“လိမ္မာရေးခြား အမေးအဖြေများ”(အမေနှင့်ကျမ)

aye.kkNovember 30, 20121min20519

လိမ္မာရေးခြား ရရှိရန်အတွက် ၊ အမေနှင့်ကျမ၏ အမေးအဖြေများ ပြုလုပ်ခဲ့ဘူးသည့် ။ ကျမငယ်စဉ်ဘဝက ဖြတ်သန်းခဲ့သော
ကိုယ်ပိုင်အတွေ ့အကြုံ ၊အကြောင်းအရာများမှအချို ့တို ့အား ။ ပြန်လည်ချပြ ပြောပြချင်မိပါတယ် ။

မေး= ညအိပ်ရာဝင်ရင် ဘုရားရှိခိုးကန်တော့ပြီးတဲ့အခါ ဘာလို ့အမေ့ကိုခြေဆုတ်လက်နှယ်ပြုပြီး ရှိခိုးကန်တော့ပြီးမှ အိပ်ခိုင်းရတာပါလည်း အမေ။
ဖြေ=မြင့်မိုရ်မကကျူးတဲ့ မိဘကျေးဇူး ရဲ ့ဂုဏ်အင်ကို် မြတ်စွာဘုရားက တဂိုဏ်းတည်းထားရှိခဲ့တာမို ့ ။ အနနေ ္တာ အနန ္တဂိုဏ်းဝင်(၅)ပါး ။
အနေနဲ ့ကျေးဇူးဆပ်ရာရောက်တဲ့အပြင် ။ ယုံကြည်မြတ်နိုးအားကိုးထိုက်သည့်အတွက် ။ မိဘအပေါ်မှာ ခြေဆုတ်လက်နှယ်ပြုလုပ်ပြီးမှ ရှိခိုးကန်တော့ပြီးမှ သာအိပ်သင့်တယ် ။ မိဘကိုခြေဆုတ်လက်နှယ်ပြုပြီး ။ ကန်တော့ပြီးမှအိပ်တာဟာ ။ မိဘကျေးဇူးကိုဆပ်ရာရောက်တယ် ။
ဒါမို ့အမေ့ကို ခြေဆုတ်လက်နှယ်ပြုပြီး ၊ ရှိခိုးကန်တော့ပြီးမှသာ အိပ်သင့်တယ်သမီး။
ကျမသိတတ်စ အရွယ်ထဲက အမေက ကျမကို ဘုရားအားအရင် ရှိခိုးကန်တော့ခိုင်းပြီး ။
အမေ့ကိုလည်းခြေဆုတ်လက်နှယ်ပြုပြီး ကန်တော့ပြီးမှသာ အိပ်ခိုင်းတတ်ပါတယ် ။ ထိုအချိန်မှစ၍ နောင်သောအခါ ကာလများတွင်လည်း ညအိပ်ရာဝင်သည့်အခါတိုင်း၌ မိဘကိုကန်တော့ပြီးမှ အိပ်တတ်သည့်အကျင့် ကျမရရှိလာခဲ့ပါတယ်။

