ငရဲမီးစုန်းမြူးတဲ ့ ည

ေမာင္ရိုးNovember 29, 20121min27929

တန်ဆောင်တိုင်ည
လပြည် ့ဝန်းကြီးသာတဲ ့ ည
နက္ခတ် စုံတဲ ့ ည
ဆေးပေါင်းခတဲ ့ ည
မီးပုံးပျံ တွေလွှတ်တဲ ့ ည
မီးပန်းတွေလည်း ဖြာတဲ ့ ည
ပျော်စရာည
ကြည်နူး ဖွယ် ည
အဲဒီ ညရဲ ့အဆုံး
ငရဲ မီးစုန်းတွေကျဲချမှာ
ဓာတုဗုံးတွေ ကျဲချမှာ
ကျနော်တော ့မထင်ခဲ ့ဘူး
ခုတော ့ သိလိုက်ပြီ
ဒီမိုကရေစီ
လူ ့အခွင် ့ရေး
ဒီလိုလုပ်လို ့ရကြေးလား
ဒို ့သွေးတွေမြေမှာကျပြီး
ကြေးနီတောင်ကိုအရောင်ဆိုးလို ့
ဒင် းးးးးး တို ့မို ့လုပ်ရက်တယ်
ကြွေသာကြွေမယ်
မြေမခဘူး
သတ်လို ့သေလည်း
အလံ မလှဲဘူး
မီးစုန်းပဲဖြစ်ဖြစ်
မီးကျီးခဲပဲဖြစ်ဖြစ်
ပစ်ချင်ရာနဲ ့ပစ်
သမိုင်းသစ်ရေးဖို ့
တွေးကြောက်မနေဘူး
အာဏာရူးတွေပျော်တဲ ့ ည
တရုတ်ကျေးဇူးဆပ်တဲ ့ ည
မီးစုန်းဗုံးတွေ ကျတဲ ့ ည ။ ။ ။

( ကြေးနီတောင်မှ ကြေကွဲဖွယ်ဖြစ်ရပ်များသို ့ )

29 comments

  • Mလုလင်

    November 29, 2012 at 11:43 am

    ကျေးဇူးဆပ်တဲ့ ည

    တဲ့လား .. ကိုဆာမိ ရေ ….. ခရီးရောက်မဆိုက် .. အမောဆို့ ရပါလား ..ဗျို …

    • surmi

      November 29, 2012 at 11:52 am

      ကိုလုလင်ရေ
      သတင်းတွေဖတ်ပြီး စိတ်မကောင်းလွန်းလို ့ဗျာ …….
      ဒီလောက်အထိမထင်ထားဘူး ။

  • Mon Kit

    November 29, 2012 at 12:02 pm

    ကိုဆာမိရယ်…
    ဝမ်းနည်းပီး ရင်း ဝမ်းနည်းကြေကွဲရပါတယ်…
    ကဗျာလေးကလည်း ရင်ထဲထိသွားမိလို့ပါ… 🙁

  • Inz@ghi

    November 29, 2012 at 12:05 pm

    ရှဲပါရဇီ အစ်ကိုရေ..
    ထပ်တူထပ်မျှပါပဲဗျာ..

    • surmi

      November 29, 2012 at 12:10 pm

      မောင်ဂီရေ
      သင် ့သလိုသာ ကြည် ့လုပ်ပါတော ့ ဟေ ့ …..

  • Novy

    November 29, 2012 at 12:09 pm

    သတင်းဓာတ်ပုံတွေစာတွေကြည့်ပြီး
    ဒေါသတွေ အရမ်းထွက်နေပါတယ်
    လုပ်ရက်လိုက်ကျတာ
    မင်းသားခေါင်းဆောင်ထားကျတဲ့သူတွေ
    အလှဲကျရင်မနွဲ့ကျပါနဲ့

  • တိမ်မည်း

    November 29, 2012 at 12:30 pm

    ဒီလို ဖြေရှင်းတာ ဖြစ်သင့်တယ်လို ့ နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးသွားတယ်လို ့ ပြောရင် ယုံမလားဗျာ……………………………

