ဂန့် = သေ

 

 

 

 

 

မန်းဂေဇက်မှ ရွာသူရွာသား အပေါင်းတို့ရေ …

ပြောရမှာ စိတ်တော့ မကောင်းလှပါဘူး။ ဒါပေမယ့်လို့လည်း မပြောလည်း မပြီးမယ့် အတူတူ ပြောရပါတော့မယ်။ ဒီလိုပါ ..

ခင်ဗျားတို့ သိတဲ့ “အံစာတုံး” ဆိုတဲ့ ကျွန်တော့်ရဲ့ အချစ်ဆုံး ဘော်ဒါတစ်ယောက် မနေ့ညက ယင်တိုက်မှုဖြစ်ပြီး ဂန့်သွားပါတယ်။ (ဂန့် = ကြွ = သေ) ။ ဂန့်တယ်လို့ သုံးရတာလည်း စိတ်တော့ မရှိပါနဲ့ဗျာ။ ကျွန်တော် သုံးတတ်သလို သုံးလိုက်ရတာမို့ပါ။

သူ မဂန့်ခင်မှာ ဒီမန်းဂေဇက် (https://myanmargazette.net/) က သူ့ရဲ့ Username နဲ့ Password ကို ကျွန်တော့်ကို ပြောသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ ဒီနေရာကို ရောက်လာရတာပါ။ အစ ပထမတော့ သူ့ဟန်ဆောင်ပြီး ဝင်ရေးဦးမလို့ပါပဲ။ ဒါပေမယ့် လိမ်ညာတာ မကောင်းပါဘူးလေ ဆိုပြီး ဒီအကြောင်းကို ပြောရတာပါ။ သူကလည်း ကျွန်တော့်ကို ဒီမန်းဂေဇက်ထဲမှာ သူ့ကိုယ်စား ဆက်လက်ပြီး နေပေးဖို့ မှာခဲ့ပါသေးတယ်။

ဒီ အံစာတုံး ဆိုတဲ့ ကောင်က ကြောင်တောင်တောင်ရယ်။ ပြီးတော့ ပြန်မပြော နားမထောင်။ မနေ့ညက ကျွန်တော် သူ့ကို တားခဲ့ပါသေးတယ်။ ဒါပေမယ့် နားမထောင်ဘူး။ သူထင်ရာ သူလုပ်သွားတာပဲ။ ဂန့်တာ နည်းတောင် နည်းသေးတယ်။ ဒီလိုပြောလိုက်လို့ တစ်မျိုးတော့ မထင်ပါနဲ့ဗျာ။ မချိမခံသာ ဖြစ်လွန်းလို့ပါ။ အခု ဒီစာကို ရေးနေရင်းနဲ့တောင် ကျွန်တော်လေ မျက်ရည်တွေ ကျနေရပါတယ်။

ထားပါတော့ဗျာ …။ အောက်မှာလည်း သူ ဂန့်သွားတဲ့ ပုံတွေကို ကျွန်တော့်ရဲ့ ဖုန်းကင်မရာ အစုတ်လေးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဒါဟာလည်း မန်ဂေဇက်က ရွာသူရွာသားတွေ ယုံကြည်နိုင်အောင်လို့ ထုတ်ပြရတာပါ။ စိတ်မကောင်းတော့ မဖြစ်ကြပါနဲ့ဗျာ။

ပြီးတော့လည်း သူ့ရဲ့ နောက်ဆုံးခရီးလေးမှာ ချောချောမွေ့မွေ့ အဆင်ပြေစေဖို့ သဒ္ဓါတရား နည်းများမဟူ နာရေးအကူငွေလေးများ ထည့်ဝင်လိုပါကလည်း ကျွန်တော် မောင်မောင်ချစ် ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ဆိုတဲ့ အကြောင်းလေး :mrgreen:  ပြောရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေဗျာ။

အံစာတုံး ကလောင်အမည်ခံထားတဲ့ ငါ့ရဲ့ အချစ်ဆုံး ဘော်ဒါလေးရေ .. ဒီပို့စ်လေးနဲ့ မင်းအတွက် အမျှဝေလိုက်ပါတယ် ..