မေး= ထမင်းစားရင် သရဏဂုံတည်ပြီး ဦးချပြီးမှ စားခိုင်းရတာပါလည်း အမေ။
ဖြေ= ရတနာသုံးပါးဂုဏ်ကျေးဇူး ကိုမမေ့လျော့ဘဲ စားသုံးသည့် အတွက် ။ ကုသိုလ်ရသည့်အပြင် ။ အလေ့အကျင့်လည်း ဖြစ်သည့်အတွက် ။ ရန်သူမျိုးငါးပါးထဲက တစ်ပါးအပါဝင်ဖြစ်တဲ့ မချစ်မနှစ်သက်သောရန်သူ၏ အန ္တရာယ် လုပ်ကြံခြင်း၏ ရန်မှကာကွယ် နိုင်သဖြင့် သမီးကို ကလေ့အကျင့်ဖြစ်စေနိုင်ရန် ပြုလုပ်ခိုင်းတာ ။ ကုသိုလ်လည်း ရရှိ ၊ အကျိုးကျေးဇူး တရားလည်းရရှိလို ့သရဏဂုံတည်ပြီးမှ ဦးချပြီးစားသုံးသင့်တယ်။ ဒါမို ့သမီးအနေနဲ ့ အခါအားလျော်စွာမှာ ခင်မင်တဲ့မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း တို ့ကပဲဖြစ်ဖြစ် ။ ထမင်းဖိတ်ခေါ်ကျွေးမွေး ဧည့်ခံတဲ့အခါမျိုးတို ့မှာ။ မလွှဲမရှောင်သာ စားသုံးရတဲ့ အချိန်ကာလတွေလို နေရာမျိုးတွေမှာ ။ မလိုသူတို ့ရဲ ့လုပ်ကြံ အဆိပ်ခပ်ထားခြင်း ခံရမှု ပြုလုပ်ထားလည်း ။ သရဏဂုံတည်ထားတဲ့ အကျိုးအားကြောင့် လွှဲဖယ်စေတတ်ခါ ။
အန ္တရာယ်ဘေးမှ ရှောင်ရှားကွေကွင်းသွားစေနိုင်ပါတယ်။ ထိုအကျိုးကျေးဇူး သာဓကတွေ များစွာရှိခဲ့လို ့။ သရဏဂုံတည်ပြီးမှ ပဲစားသုံးသင့်တယ် ။ စိတ်ကဖြစ်စေ နှုတ်ကဖြစ်စေ ရွတ်ဆိုပြီးမှ စားသုံးမှုပြုပါသမီး ။
အမေ့ကျေးဇူးသွန်သင်မှုကြောင့်….။ ကျမထမင်းဟင်းလျာ သုံးဆောင်သည့် အခါတိုင်း ။ သရဏဂုံတည်ပြီးမှသာ စားသုံးတတ်ခဲ့ပါတယ်။

မေး= အမေလှူထားတဲ့ ဘုရားကျောင်းကန်နှင့် အနီးဆုံးနေရာမှာ ။ ရေချမ်းအိုးစင် (၂)စင် ပူးတွဲဆောက်လုပ် လှူဒါန်းထားရတဲ့ အကြောင်းအရင်းကို သမီးသိချင်မိပါတယ် အမေ။
ဖြေ= ရေအကျိုးကဆယ်ပါး မတောင်းပဲပြည့်တယ်သမီး ။ ဘုရားကျောင်းကန်နဲ ့အနီးဆုံးနေရာမှာ ဘုရားဖူးလာကြတဲ့ ဧည့်မိတ်ဆွေသဟာ လူအများအတွက် ။ ရေချမ်းအိုးစင် (၁)စင်နဲ ့ ရဟန်းရှင်လူ ယောဂီသူတော်စင်တွေ အတွက် သောက်သုံးနိုင်ရအောင် (သုံးဆောင်နိုင်တဲ့) ရေချမ်းအိုး (၁)စင် ။ ရေချမ်းအိုးစင် (၂)စင်ပူးတွဲပြီး ဆောက်လုပ် လှူဒါန်းထားရခြင်းဟာ ။ ရေလှူတဲ့အကျိုးအားဖြင့် ဆယ်ပါးပြည့်ဝတဲ့ အပြင် ။ရဟန်းသံဃာ သီလရှင် ယောဂီသူတော်စင် အကျင့်မြတ်တို ့ပါ သောက်သုံးကြရတဲ့အတွက် ။ ထိုရဟန်းသံဃာ သီလရှင် ယောဂီသူတော်စင်တွေရဲ ့ကျင့်ကြံပွားများ အားထုတ်ထားတဲ့ မေတ္တာဘာဝနာ ကုသိုလ်တရားတွေကြောင့် ။ ထိုသူတို ့အမျှပေးဝေတဲ့ အခါမှာလည်း ထိုသူတို ့ရဲ ့ကုသိုလ်အကျိုးတရားတွေကိုပါ ခံစားရရှိနိုင်တယ်သမီး။
နောင်အခါ ကျမလူလားမြောက်လာသည့် အရွယ်တွင် ။ ထိုကဲ့သို ့လှူဒါန်းတတ်ရန်။ မိဘတို ့လှူဒါန်းထားသည့် ရေချမ်းအိုးစင် လက်ရာတို ့အား ဆက်လက်ပြုပြင် မွမ်းမံထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ကုသိုလ်အကျိုးတို ့အား လက်ဆင့်ကမ်း သယ်ပိုးဆောင်ရွက် သွားတတ်စေရန် အမေက ကျမကိုသွန်သင် ပြောဆိုပြသခဲ့တဲ့အတွက် နားလည်ဆောင်ရွက်တတ်ခဲ့ပါတယ် ။

