အခါခါ

သ၀န်တိုမှု့ကို ခံရတဲ့အခါ
အပေါ်ယံ စိတ်ကောက်ပြပေမယ့် ကြည်နူးမိတာ အခါခါ

အပြစ်တင်မှု့ကို ခံရတဲ့အခါ
ရင်ထဲဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ

ဂရုစိုက်မှု့ကို ခံရတဲ့အခါ
ခံစားချက်ကိုထုတ်မပြတက်ပေမယ့် ပျော်ရွှင်မိတာ အခါခါ

ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ
နှလုံးသားထဲနာကျင်သွားပေမယ့် ပြုံးပြခဲ့တာ အခါခါ

အမှတ်မထင် ဆူကာပူကာ ပြောခံရတဲ့အခါ

စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ပိတ်ကာဘဲနေဖြစ်ခဲ့တာ အခါခါ

 

လှည့်စားတဲ့အပြော ကြားမိတဲ့အခါ

ဖုံးကွယ်မှု့အတွက်ပြောချင်ပေမယ့် အားနာမိတာ အခါခါ

အချစ်ဆိုတာ…..
လူတစ်ယောက်ရဲ့အတ္တတွေကို ဖုံးကွယ်စေတဲ့
ပညာရပ်တခုလားလို့ တွေးမိတာလည်း အခါခါ ပါပဲ။

 

 

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..