တပ်မတော်သား ကျွန်တော့်အဖေ…

အော် အဖေ အဖေ ဒီနံမည် မခေါ်ခဲ့ရတာ အတော်ကြာပါပေါ့လား…….

သူများတွေ အဖေ လို.ခေါ်တိုင်း ရင်ထဲမှာ မကောင်းခဲ့ဘူး.. အဖေမပါတဲ့ မိသားစုဘဝကို အမေ လက်ဆွဲဖြတ်သန်းခဲ့ရတာ..

ဟော အခု ၁၅နှစ် တောင် ဖြစ်သွားပြီး အဖေ………..

အဖေရေ အခု သား အိမ်ထောင်ကျသွားပြီ အဖေ…

အဖေ ချွေးမလေးက ပုပေမယ့် အချောသားဗျ.. ကျွန်တော်နဲ.လဲ လိုက်တယ်တဲ့ လူတိုင်းက ပြောကြတယ်…

အဖေမြင်ရင်လဲ အဖေ့ချွေးမလေးကို ချစ်ရှာမှာ…..

သားမင်္ဂလာဆောင် အရမ်းပျော်ဖို.ကောင်းတယ်အဖေ… ရန်ကုန်မှာပဲလုပ်လိုက်တယ်…

သူငယ်ချင်းတွေ ရော… မိသားစုတွေရော… အများကြီးလာကြတယ်.. ပျော်စရာကောင်းလိုက်တာအဖေ…

အမေကတော့ အဖေမကြိုက်တဲ့ မိတ်ကပ်တွေနဲ. သူ.သားမင်္ဂလာဆောင်မှာ ပျော်နေရှာတယ် အဖေ.. သူလဲ အဖေကိုတော့ သတိရရှာမှာပါ..

မင်္ဂလာ ပွဲမို.သား စိတ်မကောင်းဖြစ်မှာ စိုးလို. နေမှာပေါ… အဖေကိုတော့ သတိရရှာမှာပါ… အဖေ..

အဖေ ရေ.. အဖေသွားပြီးကတဲက အမေဆိုတာ သားတို.မောင်နှမ နှစ်ယောက်ကို လူတန်းစေ့ နေနိုင်အောင် လိုလေသေးမရှိ ကြိုးစားပန်းစား

လုပ်ကိုင်ကျွေးမွေး စောင့်ရှောက် သွန်သင် ဆုံးမ ခဲ့ တာပါအဖေ….

သားတို.ကလဲ လိမာပါတယ်အဖေ… အမေမကြိုက်တာ ဆို အတတ်နိုင်ဆုံးရှောင်ပါတယ်…

အခုဆို သား လစာကောင်းတဲ့ ကုမ္ပဏီမှာ အလုပ်ရပြီး အခြေအနေ ကောင်းနေပါပြီးအဖေ…

အမေကိုလဲ ပြန်ထောက်ပံ့ပေးနိုင်နေပါပြီး… သားတို. မိသားစု တစ်ခုလုံးကို လိုလေသေးမရှိ ကြွေးမှီးကင်းကင်းနဲ. နေနိုင်နေပါပြီး..

ဒါပေမယ့် အဖေ သားတို. အဖေရှိတုန်းက စစ်တပ် ကပေးတဲ့ ဆန်နဲ.စားခဲ့ရတဲ့ ထမင်းဝိုင်းလေးကို ဘယ်တော့မှ မမေ့ပါဘူးအဖေ..

အဖေလစာ လေးနဲ. သားတို.မိသားစု လောက်လောက်ငင စားသောက်နိုင်ခဲ့တဲ့ အဲဒီအချိန်တွေတုံးက ပျော်ခဲ့ရတာပါပဲ အဖေ…

အဖေရှေ.တန်းက ပြန်လာပြီး မမောနိုင်မပန်းနိုင် ချက်ချင်း ဟင်းချက်ကျွေး ခဲ့တဲ့ အဖေ.လက်ရာကိုလဲ မမေ့ပါဘူးအဖေ….

အဖေ ပြောခဲ့သလိုပဲ “ ငါ့မိန်းမ မင်း ဘာမှမလုပ်နဲ. မနက်မိုးလင်းရင် ရေချိုး သနပ်ခါးလူးပြီး အိမ်ရှေ.မှာ အေးအေးဆေးဆေး ထိုင်နေ ကျန်တာ

ငါ့တာဝန် ထား” ဆိုပြီး ဟင်းက အစ ထမင်းအဆုံးချက်ကျွေးခဲ့တဲ့ အဖေ…

သနတ်ကိုင်နေတဲ့ လက်က သားတွေသမီးတွေကို ထမင်းနယ်ကျွေးခဲ့တဲ့ အဖေ…

တခါတလေ ရှေ.တန်းစစ်မြေပြင် စခန်းကနေ ပြန်လာပြီး မဲညစ်နေတဲ့ စစ်ဝတ်စုံကို ကမန်းကတန်းချွတ် ဆံပင်မုတ်ဆိတ်တွေကို အမြန်ရှင်းလင်း

ရေမိုးချိုးပြီး သားသမီးတွေကို အနမ်းတွေပေးပြီး ငါ့သားလေး ဘယ်နှတန်းရောက်ပြီးလဲ.. စားကြိုးစားနော်လို. ပြောတဲ့ အဖေ….

အရက်သောက်ရင်တောင် သားသမီးတွေ မြင်ပြီး အတုမြင်အတတ်သင်ဖြစ်မှာဆိုးလို. ဆန်အိုးထဲ ခွက်ကလေးမြှုပ်ပြီး ဟင်းချက်ရင်း ခိုးသောက်ခဲ့ တဲ့ အဖေ..

