွေ ပြောတာ အမှန်ဗျ .. လို့ ပြောဖို့ စောလွန်းပါသေးတယ် …။ ကိုရင့် ကိုပြောချင်တာက ကိုယ်တိုင် တွေ့တဲ့သူပြောတာကို တောင် ချင့်ယုံ သင့်တယ် ဆိုတာ ပါ …. သူများပြောတိုင်း ယုံ ရင်တော့ ပလိုင်း နဲ့ လိုက်ကောက် ရမယ်ဗျို ့ ….။

      အဲ့ …………….. ဒါ ……………….. လေးးးးးးးးးးးးးးးးးးးးးး

  • သီဟသူရချာလတာအာပေတူး

    December 4, 2012 at 4:02 pm

    ………….အခုရပ် !!
    …………..အခုထွက် !!
    ……………….မလာရ !!
    ………………….မလုပ်ရ !
    …………………….အလိုမရှိ !!

    ပုံ/ ပြီတူ

Leave a Reply