စင်ကာပူရောက်မြန်မာများအတွက်

manawphyulayJuly 16, 20101min571

မြန်မာ သမီးရည်းစားတွေ စင်္ကာပူမှာ ဘယ်လိုကဲလဲဆိုတာကို ဖော်ပြလိုခြင်းမဟုတ်ပါ။ သူတို ့တွေ ပတ်ဝန်းကျင်က လူတွေကို ဘယ်လို အနှောင့်အယှက်တွေပေးလဲဆိုတာကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ နောက်လာမည့် သူများ အကြောင်းမသိသေးသူများအတွက် ဆောင်ရန်ရှောင်ရန်များလည်း ဖြစ်စေလိုသောကြောင့်လည်းပါပါတယ်။

ကျွန်မ အတွေ ့အကြုံများကို အရင်ဆုံးပြောပြလိုပါတယ်။ ကျွန်မအထင် အဲလိုပြသနာတွေကို အဓိက ရင်ဆိုင်နေရတာ အမျိုးသမီးများဖြစ်မယ်ထင်ပါတယ်။ အမျိုးသားများကတော့ သိပ်ပြီး ပြသနာဖြစ်မယ်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မမြင်ဖူးသမျှ သမီးရည်းစားများက ရည်းစားဖြစ်ပြီး ကဲချင်ပြီဆိုလျှင် မိန်းကလေးအိမ်ကိုသာ သွားကြတာကိုပဲလို ့ပါ။ မိန်းကလေးအိမ်ကို သွားပြီဆိုလျှင်လည်း မိန်းကလေး အိမ်မှာ ကျန်သော အခန်းဖော် တအိမ်တည်း အတူနေမိန်းကလေးများမှာ အနှောင့်အယှက်ဖြစ်ကြရတော့သည်။ သူတို ့သမီးရည်းစား ဧည့်ခန်းထဲမှာပဲ တွေ ့ကြအုံး ကျန်တဲ့မိန်းကလေးတွေမှာ အနေရကျပ်ဖြစ်လာပါတယ်။ သမီးရည်းစားမဟုတ်သည့် အမျိုးသား ဧည့်သည်လာရင်တောင် အနေရကျပ်မည့် အခြေအနေမျိုးပါ။ အဘယ်ကြောင့်ဆိုသော် အတူနေသည့် မိန်းကလေများမှာ အများအားဖြင့် အမျိုးများမဟုတ်ကြပါ။ သူစိမ်းယောက်ျားလေး ၁ယောက် က အိမ်မှာ နေ ့စဉ်ဝင်ထွက်သွားလာသည့် အခါ မိန်းကလေများမှာ အနေရကျပ်မည် အမှန်ပင်။ တချို ့သော သမီးရည်းစားများ တနေကုန် ဧည့်ခန်းမှာ ထိုင်နေတတ်သေးသည်။ ထိုအခါ ကျန်မိန်းကလေးများမှာ ရေတောင်သွားချိုးရမှာ ခက်သည့်အခြေအနေမျိုးများပါ။ တချို ့မိန်းကလေးများ ပိုတောင်ဆိုးသေး။ အခန်းဖော်ရှိနေလျက်နဲ ့သူတို ့ရည်းစားများကို အခန်းထဲဝင်ခွင့်ပေးကြသည်။ ထိုအခါ အခန်းဖော်မိန်းကလေးခမျာ အဘယ်သို ့နေရမည်ကို စဉ်းစားသာကြည့်ကြပါတော့။ ထိုကဲ့သို ့အခြေအနေမျိုးကို ကျွန်မ စင်္ကင်္ာပူရောက်စမှာပင် ကိုယ့်တွေ ့ကြုံရပါတော့သည်။
တချို ့လည်းထိုကဲ့သို့ သူများတကာကို အနှောင့်အယှက်ပေးသော အခြေအနေမျိုး မပေးလို သဖြင့် အတူနေသောအခြေအနေသို ့ကူးပြောင်းကုန်ကြသည်။ သို ့သော် လက်မထပ်ရသေးသဖြင့် လူသိခံလို ့လဲမဖြစ်သော ပြသနာကို ထပ်မံရင်ဆိုင်ရပါတော့သည်။ အော်မလွယ်ပါလား။ ထိုအခါ အနှောင့်အယှက်ပေးမှုက ပြီးဆုံးမည်မထင်လေနှင့်။ ပိုလို့ပင်ကြီးလာပါသည်။
