သုရှင်….အလွမ်းပြေ….

candle .November 30, 20121min25517

                 ပန်းတစ်ပွင့်ကို.. နွမ်းလို ့ ပစ်ဖူးချင် ပစ်ဖူးကြမယ်….

                 လူတစ်ယောက်ကို.. လွမ်းဖို ့ဘယ်သူ ချစ်ဖူးပါ သတဲ့လဲ….

                 ပစ်ခဲ့တဲ့ ပန်းကို.. ဘယ်သူမှ သတိတရ မရှိနိုင်ကြပေမဲ့….

                  ဖြစ်ခဲ့တဲ့ အလွမ်းကြောင့်.. ရင်မှာ မထိရှတဲ့လူ….

                  ဘယ်သူ ရှိနိုင်ပါသတဲ့လဲ ..မောင်….

 

ကိုသုရှင်..ရဲ ့  မ…ကိုယ်စား အပြေးအလွှား….

 *မှတ်ချက် *  ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့..

မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ ့ ကဗျာလေးဖြစ်ပါတယ်..

17 comments

  • Thu Wai

    November 30, 2012 at 11:01 am

    သံယောဇဉ်တွေ နှောင်ဖွဲ့
    ကိလေသာတွေ တွယ်ယှက်ပြီး
    ထွက်သက်ကြွေတဲ့ ဤမသာကို
    ချစ်သူ ဆယ်သက် ဖက်ထားမလား :harr:

  • juu juu

    November 30, 2012 at 12:38 pm

    ဘာပြောရမှန်းတောင်မသိတော့ဘူး

  • ခင်ခ

    November 30, 2012 at 1:58 pm

    ပစ်လိုက်တဲ့ ပန်း
    ပြန်လည် နမ်း
    လို့ရပေမယ့်။
    ဖြစ်ခဲ့တဲ့ အလွမ်း
    ပြန်လည် တမ်းလည်း
    လွမ်းရုံပါဘဲဗျာ။

  • အလင်းဆက်

    November 30, 2012 at 9:44 pm

    မောင်စိန်းဝင်း ပုတီးကုန်း ရဲ ့ ကဗျာတွေကို ကြိုက်ခဲ့ဖူးပါတယ် ။

  • သခင် Mobile

    December 1, 2012 at 3:19 am

    အရင်ကတွေ့ခဲ့ဖူးတယ်။
    စာသားလေးတွေကလန်းပါတယ်။

  • သုရှင်

    December 1, 2012 at 8:06 am

    အလွမ်းဆိုတာ အချစ်ကို ပြည့်စုံစေတဲ့ အင်္ဂါရပ်တစ်ခုပါ။
    အလွမ်းမရှိဘဲနဲ့ ချစ်တယ်လို့ပြောနေရင် ဝ မရှိဘဲ ဝိ လုပ်နေသလိုပါပဲ။

  • candle .

    December 2, 2012 at 1:34 pm

    Thu Wai , juu juu , ကိုခင်ခ , အလင်းဆက် , သခင် Mobile , သုရှင်….
    အားပေးခဲ့သူများအားလုံးကျေးဇူးပါရှင်….

  • မောင်ပေ

    December 2, 2012 at 2:30 pm

    ကဗျာဆန်တဲ့ ကန်ဒယ်လေးကို ဦးပေ ဂျစ်ပါရစေကွယ်
    ဆရာကြောင် မလာခင် ဦးပေ က အရင်ပြောတာနော
    ဟီဟိ

    • Foreign Resident

      December 2, 2012 at 2:56 pm

      ” သားနှစ်ယောက်နဲ ့အိမ်ဦးနတ်ကို ထားခဲ့ရပြီး ..
      နိုင်ငံရပ်ခြားမှာ စီးပွားလာရှာနေရတဲ့ candle.. ”

      ကိုပေ candle လေးက ဟိုဘက် Post မှာ ၊
      အဲဒီလို ကြေငြာထားပြီးသားနော် ။

        • မောင်ပေ

          December 2, 2012 at 8:46 pm

          အလို
          မြတ်စွာဘုရား
          ရေငံပိုင်ဦးရှင်ကြီး သတိပေးတာကို အခုမှ ကြည့်မိတယ်
          ကန်ဒယ်လေးရေ
          မောင်ပေ မဂျစ်တော့ပါဘူးကွယ်
          သွေ ့ပုချိ သွေ ့ပုချိ

        • မောင်ပေ

          December 2, 2012 at 8:46 pm

          ရေငံပိုင်အဘဖော လို ့ပြင်ဖတ်ပေးပါနော

        • တွေ့လား ….
          အဲ့ဒါ ပြောတာပဲ ..
          နင်က နေရာတကာ လိုက်ကြောင်ချင်တာကိုး ..
          ကြောင်လွန်းလို့ နဖူးလည်း ပြောင်နေပြီ .. ဟီဟိ ..
          (ကြုံတုံးလေး ကစ်ထားရဒါ ..)

  • candle .

    December 2, 2012 at 2:40 pm

    ပေပေ ရေ.. ဂျစ် လို ့ရဒယ်..
    ပစ် လို ့ရဝူးနော်..ဟိ..

  • အလွမ်းအရင်းခံ
    အချစ်ကြောင့်ဖြစ်တည်။
    နွမ်းလျရင်မှာ
    တမ်းတစေသည်။
    သိုသော်အလွမ်းတွေကို
    ထွေးပိုက်လို့ထားမည်။

    • candle .

      December 2, 2012 at 4:28 pm

      အလဲ့..တယ်စာတဲ့ဆိုဘဲနော့….ကိုပေါက်….

Leave a Reply