မေး= အမေအလှူအတန်းပြုတာနဲ ့ပတ်သက်ပြီး ။ ထမင်းရေချောင်းစီး လှူဒါန်းခဲ့တာကို
သမီး နားလည်ချင်မိပါတယ် အမေ ။
ဖြေ= စေတနာသုံးတန် အရ ၊ အယုတ် အလတ် အမြတ်မရွေး ။ သုံးဆောင်နိုင်လောက်တဲ့ လှူနိုင်တဲ့အင်အားလည်းရှိပြီး ။ ရည်စူးပြီးလှူတဲ့အတွက် အမေ့စိတ်ပြတ်တဲ့အတွက် ဂုဏ်ရှိသူ ဂုဏ်နိမ့်သူဟူ၍ ရွေးချယ်ပြီးလည်း အမေမဖိတ်ပါ ။ မည်သူမဆို လက်ရေ တစ်ပြင်တည်း သုံးဆောင်နိုင်ရန် အတွက်သာ ထမင်းရေချောင်းစီး လှူဒါန်းခဲ့တာဖြစ်တယ်သမီး။
အမေသည် အလှူအတန်း ပြုလုပ်ခဲ့ရာတွင် ။ ရပ်ကွက်အတွင်း နေထိုင်သော လူများအား သိစေရန် တစ်အိမ် တက်ဆင်း နှုတ်ဖြင့်သာ ကျမတို ့အားဖိတ်ခိုင်းခဲ့ပြီး ။ ဘယ်၍ဘယ်မျှ ကုန်သည်ဆိုသော ချက်ပြုတ်နေသော နေရာတို ့တွင် ဝင်၍မစွက်ဖက်ခဲ့ ။ လှဲ ့၍ပင်မကြည့်ပါ ။ အိမ်ရှေ့၌ ဖြတ်သန်းသွားလာ ကြကုန်သောလူအပေါင်းတို ့အား ။ မည်သူကိုမဆို ဝင်ရောက်သုံးဆောင်သွားနိုင်ရရေး အတွက်သာ ပြုမူဆောင်ရွက်ပြီး မြင်သမျှ တွေ ့သမျှ လူတို ့အား ခေါ်ယူကျွေးမွေး ဧည့်ခံမှုပြုလုပ်ခဲ့ပါတယ်။
အလှူပြုလုပ်နေစဉ်အတွင်း အနှူသည်လည်း ။ အလှူအား ဝင်ရောက်အားပေး သုံးဆောင်ရသဖြင့်။ အမေ့အားကျေနပ်ဝမ်းသာစွာ သာဓု ခေါ်ပေးခဲ့တာကို တွေ ့မြင်ခဲ့ရပါတယ် ။ မှတ်သားလိုက်နာဘွယ်ရာ ကောင်းသော စေတနာသုံးတန် ပြတ်သားစွာဖြင့် လှူဒါန်းခဲ့သော အမေ့အလှူအား ။ ကျမမှ လေးစားလိုက်နာကာ အတုယူမိရပါတယ်။
(ကျမကလေးဘဝအရွယ်က လိမ္မာရေးခြား ရရှိခဲ့သည့် ကျမနှင့်အမေ၏ အမေးအဖြေများ အချို ့အား ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းသာလျှင်ဖြစ်ပါသည်)

19 comments

  • သခင် Mobile

    November 30, 2012 at 2:02 am

    အင်မတန်ကောင်းမွန်တဲ့ အမေးအဖြေလေးတွေပါ
    လူတိုင်းသိပြီးသားလိုလို ဘာလိုလိုရှိပေမယ့် တကယ်တမ်းလိုက်နာကျင့်သုံးတဲ့လူ
    နည်းမယ်လို့ထင်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အမျိုးကောင်းသား အမျိုးကောင်းသမီတွေ
    အနေဖြင့် မိဘကိုရိုသေလေးစားတန်ဖိုးထာတတ်ဖို့လိုပါတယ်။
    မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူး ဂုဏ်ကျေးဇူးကို အထူးသိလျှက် မိဘစက်။
    ဘုရား ၊ တရား ၊ သံဃာ ရတနာမြတ်သုံးပါးကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးပါးဖြစ်ပါတယ်။
    ရေလျှူတဲ့အကျိုးနဲ့ပတ်သတ်လို့ကတော့ မသိသူများမှတ်ကြကွဲ့
    သက်ရှည်ဆင်းလှ ချမ်းသာရ
    ဗလဉာဏ်ပညာ
    သန့်ရှင်းကျော်ဇော ခြွေရံပေါး
    လျှင်စေားမွတ်သိပ်ကွာ လို့လင်္ကာလေးရှိပါတယ်။
    ဒါလေးတွေက တတ်သလောက်မှတ်သလောက် အဟုတ်ကြီးလုပ်ပြီး ဝင်ပွားတာပါ . . . . . .