အမျှ … အမျှ … အမျှ …

(ငါ့ကိုတော့ သရဲ လာမခြောက်နဲ့နော်။ ငါက လူသာ မကြောက်တတ်တာ။ သရဲဆိုတာ တအား ကြောက်တတ်တာ မင်းလည်း အသိပဲ။ အဟဲ …။)

သာဓု … သာဓု … သာဓု ….

 

+++++++++++++++++++++++

ဂန့်သွားပီ ….
ဟက်ကဲ့ … ယင်တိုက်မှုဖြစ်ပြီး ဂန့်သွားခဲ့တာပါ

 

ဂန့် … ၃

 

ငါ့ဒေါ့ .. လာမခြောက်နဲ့နော် .. ဂစ် .. ဂစ် ..

 

++++++++++++++++++

ပြီးပါပြီ …..။

27 comments

  • Mon Kit

    November 29, 2012 at 11:59 am

    ဘာများရဲရို့……….. 😆

  • candle .

    November 29, 2012 at 12:08 pm

    ရွာထဲသို ့ ဗျို ့.. ဟစ်..ပါသည်….
    သကြားပုလင်းအံစာတော့ သွားရှာပြီ..
    မိန် ့စာ အမြန်ပြန်ပေးကြပါအုံး..ဗျို ့….
    သရဲ ကြောက်တဲ့အထဲမှာ candle တို ့ကထိပ်ဆုံးက.. 🙂

  • Shwe Ei

    November 29, 2012 at 12:47 pm

    ဝမ်းသာလိုက်တာတော် :harr:

  • surmi

    November 29, 2012 at 12:57 pm

    သုံးရက်နေလျှင် ပြန်ပေါ်မည် ။
    ဤသည်းကား …….. ညကလာပေးသောအိမ်မက်ဖြစ်သည်
    ဥဏ် ရှိသလို သုံးပါလေ ………….

  • လုံမလေးမွန်မွန်

    November 29, 2012 at 1:08 pm

    ဂေါ်မစွံဘွနဲ့ တေတွားဒါဘာလား… စောစောတေဒါဘဲ ကောင်းဘာဒယ်… ရက်လည် ဘာကျွေးမှာလဲဟင်… :mrgreen:

  • ရွာသူ jujuma .

    November 29, 2012 at 1:16 pm

    ဂန့် သွားရှာပြီကိုး …

  • မောင်မောင်ချစ်

    November 29, 2012 at 1:31 pm

    အော် ..
    သိပ်လည်း ဝမ်းမသာကြဘာဘူး …
    ချစ်ဒါ .. ချစ်ဒါ ..
    ရက်လည် ဘာကျွေးမဲ မေးဒဲ့လူဂ ချိဒေး ..
    ဟိုလူကြီး အိပ်မက်ကိုလည်း
    အတိတ်စိမ်းလေး ဘာဘေး ကောက်ပေးဂျဘာအုံး ..
    ထိုးရအောင်လို့ … :mrgreen:

  • myanmarcitizen

    November 29, 2012 at 1:33 pm

    ဂန့် = ကြွ = သေ = ရှော (ရှောဘရားသားဖြစ်သွားတယ်လား) မုန့်ဟင်းခါးဘယ်တော့ကျွေးမှာလဲဗျို့ 🙂

  • kai

    November 29, 2012 at 5:02 pm

    အင်း..
    နည်းနည်းနောက်ကျသွားတယ်..
    သေသွားရင်.. သရဲကို.. ဂဏန်းတတွဲမေးမလို့ဗျာ..

    အခုတော့.. ပေါက်သူပေါ်သွားပြီတဲ့..
    ထီပေါက်ဆုငွေကမနည်းဘူး..
    သန်း ၆၀ဝရာနားကပ်နေတာ..

    တောက်စ်..
    Powerball officials: Record jackpot has been won
    CBS News ‎- 2 hours ago
    Winning tickets sold in 2 states for $587.5 million jackpot; Nearly 9 million players win smaller prizes.

    • မောင်မောင်ချစ်

      November 29, 2012 at 5:17 pm

      ငအံရေ ..
      မင်း တရဲဖြစ်ရင်လေ ..
      ငါ့ဆီကို မလာနဲ့ .. သိလား ..
      အပေါ်က လူကြီးဆီကို သွားကွ …
      ဟိုက ဂဏန်းတတွဲ မေးမလို့ဆိုပဲ ….