စင်္ကာပူတွင် အိမ်ပုံစံအများစုမှာ ၂ခန်းတွဲ ၃ခန်းတွဲ အိမ်တွေများသည်။ ထိုအခါ သမီးရည်းစား တွေ သီးသန် ့နေလျှင် အလွန်အကုန်အကျများသည်။ ထို ့အတွက် သူတို ့က တခြားသူများနှင့် အတူနေကြရပြန်သည်။ နားလည်မှုရှိသော လူများနှင့် တိုင်ပင်နေလျှင်တော့ ပြသနာမရှိနိုင်ပါ။ သို ့သော် တချို ့သောအတွဲများ တခြားသောလူများကို လိမ်ညာနည်းမျိုးစုံဖြင့်လာရောက် နေထိုင်ခိုင်းကြသည်။ တချို ့က မိန်းကလေး ၁ယောက်ထဲနေတာပါဟု ညာကာ ပြောင်းဝင်လာပြီးမှ ၁ညမှ ၂ည သူတို ့ရည်းစားများကို လာနေခိုင်းရင်း အတူနေဖြစ်သွားကြောင်းပြောလေသည်။ အမှန်ကတော့ အတူနေတာကြာပါပြီ။ ထိုအခါ ပြောင်းဝင်လာပြီးသားမိန်းကလေးများမှာ စဘော်ပေးပြီးသားဖြစ်သဖြင့် ပြောင်းရခက်ဖြစ်လေသည်။ တချို ့ကျတော့လည်း မောင်နှမပါဟု ညာလေသည်။ ပြောင်းဝင်လာပြီးခါကျမှ တစတစနှင့် မောင်နှမ မှ ဝမ်းကွဲ ။ ဝမ်းကွဲမှ အမျိုး။ အမျိုးမှ သမီးရည်းစားဟုပြောလာလေသည်။ တအခါကျမှတော့ နှောင်းလေပြီ။ အောင့်ကာဆက်နေရတော့မည်။ မနေလျှင် စဘော်ဆုံးမည်။ ဘယ်နေရာမှလည်း ပြေးတိုင်လို ့လည်းမရပါ။ အဘယ်ကြောင့်ဆိုသော် သက်သေအထောက်အထားဘာမျှမရှိသောကြောင့်တည်း။ သတိထားကြပါ။
မိန်းကလေးတွေချည်းနေမည်ဟု သဘောတူ အိမ်ငှားနေလျှင်လည်း သတိထားကြပါ။ ရည်းစားရှိက မိန်းကလေးများက အငြိမ်မနေ နည်းမျိုးစုံဖြင့် အိမ်သို ့ခေါ်မည်မှာသေချာသည်။ တခါက ကျွန်မ ထိုကဲ့သို ့ဖြစ်မည်စိုးသဖြင့် အိမ်မငှားခင်ကပြောသည် အမျိုးသားများ အိမ်မလာရဟု။ သို ့သော် အိမ်ငှားပြီးသောအခါ ခေါ်ကြသည်။ ဘယ်သူက ဘာပြောနိုင်မည်နည်း။ ပြောလျှင်လည်း မျက်နှာပျက်ကြရတော့မည်။ ကျွန်မပြောလိုတာက အမျိုးသမီးများ ကဲလိုကကဲနိုင်သည်။ ဒါသဘာဝပါ။ သွေးသားပြသနာပါ။ သို ့သော်လည်း ကျန်သော ပတ်ဝန်းကျင်က လူများကို မထိခိုက်စေနှင့်။ ထိုကဲ့သို ့အခြေအနေများကို ရှောင်လိုသောအမျိုးသမီးများကလည်း အိမ်ထဲပြောင်းမဝင်ခင် ကြိုတင်စုံစမ်းပါ။ ဖြစ်နိုင်လျှင် အိမ်နားမှာ ၁ပတ်လောက် သွားရောက်ကြည့်ကြည့်ပါ။ အိမ်သို ့အလည်လာသူအခြေအနေများကို လေ့လာပါ။ အတူသဘောတူငှားမည်ဆိုလျှင်လည်း ရည်းစားရှိသူများပါက သတိထားပါ။ တချို ့ရိုးအေးလွန်းပုံပေါက်သော်လည်း မယုံရပါ။ သတိထားပါ။

မှတ်ချက်။ ။တဆင့်ဝေမျှခြင်းဖြစ်ပါသည်။

One comment

  • လင်းဝေကျော်

    July 16, 2010 at 4:51 am

    အင်း..
    မကောင်းပါဘူးလေ။
    တစ်ယောက်ခန်းမဟုတ်ပဲ ကောင်လေးကိုသွင်းတာကတော့ လွန်တာပေါ့။
    သူများလွပ်လပ်ခွင့်ကို မထိခိုက်ပဲ ကိုယ့်လွပ်လပ်ခွင့်ကို ယူသင့်တာပေါ့။

Leave a Reply