အဖေ အခု အဖေသောက်သောက်နေတဲ့ အရက် တွေ သားလဲ သောက်တတ်နေပြီး အဖေ.. ဒါပေမယ့်အဖေ.. အဖေ့လိုပဲ သားလဲ အလွန်အကြူး

မသောက်ပါဘူးအဖေ…. သားလိမာပါတယ်နော် အဖေ…

ဒါပေမယ့်အဖေ သားမင်္ဂလာဆောင်ညကတော့ အရမ်းမူးပြီး တွဲလာရတဲ့အထိ သောက်မိသွားတယ်အဖေ… အဲဒီအချိန်မှာ အမေက

သားကိုဘာပြောတယ် ထင်လဲ …… မင်းအဖေ ဒီလောက်သောက်လာတာ တစ်ခါမှ ငါ့သားလိုမဖြစ်ဘူးဘူးတဲ့ သားဘာလို.အဲလောက်သောက်တာလဲတဲ့..

အဖေ… အဖေရေ ခွင့်လွှတ်ပါ.. သားသူငယ်ချင်းတွေနဲ. ပျော်လွန်းလို.ပါ… သောက်မိသွားတာ…

အခုက အဖေ သောက်နေကျ အာမီရမ် လိုမဟုတ်တော့ဘူး.. RedLabel, BlackLabel တွေနဲ. အစုံပဲအဖေရ…ဘီယာ ကလဲ ပါသေး…

အဖေ့ကို သားလခထဲက Double Black တစ်လုံးလောက် တိုက်လိုက်ချင်စမ်းပါဘိ အဖေရယ်……….

အဖေအခု ရောက်နေတဲ့ နေရာ အဆင်ပြေတယ်မို.လား…. သားတို. သမီးတို. သတိရနေပါတယ်အဖေ………

သားမင်္ဂလာဆောင်နေ.တုန်းက အမေ့ပိုက်ဆံ အိတ်ထဲမှာ အဖေ့စစ်ဝတ်စုံနဲ. ဓာတ်ပုံ၊ အဖေရင်ဘတ်မှာ ထိုးနေကျ ပြန်တမ်းဝင် တံဆိပ်လေး ကို မထင်မှတ်

ပဲတွေ.လိုက်ရတယ်အဖေ……… အမေလဲ အဖေ့ကို သတိရနေပါတယ်အဖေ…

ဒါပေမယ့် အမေ စိတ်မကောင်းဖြစ်နေမှာစိုးလို. သား အစဖော်မနေတော့ပါဘူး…. အဖေ..

သား အမေ့ကို ကျိုက်ထီးရိုး ဘုရားဖူး လိုက်ပို.ပေးလိုက်တယ်အဖေ… အမေ ပျော်နေလိုက်တာ အဖေ့ကို မြင်စေချင်တယ်…သိလား..

အမေ ကတော့ ဘုရား ရင်ပြင်တော်ကနေ ဘယ်မှကို မခွာတော့ဘူး ဘုရားကတော့ ဆုတောင်းလုပ်နေလိုက်တာ….

သားတို.မိသားစုလဲ အဖေ့ကိုရည်စူးပြီး..အလှူအတန်းတွေ လုပ်ခဲ့ပါတယ်အဖေ…. အဖေ ဝမ်းသာစွာ သာဓုခေါ်ပါတော့အဖေ…..

အဖေ့ ချွေးမလေးက လဲ အမေ့ကို သူ.အမေအရင်းလို ဂရုစိုက်ပါတယ်အဖေ…

အမေကတော့ မနက်ဖြန် သူ.ချစ်တဲ့ မန်းလေးကို ပြန်တော့မယ် အဖေ… သားတို.နှစ်ယောက်ကို စိတ်ချရတဲ့ အခြေအနေရှိမှပြန်မယ်တဲ့ အဖေ…

သားတိုကိုစိတ်ချပါ.. သင့်သင့်မြတ်မြတ်နဲ. အဆင်ပြေစွာ နေထိုင်သွားပါမယ်.. အဖေ…

အဖေ… ဒါဆို ဒါပဲနော်အဖေ…. သားအဖေ့ကို ချစ်တယ်………..

အော် မေ့လို. ပြောရအုံးမယ်…အဖေ သားမင်္ဂလာဆောင်မှာ သူငယ်ချင်း မိတ်ဆွေတွေပေးတဲ့ လက်ဖွဲ.ပစ္ဏည်းတွေ အများကြီးပဲအဖေ…

ပျော်စရာ ကောင်းလိုက်တာဗျာ……..

ဒါပေမယ့်အဖေ…… မိစုံဖစုံနဲ. သားတို.ဇနီးမောင်နှံ ကန်တော့ပြီး ငါ့သားတို.ငါ့သမီးတို. အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ ဆိုတဲ့

အဖေ့ဆုတောင်း စကားသံ ကို အလိုချင်ဆုံးပါပဲ အဖေရယ်……………

 

အဖေချစ်တဲ့ မြန်မာပြည်နဲ. အဖေချစ်တဲ့ မိသားစုကို ခွဲခွာသွားတဲ့ ၁၅နှစ်ပြည့် ခဲ့ပါပြီအဖေ……..

