အခါခါ

ခင္ခNovember 29, 20121min13420

အခါခါ

သဝန်တိုမှု့ကို ခံရတဲ့အခါ
အပေါ်ယံ စိတ်ကောက်ပြပေမယ့် ကြည်နူးမိတာ အခါခါ

အပြစ်တင်မှု့ကို ခံရတဲ့အခါ
ရင်ထဲဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ

ဂရုစိုက်မှု့ကို ခံရတဲ့အခါ
ခံစားချက်ကိုထုတ်မပြတက်ပေမယ့် ပျော်ရွှင်မိတာ အခါခါ

ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ
နှလုံးသားထဲနာကျင်သွားပေမယ့် ပြုံးပြခဲ့တာ အခါခါ

အမှတ်မထင် ဆူကာပူကာ ပြောခံရတဲ့အခါ

စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ပိတ်ကာဘဲနေဖြစ်ခဲ့တာ အခါခါ

 

လှည့်စားတဲ့အပြော ကြားမိတဲ့အခါ

ဖုံးကွယ်မှု့အတွက်ပြောချင်ပေမယ့် အားနာမိတာ အခါခါ

အချစ်ဆိုတာ…..
လူတစ်ယောက်ရဲ့အတ္တတွေကို ဖုံးကွယ်စေတဲ့
ပညာရပ်တခုလားလို့ တွေးမိတာလည်း အခါခါ ပါပဲ။

 

 

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

20 comments

  • သခင် Mobile

    November 29, 2012 at 10:04 am

    အင်း
    ဖတ်တော့ဖတ်သွားတယ်ကွယ်။

  • ခင်ခ

    November 29, 2012 at 10:08 am

    ဖတ်ဖို့အတွက်တင်ဖြစ်တာကို ဦးဆုံးဖတ်တဲ့ သခင် Mobile ကို ကျေးဇူးလို့ဘဲပြောမယ်ကွယ်။

  • jullies cezer

    November 29, 2012 at 10:38 am

    ကိုခင်ခရယ် ပထမအပိုဒ်နဲ့ ဒုတိယအပိုဒ်က ညီမနဲ့တိုက်ဆိုင်လိုက်တာ
    ညီမကိုပြောနေသလားတောင်ခံစားရတယ်အခါခါပဲ ……….

    • မင်းနန္ဓာ

      November 29, 2012 at 3:45 pm

      တစိမ်းယောက်ျားလေးတွေနဲ့ မင်း ရယ်မော ပြောဆိုနေတာမြင်တိုင်း
      သဝန်တို ရန်လိုမိပေမယ့်..
      မင်း ရင်ထဲ ဝမ်းနည်းမသွားရအောင်
      နောက်ဆိုရင် အပြစ်မတင်ရက်တော့ပါဘူး
      ဂျူးလိယက်ရယ်..
      တိုတို ရိုမီယို.. :hee:

  • candle .

    November 29, 2012 at 11:59 am

    တိုက်ဆိုင်မှု များတဲ့ကဗျာလေးမို ့..
    ပြန်ဖတ်မိတာ …. အခါခါ…. 🙂

  • ကိုခ
    အဲဒါ ချစ်နေတုန်းမို့ ဒီလိုခံစားရတာဗျ။
    အင်း
    မချစ်တော့ဘူးဆိုရင်တော့ ဒါလေးက မီးပွားလေးတွေဖြစ်ကုန်တတ်တာလေ။

    • ရွှေ ကြည်

      November 30, 2012 at 10:35 pm

      လေးပေါက်ရေ မှန်လိုက်လေခြင်း သူငယ်ချင်းတချို့အဲလိုအခါခါတွေများပြီးပေါက်ကွဲကုန်တာ ကွဲကြပြတ်ကြပေါ့..။

      လေးခင်ခရေ ဖတ်ရှုခံစားသွားပါတယ်ဗျို့..။

  • aye.kk

    November 29, 2012 at 1:56 pm

    အခါခါမကတဲ့…
    အခါပေါင်းများစွာဖြင့်….
    ခံစားဖတ်ရှုအားပေးသွားပါတယ်….။။

  • Hnin Hnin

    November 29, 2012 at 2:10 pm

    အနုတ်သဘောမပါတဲ ့ကောင်းတဲ့ ‘ အခါခါ ‘ တွေပေါ့နော်….

  • ရွာသူ jujuma .

