ဟဲ့…ခွေး

ဦးသုNovember 29, 20121min16720

စနေနေ့ နေ့တစ်ဝက်အလုပ်ပိတ်ရက် မနက်ဖြန်ဆို တနင်္ဂနွေနေ့ အလုပ်အပြည့်ပိတ်ရက်ဖြစ်တော့ ညပိုင်းလေးမိသားစုနဲ့ စိတ်လွတ်လက်လွက်အနားယူလို့ရသည်။ အိပ်ရာဝင်နောက်ကျလို့လဲရသည်။ ရပ်ကွက်ထဲမှာလဲ ပွဲဈေးလေးကရှိနေပေမယ့် မနေ့ကလေးတင်မိသားစုနဲ့တူတူ ပွဲဈေးလည်ပြီးသွားပြီ။ ဒီနေ့ညတော့အိမ်မှာတင်ပဲ ဝယ်ထားပြီးမကြည့်ဖြစ်သမျှ နိုင်ငံခြားဇာတ်ကားတွေ အပြတ်ကြည့်မည်ဆိုပြီး အားတင်းထားသည်။

ဖေဖေ သမီးဖွားဖွားတို့နဲ့ပွဲဈေးလိုက်သွားလိုက်အုံးမယ်

ဆိုပြီး သူငယ်တန်း သမီးငယ်လေးကလှမ်းပြောသည်။ ဖိနပ်တောင်သူကစီးပြီးပြီ ကျွန်တော့်အမေနှင့်တူတူ တံခါးဝရောက်နှင့်နေပြီ အသိပေးသည့်သဘောဖြင့် လှမ်းအော်ပြောခြင်းမျှသာဖြစ်သည်။

အေး… သွားသွား…ဟိုကျရင်တအားမပူဆာနဲ့နော်

ဆိုပြီးအော်သာပြောလိုက်နိုင်သည် မြေးအဖွားနှစ်ယောက်ကဆင်းသွားပြီ ။ အဖွားဆိုပေမယ့် ကျွန်တော့် အမေက တော်တော် အိုလှပြီရယ်လို့တော့မဟုတ် အသက်ငါးဆယ်လောက်သာရှိသေးပြီး ငါးနှစ်မြေးတစ်ယောက်ကိုတော့ ကောင်းကောင်းထိန်းနိုင်သည်။

အိမ်မှာကျွန်တော်တို့လင်မယားနှစ်ယောက်ပဲကျန်ပြီး နိုင်ငံခြားဇာတ်ကားကောင်းလေးတစ်ကားကြည့်နေတုန်း ဗြုန်းကနဲတံခါးကိုတွန်းဖွင့်သံ ကြားလိုက်ရတယ်။ ကျွန်တော်တို့တံခါးက စေ့ရုံစေ့ထားတာဆိုတော့ ကျွန်တော့အိမ်မှာ နယ်က လာတည်းတဲ့ သူငယ်ချင်းပြန်လာတာပဲဆိုပြီး လှည့်မကြည့်ပဲ တီဗွီဆက်ကြည့်နေလိုက်တယ်။   အဲဒီအချိန်မှာပဲ လမ်းဘေးခွေးကြီး တစ်ကောင် ဝုန်းဒိုင်းဆိုပြီးရှိသမျှပစ္စည်း အကုန်တိုက်ချပြီး အိမ်ထဲကိုပြေးဝင်သွားပါလေရော။

ဟဲ့ အောင်မလေးလုပ်ပါအုံး ဂျောက်ဂျက်ကို ကိုက်တော့မှာပဲ ယောင်္ကျားရေအမြန်မောင်းထုတ်စမ်းဘာအဲဒါ အောက်ထပ်ကခွေကြီး  ဂျောက်ဂျက်ရေသားရေလာလာ