41 comments

  • nozomi

    November 30, 2012 at 12:54 pm

    အရမ်းသဘောကျလွန်းလို့ မမန့်ပဲ မနေနိုင်လွန်းလို့ မန့်လိုက်မိတယ် ကိုတိုက်ရေ
    မိဘမေတ္တာ မိဘ နဲ့ သားသမီး ကြားက ဆက်ဆံရေး မိသားစု သရုပ်
    ပီပြင်လွန်းလိုက်တာ စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရတယ်

    ကိုတိုက်တို့လဲ ကိုတိုက်လို သားလိမ္မာ သမီးလိမ္မာလေးတွေ မွေးမှာတော့ သေချာတယ် ဗျို့

    • Shwe Tike Soe

      November 30, 2012 at 12:59 pm

      ဟုတ်ကဲ့ ကိုနိုရေ
      ကျွန်တော် ကတော့ လိမာအောင် ကြိုးစားနေတာပါပဲ…
      အဖေ အမေ ဆိုတာ အစားထိုးလို.မရဘူးလေ…. နော…
      ကျွန်တော်လဲ ကျွန်တော် အဖေလို အဖေ ဖြစ်ချင်ပါတယ်ဗျာ… 😀

  • Novy

    November 30, 2012 at 1:44 pm

    မိတိုက်ရေ..
    ရှင့်ရဲ့ အဖေကိုလွမ်းတဲ့စာစုလေးကို ဖတ်ပြီ
    မနိုလည်း သွားလေသူဖေဖေ့ကို လွမ်းမိပါတယ်ကွယ်

  • Inz@ghi

    November 30, 2012 at 1:51 pm

    မိန်းမရပြီး အိုဘီ ဖြစ်သော စိန်တိုက်သည်
    မိမိကိုယ်တိုင် အဖေဖြစ်လာမည့် အနာဂတ်ကို ရွှင်မြူးစွာတွေးရင်း
    မိမိ၏ အဖေအကြောင်းကို ဆွေးဆွေးမြေ့မြေ့ တမ်းတသည်ဟု မှတ်ပါသည်။

  • kyeemite

    November 30, 2012 at 1:51 pm

    ကိုယ်တော့…ဘာပြောရမှန်းတောင်မသိပါဘူးကွာ..ဖတ်ရင်းနဲ့…ဖတ်ရင်းနဲ့…

    သားတို.မိသားစုလဲ အဖေ့ကိုရည်စူးပြီး..အလှူအတန်းတွေ လုပ်ခဲ့ပါတယ်အဖေ…. အဖေ ဝမ်းသာစွာ သာဓုခေါ်ပါတော့အဖေ…..

    ဖခင်ကြီးကို မမေ့ မလျော့ ကုသိုလ်ပြု အမျှဝေတာ ကောင်းပါလေ့ဗျာ…
    ကိုရင်ရွှေတိုက်က တော်ပီးသားပါ… ဆက်ထိန်းသွားပါလို့ပဲ ပြောပါရစေဗျား…
    (ကားတံခါးမှာပေနေတာတွေခုထိမဆေးရသေးဘူး…ခွိ ခွိ) :hee:

    • Shwe Tike Soe

      November 30, 2012 at 2:00 pm

      အစစအရာရာအတွက် ကျေးဇူးတင်ပါတယ် ဦးမိုက်ရေ…
      နောက်နေ. ညနေ ချိန်းပြီး ဆေးပေးပါမယ်ဗျာ…..ဟဟိဟိဟိဟိ :kwi:

  • ခင်ခ

    November 30, 2012 at 2:03 pm

    ( မင်းအဖေ ဒီလောက်သောက်လာတာ တစ်ခါမှ ငါ့သားလိုမဖြစ်ဘူးဘူးတဲ့ သားဘာလို.အဲလောက်သောက်တာလဲတဲ့..
    အဖေ… အဖေရေ ခွင့်လွှတ်ပါ.. သားသူငယ်ချင်းတွေနဲ. ပျော်လွန်းလို.ပါ… သောက်မိသွားတာ…)
    အော် ဆင်ခြေတွေတောင် ပေးတတ်နေပြီလားကွယ်၊ ဒီတစ်ခါတော့ရှိပစေတော့ နောက်ကို ဆင်ခြင်ပေါ့ကွယ်၊
    ကိုရွှေထိုက်အဖေရှိရင် အဲလို ပြောမလားလို့ တွေးမိတာပါ။

    • Shwe Tike Soe

      November 30, 2012 at 2:14 pm

      အော် ဟုတ်ကဲ့ အဖေ…. အဲဟုတ်ပေါင် ဟုတ်တယ် အဲလိုပြောမယ်ထင်တယ် ကိုခကြီးရေ…..

  • Rose Minn

    November 30, 2012 at 2:35 pm

    တိုက်ရေ မင်္ဂလာဆောင် မလာနိုင်တဲ့ အတွက် တောင်းပန်ပါတယ်။ ဒီပိုစ့်ကို ဖတ်ရတဲ့ အတွက် တိုက် ကိုတကယ် ချီးကျူး ပါတယ်။ဖတ်နေရင်း ရင်ထဲစို့လာမိတယ်။ အဖေ့ကို သတိရတိုင်း အဖေ့ကိုလွမ်းတိုင်း အဖေနဲ့ အသက်တူ ဦးကြီး ဒေါ်ကြီးတွေကို အဖေ့အစားထိုး အဖြစ်ကူညီစရာရှိရင် ကူညီ လုပ်ကိုင်ပေးပါလို့ အကြံပေးချင်ပါတယ်။ အဖေ့ကိုမပြုစုရပေမယ့် အမေ့ကို ပိုပြီး အကြင်နာပိုစောင့်ရှောက်ပေးပါနော်။ အုပ်အုပ်နဲ့ လည်း ပျော်နေတယ်ဆိုလို့ ဝမ်းသာပါတယ်။