      ပေါက်လို့ အမျှဝေတာ မလုပ်ရင်တော့ ..
      ရှုပ်တယ် .. ဂုတ်ချိုးသာ သတ်ပစ်ကွာ … :mrgreen:

    • ဦးကြောင်ကြီး

      November 30, 2012 at 10:35 am

      အရီဇိုးနားပြည်နယ်နဲ့ မစ်ဇူရီပြည်နယ်တွေက ကံထူးရှင်နှစ်ယောက် ခွဲဝေယူမယ်လို့ သတင်းမှာ ဖတ်ရပါတယ်…။ အဲဒီသန်း ၆၀ဝနီးပါးသည် အနှစ်၂ဝ အလီလီ ခွဲပေးမည့် ပမာဏဖြစ်ပါတယ်။ တလုံးတခဲထဲယူလိုလျင် ခန့်မှန်းခြေ တဝက်သာရမည်ဖြစ်ပြီး အခွန်နှုတ်လိုက်လျင် နောက်ထပ်သုံးပုံတပုံ လျော့ကျသွားပါအုံးမယ်။ ဒီတော့ တယောက်ကို ဒေါ်လာသန်းတရာဆယ်ဂဏန်းစွန်းစွန်း ရမည့်သဘောဖြစ်ပါဂျောင်း……

  • ရွှေ ကြည်

    November 29, 2012 at 5:35 pm

    မြတ်စွာဘုရား ငါ့မောင်အံစာခြောက်မျက်နှာ ဂန့် သေ ရှော ပြီဆိုပါကလား…။
    မောင်အံစာကနေ ခေါ်ရခက်အောင် မောင်မောင်ချစ်တဲ့ ကောင်းရော..။
    ရွာသူအပျိုလေးငယ်လေးများ သတိသာထားပေတော့.. 😆

    • မောင်မောင်ချစ်

      November 29, 2012 at 5:51 pm

      အိုဘယ့် .. မရွှေကြည် ..
      ကျနော် ပြောတာ မယုံဘူး ထင်ပါ့ ..
      ကျနော်က ဟိုလိုသတင်းကို ဟာသလေးတွေ စွပ်ပြီး ရေးလိုက်ရတာပါ ..
      တကယ်တော့ .. တကယ်တော့ ..
      ကျနော့် သူငယ်ချင်းကြီး ငအံ ..
      အဟင့် .. ဟီး .. ရွှတ် .. ဖတ်
      (ငါ့ နှပ်ချေးဖတ် မောင်ပေ နဖူးပြောင်ပြောင်ကြီးမှာ ကပ်)

      ကျနော့်နာမည်ကိုလည်း ..
      သုံးလုံးထဲက ကြိုက်သလိုသာ ခေါ်ပါ ..
      ကိစ္စန မရှိပါဘူး …

    • မောင်မောင်ချစ်

      November 29, 2012 at 6:05 pm

      အဲဒီကောင်တွေက
      ရိုးရိုးတန်းတန်း မသေသင့်ဘူး ..
      ဇိမ်ပြေနပြေ ဓါးကလေးနဲ့ ထိုးသတ် ..
      မချိမဆံ့ ဝေဒနာတွေ ခံစားရပြီး သေမှ သင့်တယ် ..
      သေရင်လည်း .. ငရဲအိုး ဇောက်ထိုးကျမှာပဲ ..

    • ရွှေ ကြည်

      November 29, 2012 at 6:11 pm

      အရက်သမားရုပ်တွေ ကျက်သတုံးတွေ..။

  • Hnin Hnin

    November 29, 2012 at 7:09 pm

    တရားချမလို့လား လို့…ခုတော့ နှစ်ရက် ခွဲဖတ်စရာ မလိုတော့ဘူး..
    မုန့်ဟင်းခါးတော့ ညနေကမှ အဝစားလိုက်တာ..စားရအုံးမှာလား.. :mrgreen:
    ဟိုသရဲဘေးနားက ဂစ်နေတဲ့လူက မိုက်ကယ်ဂျက်ဆင်နဲ့တစ်ခုမကျန် တူလိုက်တာ….