ဆိုပြီး မိန်းမက အိမ်မှာမွေးထားတဲ့ တယ်ရီယာချီ်ဇူး လေးကိုခေါ်ပြီး နောက်ဖေးခန်းမှာ တံခါးပိတ်ပြီးဝင်နေပါတယ် ။ ကျွန်တော်တို့က ငါးလွှာမှာနေတာ အပေါ်မှာတော့ ခြောက်လွှာတစ်ထပ်တော့ကျန်သေးသည်။ အောက်ထပ်လေးလွှာမှာ တယုတယ မွေးထားတဲ့ လမ်းဘေးခွေးကြီးက ဘယ်လိုတက်လာလဲမသိ ကျွန်တော်တို့ အိပ်ခန်းဝမှာ ကြောက်ချီးကြောက်သေးတွေထွက်ပြီး ခုတင်အောက်ထဲဝင်နေတာ ဘယ်လိုမှလဲ မောင်းထုတ်လို့မရ။ တံမြက်စည်း နဲ့ရိုက်တာလဲ မထွက်ခုတင်အောက်ကနေတံမြက်စည်း ကိုတောင်ပြန်ကိုက်နေသေးတယ်။ အဲဒါနဲ့ အောက်ဆင်းပြီး သူ့သခင်ကို သွားခေါ်ရပါတယ် ။

အန်တီ …အန်တီ ……..အန်တီတို့ခွေးကြီး အိမ်ထဲပြေးဝင်လာပြီး ချေးတွေသေးတွေပါပြီး ကျွန်တော်တို့ခုတင်အောက်ထဲဝင်နေတယ် ဘယ်လိုမှလဲမောင်းထုတ်လို့မရဘူးလာခေါ်အုံး

လို့ပြောလို်က်တော့ အဲဒီ ခွေးသခင်ပိန်ကပ်ကပ်နဲ့ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါလောက်ရှိမယ့် အမျိုးသမီးကြီးက

အေးဒီမှာ အိမ်ကကြောင်ကို ကို်က်သတ်လို့် သားကဒေါသထွက်ပြီးရိုက်ပြီး မောင်းထုတ်ထားတာ ရေနွေးပူနဲ့ လောင်းချလိုက်ပြန်လာလိမ့်မယ်

အော်ပြောထွက်တဲ့ပါးစပ် သူ့ရဲ့  တန်ဖိုးမရှိအလကားကောက်ပြီး အိမ်ပေါ်တင်ထားတဲ့လမ်းဘေးခွေးကြီးကို သူ့ဘာသာသူရေနွေးပူနဲ့ ပက်ရုံမကလို့ အက်စစ်နဲ့ပဲလောင်းလောင်း ကျွန်တော်ကတော့ ဝဋ္ဋ်လိုက်မယ့် အလုပ်မျိုးကိုမလုပ်နိုင်

အန်တီအဲလိုပြောလို့ရမလား ကိုယ့်ခွေးကိုယ့်ဘာသာလာခေါ်

ဆိုပြီးကျွန်တော်ပြောတော့ လို်က်လာပြီး တက်တော့ခေါ်ပါရဲ့ ရိုက်ထုတ်ခိုင်းပြီး အပြင်ကနေခွေးနာမည်ပဲခေါ်နေတယ် မိကျားရေမိကျားရေ လာလာ ဆိုပြီးတော့ ကျွန်တော်က လဲ ခွေးကိုချောင်ပိတ်ရိုက်တယ် ဆိုတဲ့စကားနဲ့တူနေတယ် ။ ခွေးက ရိုက်လေ ပိုဆိုးလာလေ ဖြစ်နေတယ် ။ ကျွန်တော်လဲ ခုတင်ပေါ်တက် မွေ့ယာကိုဖယ်ပြီး သစ်ပြားတစ်ချပ်စာလောက်ကိုပဲ လှန်ပြီး တံမြက်စည်းတုတ်နဲ့ခြောက်ရပါတယ်။ သစ်ပြားကိုနှစ်ချပ်လောက်လှန်လိုက်ရင်လဲ ကျွန်တော်ကိုလှမ်းဟပ်မှာကြောက်ရပါတယ်။

