အော် အဖေ အဖေ ဒီနံမည် မခေါ်ခဲ့ရတာ အတော်ကြာပါပေါ့လား…….

သူများတွေ အဖေ လို.ခေါ်တိုင်း ရင်ထဲမှာ မကောင်းခဲ့ဘူး.. အဖေမပါတဲ့ မိသားစုဘ၀ကို အမေ လက်ဆွဲဖြတ်သန်းခဲ့ရတာ..

ဟော အခု ၁၅နှစ် တောင် ဖြစ်သွားပြီး အဖေ………..

အဖေရေ အခု သား အိမ်ထောင်ကျသွားပြီ အဖေ…

အဖေ ချွေးမလေးက ပုပေမယ့် အချောသားဗျ.. ကျွန်တော်နဲ.လဲ လိုက်တယ်တဲ့ လူတိုင်းက ပြောကြတယ်…

အဖေမြင်ရင်လဲ အဖေ့ချွေးမလေးကို ချစ်ရှာမှာ…..

သားမင်္ဂလာဆောင် အရမ်းပျော်ဖို.ကောင်းတယ်အဖေ… ရန်ကုန်မှာပဲလုပ်လိုက်တယ်…

သူငယ်ချင်းတွေ ရော… မိသားစုတွေရော… အများကြီးလာကြတယ်.. ပျော်စရာကောင်းလိုက်တာအဖေ…

အမေကတော့ အဖေမကြိုက်တဲ့ မိတ်ကပ်တွေနဲ. သူ.သားမင်္ဂလာဆောင်မှာ ပျော်နေရှာတယ် အဖေ.. သူလဲ အဖေကိုတော့ သတိရရှာမှာပါ..

မင်္ဂလာ ပွဲမို.သား စိတ်မကောင်းဖြစ်မှာ စိုးလို. နေမှာပေါ… အဖေကိုတော့ သတိရရှာမှာပါ… အဖေ..

အဖေ ရေ.. အဖေသွားပြီးကတဲက အမေဆိုတာ သားတို.မောင်နှမ နှစ်ယောက်ကို လူတန်းစေ့ နေနိုင်အောင် လိုလေသေးမရှိ ကြိုးစားပန်းစား

လုပ်ကိုင်ကျွေးမွေး စောင့်ရှောက် သွန်သင် ဆုံးမ ခဲ့ တာပါအဖေ….

သားတို.ကလဲ လိမာပါတယ်အဖေ… အမေမကြိုက်တာ ဆို အတတ်နိုင်ဆုံးရှောင်ပါတယ်…

အခုဆို သား လစာကောင်းတဲ့ ကုမ္ပဏီမှာ အလုပ်ရပြီး အခြေအနေ ကောင်းနေပါပြီးအဖေ…

အမေကိုလဲ ပြန်ထောက်ပံ့ပေးနိုင်နေပါပြီး… သားတို. မိသားစု တစ်ခုလုံးကို လိုလေသေးမရှိ ကြွေးမှီးကင်းကင်းနဲ. နေနိုင်နေပါပြီး..

ဒါပေမယ့် အဖေ သားတို. အဖေရှိတုန်းက စစ်တပ် ကပေးတဲ့ ဆန်နဲ.စားခဲ့ရတဲ့ ထမင်းဝိုင်းလေးကို ဘယ်တော့မှ မမေ့ပါဘူးအဖေ..

အဖေလစာ လေးနဲ. သားတို.မိသားစု လောက်လောက်ငင စားသောက်နိုင်ခဲ့တဲ့ အဲဒီအချိန်တွေတုံးက ပျော်ခဲ့ရတာပါပဲ အဖေ…

အဖေရှေ.တန်းက ပြန်လာပြီး မမောနိုင်မပန်းနိုင် ချက်ချင်း ဟင်းချက်ကျွေး ခဲ့တဲ့ အဖေ.လက်ရာကိုလဲ မမေ့ပါဘူးအဖေ….

အဖေ ပြောခဲ့သလိုပဲ “ ငါ့မိန်းမ မင်း ဘာမှမလုပ်နဲ. မနက်မိုးလင်းရင် ရေချိုး သနပ်ခါးလူးပြီး အိမ်ရှေ.မှာ အေးအေးဆေးဆေး ထိုင်နေ ကျန်တာ

ငါ့တာဝန် ထား” ဆိုပြီး ဟင်းက အစ ထမင်းအဆုံးချက်ကျွေးခဲ့တဲ့ အဖေ…

သနတ်ကိုင်နေတဲ့ လက်က သားတွေသမီးတွေကို ထမင်းနယ်ကျွေးခဲ့တဲ့ အဖေ…

တခါတလေ ရှေ.တန်းစစ်မြေပြင် စခန်းကနေ ပြန်လာပြီး မဲညစ်နေတဲ့ စစ်ဝတ်စုံကို ကမန်းကတန်းချွတ် ဆံပင်မုတ်ဆိတ်တွေကို အမြန်ရှင်းလင်း

ရေမိုးချိုးပြီး သားသမီးတွေကို အနမ်းတွေပေးပြီး ငါ့သားလေး ဘယ်နှတန်းရောက်ပြီးလဲ.. စားကြိုးစားနော်လို. ပြောတဲ့ အဖေ….

အရက်သောက်ရင်တောင် သားသမီးတွေ မြင်ပြီး အတုမြင်အတတ်သင်ဖြစ်မှာဆိုးလို. ဆန်အိုးထဲ ခွက်ကလေးမြှုပ်ပြီး ဟင်းချက်ရင်း ခိုးသောက်ခဲ့ တဲ့ အဖေ..