  • ခင်ခ

    November 29, 2012 at 1:08 pm

    အဲဒီကိစ္စ စတင်တည်လာကထဲက တစ်နေ့တော့ဖြစ်လာမှာပါ တစ်နေ့တော့ဖြစ်လာမှာပါ ဆိုပြီးတွေးထင်ထားမိတယ်။ ဒါပေမယ့် ဒီလောက်ထိတော့ လုပ်မယ်မတွေးမိဘူးလေ။
    တုတ်နဲ့ရိုက် လူစုခွဲ ညကျဆွဲ အဆင့်လောက်ပေါ့ ဒီလိုတွေးထားတာ။
    မနေ့ညက ဖေ့ဘုတ်ထိုင်ကြည့်တော့မှ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံလွှတ်ပွဲ၊ ပြင်ဦးလွင်အံထူးကံသာ မီးပုန်းပျံလွှတ်ပွဲအပြင် နောက်တစ်နေရာပါ ဒီနှစ်ကျင်းပတာပါလားလို့ ထင်ရလောက်အောင်ပါဘဲဗျာ။
    ကိုဆာမိရေ ဒီတွင်အပြီးမသတ်သေးဘူး ညကျရင် ကျားတွေ ခြင်္သေ့တွေက ဂုတ်လာဆွဲကြတဲ့သတင်းတွေ ကြားရအုံးမှာလေ။

  • kyeemite

    November 29, 2012 at 1:39 pm

    :chee: :chee: :chee: :chee: :chee: :chee: :chee: :chee: :chee: :chee: :chee: :chee: :chee:

    • surmi

      November 29, 2012 at 1:55 pm

      ဦးမိုက်ရေ
      အခြေအနေက ရှုပ်ထွေးသွားပြီ
      မလိုအပ်ပဲ ဖြိုခဲတဲ ့နည်းလမ်းပြင်းသလားလို ့

  • myanmarcitizen

    November 29, 2012 at 1:59 pm

    ကောင်းလိုက်တဲ့အရေးအသားလေးဗျာ။ ကောင်းတယ်ဗျာ။ ကူးယူခွင့်ပြုပါခင်ည

    • surmi

      November 29, 2012 at 2:12 pm

      သဘောရှိ ပါဗျာ …….။
      ဘာရယ်မဟုတ်ဖူး မနက်က စိတ်ထဲ မကောင်းလို ့ပါ
      အကျိုးအပြစ်ကိုတော ့ ဦးကြောင် ပို ့စ်မှာ ဆွေးနွေးနေကြပါတယ်

  • aye.kk

    November 29, 2012 at 2:26 pm

    လူလူအချင်း
    အလျှင်းမစာနာတယ်
    အသူရကယ်ဆင်းမယ့်လူများ။။

  • Thu Wai

    November 29, 2012 at 2:32 pm

    ဟမ်းမရေး သူဒို့ဒွေနော် ကုလားကိုကျတော့ ဒါးဒု လက်နက်မပြောနဲ့ သက်ရက်သီး သေးနတ်နဲ့တောင်…မပစ်ရဲဘူး …ညဖက်နော်… ညကလဲမှောင် ကုလားကလဲမှောင်ဆိုဒေါ့..
    ပစ်ချင်းပစ် သူးဒို့ဘဲ အပစ်ခံရမှာ …… သူး ဒို့ ရဲ့ တပ်ကြပ်ဂျီး ကိုတောင်နော် ကုလားတို့ဒွေ…ဘမ်း ခေါ်တယ်နော် ….ဘာမှမလုပ်ရဲဘူး ……
    ဘုန်းကြီးဒွေနော် …….ခဏ…ခဏ…နှိမ်နင်းခံရတယ်……မေတ္တာဒွေပဲသွားပို့နေဒါကိုး
    သူး တို့ နဲ့ တန်မှ မတန်တာ …… နားလဲ …မလည်ဘူးနော်….အဲဒီတော့ ……
    ကုလား…….တို့လိုပဲ သူးတို့ကို ပြတ်ပြတ်သားသား ဆော်စမ်းဘာ …….
    သူးတို့ နော် ဘာမှပြန်မလုပ်ရဲဘူးနော် …….အန်ဂျီအိုတို့ ဘာတို့ညာတို့နော် …ကြားထဲကသာ နဲနဲဝင်ဖွခိုင်းလိုက်နော်

  • uncle gyi

    November 29, 2012 at 3:59 pm

    ကိုဆာမိရေတကယ်ကိုစိတ်မကောင်းစရာပါ
    ကျွန်တော်တို့လည်းတနေ့ဒီအခြေစိုက်မယ်တွက်ထားပါတယ်
    ဒီလိုမျိုးတော့မဟုတ်ဖူပေါ့ဗျာ