    အမလည်း ရှိနေတဲ့ အဖေ နဲ့ အမေ ကိုပိုပြီး ချစ်သင့် အရင်ကထက်ပိုစောင့်ရှောက်ဖို့ အသိတရား ဝင်သွားမိပါတယ်။ တန်ဖိုးကြီးတဲ့ ရတနာတွေပဲလေ။ အမတို့ဘဝမှာ အစားထိုးမရဘူး မဟုုတ်လား။

    • Shwe Tike Soe

      November 30, 2012 at 3:08 pm

      ဟုတ်တာပေါ့အစ်မရယ် ကျွန်တော်ရေးတဲ့စာလေးကိုဖတ်ပြီး အသိတရားရတယ်ဆိုလို. ဝမ်းသာပါတယ်ဗျာ..
      မမအုံပြောသလိုပဲ အမေကို ပိုဂရုစိုက်ပါတယ်..

  • Mr. MarGa

    November 30, 2012 at 2:56 pm

    ၁၅ နှစ်တောင်ရှိပြီလားကွယ်
    ဒါနဲ့ စကားမစပ် မင်္ဂလာပွဲကို ဦးမာဃ ဂုဏ်ပြုပါတယ်နော်

    • Shwe Tike Soe

      November 30, 2012 at 3:11 pm

      ကျေးဇူးတင်ပါတယ် ဦးမာဃခင်ဗျားးးးးးးးးးးးး

  • မင်းနန္ဓာ

    November 30, 2012 at 3:12 pm

    မကြာခင်မှာ အဖေ ဖြစ်လာတော့မယ့် သားတစ်ယောက်ရဲ့
    အဖေ ဖြစ်သူကို တမ်းချင်းလေးပေါ့
    ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ် ရွှေတိုက်ရေ..
    အဖေ့ကိုယ်စားရော အမေ့ကို နှစ်ဆ ဂရုစိုက်ပေးလိုက်ပါဗျာ..

    • Shwe Tike Soe

      November 30, 2012 at 3:29 pm

      ဟုတ်ကဲ့ပါ ကျွန်တော် တတ်နိုင်သလောက ်ဂရုစိုက်သွားမှာပါ.. ကိုမင်းနန္ဒ ရေး
      ရင်ဘတ်ကြီးနဲ.ဖတ်သွားလို.ကျေးဇူးပါ…

  • Thu Wai

    November 30, 2012 at 4:07 pm

    ခင်ဗျားနဲ့ ကျွန်တော်နဲ့ အတူတူပါပဲဗျာ ……….ဟီးးး……

    • Shwe Tike Soe

      November 30, 2012 at 4:26 pm

      ကိုသုဝေရေ မငိုနဲ.ဗျ… အဖေကပြောတယ် ငိုတာမိန်းမတွေ အလုပ်တဲ့
      အဖေက ငိုတာမကြိုက်ဘူး..
      ငိုမယ့်အချိန်ကို ဘာလုပ်ရမလဲ စဉ်းစားတဲ့……….

  • pooch

    November 30, 2012 at 4:13 pm

    ကျမအဖေ ကျမတို့ကို ခွဲသွားတာတော့ နှစ် ၂ဝ နီးပါး ရှိတော့မယ်။ ကျမလည်း သူများတွေလို မိစုံဖစုံရှိရမဲ့ အချိန်မှာ တွေးပြီး လွမ်းနေရမှာစိုးလို့ အမေနဲ့ပဲ နေတော့မယ် စိတ်ကူးတယ် ။ နောက်တခါ ပြန်ဝမ်းမနည်းရအောင်ပေါ့ :mrgreen:

    ယနေ့မှ စ နှစ်တရာ တိုင်ပါစေရှင် ။
    ဖအေတူ ဘိုးအေတူ သားလေးလည်း များမကြာမီ ပွားစီးနိုင်ပါစေလို့ 😀

    • Shwe Tike Soe

      November 30, 2012 at 4:39 pm

      မပုချ်ရေ..
      တစ်ခါတလေမိဘတွေက ကိုယ့်သားသမီး ကို မိသားစုနဲ.ပျော်ပျော်ရွှင်ရွှင် မြင်ချင်ကြသေးတယ်ဗျ…
      ဟဲဟဲဟဲ…

  • kai

    November 30, 2012 at 4:37 pm

    မြန်မာပြည်ရဲ့.. နှစ်၁၀၀ဝ ပြည်တွင်းစစ်ထဲ.. တပ်မတော်သားတွေ.. ဘယ်လောက်များကျဆုံးခဲ့သလည်း.. တွေးနေမိတယ်..။ မိသားစုတွေ. မျက်ရည်..ဧရာဝတီလောက်ရှိမှာပါ…။
    ပြည်တွင်းစစ်တွေကြောင့်.. စစ်သားဆိုတဲ့လူတန်းစားကြီးတရပ်ကလည်း..ရှိနေရတာပေါ့..
    အော်..
    အဖမြန်မာပြည်..။

    ကိုရင်တို့..စုံတွဲနဲ့မဆိုင်ပါဘူးနော..။
    ကိုရင်ထိုက်ထိုက်က.. လွမ်းပြလို့..ကျုပ်က.. တမ်းတကြည့်တာပါ..
    ဆိုတော့…
    မိဘကျေးဇူးဆပ်ချင်ရင်.. မိဘမြန်မြန်လုပ်ပေတော့…
    မြန်မြန်ဟေ့.. မြန်မြန်… :kwi:

    • Shwe Tike Soe

      November 30, 2012 at 4:51 pm

      အော်သူကြီးနှယ့် လွမ်းဒါအေးချေးလွမ်းပါဗျာ…
      ကျွန်တော်တို. ဇနီးမောင်နှံများ ယူနိုက်တက်ဗေးရှင်းကျနေတာပဲ… အာဟိ
      အခုလုပ်အခုရတာ မျက်မှန်ဘဲရှိတယ်ဗျ… အဟီးးးးးးးးးးး
      ယူမှာ ယူမှာ စိတ်ချ… သုံးယောက်မွေးမှာ အရွယ်ရောက်ရင် အမေလိကန်ကိုတစ်ယောက်
      အင်ဂလန်ကို တစ်ယောက် နိပေါကို တစ်ယောက်လွှတ်မှာ..
      အမေလိကန်ကို နည်းပညာသင်ခိုင်းမယ်..
      အင်ဂလန်ကို လူနေမှုအဆင်အတန်းလေ့လာခိုင်းမယ်
      နိပေါကို သာသနာပြုခိုင်းမယ်… ဒါပဲ… ဟေဟေဟေ ကြီးလိုက်တဲ့ရည်မှန်းချက်…

  • အရီးခင်လတ်

    November 30, 2012 at 5:55 pm

    မင်းတို့ မိသားစုအားလုံး အဖေကြီး ကိုသတိရနေကြမှာ ခံစားလို့ရပါရဲ့။
    အမေ့ အတွက် သမီးလိမ္မာလေးခေါ်လာပေးတဲ့ သားလေး ကို အဖေက သာဓုခေါ်နေမှာပါ။
    ဆထက်တစ်ပိုး တိုးပြီး ကြီးပွါးချမ်းသာ အောင်မြင်ပါစေကွယ်။
    အုပ်ထိန်းသူရဲ့ ဖခင်ကြီး ကို ပိုပြီးချစ်လိုက်ပေါ့။
    မဟုတ်လား။ :hee:

    • Shwe Tike Soe

      December 1, 2012 at 8:43 am

      ဟုတ်ကဲ့ ပါအရီးလတ်ရေ..
      ဆုတောင်းပေးလို. ကျေးဇူးတင်ပါတယ်ခင်ဗျ…
      အုပ်ထိန်းသူအဖေကိုလဲ ယောက်ခထီး ဖေဖေအဖြစ် ဂရုစိုက်ပေးမှာပါ..
      ဒါပေမယ့် ကျွန်တော် အဖေကတော့ အစားထိုးလို.မရပါဘူး ဗျာ…….

  • မိတိုက်ရေ
    ကောင်းနေတာတွေကိုတော့ထပ်မပြောဘူးဗျာ
    မင်းဖေဖေဘယ်လိုကျဆုံးသွားတယ်ဆိုတာလေးကို ရေးရင်ပိုတောင် ပြည့်စုံသွားမယ်ထင်ပါတယ်။
    ဆက်ရေးစေချင်ပါတယ် စိတ်ဝင်စားလို့ပါ.
    နောက်ရှေးက နဲ့ နောက်က ဘယ်လိုကွာခြားတယ်ဆိုတာလဲ သိစေချင်တာလဲပါ ပါတယ်.
    ကျနော်မိဘက တပ်မတော်သားမဟုတ်ပေမယ့် ဒီအသိုင်းအဝိုင်းထဲမှာကျင်လည်ခဲ့သူတစ်ယောက်ဖြစ်နေလို့ပါ။

    • Shwe Tike Soe

      December 1, 2012 at 8:46 am

      ဟုတ်ကဲ့လေးပေါက်ရေ.
      ရေးပါမယ် ဒါပေမယ့် အဖေအကြောင်းရေးရရင် ရင်ဘတ်အောင့်လွန်းလို.
      နားနားရေးမယ်နော်…

  • ရွှေ ကြည်

    November 30, 2012 at 6:03 pm

    ကိုရွှေတိုက်ရေ ကောင်းလိုက်တဲ့စာလေးရှင်..။
    ဖတ်နေရင်းနဲ့ ဝမ်းနည်းတာရော ဝမ်းသာတာပါ ခံစားလိုက်ရတယ်..။
    ရောထွေးနေမယ့်ကိုရွှေတိုက်ရဲ့ခံစားချက်တွေကိုနားလည်လိုက်ရတယ်..။
    ကိုရွှေတိုက်အဖေကို ဖခင်ကောင်းတယောက်အနေနဲ့ရော နိုင်ငံသားကောင်းတယောက်အနေနဲ့ရောလေးစားပါတယ်ရှင်..။
    ကိုရွှေတိုက်အမေကိုလည်းဂရုဏာသက်မိရင်း အားမာန်အပြည့်နဲ့ဘဝကိုနောက်တပင်မထူပဲသားသမီးတွေကိုစောင့်ရှောက်လာလို့လေးစားရပါတယ်လို့..။
    ကိုရွှေတိုက်ကိုလည်းသားကောင်းတယောက်ပီသလို့ အားကျအတုယူမိပါတယ်..။
    ပျော်ရွှင်ပါစေ ကိုရွှေတိုက်ရေ..။