                      ခုတင်အောက်နံရံဘက်ကပ်ထားတဲ့ထောင့်ဖက်တွေမှာ   ခွေးကဟိုဘက်ဒီဘက်   ပြေးနေတယ်။ နောက်ပြီးတော့ ပြေးထွက်သွားပါတယ်။ အဲဗျ ခွေးက သူသခင်ကိုလဲ မြင်ရော ကျွန်တော်တို့ အခန်းထဲကိုပြန်ဝင်ပြေးလာပြန်ရော ။ ကျွန်တော်က အခန်းဝတည့်တည့်မှာ ခွေးကိုတံမြက်စည်းနဲ့ အားကုန်လွှဲပြီး ခေါင်းကိုရိုက်လိုက်တာ တံမြက်စည်းလဲ ကျိုးသွားပါရော။ ခွေးလဲကျွန်တော့်ပေါင်ကြားထဲက တိုးပြီးခုတင်အောက်ထဲ အတင်းပြန်ဝင်သွားပါလေရော ။

                     တံမြက်စည်းကျိုးသွားတော့ အိမ်မှာ ကျွန်တော်ဆောင်ထားတဲ့ ဘေ့စ်ဘောတုတ်ကြီး နဲ့ဆက်ပြီး သမဖို့ပြင်ရပါတော့တယ်။ ကျွန်တော်လဲ ခွေးကိုရောခွေးသခင် ဟိုမိန်းမကြီးကိုရော ဒေါသထွက်နေတော့ ဘာကိုမှ မညှာနိုင်တော့ပါဘူး ။ ကျွန်တော်ကခုတင်ပေါ်ကနေ တုတ်နဲ့ ထိုးရိုက် ခွေးက တုတ်ကို ပြန်ကိုက်ထား ၊ ကိုက်တော့ ခွေးပါးစပ်နဲ့ ကိုက်ရက်သားကြီးကို နံရံနဲ့ ပွတ်ပြီး ကလန့်ပစ်တယ် ။

                 အဲလိုနဲ့ ဆယ်ငါးမိနစ်လောက်ကြာမယ်ထင်တယ် နောက်ဆုံးခွေးက မခံနိုင်တော့ ပြေးထွက်သွားပါတယ် ။ ခွေးသခင်အဒေါ်ကြီးက အားနာပါတယ် တောင်းပန်ပါတယ် တစ်ခွန်းတောင်မဟပဲ ခပ်တည်တည်နဲ့ခွေးကိုခေါ်ပြီးဆင်းသွားပါတယ် ။ ကျွန်တော့်မိန်းမက အဲဒီတော့မှ နောက်ဖေးကနေထွက်လာပြီး ဟိုခွေး စွန့်သွားတဲ့ ကြောက်ချေးကြောက်သေးတွေကို ကျုံးရ တစ်အိမ်လုံးဆပ်ပြာရည်နဲ့ ရေဝတ်လို်က်တိုက်ရ Air Fresher တွေဖြန်းရနဲ့တော်တော့် ကိုအလုပ်ရှုပ်သွားပါလေရော ။ ကျွန်တော်လဲ မိန်းမ လုပ်နေရတာ ကျွန်တော်လုပ်နေရတာတွေ နဲ့ ဟိုမိန်းမကြီး က တောင်းပန်စကားတစ်ခွန်းတောင်ပြောမသွားတာကိုဒေါသထွက်ပြီး ခွေးကို အဲဒီအခန်းထဲအထိဝင်သတ်မယ် ဆိုပြီး တုတ်ကြီးဆွဲပြီး ထွက်တာ မိန်းမက လိုက်ဆွဲထားလို့သာ သွားမသတ်ဖြစ်တာ။