  • koyinmaung

    November 29, 2012 at 4:32 pm

    ကိုဆာမိရေ ဒီသတင်းကို voa bbc eleven တွေမှာဖတ်ပြီးစိတ်မကောင်းဖြစ်နေတာ
    တကယ်ပါ ..စစ်အစိုးရလုပ်ခဲ့တဲ့လုပ်ရပ်တွေကပြည်သူတွေအတွက်တော့
    တကယ့်ပြဿနာတွေပါဘဲ …
    ပြည်သူတွေအသက်အန္တရယ်ကင်းကြစေလို့ဘဲဆုတောင်းနေမိပါရဲ့……

  • jullies cezer

    November 29, 2012 at 4:58 pm

    ဒီနိုဝင်ဘာလဟာ ကတ်ဆိုက်တဲ့လလို့တောင်ထင်မှတ်မိပါတယ် စိတ်မကောင်းလိုက်တာ
    တပြည်လုံးလဲ ဘယ်နေရာကောင်းတာကျန်သေးလဲ ကောင်းတာတွေလဲ တရုတ်တွေကို
    ရောင်းလို့ကုန်ပါပြီလေ ………

  • မောင်မောင်ချစ်

    November 29, 2012 at 5:48 pm

    ငရဲမီးစုန်းမြူးတဲ့ ည ..
    ကော် .. ကော်ပြီး ဆဲပစ်ချင်တဲ့ ည …
    ဒါ .. ဒီမိုကရေစီ လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ည .. တဲ့လား ????

  • မောင်ပေ

    November 29, 2012 at 5:51 pm

    တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်ဗျာ
    ဒီမိုကရေစီ ဆိုတာ ဘာလဲ အတိအကျ နားမလည်သေးတဲ့ လူတွေကို ဒီမိုကရေစီ ဆိုတာ တရုတ်နိုင်ငံ ကို ဖင်ခံရေး လား လို ့တောင် အတိအကျ မှတ်ယူစရာပါပဲ

  • ရွှေ ကြည်

    November 29, 2012 at 6:07 pm

    တော်လိုက်တဲ့ကိုရင်ဆာမိ တကယ်တော်တယ်..။
    အရင်အစိုးရကိုသာတရားစွဲပြီး အကုန်သတ်ပြစ်ချင်တယ် အဲဒီအထဲမှာဦးပြောင်ကြီးလည်းပါခဲ့ဖူးတယ် ။
    တိုင်းပြည်ကတိုးတက်မှာမဟုတ်တော့ဘူး အရှုပ်တွေပဲရှင်းနေကြတော့ လုပ်ခဲ့သမျှရှင်းတာတခုမှမရှိဘူး..။

  • သခင် Mobile

    November 29, 2012 at 6:23 pm

    ကဗျာလေးကလဲ စကားလုံးအသုံးအနှုန်းကအစ
    ကောင်းမွန်လှတယ်ဗျို့။
    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ပတ်သတ်လို့တော့ အထက်က ကိုပေပြောတာလေးကို
    သဘောကျတယ်ဗျို့။

  • aye.kk

    November 29, 2012 at 6:52 pm

    လူထုရဲ ့ဆန္ဒဘာကြောင့်ဆိုတာကိုအလေးအနက်ထားသိမြင်တတ်ရင်
    ခုလိုလုပ်ရပ်မျိုးဖြင့်မဖြေရှင်းသင့်ပါ။လူသားမဆန်တဲ့အပြုအမူလုပ်ရပ်ကို။ရွံ ့မုန်းပါတယ်။

  • ဦးကြောင်ကြီး

    November 30, 2012 at 10:16 am

    ငုံ့ခံမလား
    တုံ့ပြန်မလား
    သရုတ်သကန်
    ယုတ်လန်သမို့
    ဟုတ်မှန်ဖို့
    ပြုတ်ဆန်ကို
    ဒုတ်လှံနဲ့ထိုး….

  • Mr. MarGa

    November 30, 2012 at 1:34 pm

    ကြားရတာ စိတ်မကောင်းပါဘူးဗျာ

  • kyeemite

    November 30, 2012 at 2:09 pm

    ငုံ့မခံ တုံ့ပြန်ကြ
    အဟုတ်အမှန်
    ထုတ်လှန်ပြ
    သပိတ် သပိတ် မှောက်မှောက်
    မီးဒုတ် မီးဒုတ် ရှို့ ရှို့
    သပိတ် သပိတ် မှောက်မှောက်
    မီးဒုတ် မီးဒုတ် ရှို့ ရှို့
    :chee: :chee: :chee: :chee:

Leave a Reply