    • aye.kk

      December 1, 2012 at 6:34 pm

      သခင်မိုဘိုင်း
      ပထမဦးဆုံးမန် ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
      အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်ကငယ်ငယ်ကဆိုခဲ့တာပြန်သတိရမိတယ်။
      အလွတ်ရနေသေးတာသိရလို ့ဝမ်းသာမိပါတယ်။
      ရေအကျိုးဆယ်ပါးအလင်္ကာလေးအတွက်ကျေးဇူးပါ။
      အစ်မသိထားတဲ့ရေအကျိုးဆယ်ပါးအလင်္ကာကိုလည်းဖော်ပြလိုက်ပါတယ်။
      ရေလှူရခြင်းအကျိုး(ဆယ်ပါး)
      လျှင်မြန်သန် ့ရှင်း
      စင်ကြယ်ခြင်းနှင့်
      လွတ်ကင်းမွတ်သိပ်
      မဆိတ်ခြံရံ
      ဒီဃံသက်ရှည်
      ရုပ်ရည်ဆင်းလှ
      သုခခွန်အား
      ပညာများဆယ်ပါးရေအကျိုး။။

  • nature

    November 30, 2012 at 8:57 am

    ဒါကြောင့်မို့လည်း လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ လို့ ဆိုကြတာပါ။ သာဓု ၊သာဓု ၊ သာဓု ပါ။
    ကလေးတွေရဲ့အကျင့်စရိုက်ဟာ ပင်ကိုယ်ဗီဇပါသလို သင်ကြားပေးတဲ့မိဘ ဆရာ နဲ့ပတ်ဝန်းကျင် တွေပေါ်မှာလည်းမူတည်တတ်ပါတယ်။ သားသမီးမကောင်းမိဘခေါင်း ၊ တပည့်မကောင်းဆရာ့ခေါင်းလို့ဆိုကြပါတယ်။ မိဘဆရာတွေရဲ့ မှန်ကန်တဲ့ သွန်သင်ဆုံးမမှုကြောင့် ဆိုးရာကလိမ္မာလာသူများရှိသလို ပြောမရဆိုမရ ပင်ကိုယ်ဗီဇကြောင့်ပြင်မရသူများလည်းခြွင်းချက်နေနဲ့ အနည်းငယ်ရှိတတ်ပါတယ်။