        နောက်ဆုံးတစ်အိမ်လုံးရှင်းပြီးရော အားလပ်ရက်ညလေး အေးဆေးနားပြီး အပန်းဖြေမယ် စိတ်ကူးထားတာ  ကို်ယ့်အိမ်မှာကိုယ်နေတာတောင်မှ အကုသိုလ်တွေ အတုံးလိုက်အတစ်လို်က်ဝင်လာတာပဲအဖတ်တင်သွားတော့တယ်။ သေသေချာချာတွေးကြည့်တော့ ကျွန်တော် ရိုက်လို်က်တဲ့ ဒဏ်ရာတွေကြောင့် ဟိုခွေးထမင်းတောင် စားနိုင်ပါ့မလားမသိဘူး  ငါလဲ အဲသည်လိုအရိုက်ခံရပြီး ဝဋ္ဋ်လည်ရင်ဘယ်လိုလုပ်မလဲ ဆိုပြီး အတွေးတွေပါဝင်လာတယ်။

ခွေးတစ်ကောင်ကို ချောင်ပိတ်ပြီး တစ်ခါမှမရိုက်ဖူးတော့ ချောင်ပိတ်ရိုက်ခံရတဲ့ခွေးက တုတ်ကိုတောင်မလွှတ်တမ်းပြန်ကိုက်ထားတာ နည်းနည်းလဲလန့်သွားတယ်။

အော်ဒေါသ ရဲ့နောက်မှာ ဝဋ္ဋ်ကြွေးတွေသာပါခဲ့ရင်တော့ဖြင့်………………………

………. သုဝေ      …….

 

20 comments

  • ကိုသုဝေရေ
    လောကကြီးမှာ ကိုယ်တိုင်လဲချောင်ပိတ်ရိုက်ခံရတဲ့ ခွေးလိုကြုံဘူးပါရဲ့။
    ကိုယ့်ကိုကိုယ်ကာကွယ်ရင်းနဲ့ …………………………………
    အများအမြင်မှာ လူဆိုးဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပေါ့

    လူအတော်များများကလဲ ခွေးချောင်ပိတ်ရိုက်တာဘဲမြင်တတ်ပါတယ်။
    ချောင်ပိတ်ရိုက်ခံလိုက်ရတဲ့အကြောင်းတရားကိုတော့ မေ့ထားတတ်ကြပါတယ်။

  • kai

    November 29, 2012 at 4:40 pm

    ငါလဲ အဲသည်လိုအရိုက်ခံရပြီး ဝဋ္ဋ်လည်ရင်ဘယ်လိုလုပ်မလဲ ဆိုပြီး အတွေးတွေပါဝင်လာတယ်။

    အဲဒါကြီးဖယ်ထားလိုက်ရင်.. တော်တော်ကောင်းသွားမယ်..။ ဒါက.. “ဆင်းရဲခြင်းတရား”ပဲ..။ :harr:

    ကိုယ်နဲ့…ကိုယ့်မိသားစုကို.. ဒုက္ခပေးတဲ့အကောင်.. ဆုံးမတာဟာ.. တရားပါတယ်..
    အခုလောက်ဖြစ်အောင်လုပ်တဲ့.. တိရိစ္ဆာန်ဆို.. (ပိုင်ရှင်ရှိရင်..)ပိုင်ရှင်ခွင့်ပြုချက်ယူပြိး.. သတ်သင့်သတ်ရမှာပါ..။
    အခုဖြစ်တာမှာ.. အဲဒီပိုင်ရှင်ဆိုသူက..တာဝန်ယူပုံမရတာမို့.. အဲဒီသူပါ..နည်းနည်းတော့ဆုံးမလိုက်ဖို့ကောင်းနေပါတယ်..။

    အဲဒီလိုလုပ်ခြင်းဖြစ်.. အဲဒီတိရိစ္ဆာန်ကြောင့်.. ဘေးအိမ်တွေ.. လူတွေ.. ဒုက္ခရောက်ဦးမယ့်ဘေးကို.. ဖယ်ပြီးဖြစ်သွားတာမို့.. ကျေးဇူးတင်ခံရမှာသာ.. ဖြစ်ပါကြောင်း…။
    :kwi:

  • Wow

    November 29, 2012 at 5:09 pm

    မသေမချင်းမှတ် ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် ရေနဲ့ပက်ထုတ်ရင်ရတယ်ဟဲ့…. ရေနွေးနဲ့တော့သွားမပက်နဲ့ပေါ့ :kwi:

  • မောင်မောင်ချစ်

    November 29, 2012 at 5:21 pm

    ကျုပ် ….
    တိရစ္ဆာန် အခွင့်အရေး အဖွဲ့ ဥက္ကဋ္ဌပဲ ဖြစ်ပါတယ် …
    ဒီတော့ကာ …
    ခင်ဗျားကို ခွေးတစ်ကောင်ကို ရိုက်နှက်မှုနဲ့ တရားစွဲရပါလိမ့်မယ် ..
    ငှဲ .. ငှဲ … :kwi:

  • aye.kk

    November 29, 2012 at 6:39 pm

    ခွေးခမျာချောင်ပိတ်အရိုက်ခံရတော့။
    ပြန်ကိုက်တတ်တာထွက်ပေါက်မရှိလို ့ဆိုတာကို။လက်ခံပါတယ်။
    လူဆိုတာက….အသိဉာဏ်ရှိပြီးသားပါ။
    ဒါပေမယ့်လည်းပြောပြချင်မိတာက။ ကရုဏာတရား..။
    မေတ္တာတရားများများသာ….။ ွထားရှိနိုင်ကြဖို ့တော့….အဓိကလိုအပ်နေတယ်လို ့ပဲမြင်ပါတယ်။
    လူတွေ,လူတွေ,လူတွေ…..။ အားလုံးပေါ့နော်။ မေတ္တာတရားများများထားရှိနိုင်ကြမှသာ
    လူ ့ဘုံလောကအေးချမ်းနိုင်မှာဖြစ်သလို။တိရ စာ္ဆန်ဖြစ်တဲ့ခွေးဆိုတာမျိုးလည်း….။
    လူတွေရဲ ့ချောင်ပိတ်အရိုက်မခံရနိုင်မှု။ ဘဝကနေ။လွတ်မြှောက်နိုင်စရာလမ်းမြင်ပါတယ်။။

  • ရွှေ ကြည်

    November 29, 2012 at 7:55 pm

    ကိုသုဝေရေ တံခါးကိုစေ့ရုံစေ့ထားတာကိုကမှားတာပါပဲလို့ပြောချင်ပါတော့တယ်..။
    သော့ခတ် ဒါမှမဟုတ် တံခါးဂျက်ထိုးထားရင်အဲလိုမဖြစ်တော့ဘူးပေါ့ ။
    အခုတော့ ကိုသုဝေတို့လူလည်းပင်ပန်း စိတ်လည်းပင်ပန်းဖြစ်ရပြီ
    ဒေါသတွေကြောင့်ပူလောင်ရနဲ့ ကိုယ်ချင်းစာပါတယ်။

    သူကြီးပြောတိုင်းလိုက်မလုပ်နဲ့နော် ကိုယ်ပြုသောကံကိုယ့်ထံပြန်လိမ့်မယ်
    သူကြီးကသိတာတွေများသွားလို့ အဲလိုဖြစ်သွားတာ :mrgreen:
    လုပ်ရင်တချက်တည်းသာသေအောင်လုပ်လိုက်ပါ မသေမရှင်တော့မလုပ်ပါနဲ့ သနားပါတယ်..။

  • aye.kk

    November 29, 2012 at 8:14 pm

    ဪ….အနိစ္စ။အနိစ္စ။အနိစ္စ။
    ဪ….ဒုက္ခ။ဒုက္ခ။ဒုက္ခ။
    ဪ…အနတ္တ။အနတ္တ။အနတ္တ။
    ဪ….ဘယ်အရာမှမမြဲပါဘူးကွယ်။။

  • အော်ဒေါသ ရဲ့နောက်မှာ ဝဋ္ဋ်ကြွေးတွေသာပါခဲ့ရင်တော့ဖြင့်………………………))))