  • aye.kk

    November 29, 2012 at 7:35 pm

    မောင်မောင်ချစ်ဆိုတဲ့
    အမည်နာမအသစ်လေးကိုအားပေးကြိုဆိုလိုက်ပါတယ်။
    အမည်နာမအဟောင်းကိုလည်း။တရားဂုဏ်တော်ခြောက်ပါးမှတ်သားထားသလို။ မှတ်ထားလိုက်ပါ့မယ်။။

  • အလင်းဆက်

    November 29, 2012 at 9:28 pm

    သေတာတောင်နည်းသေး.။
    ———————————
    နောက်တာနော် ။ အဟဲ.. အဟဲ ။

    တော်တော် ပြောင်တဲ ့လူကြီး …။ ။

    ====================

  • မောင်အံရေ မင်းအတွက်ရည်ရွယ်ထားတဲ့
    ကောင်မလေးတော့ အပျိုတစ်ခုလပ်တော့ဖြစ်သွားရှာပြီကွယ်။
    ဒါဆို ကြောင်ကြီးလက်ဘဲ ဝကွက်အပ်လိုက်ပါတော့မယ်

    မောင်မောင်ချစ်နဲ့အံဇာတုန်းသိပ်မကွာ မြန်မာရုပ်ရှင် နှစ်ကိုယ်ခွဲကားကြည့်ရသလိုဘဲ
    မျက်မှန်တပ်ထားတာနဲ့မတပ်တာဘဲကွာတယ်

  • MaMa

    November 30, 2012 at 7:55 am

    မောင်မောင်ချစ်နဲ့ ဂန့် နဲ့ တွဲပြီး မောင်မောင်ဂစ် လို့ ဖတ်မိသွားတယ်။
    ချောဒီးးးးးးးးး :harr:

  • nature

    November 30, 2012 at 8:34 am

    ဪ…။ မောင်အံစာရဲ့ အမွေခံသားကြီးပဲဆိုပါတော့…။ 😛
    အပေါ်ဆုံးပုံမှာ ဠင်းတတွေက သေနေတဲ့ (မောင်အံစာလားမသိ) သူကို မစားပဲ တွေဝေစဉ်းစာနေပုံရတယ်။

  • ကြည်ဆောင်း

    November 30, 2012 at 10:59 am

    မောင်မောင်ချစ် = မစ်မစ်ချောင် ဆိုတော့ ….
    နာမည်သုံးလုံးထဲက ကြိုက်တာခေါ်လို့ရတယ်ဆိုတော့ ….
    ချောင်ချောင်လို့ခေါ်ရင် ရ..မရ ????

  • Mr. MarGa

    November 30, 2012 at 1:28 pm

    အင်းးးးးးးးးး ထူးဆန်းသကွယ်
    မောင်အံဇာ လူ့ပြည်တုန်းက ဘာကောင်းမှုမှ မလုပ်ဘူးထင်ပါ့
    ဦးမာဃ နတ်ပြည်ကနေ ကြိုမလို့ စောင့်နေတာ
    ပါမလာဘူး
    အဲဒါနဲ့ ဗြဟ္မာပြည်ကို လှမ်း မေးတော့လဲ
    မပါဘူးတဲ့
    မောင်အံစာလေး ဘယ်ဘဝ ရောက်နေပါလိမ့်နော်

  • မောင်ပေ

    December 3, 2012 at 8:55 pm

    ဖဲထုပ်ဝယ်ပြီးပြီ
    နေကြာစေ့ ကွာစေ့ ထုပ်တွေလဲ အများကြီး ဝယ်ခဲ့ပြီ
    ဖက်ကြမ်းဆေးပေါ့လိပ်လဲ အများကြီး ဝယ်ခဲ့ပြီ

  • မိုးသောက်ချိန်

    December 3, 2012 at 9:11 pm

    အခုတော့ လျှော သွားပြီ
    အခုတော့ လျှော သွားပြီ
    ……. ဝဋ်ကျွတ်ပြီပေါ့လေ ……
    ငါတို့မှာတော့ ရွာထဲမှာ သူကြီးဗိုလ်ကျတာကို လက်ပိုက်ကြည့်ရင် းးးးးးးးးးး
    😆

Leave a Reply