    November 29, 2012 at 3:14 pm

    စိတ်ကောက်မိပါတယ် အခါခါ ..
    ဥပေက္ခာပြုခဲ့မိပါတယ် အခါခါ ..
    အားမနာတမ်းပြောခဲ့မိပါတယ် အခါခါ …
    နောင်တရ ခဲ့မိတာလဲ အခါခါ …
    …….. အခါခါ ..
    …….. အခါခါ ..
    …….. အခါခါ …
    အခါခါ တွေ များလို့ အချစ်တွေလဲ ကွယ်ပျောက်လုဆဲဆဲ … :kwi:

    • ခင်ခ

      November 29, 2012 at 3:41 pm

      ရွာသူ jujuma ရေ
      ကွယ်ပျောက်လုဆဲဆဲ အချစ်တွေလဲ
      ပြန်တမ်းတမိတာ အခါခါ
      ရှာဖွေမိတာ အခါခါ——။
      လားလို့ တွေးနေမိပါရဲ့ အခါခါ–ပေါ့။

  • jullies cezer

    November 29, 2012 at 4:34 pm

    အော် ဘယ်တုန်းကများမြင်သွားပါလိမ့် မင်းနန္ဒာရယ် တို့မရွယ်ပါဘူးနော် :kwi:

  • မောင်ပေ

    November 29, 2012 at 6:28 pm

    လူတစ်ယောက် နဲ ့တစ်ယောက် ချစ်ခင်ပေါင်းသင်းကြပြီ ဆိုရင်
    တစ်ယောက်အမှားကို တစ်ယောက် အခါခါ နားလည်ခွင့်လွှတ်ပေးကြရမယ်ပေါ့နော်

  • Thu Wai

    November 30, 2012 at 11:23 am

    ကိုခင်ခ ကို အရင်က အသက် ၄ဝ ဝန်းကျင်လောက်ထင်ထားတာ
    အခုလို ပိုစ့်မျိုးကျတော့ လဲ ကျွန်တော်တို့ အရွယ် ၁ရ နှစ်နဲ့ ၆လ သား အရွယ်လို့ထင်သွားပြန်ရော

  • အလင်းဆက်

    November 30, 2012 at 10:03 pm

    အချစ်ဆိုတာ…..
    လူတစ်ယောက်ရဲ့အတ္တတွေကို ဖုံးကွယ်စေတဲ့
    ပညာရပ်တခုလား

    တစ်ခါ တစ်ခါမှာတော့ အချစ်ဟာ…
    လူတစ်ယောက်ကို.. ပိုပြီး.အတ္တကြီးသွားစေပါတယ် ။

  • ကိုခရေ
    သွားလေသူခင်မောင်တိုးကတော့
    နွေရက်များ အခါခါ ဆိုပြီး သီချင်းလေးညည်းသွားဘူးပါရဲ့

  • ခင်ခ

    December 1, 2012 at 9:49 am

    အခါခါ ဒီပိုစ့်လေးကိုဖွင့်ကြည့်မိတယ်။ ဘယ်သူတွေဘယ်လို ကွန်မန့်ပေးလည်းသိချင်လို့လေ။
    အဲလို အခါခါ ဖွင့်မိတိုင်း ကွန်မန့်ပေးကြတဲ့ ရွာသူားတွေကိုလည်း အခါခါ ပါဘဲ ခင်ခ က ကျေးဇူးတင် မိတယ်လေ။

  • အဲဒါကတော့
    အခါခါ ပြန်ဖတ်မိတော့
    အခါခါအတွေးတွေထပ်ပွားလာတော့
    အခါခါ မန်းမိတာပေါ ့
    ကိုခရေ
    အခုလဲ တတိယအကြိမ် အခါခါမ်ိပြန်ပြီ

  • ရွာသူ jujuma .

    December 1, 2012 at 11:57 am

    ဒီနေ့လဲ facebook ကို ဖွင့်ပြီး အခါခါ ကြည့်နေမိပါတယ် …
    အခါခါ ကြည့်နေပြီး ဦးခင်ခ ရဲ့ အခါခါ ပိုစ်လေးကိုသတိရလို့ အခါခါ ပြန်ဖတ်မိသွားပြန်ပါရော …
    တစ်ယောက်ယောက်ကိုလည်း အခါခါ သတိရနေမိပါရဲ့ .. :kwi:

Leave a Reply