    အခုလိုတွေးဖြစ်ခဲ့တာဟာ အကျိုးရလာဒ်တစ်ခုပါရှင်
    နောက်ကို ဘာပဲစိတ်လိုက်မာန်ပါလုပ်ဖို့အကြောင်းရှိရှိ ကိုယ်ချင်းစာစိတ်နဲ့ဆင်ခြင်တတ်တာပေါ့။
    အသိဉာဏ် မရှိတဲ့ တိရိစာ္ဆန်အပေါ်၊အသိဉာဏ်ရှိတဲ့လူတွေက ညှာတာစိတ်ထားမိပါတယ်။
    တိရိစာ္ဆန်တွေမွေးပြီး တာဝန်ယူလိုစိတ်မရှိတဲ့လူတွေကိုသာ နောက်ဆင်ခြင်အောင်
    သတိပေးပြောဆိုထားသင့်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2012 at 9:51 pm

    ( အော်ဒေါသ ရဲ့နောက်မှာ ဝဋ္ဋ်ကြွေးတွေသာပါခဲ့ရင်တော့ဖြင့် )
    ဪ… ဒေါသရဲ့နောက်မှာ ပြဿနာကို သေချာမရှင်းနိုင်ခြင်းဘဲလို့ ဆိုခြင်ပါတယ်ဗျာ
    ပြောလို့သာပြောတာ ကျုပ်က မူးဗီ အက်ရှင်ကားတွေဆိုသိပ်ကြည့်တာ
    သူတို့ပေါတာကတော့ ဒဂန်ဒပေါ့ဗျာ
    ကျုပ်နှစ်သက်တာက အကြပ်အတဲထဲကနေ ဘယ်လိုထွက်ပေါက်ရှာသွားတယ်
    ဆိုတာကိုပါ
    ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အကြောင်းပြဿနာတွေကို ဖြေရှင်းဘို့ဆိုတာ
    လွယ်တဲ့အလုပ်တော့မဟုတ်ဘူး
    ဆိုခဲ့ပြီးသလို ဒေါခွီးနေရင်ပိုလို့တောင်ခက်သေး
    တစ်နေ့ကျုပ်အလုပ်ဆိုဒ်ထဲမှာဖြစ်တာလေးပါ မှတ်မှတ်ရရကျုပ်ကအောက်ထပ်မှာ ေ၈ဇက်ကိုကလိနေတုန်းပေါ့
    ဘောဇိကိုယ်တိုင်ပြေးဆင်းလာပြီး
    အပေါ်မှာ မီးညှော်နံ့တွေရနေတယ် တစ်နေရာရာမှာမီေးလာင်နေပြီပေါ့
    အပေါ်က လူဒေဆိုတာ ပြေးရမလား ခုန်ချမလားပေါ့
    အဲ့သည်အချိန်မှာ နောက်မှ ပြန်တွေးမိတာက သူတို့တွေ တော်တော်သွေးပျက်နေကြတယ်
    ညှော်တာကလည်း ဘာညှော်သလဲမပြောနဲ့
    ဆိုခြင်တာက ရုတ်တရက် မမျှော်လင့်တာဖြစ်လာတဲ့အခါ တော်ယုံ ဝေခွဲရခက်တယ်ဆိုတာပါ
    ဘာခက်တာမှတ်လို့
    မီးသတ်ဘူးတွေအားလုံးယူထားကြဘို့သတိပေးရတယ်
    လျှပ်စစ်မိန်းကိုပိတ်ဘို့ပြောရတယ်
    ပြတင်းပေါက်တွေကို အကုန်ဖွင့်ဘို့ပြောရတယ်
    လိုက်ရှာတယ်ဗျ ဘာမီးမှမလောင်ဘူး
    ညှော်တာတော့ တော်တော်ညှော်တာဘဲ
    ဘေးအိမ်နံရံကို အပူအအေးစမ်းကြည့်တယ် ပုံမှန်ဘဲ
    နောက်ဆုံးမှဇတ်ရည်လည်သွားတယ်ဗျို့
    ကော်ဖီခန်းထဲက ဆမ်ဆောင်းမိုက်ခရိုဝေ့ဖ်ထဲမှာ တစ်ယောက်က အေးစက်နေတဲ့ကောက်ညှင်းတစ်ထုပ်ကို
    ပလပ်စတတ်မချွတ်ဘဲ 850 ဒီဂရီကို သုံးဆယ့်ငါးမိနစ်မီးဖုတ်ခဲ့ပြီး
    အပြင်ထွက်သွားခြင်းဖြစ်ပါသတဲ့
    ပိုစ့်နဲ့တော့သိပ်မဆိုင်ပါဘူး
    သဘောအရ
    ( ကြောက်လန့်နေသူတွေကို ခြောက်လှန့်ခြင်းထက် ချော့မြူခြင်းက ပိုအကျိုးရှိနိုင်ပါတယ် )
    ( သူဘာဖြစ်နေသလဲဆိုတာကို သိဘို့ကလည်း အခက်သား ရုတ်တရက်ကြီးဟာ :mrgreen: )