    • ရွှေ ကြည်

      November 30, 2012 at 6:05 pm

      ကျန်ခဲ့လို့ ဇနီးကောင်းဇနီးချစ်စရာလေး ရလို့လည်းဝမ်းသာပါတယ်လို့.. 😆

      • Shwe Tike Soe

        December 1, 2012 at 8:55 am

        ကျေးဇူးတင်ပါတယ် မရွှေကြည်ရေ..
        အဲလိုအမေကို ကျွန်တော်ဂရုမစိုက်ရင် ကျွန်တော်ထက်ဆိုးတဲ့သူ ရှိမှာမဟုတ်တော့ဘူးလေ နောဗျာ

  • အလင်းဆက်

    November 30, 2012 at 9:50 pm

    ဟုတ်ပါတယ် ။
    မိဘ ဆီက ကြားရတဲ ့ဆုတောင်းစကားလေးတွေဟာ..
    ကြည်နူး.ဝမ်းသာ ရလွန်းလို ့..
    သားသမီးတွေ ဘက်က…
    ပြောမပြတတ်လောာက်အောင်..မြတ်နိုးမိတဲ ့စကားတွေထဲမှာ….
    မိဘတွေရဲ ့ ဆုပေးစကားလေး..တွေပါ ပါတယ် နော် ။

  • သခင် Mobile

    December 1, 2012 at 2:44 am

    အခုလို မိဘာမေတ္တာကို ဖွဲကျူးတဲ စာလေးတွေဖတ်ရတော့
    ဖတ်ရင်နဲ့ ကျုပ်တောင် မိဘတွေကို လွမ်းလို့ မျက်ရည်ဝဲ လိုက်ရတယ်ဗျာ။
    တုနှိုင်းမရ မိနှင့်ဖ ဂုဏ်ကျေးဇူးကို သိတတ်ကြ လို့ဆိုလိုက်ချင်တယ်ဗျာ။

  • တညင်သား

    December 1, 2012 at 7:55 am

    ရင်ထဲကို တော်တော် ထိသွားတယ်….
    အကိုကြီး ရွှေတိုက်စိုး ရေ……..တားတား အဖေ လဲ (၁၀) နှစ်ပြည့်တော့မယ် ဘဝ တစ်ပါးသို့ ပြောင်းသွားတာဖြင့်..
    မင်္ဂလာဆောင် အတွက် ဂုဏ်ယူပါကြောင်းနဲ့ ရိုးမြေကျ ပေါင်းသင်းနိင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်…

    • Shwe Tike Soe

      December 1, 2012 at 8:58 am

      ဆုတောင်းပေးလို.ကျေးဇူးတင်ပါတယ် ကိုတညင်သားရေ…

  • MaMa

    December 1, 2012 at 8:26 am

    ကိုယ့်ဘဝကိုယ်ကောင်းအောင် နေတာကိုက မိဘကို စိတ်ချမ်းသာစေလို့ အကောင်းဆုံးကျေးဇူးဆပ်နည်းပါပဲ ရွှေတိုက်ရေ။
    သာဓု သာဓု သာဓုပါ။
    ဖခင်ကောင်းရဲ့ သား ဖြစ်ခဲ့ရပြီ။
    သားကောင်းဖခင်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    သာယာချမ်းမြေ့စွာနဲ့ မိသားစုဘဝတည်ဆောက်နိုင်ကြပါစေ။ :hee:

    • Shwe Tike Soe

      December 1, 2012 at 9:00 am

      ဟုတ်ကဲ့ ကြိုးစားနေပါတယ် အန်တီမမခင်ဗျား…
      ဖခင်ကောင်းဖြစ်ဖို.မလွယ်ပေမယ့် ဖြစ်အောင် ကြိုးစားသင်ယူလေ့လာ နေပါတယ် ခင်ဗျ…

  • Hnin Hnin

    December 1, 2012 at 12:58 pm

    အဖေက ‘ အိုးသူကြီး ‘ ဝင်ဝင် လုပ်တယ်ဆိုတော့ နှင်းနှင်း ဖေဖေအတိုင်းပါပဲလေ..
    ဝင်ဖတ်တိုင်း ဝေးတစ်နေရာက အဖေ့လက်ရာ လွမ်းရပါပြီ…

    ‘ အဖေ့လက်ရာ ‘ က ‘ အမေ့လက်ရာ’ ထက် အများကြီးသာတယ်ဆိုတာတော့ စားဖူးသူမှ သိမှာပါ..

    ယောက်ျားလေးတွေ အချက်အပြုတ်ကောင်းပြီဆိုရင် မိန်းကလေးတွေက လုံးဝလိုက်မမီပါဘူး..
    ဒါကြောင့် အမျိုးသမီးတွေကြားထဲ ရှားပါးယောက်ျားပြိုင်ပွဲဝင်သူဖြစ်လို့ ဟို ‘ Cooking Master ‘ က
    ‘ အမျိုးသမား ‘ ကြီးက (အမျိုးသမီး + အမျိုးသား = အမျိုးသမား …. :mrgreen: )
    ‘ စားဖိုမှူး ‘ ပဲ ရှိတာ…’ စားဖိုမှူးမ ‘..မှ မရှိတာလို့ ဝင့်ကြွားပြောခဲ့တာ ထင်ရဲ့ …. 🙂

  • သီဟသူရချာလတာအာပေတူး

    December 1, 2012 at 1:57 pm

    ကိုတိုက်ရေ……. ဝမ်းနဲစရာပဲကျန်ခဲ့တယ် .. :byae:

  • ဝမ်းနည်းဝမ်းသာ ခံစားချက်ကြီးပါလားကိုတိုက်ရယ်။…။

    ဝမ်းနည်းတာက ကိုတိုက် မင်္ဂလာဆောင်မှာ အဖေမရှိလို့လေ…။
    ဝမ်းသာတာက လိမာ(အဲ) လိမ္မာတယ်ပြောပြီး အဖေထက်သားက လက်ဆောင်းထက်နေလို့လေ အဟိ..။ စတာ မင်္ဂလာဆောင်လိုက်လို့လေ.။

    မှတ်မှတ်ရရ ဒင်နာညကို ပြန်တောင် သွားချင်လိုက်သေး…။ အစုံသောက်ရလို့လေ..။ တူညားတွေဆို ဆိုဂျူးတွေဘာတွေတောင်ချလိုက်သေး..။

  • thit min

    December 1, 2012 at 4:45 pm

    ညီငယ်လေး ရွှေတိုက်ရေ…………..
    လက်ထပ်ထိမ်းမြားခြင်းကို ပျော်ရွှင်အောင်မြင်စွာပြီးမြောက်စေလို့ ထပ်ဆင့်ချီးကျူးဂုဏ်ပြုတယ်ဆိုတာ
    ပထမပြော(၃ကြိမ်မြောက်ဆုတောင်းခြင်း)ပါရစေ။
    ဒုတိယအနေနဲ့ကတော့ ဒီပို့(စ)ကိုကော်မန့်ပေးပါမယ်။
    ညီလေးရေ…
    ဖခင်ကိုတမ်းတတယ်ဆိုတဲ့ စာလေးကိုဖတ်ပြီးတော့ “အချိန်”နဲ့ “အနေအထား”ကိုသုံးသပ်မိတယ်။
    အဲဒီမှာ (ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပါ) ညီလေးရဲ့ ပို့(စ)မှာ ထပ်ဖြည့်ရမှာကိုတွေ့မိတယ်။
    ပို့(စ)ကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့
    ဖခင်ရဲ့ မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်တယ်။
    ပြီးတော့ လက်ရှိမိခင်ရော မိမိကိုယ်တိုင်ပါ ဖခင်ကို “ခုလိုချိန်မှာ” ပိုပြီးသတိတရရှိနေတယ်ဆိုတာရှင်းပြတယ်။
    ပြီးတော့မှ ဖခင်ကိုတမ်းတတဲ့လွမ်းတယ် ဆိုတာတွေကိုစာစီကုံးလိုက်တယ်။
    အဲဒီအထိနော်။
    အမှန်က နောက်ဆက်တွဲကျန်သေးတယ်လေ။
    ဒီလိုကွာ။
    ညီလေးရွှေတိုက်က ဖခင်မရှိတော့ပေမဲ့ ကိုယ့်အင်ကိုယ့်အားရှိသလောက်နဲ့ ရုန်းကန်ကြိုးစားနိုင်ခဲ့လို့ ဒီလိုနေ့
    ဒီလိုအချိန်မှာတော့ မိခင်ကိုလည်း ကောင်းစွာလုပ်ကျွေး၊ ကောင်းသောအနေအထားနဲ့ထားနိုင်ခဲ့ပြီ။
    မိမိကိုယ်တိုင်လည်း ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရုံမက …လူလူသူသူ အချစ်ကလေး ကိုယ့်နဘေးမှာ
    ဆိုပြီး တင့်တောင်းတင့်တယ် လက်ထပ်ထိမ်းမြားနိုင်ခဲ့ပြီ။
    ချုပ်ပြီးပြောရရင် ကိုယ့်အတိုင်းအတာနဲ့ကိုယ်အောင်မြင်မှုရခဲ့တဲ့ လူတယောက်ဖြစ်ခဲ့ပြီ မဟုတ်လား။
    အဲဒါလေး ဖြည့်စွက်ချင်မိတယ်။
    လွမ်းလို့ရပါတယ်။ မိဘကိုချစ်တဲ့ အချစ်၊ အစားထိုးမရတဲ့ ဆုံးရှုံးမှု ဘဲ လွမ်းမိတာပေါ့။
    ကိုယ်လဲ ငယ်ငယ်လေးကတည်းက အမေဆုံးခဲ့တာဘဲ။ ကိုယ်ချင်းစာပါတယ်။ ။
    ဒါပေမဲ့ ညီလေးရယ် သောက ဆိုတာ ကုသိုလ် တရားတော့မဟုတ်ဘူးလေ။

    လွမ်းတာကို “အား” ဖြစ်အောင် လုပ်နိုင်ခြင်းကသာ လျှင် လောကီ၊လောကုတ် နှစ်ဖြာသောအကျိုးကို
    ရစေမှာ။
    ပြီးတော့ မိဘကို ကျေးဇူးဆပ်ရာလည်းရောက်ပါတယ်။ မိဘဆိုတာ ကိုယ့်သားသမီး ကောင်းစားတာမြင်
    ချင်ကြတာမဟုတ်လား၊ အဲဒီ ဆန္ဒ ကိုဖြည့်ဆည်းပေးနိုင်လို့ပေါ့နော်။