    • aye.kk

      December 1, 2012 at 7:08 pm

      nature
      ကျေးဇူးပါ။
      ထင်မြင်တဲ့အယူအဆအပေါ်မှာ၊အားရကျေနပ်ဝမ်းသာမိလှပါတယ်။
      အမေကအမျှော်အမြင်ကြီးမားတဲ့သူပါ။
      သူ ့ဘဝတုံးကအမေဆိုတဲ့မေတ္တာကိုပြည့်ပြည့်ဝဝမရခဲ့တဲ့သူပါ။
      မိဘမေတ္တာငတ်ခဲ့တယ်၊အမေ့ရဲ ့အဖေနဲ ့
      အမေက(၇)နှစ်သမီးအရွယ်ထဲကဆုံးပါးသွားခဲ့တယ်။
      အမေကသူသင်ခန်းစာအဖြစ်ခံစားထားတဲ့ခံစားချက်တခုကျမကိုဖွင့်ဟပြောပြခဲ့တယ်။
      အဲဒါကဘာလည်းဆိုတော့အမေ့ကိုငယ်သေးတယ်။ဘာမှနားလည်ဦးမှာမဟုတ်ဘူး။
      ဆိုပြီး။ဘာအကြောင်းအရာမှဖွင့်ဟပြောပြသွားခဲ့တာမရှိခဲ့ဘူးတဲ့။
      မိဘနှစ်ပါးလုံးဆုံးပါးသွားတော့အမေဟာကိုယ့်ဆွေမျိုးတွေဘယ်သူဘယ်ဝါဆိုတာတောင်မသိခဲ့ရဘူးတဲ့။
      အမွေကိစ္စတွေလည်းဘာမှမပြောကြားသွားခဲ့လို ့ဘာမှမသိခဲ့ရတာလည်းအမှန်ဘဲတဲ့။
      အရွယ်ကငယ်သေးတယ်၊သင်လည်းသိနားလည်မှာမဟုတ်ဘူး
      ဆိုပြီးမိဘတွေကလူမမယ်အရွယ်သဘောထားခဲ့ကြတယ်တဲ့။ အိမ်မှုကိစ္စတွေလည်းနားလည်မှာ
      မဟုတ်ဘူးဆိုပြီးမသင်ပေးသွားတော့။
      လောကကြီးအလယ်မှာဘာမှမသိနားမလည်ဘဲမျက်နှာငယ်စွာကျန်ရစ်ခဲ့တာ ။
      အမေကကိုယ့်ဘဝကိုယူကြုံးမရခံစားခဲ့ရတယ်လို ့ပြောပြပါတယ်။ မိဘတွေကငယ်သေးတယ်ပြောဆိုနေပေမယ့်။
      မိဘတွေပြောနေဆိုနေတဲ့စကားတွေ။လုပ်ကိုင်ဆောင်ရွက်နေတာတွေကို။
      အမေကစိတ်ထဲနားလည်ခံစားတတ်နေခဲ့တယ်။
      (၇)နှစ်သ္မီးဆိုပေမယ့်လို ့သင်ပေးရင်တတ်မယ်၊ပြောရင်မှတ်ထားမယ်။နားလည်နေမယ်ဆိုတာကို။
      အမေကသိနေပါတယ်တဲ့။
      မိတွေကအစိုးရိမ်လွန်ပြီးဖြစ်ခဲ့ကြတာ။အမေ့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတယ်ဆိုတာ။
      အမေကပြောပြခဲ့ပါတယ်။
      မမျှော်လင့်ဘဲရုတ်တရက်ကျောက်ကြီးရောဂါနဲ ့ဆုံးပါးသွားကြလို ့။မိဘသေခါနီးတောင် ။
      အမေတို ့ကအနားအကပ်မခံရ။ဘာမှမမှာကြားသွားနိုင်တော့တာကို။အမေခံစားခဲ့ရတယ်။သမီးတို ့ကို
      အမေ့လိုမခံစားရအောင်ဆိုပြီး။အခုလိုငယ်စဉ်အရွယ်ထဲကသင်ထားပေးရင်တတ်တာ။သိတာ။
      နားလည်နိုင်တာမို ့။အမေကကျမကိုနားလည်အောင်။သူ ့ဘဝလိုမခံစားရအောင်။ ကျမကိုသင်ထားပေးရခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။။

  • ဦးကြောင်ကြီး

    November 30, 2012 at 10:28 am

    လိမ္မာရေးခြား
    ငြိမ်ရှာအေးနား
    ချိန်ပါသူဌေးသား
    အိမ်လာကလေးကလား..
    ရှိန်စွာကြေးများ
    တိမ်လွှာတွေးပွား
    မြိန်သဟာလေးစား
    စိန်ပြာမွေးထား…။

    • aye.kk

      December 1, 2012 at 7:50 pm

      ကြောင်ကြီး
      အနှစ်အကာ
      အရသာစုံ
      ကုံလုံအတွေး
      လေးနက်ပြည့်ဝ
      ရသာလှကို
      ခံစားဖတ်ရှုမဝပါ။

  • ခင်ခ

    November 30, 2012 at 11:10 am

    မိဘတွေက သားသမီးတွေ
    လူကြီးတွေက ကလေးတွေကို
    သင်ပြညွှန်ပြတဲ့အခါ
    မအေးအမေလိုဘဲ အကျိုးအကြောင်းရှင်းပြ
    သွန်သင်ကြရင် ကောင်းမှာဘဲလို့
    တွေးနေမိတယ်ဗျာ။

    • aye.kk

      December 1, 2012 at 8:00 pm

      ကိုခင်ခ
      ကျေးဇူးပါ။
      အမေကသူ ့ဘဝလိုမဖြစ်အောင်။ မခံစားရအောင်။ခံစားချက်ပြည့်နှက်မှုတွေ။
      များခဲ့တဲ့အပေါ်မှာ။အမျှော်မြင်ထားပြီး။လိမ္မာရေးခြားရှိအောင်လုပ်ပေးခဲ့တာကို။
      ဖွင့်ဟပြောပြလိုက်ပါရစေ။။။

  • အန်တီအေး ခင်ဗျာ ..
    ပထမဆုံး အနေနဲ့ ဖတ်မှတ်သွားပါတယ် ဆိုတာလေးကို ပြောပါရစေခင်ဗျာ ..