  • kyeemite

    November 30, 2012 at 10:07 am

    ဘာပဲပြောပြောဖတ်လို့ကောင်းအောင်ရေးတတ်ပါပေရဲ့ဗျာ…
    အထူးသဖြင့် ရန်ကုန်က တိုက်ခန်းတွေမှာနေရင်တော့ တံခါးဂျက်ချထားတာအကျင့်လုပ်ဗျို့..
    အနည်းဆုံး အပြင်သံဗန်းတော့သော့ခတ်ထားတာပိုကောင်းတယ်…
    အသိလာလို့ ထဖွင့်ပေးရရင်လည်း ပထမ ဖွင့်သင့်မသင့်အကဲခတ်နိုင်တာပေါ့…
    နို့မို့ဆို ဒီထက်ဆိုးတဲ့ အဖြစ်မျိုးကြုံရနိုင်ပါဂျောင်း…စေတနာနဲ့
    ဆရာကြီးလုပ်ပါရစေဗျာ… :kwi:

  • Thu Wai

    November 30, 2012 at 10:23 am

    ကျွန်တော် အတွက်တော့ ရေးစရာတစ်ခုရသွားတာဗျို့နောက်ပြီး ဝင်ဖတ် ဝင်မန့်တဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ် ဗျို့

  • MaMa

    November 30, 2012 at 10:36 am

    စဉ်းစားစရာပါပဲ ကိုသုဝေ။
    အဲဒါကြောင့် ငါးပါးသီလကို တစ်ခုချင်းတွက်လိုက်ရင် ၅ပါးလုံးကို ကောင်းကောင်းမွန်မွန်လုံလုံခြုံခြုံ စောင့်စည်းနိုင်ဖို့ မလွယ်ဘူး။
    (ဒီစာကို သဂျီး မမြင်ပါစေနဲ့) :kwi:

  • ဦးကြောင်ကြီး

    November 30, 2012 at 11:23 am

    ကြောင်ကိုသနားတယ် ခွေးကိုသနားတယ် လုကိုသနားတယ် ဝကိုယ်ဝလည်း သနားတယ်….. ဖြစ်ခဲ့ ဖြစ်နေ ဖြစ်လတ္တံ့သော ဘဝတွေကို မုန်းတီးမိတယ်။ လွတ်မြောက်ရာကား တကြောင်းတည်းသော မဂ္ဂင်လမ်းတည်း…

    • kai

      December 1, 2012 at 4:47 am

      ဟိုလေ..
      ဘဝဆက်တိုင်း.. မွေးတာနဲ့သေရပါစေလို၏ ဆုတောင်းပါလားဟင်င်င်…
      ဒါမှမဟုတ်..
      မွေးတာနဲ့. အယ်လ်ဇိုင်းမားဖြစ်နေပါစေပေါ့…။
      ဘာမှမုန်းတီး.. သနားစရာမလိုတော့ဘူးလေ..

      သေချာသည့်.. တကြောင်းတည်းသော.. လွတ်လမ်းတည်း..

