တန်ဆောင်တိုင်ည
လပြည့် ဝန်းကြီးသာတဲ့  ည
နက္ခတ် စုံတဲ့  ည
ဆေးပေါင်းခတဲ့  ည
မီးပုံးပျံ တွေလွှတ်တဲ့  ည
မီးပန်းတွေလည်း ဖြာတဲ့  ည
ပျော်စရာည
ကြည်နူး ဖွယ် ည
အဲဒီ ညရဲ့ အဆုံး
ငရဲ မီးစုန်းတွေကျဲချမှာ
ဓာတုဗုံးတွေ ကျဲချမှာ
ကျနော်တော့ မထင်ခဲ့ ဘူး
ခုတော့  သိလိုက်ပြီ
ဒီမိုကရေစီ
လူ့ အခွင့် ရေး
ဒီလိုလုပ်လို့ ရကြေးလား
ဒို့ သွေးတွေမြေမှာကျပြီး
ကြေးနီတောင်ကိုအရောင်ဆိုးလို့ 
ဒင်းးးးးး တို့ မို့ လုပ်ရက်တယ်
ကြွေသာကြွေမယ်
မြေမခဘူး
သတ်လို့ သေလည်း
အလံ မလှဲဘူး
မီးစုန်းပဲဖြစ်ဖြစ်
မီးကျီးခဲပဲဖြစ်ဖြစ်
ပစ်ချင်ရာနဲ့ ပစ်
သမိုင်းသစ်ရေးဖို့ 
တွေးကြောက်မနေဘူး
အာဏာရူးတွေပျော်တဲ့  ည
တရုတ်ကျေးဇူးဆပ်တဲ့  ည
မီးစုန်းဗုံးတွေ ကျတဲ့  ည ။ ။ ။

( ကြေးနီတောင်မှ ကြေကွဲဖွယ်ဖြစ်ရပ်များသို့  )

About မောင်ရိုး

surmi has written 112 post in this Website..