ဗေဒင်ပညာ စိတ်ဝင်စားသူတွေအတွက်…နေ့ချင်းနေ့ ထပ်မြက်သလား…

Yin Nyine NwayJuly 16, 20101min1026

နေ ့ချင်းထပ်ရင် မြတ်သတဲ့လား !!!!

တစ်ချို ့သောကျွှန်တော့်သူငယ်ချင်းတွေက နေ ့ချင်းထပ်ရင် တစ်ကယ့်ကြင်သူ….တစ်ကယ့်ဘဝလက်

တွဲဖော်ပဲတဲ့။
ကျွှန်တော်ကိုယ်တိုင်ကိုက အဲဒီလိုထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွှန်တော့်သူငယ်ချင်းတစ်ယောက်က သူ Mail ပို ့ပေးမယ်…..မင်းဖတ်ကြည့်ပါဆိုလို ့ဖတ်ကြည့်လိုက်မှပဲ……အော်….ဒီလိုရှေးလူကြီးတွေဆိုခဲ့ပါလားဆိုပြီးသိခဲ့ရပါတယ်။

အဲဒါကြောင့် ကျွှန်တော့်သူငယ်ချင်းတို့လဲ သိသင့်တယ် ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့
အယူအဆကြောင်း နေ့ချင်းထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ်
ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ်ထားသူတွေ၊ ထပ်ချင်သူတွေ၊
ထပ်ဖို့ရည်ရွယ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်

တနင်္ဂနွေ- တနင်္ဂနွေ
`ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသားချင်း ဖူးစာဖက်ရင်
ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်

တနင်္ဂလာ-တနင်္ဂလာ
`ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´
အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့
အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည်ခွင့်လွတ်သည်းခံမှုမရှိရင်
ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။

အင်္ဂါ-အင်္ဂါ
`ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့်
အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ်

ဗုဒ္ဓဟူး-ဗုဒ္ဓဟူး
`ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို
အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့
ချစ်သူဘဝမှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ
တော်ကာကျမယ့်သဘောပါ။

ကြာသပတေး-ကြာသပတေး
`ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ သက်ပန်ချမ်းသာကြည်အေး` တဲ့
ကြာသပတေးသားသမီးချင်း အိမ်ထောင်ဖက်ထားသူတေါ ဘဝတစ်သက်တာ
စိတ်အေးချမ်းသာစရာဖြစ်ပါလိမ့်မယ်။

သောကြာ-သောကြာ
`ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့်
သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုူး၊ ငြင်းတာခုံတာကိုလျော့မှ
အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

စနေ-စနေ
`နဂါးနှင့်မြွေ၊ ရန်မိုးစွေ၊ နောင်လာမေတ္တာဝေး´ လို့ဆိုထားတာကြောင့်
သတိထားသင့်တဲ့ ဖူးစာဖက်ပါပဲ

ကဲ….သူငယ်ချင်းတို ့လည်း စိတ်ကူးကောင်းကောင်းလေးနဲ ့ဘဝလက်တွဲဖော်ကိုရှာနိုင်ပါစေလို ့ဆုတောင်းရင်း

6 comments

  • phantom

    July 16, 2010 at 4:54 am

    ဒီလိုပဲပြောကြတာပဲ ကျွန်တော့်အဖေနဲ့မေ စနေချင်းယူထားတာတောင် ပေါင်းလာတာ နှစ်ပေါင်း 30 လောက်ရှိပြီ တစ်ခါမှမကွဲဖူးဘူး ဟိ

  • etone

    July 16, 2010 at 5:16 am

    ရှေးအယူတွေကတော့ရှိတာပေ့ါ ။ တစ်ကယ်ချစ်တော့လည်း ဒါတွေဂရုစိုက်လို့လား ။

  • poeaung6

    July 16, 2010 at 6:27 am

    ယုံကြည်သူမှာဖြစ်ပြီး မယုံကြည်သူမှာမဖြစ်ပါ ဥပါဒ်ဓဏ်ကြောင့် ဥပါဒ်ရောက်ခြင်း လို့ထင်ပါတယ်

  • marnat

    July 16, 2010 at 6:35 am

    မှားနေပြီးနော်။

  • winne

    July 16, 2010 at 7:17 am

    အဖေနဲ့ အမေ တနင်္ဂနွေချင်းဘူး ဘာမှ မဖြစ်ဘူး အဖေက အမေကို ချစ်လိုက်တာမှ တုန်နေတာဘဲ မိန်းမစိတ်ချမ်းသာ မယ်ထင်တာသာ လုပ်ဆိုတာကြီးဘဲ အမေကလည်း အဖေ အကြိုက်မှ အကြိုက် လုပ်ပေးတတ်တာ အဆင်ကိုပြေနေတာဘဲ

  • onlinezz

    July 16, 2010 at 8:07 am

    အဓိက ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးဖို ့ပါပဲ။
    အဲဒါဆို ဘယ်အိမ်ထောင်ဖက်မဆို သာသာယာယာရှိမှာပါ။

Leave a Reply