လေဖြတ်နိုင်ဖွယ် အချက် (၁၀)ချက်

ခင္ခNovember 29, 20121min12412

လေဖြတ်နိုင်ဖွယ် အချက် (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၄။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေဖို့ မျှဝေရေးတာပါ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

12 comments

  • ရွာသူ jujuma .

    November 29, 2012 at 11:06 am

    ဟုတ်ကျေးဇူးပါ …
    ခုလိုသိရတော့ ကြို တင်ကာကွယ်နိုင်တာပေါ့ ဗျာ …

  • ခင်ခ

    November 29, 2012 at 11:28 am

    ကျွန်တော်ကလည်း ဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါ။
    မန်းမှာမနက်ပိုင်း တစ်ဖြေးဖြေးနဲ့အေးတဲ့ရာသီရောက်လာတော့မှာလေ မနက်စောစော အအေးထဲမှာ အလုပ်ကိစ္စနဲ့ ဆိုင်ကယ်စီးသွားကြတဲ့အခါ အခန့်မသင့်ရင် လေဖြန်းတာတို့၊ ညမိုးကြီးချူပ်မှ အအေးထဲ ဆိုင်ကယ်စီးပြန်ရတဲ့ သူတွေလည်း အဆင်မသင့်ရင် လေဖြတ်နိုင်တတ်တာတွေ တွေးမိလို့မျှဝေမိတာပါ။

  • candle .

    November 29, 2012 at 11:55 am

    အချက် တစ် ၊ နှစ် ၊ သုံး ၊ ငါး ..
    တွေက 95 % candle ခံစားရတာတွေပါ..
    မိသားစုနဲ ့ဝေးနေတုန်းမို ့လည်း တစ်ခုခုဖြစ်မှာအရမ်းကြောက်ပါတယ်..
    ဘယ်လိုကာကွယ်သင့်ပါသလဲ ကိုခင်ခ ရေ..
    အကြံလေးများရှိရင်လဲ မျှဝေပါဦးနော်..
    ကျေးဇူးအများကြီးတင်ပါတယ်..

  • ခင်ခ

    November 29, 2012 at 12:12 pm

    candle ရေ ငါးလေးအိုးကပ် လေမဖြတ်လို့ တိုင်းရင်းဆေးမှာဆိုးရိုးရှိသမို့ ဓာတ်စာအဖြစ် မကြာခဏစားပေးပါ။ အဲဒီအကြောင်းရေးထားတဲ့ လင့်လေးပြန်မျှဝေပေးပါ၏။
    http://myanmargazette.net/154369/health-fitness/food-drink
    ပြီးတော့ အပြင်ကပြန်လာလို့ ရေမချိုးမှီ ရေတစ်ခွက်သောက်သင့်တဲ့ ပိုစ့်လေးလည်းပြန်မျှဝေလိုက်ပါတယ်။
    http://myanmargazette.net/147828/health-fitness
    ဖတ်ရှု့-ကွန်မန့်အတွက်ကျေးဇူးနော်။

    • candle .

      November 29, 2012 at 12:44 pm

      ထပ်ဆင့် ကျေးဇူးပါ ကိုခင်ခ….

  • Hnin Hnin

    November 29, 2012 at 12:23 pm

    ဒီထဲက လက္ခဏာတွေတော့ မဖြစ်သေးဘူး…
    ဆီး၊ဝမ်းကိုလည်း သတိထားပြီး အမြဲစစ်ဆေးပါတယ်..
    ဒါပေမယ့်..လက်ချောင်းလေးတွေ အားစိုက်လုပ်မိတဲ့နေ့တွေဆို နာသလို၊ကိုက်သလိုဖြစ်ပြီး
    ပစ္စည်းသေးသေးလေးတွေဆို ကိုင်လိုက်ရင်(ဇွန်းလိုမျိုးပေါ့) မမြဲဘူး..ပြုတ်ပြုတ်ကျတတ်တယ်…

  • ခင်ခ

    November 29, 2012 at 12:49 pm

    မနှင်းနှင်း မနောက်နဲ့လေ။ တစ်ခါတလေ လက်ထဲကပြုတ်ကျတတ်ပါတယ် ခဏခဏဖြစ်တည်မှု့မျိုးဖြစ် လာတာရယ် အချက် ၁ဝ ချက်အတော်များများဖြစ်လာမှ သတိထားရမှာလေ တစ်ချက် နှစ်ချက် လောက်က တစ်ခါတလေ ဖြစ်လေ့ဖြစ်ထရှိတယ်လေ။ လက်ချောင်းလေးတွေ အားစိုက်လုပ်သူတိုင်း နာတတ်တယ်လေ နာတာနဲ့ထုံတာမတူဘူးနော် ထုံတယ်ဆိုတာ ဘာမှအလေးအပင် မလုပ်ဘဲဖြစ်တတ်တာကိုပြောတာ။ ဥပမာ အိပ်နေရင်း တစ်ရေးနိုးတော့ လက်ကျင်တာ ထုံနေတာမျိုးပါ။ အခု လက်ချောင်းလေးတွေ အားစိုက်လုပ်မိ တဲ့နေ့ နာတာက မနှင်းနှင်းလက်ကလေးတွေက နုလို့ဖြစ်မလားဘဲ။

  • ကျနော်ကတော့လေဖြတ်ပြီ းအ ိပ်ယာထဲလဲနေမှာကြောက်သဗျို့
    အဲတော့ ကိုခပေးတဲ့အချက်လေးတွေကို သတိပိုထားနေမယ်
    လောလောဆယ်တော့ မညိသေးဘူး

  • myanmarcitizen

    November 29, 2012 at 3:39 pm

    ကျွန်တော်လဲ ၁၊ ၂ ၊ ၃ ဖြစ်တယ်ဗျာ။ လေဖြတ်မှာတော့တော်တော်ကြောက်တယ်

  • kai

    November 29, 2012 at 4:52 pm

    အင်းဗျာ..
    အဲဒီအပေါ်ကဟာတွေ.. တော်တော်များများဖြစ်နေတယ်..
    ဆေးသွားစစ်ရဦးမယ်..
    ဒုက္ခ..

    • မောင်မောင်ချစ်

      November 29, 2012 at 6:03 pm

      ဘဂျီး ..
      အတိတ်မေ့ ရောဂါ အတွက်ပါ
      တစ်ခါတည်း ဆေးစစ်ခဲ့ …
      တော်ကြာနေ အတိတ်မေ့သွားမှ ..
      ခဲနဲ့ ဝိုင်းထုခံနေရဦးမယ် .. :mrgreen:

      ဦးခင်ခကြီး ..
      လေဖြတ်တာ ဘယ်အသက်အရွယ်မှာ
      အဖြစ်များတုံးဗျ ..
      ငယ်ငယ်ရွယ်ရွယ်နဲ့ရော ဖြတ်တတ်သလားဗျ ..

  • မောင်ပေ

    November 29, 2012 at 7:40 pm

    မှတ်သားစရာတွေချည်းပါပဲ
    “ငါးလေးအိုးကပ် လေမဖြတ်” ဆိုတာကို အခုမှ စကြားဖူးပါတယ်
    မှတ်သွားပါတယ်ဗျို ့
    ကျေးကျေးပါ

Leave a Reply