အဖေ အခု အဖေသောက်သောက်နေတဲ့ အရက် တွေ သားလဲ သောက်တတ်နေပြီး အဖေ.. ဒါပေမယ့်အဖေ.. အဖေ့လိုပဲ သားလဲ အလွန်အကြူး

မသောက်ပါဘူးအဖေ…. သားလိမာပါတယ်နော် အဖေ…

ဒါပေမယ့်အဖေ သားမင်္ဂလာဆောင်ညကတော့ အရမ်းမူးပြီး တွဲလာရတဲ့အထိ သောက်မိသွားတယ်အဖေ… အဲဒီအချိန်မှာ အမေက

သားကိုဘာပြောတယ် ထင်လဲ …… မင်းအဖေ ဒီလောက်သောက်လာတာ တစ်ခါမှ ငါ့သားလိုမဖြစ်ဘူးဘူးတဲ့ သားဘာလို.အဲလောက်သောက်တာလဲတဲ့..

အဖေ… အဖေရေ ခွင့်လွှတ်ပါ.. သားသူငယ်ချင်းတွေနဲ. ပျော်လွန်းလို.ပါ… သောက်မိသွားတာ…

အခုက အဖေ သောက်နေကျ အာမီရမ် လိုမဟုတ်တော့ဘူး.. RedLabel, BlackLabel တွေနဲ. အစုံပဲအဖေရ…ဘီယာ ကလဲ ပါသေး…

အဖေ့ကို သားလခထဲက Double Black တစ်လုံးလောက် တိုက်လိုက်ချင်စမ်းပါဘိ အဖေရယ်……….

အဖေအခု ရောက်နေတဲ့ နေရာ အဆင်ပြေတယ်မို.လား…. သားတို. သမီးတို. သတိရနေပါတယ်အဖေ………

သားမင်္ဂလာဆောင်နေ.တုန်းက အမေ့ပိုက်ဆံ အိတ်ထဲမှာ အဖေ့စစ်ဝတ်စုံနဲ. ဓာတ်ပုံ၊ အဖေရင်ဘတ်မှာ ထိုးနေကျ ပြန်တမ်းဝင် တံဆိပ်လေး ကို မထင်မှတ်

ပဲတွေ.လိုက်ရတယ်အဖေ……… အမေလဲ အဖေ့ကို သတိရနေပါတယ်အဖေ…

ဒါပေမယ့် အမေ စိတ်မကောင်းဖြစ်နေမှာစိုးလို. သား အစဖော်မနေတော့ပါဘူး…. အဖေ..

သား အမေ့ကို ကျိုက်ထီးရိုး ဘုရားဖူး လိုက်ပို.ပေးလိုက်တယ်အဖေ… အမေ ပျော်နေလိုက်တာ အဖေ့ကို မြင်စေချင်တယ်…သိလား..

အမေ ကတော့ ဘုရား ရင်ပြင်တော်ကနေ ဘယ်မှကို မခွာတော့ဘူး ဘုရားကတော့ ဆုတောင်းလုပ်နေလိုက်တာ….

သားတို.မိသားစုလဲ အဖေ့ကိုရည်စူးပြီး..အလှူအတန်းတွေ လုပ်ခဲ့ပါတယ်အဖေ…. အဖေ ၀မ်းသာစွာ သာဓုခေါ်ပါတော့အဖေ…..

အဖေ့ ချွေးမလေးက လဲ အမေ့ကို သူ.အမေအရင်းလို ဂရုစိုက်ပါတယ်အဖေ…

အမေကတော့ မနက်ဖြန် သူ.ချစ်တဲ့ မန်းလေးကို ပြန်တော့မယ် အဖေ… သားတို.နှစ်ယောက်ကို စိတ်ချရတဲ့ အခြေအနေရှိမှပြန်မယ်တဲ့ အဖေ…

သားတိုကိုစိတ်ချပါ.. သင့်သင့်မြတ်မြတ်နဲ. အဆင်ပြေစွာ နေထိုင်သွားပါမယ်.. အဖေ…

အဖေ… ဒါဆို ဒါပဲနော်အဖေ…. သားအဖေ့ကို ချစ်တယ်………..

အော် မေ့လို. ပြောရအုံးမယ်…အဖေ သားမင်္ဂလာဆောင်မှာ သူငယ်ချင်း မိတ်ဆွေတွေပေးတဲ့ လက်ဖွဲ.ပစ္ဏည်းတွေ အများကြီးပဲအဖေ…

ပျော်စရာ ကောင်းလိုက်တာဗျာ……..

ဒါပေမယ့်အဖေ…… မိစုံဖစုံနဲ. သားတို.ဇနီးမောင်နှံ ကန်တော့ပြီး ငါ့သားတို.ငါ့သမီးတို. အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ ဆိုတဲ့

အဖေ့ဆုတောင်း စကားသံ ကို အလိုချင်ဆုံးပါပဲ အဖေရယ်……………

 

အဖေချစ်တဲ့ မြန်မာပြည်နဲ. အဖေချစ်တဲ့ မိသားစုကို ခွဲခွာသွားတဲ့ ၁၅နှစ်ပြည့် ခဲ့ပါပြီအဖေ……..

About ရွှေတိုက်စိုး

has written 79 post in this Website..