      ကွိကွိ.. :kwi:

      • ဦးကြောင်ကြီး

        December 1, 2012 at 10:57 am

        ဟယ် လူမိုက်…… သတ္တဝါတိုင်း မွေးခြင်းနဲ့သေခြင်း သင်္ခါရတရား တရပ်စပ် အခါမလပ်ဖြစ်ပျက်နေတာ မသိလေရော့သလား.. သာသနာနဲ့ ကြုံပါလျက် ကိုဘေးနွားကင် စားရတာလေးကို အဟုတ်မှတ်နေသလား။ ဒီလိုလူမျိုးလက်ထဲ သမီးဒေါ်ဂလေး ပစ်မထားရက်နိုင်ဘူး။

  • အလင်းဆက်

    November 30, 2012 at 10:04 pm

    အင်း
    ချောင်ပိတ်ရိုက် ခံရရင်တော့…
    နာကြည်းတတ်ကြတာပေါ့ေနော် ။

  • သခင် Mobile

    December 1, 2012 at 3:12 am

    ကူးယူထားလိုက်ပါတယ်ဗျာ။

  • Foreign Resident

    December 1, 2012 at 9:12 am

    ” ကျွန်တော်က အခန်းဝတည့်တည့်မှာ ခွေးကို တံမြက်စည်းနဲ့
    အားကုန်လွှဲပြီး ခေါင်းကို ရိုက်လိုက်တာ တံမြက်စည်းလဲ ကျိုးသွားပါရော ”

    ရက်စက်ပါပေ့ကွယ် ။

    • kai

      December 1, 2012 at 3:16 pm

      အင်းနော..
      တံမြက်စည်းနှမြောစရာ…
      လူကိုဒုက္ခပေးတဲ့အကောင်တကောင်အတွက်.. လူကိုအကျိုးပြုတဲ့ တံမြက်စည်းကျိုးသွားတာကိုးနော.. :kwi:

      ပြောသာပြောတာပါ..
      လူကိုဒုက္ခပေးတဲ့.. အကောင်ဖြစ်တဲ့.. HIV ဗိုင်းရပ်စ်သတ်ဖို့.. ယူအက်စ်ကဒေါ်လှနှစ်စဉ်ဘီလီယန်ဆယ်ဂဏန်းလောက်သုံးနေတာ..
      လူအကျိုးပြုတဲ့..ပိုက်ပိုက်တွေ..ကုန်လိုက်တာမှ.. သောက်သောက်လဲ..
      နောက်၁ဝစုနှစ်လောက်ဆို.. အေကိုက်ပြီးသေတဲ့.. လူသေနှုန်းထိန်းချုပ်နိုင်တော့မယ်တဲ့..
      အဲဒီအကောင်တွေကို.. ကာယကံ..ဝစီကံ..မနောကံနဲ့..သတ်နေတဲ့လူတွေ.. ရလိုက်မယ့်ကုသိုလ်နော..
      သာဓု. အကြိမ်၁သန်း.. :harr:

      Clinton: ‘We have to go where the virus is’
      Washington Times-Nov 29, 2012
      Fighting HIV means “we have to go where the virus is,” Mrs. Clinton said. Already, U.S. funding has been used to provide 5.1 million people …
      The United States leads the world in funding the fight against AIDS, having contributed nearly $37 billion in bilateral funding and more than $7 billion to the Global Fund.

  • ရွာသူ jujuma .

    December 1, 2012 at 10:43 am

    အော်ဒေါသ ရဲ့နောက်မှာ ဝဋ္ဋ်ကြွေးတွေသာပါခဲ့ရင်တော့ဖြင့် ….

    သူကြီးပြောတိုင်းလိုက်မလုပ်နဲ့နော် ကိုယ်ပြုသောကံကိုယ့်ထံပြန်လိမ့်မယ်
    သူကြီးကသိတာတွေများသွားလို့ အဲလိုဖြစ်သွားတာ.. (ခရက်ဒစ်တူ မရွှေကြည်) :mrgreen:

Leave a Reply