    ပြီးတော့ ..
    အန်တီအေး ပြောတဲ့ထဲက နံပါတ် ၂ အချက်ဖြစ်တဲ့ ..
    “ထမင်းစားရင် သရဏဂုံတည်ပြီး ဦးချပြီးမှ စား”
    ဆိုတာလေးနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ထူးထူးခြားခြား ကြားမိထားတာလေး ရှိပါတယ် ..
    လူတစ်ယောက်လို့ပဲ ဆိုပါတော့ဗျာ …
    အဲဒီလူက အထက်ကလို ထမင်းစားတိုင်းမှာ သရဏဂုံ တည်ပြီးမှ စားလေ့ရှိတယ်တဲ့ ..
    နှစ်များ ကြာလာတော့ အဲဒီလူဟာ နတ်တွေကိုတောင် မြင်လာရတယ်ဆိုပဲ ခင်ဗျ …

    • aye.kk

      December 1, 2012 at 8:17 pm

      မဟာရာဇာ အံစာတုံး
      ကျေးဇူးပါ။
      ကိုယ်စောင့်နတ်က(၁၂)ပါးရှိတာ။
      မကောင်း(၆)ပါး။ကောင်း(၆)ပါး။ပေါ့နော်။
      သရဏဂုံတည်တဲ့အကျိုးကျေးဇူးကြောင့်သာ။ကိုယ့်ကိုယ်မှာစောင့်ကြပ်နေတဲ့
      ကောင်းသောနတ်ကအားသာတဲ့အတွက်။
      မိမိအမြင်အာရုံပုံရိပ်တို ့ကောင်းသောထင်ဟပ်မှုကြောင့်။ကောင်းသောအိပ်မက်မြင်မက်ခြင်း။
      အကျိုးကျေးဇူးခံစားရနိုင်တာအမှန်ပါ။ဆရာတော်ခင်ကြီးဖျော်က သိကြားမင်းကိုယ်ထင်ပြတာကိုမြင်ရတာ
      ကျမ်းမှာဖတ်ထားဘူးတော့ ။ ဖြစ်နိုင်တယ်လို ့ထင်မြင်မိပါတယ်။ အန်တီအနေနဲ ့ကဝိပဿနာလိုက်စားသူဆိုတော့ စိတ်နဲ ့သက်ဆိုင်နေတာ ကြောင့်ဘဲဖြစ်ပါတယ် ။ စိတ်ကထင်မြင်သာယာမှုကြောင့်ဖြစ်ရတာကို။သိထားနေတော့ ဒါဟာ သဘာဝတရားစစ်စစ်ရှုထောင့်ကနေ။ ကြည့်မြင်မယ်ဆိုရင် အန်တီအနေနဲ ့ပြောပြရမယ်ဆိုရင် ဝိပဿာနာအညစ်အကြေး တစ်ခုမျှအနေနဲ ့ဘဲ
      ထင်မြင်သုံးသပ်မိပါတယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါရစေ။။

      • အန်တီ ခင်ဗျာ ..
        ကျနော် အဲဒီ ကိုယ်စောင့်နတ်တွေ အကြောင်းကို သိချင်မိတယ်ဗျာ …

        အဲဒီနတ်တွေက အမြဲတမ်း စောင့်နေတာတော့ မဟုတ်လောက်ဘူး …
        ဒါမှ မဟုတ် နတ်မျက်စိနဲ့ ကြည့်ပြီး စောင့်တာ …
        လူတိုင်း လူတိုင်းကိုသာ ကိုယ်စောင့်နတ်တွေ ရှိနေရရင် ..
        နတ်တွေ တပုံတစ်ခေါင် ဖြစ်နေမှာပေါ့ …. စသည်ဖြင့် …
        ကျနော့်အနေနဲ့ တစ်ခါတစ်ခါ လျှောက်တွေးမိတတ်တယ်ဗျ …
        စိတ်ထဲမှာ သိပ်ပြီးလည်း မရှင်းသလို၊ ဘဝင်လည်း သိပ်မကျလှဘူး ဖြစ်နေမိတယ်…

        ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး …
        ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းလောက်ဖြစ်ဖြစ် ပြောပြ ပေးစေချင်ပါတယ် ခင်ဗျ …

  • pooch

    November 30, 2012 at 5:20 pm

    အန်တီအေးရေ ကျမတော့ မနက်အစော ရေတခွက်ကြီး အဝသောက်တဲ့အခါ မသောက်ခင် သရဏဂုံ ရွတ်ပြီးမှ သောက်လေ့ရှိပါတယ်။ အဖွားပေးခဲ့တဲ့ အကျင့်လေးပါ။ ခုထိရွတ်နေတုန်းပဲ။

    စကားမစပ် အန်တီအေး ရေ ချင်းမိုင် တန်ဆောင်တိုင်ပွဲက အရမ်းလှတာပဲ နော်။ တောင်ကြီးတန်ဆောင်တိုင်နဲ့ အပြိုင်လှတယ်။ ပုံတွေထဲ ကြည့်လိုက်ရတယ်။ မီးပုံး အသေးလေးတွေနဲ့ ကောင်းကင်တခုလုံး မြိုင်နေအောင် လွှတ်တင်ကြတာ ။ မီးတွေလည်း မျှောလို့ တကယ့်ကို ပျော်စရာကြီး ပဲ ။

    • aye.kk

      December 1, 2012 at 11:27 pm

      pooch
      သိပ်ကောင်းတဲ့အလေ့အကျင့်တခုပါ။
      အကျိုးကျေးဇူးများပါတယ်။
      အန်တီအခုတလောခရီးအထွက်နည်းတယ်။
      ဖတ်ရှုအားပေးသွားတာသိရလို ့ဝမ်းသာရပါတယ်ကွယ်။။

  • Hnin Hnin

    November 30, 2012 at 6:42 pm

    မှတ်သား အတုယူသင့်တဲ့ ကောင်းတဲ့ အလေ့အကျင့်တွေပေါ့နော်…တီကေ

    သရဏဂုံကတော့ နေ့စဉ် ဘုရားရှိခိုးတိုင်းတော့ တည်ဖြစ်တယ်။
    ကျန်တဲ့အချိန် သီးသန့်တော့ မရွတ်ဖြစ်ဘူး။
    ဦးလေးတစ်ယောက်ကတော့ မနက် မျက်နှာသစ်တိုုင်း မြတ်စွာဘုရားကို မျက်နှာသစ်တော်ရေ
    ဆိုပြီး ရည်မှန်းကပ်ပြီးတော့ သရဏဂုံရွတ်ပြီးမှ သစ်တာ နှစ်တွေအတော်ကြာပြီ။

    • aye.kk

      December 1, 2012 at 11:34 pm

      Hnin Hnin
      မှန်ပါတယ်ကွယ်။
      သရဏဂုံမြဲတာသိရလို ့အတိုင်းထက်
      အလွန်ကို်ဝမ်းသာအားရမိပါတယ်ကွယ်။
      သရဏဂုံရဲ ့အကျိုးကကျေးဇူးကြီးလှပါတယ်။။

    • aye.kk

      December 1, 2012 at 11:37 pm

      အလင်းဆက်
      ဖတ်ရှုမှတ်သားသွားလို ့ဝမ်းသာရပါတယ်။။

  • မောင်ပေ

    December 1, 2012 at 9:39 pm

    ဒေါ်လေးကေရေ
    မောင်ပေ က တော့ မောင်ပေ့ အမေနဲ ့အမြဲတကျက်ကျက်ပဲဗျို ့
    အခုလဲ စကားများထားပြီး သားအမိနှစ်ယောက် အပြောအဆိုမလုပ်တာ ၅ရက်လောက်ရှိပြီ
    အမေ ကို ပြန်ချော့ ပြန်တောင်းပန်ရဦးမယ်ဗျာ

  • aye.kk

    December 1, 2012 at 11:40 pm

    မောင်ပေ
    မြန်မြန်လေးပြန်တောင်းပန်လိုက်နော်။။

Leave a Reply