    ဒီလိုစဉ်းစားကြည့်မိတယ်။
    “အဖေ~~~~~~~လူ့လောကကြီးမှာအဖေမရှိတော့ဘူးဆိုတာမှန်ပါတယ်။ တခြားသူတွေအတွက်တော့ အဖေ
    နဲ့ ပါတ်သက်”ခဲ့ဘူးတယ်” လို့ဘဲ ဆိုရပါတော့မယ်။အဖေက အသက်ရှင်ရက်မှမရှိတော့တာလေ။
    ဒါပေမဲ့အဖေ သားအတွက်တော့ အဖေနဲ့ပါတ်သတ် ဆက်နွယ်နေဆဲပါအဖေရယ်။
    ဘာလို့လဲဆိုတော့ သားရဲ့ကိုယ်ထဲမှာ လှည့်လည်နေတဲ့ သွေး တွေထဲမှာ အဖေ့ရဲ့သွေးတွေပါတယ်အဖေ။
    အဖေရဲ့ မျိုးရိုးဗီဇဟာသားရဲ့ တကိုယ်လုံးတင်မက စိတ်နှလုံး၊အကျင့်စရိုက် ဆိုတဲ့ အရာအားလုံးထဲမှာတည်ရှိနေ
    တာ မဟုတ်လားအဖေရယ်။
    သွေးဟာ အသက်ကိုဖြစ်စေတယ်။ စိတ်ဓာတ်နဲ့အမူအကျင့်တွေဟာဘဝကိုပုံဖော်ပေးတာဆိုတော့ သားရဲ့ လက်ရှိ
    ဘဝဟာ အဖေ့ရဲ့သွေးနဲ့စိတ်ဓာတ်တွေရဲ့ အင်အားအစိတ်အပိုင်းတွေပါဘဲ။
    အခုဆို သား အဖေ့ရဲ့ “သဘာဝအမွေ”ကို တိုးပွါးအောင် ကြိုးစားခဲ့လို့ ခုဆိုအဖေ့သားအောင်မြင်ပြီ အဖေရေ။
    အဖေ ဝမ်းသာပါ။
    အဖေဂုဏ်ယူပါ။
    အဖေ စိတ်ချလိုက်ပါတော့။
    အဖေရဲ့ သံသရာခရီးမှာ သားနဲ့မတွေ့မကြုံမဆုံရတော့ပေမဲ့
    အဖေ့ရဲ့ စိတ်နဲ့သားဟာ တထပ်တည်းရှိနေတယ်ဆိုတာ မိသားစုကိုစောင့်ရှောက်ခဲ့ပြီး …သား သက်သေပြခဲ့ပါပြီ။
    အဖေရှိတဲ့ နေရာ သားမသိပေမဲ့ အဖေ့သွေးနဲ့အသက်ရှိနေတဲ့ သားဟာ အဖေဟာ နီးနီးကပ်အမြဲရှိနေတယ်လို့
    ဆိုချင်ပါတယ်။
    အဖေ့ရဲ့မျိုးရိုးဂုဏ်ကိုထိန်းသိမ်းပြီး လက်ရှိသားရဲ့မိသားစုကိုပါ အကောင်းဆုံးစောင့်ရှောက်သွားပါ့မယ်ဆိုတဲ့ကတိ
    စကားကို လေးလေးနက်ပေးရင်း သားနဲ့သားရဲ့ချစ်ဇနီး(အဖေ့သမီးအသစ်ကလေး) နဲ့အတူ အဖေ့ကို သားတို့
    ရည်မှန်း ပြီး ဦးချကန်တော့လိုက်ပါတယ် အဖေ ရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    (အရေးကြီး မှတ်ချက်၊။ ။ မိစုံဖစုံနဲ. သားတို.ဇနီးမောင်နှံ ကန်တော့ပြီး ~~~ဘာညာ ဘာညာတော့ ရေး
    ထားပါရဲ့ တကယ်ကြီး “အဖေ့ကို သားကန်တော့လိုက်ပါတယ်” လို့ တိတိကျကျလေး မပါလို့ အားမရဘူးညီရာ။
    အဲ အဖေ့ကို အရက်တိုက် ချင် တယ်တော့ ပါတယ်။)
    ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
    ခင်မင်စွာဖြင့်

    သစ်မင်း

    • Shwe Tike Soe

      December 3, 2012 at 3:50 pm

      ဟုတ်ကဲ့ ကိုသစ်ခင်ဗျ.
      အခုလိုလေး ဖြည့်ပေးတာ ကျေးဇူးတင်ပါတယ်..
      ကျွန်တော်လဲ အားမရပါဘူး ကိုယ့်ကိုကိုယ် ရင်ထဲကလာတာတွေ စာအဖြစ်ရေးရတာ နဲနဲတော့ခက်သားခင်ဗျ…
      ကိုသစ်ပြောသလိုလေး ကျွန်တော့်စိတ်ထဲမှာတော့ ရှိတာအမှန်ပါ ခင်ဗျ..
      အခုလိုလေး ပြောပေးတော့… အရမ်းကိုဝမ်းသာမိပါတယ်ဗျာ..ကျေးဇူးလဲတင်ပါတယ်…

  • Shwe Ei

    December 1, 2012 at 7:05 pm

    ဒင်နာညတုံးက မုဒိတာမပွားလိုက်ရလို့ အခုမှဝင်ပွားလိုက်အုံးမယ်။
    တိုက်တိုက်နဲ့အုပ်အုပ် မင်င်္ဂလာဦးနေ့ရက်များကဲ့သို့ တသက်လုံးပျော်ရွှ့င်စွာ ချစ်ခင်စွာ အိုအောင်မင်းအောင်ပေါင်းကျရပါစေဗျာ။
    (သားလေးမွေးရင်အနော့်ကိုတယောက်ပေးဘာ) :mrgreen:

  • ဦးကြောင်ကြီး

    December 1, 2012 at 8:29 pm

    တပ်မတော်သား
    ကြက်ကြော်စား
    နတ်ပျော်တပါး
    ကပ်အော်သွား
    ဆက်နော်ဖလား
    ဓာတ်တော်ပွား
    ကပ်ကျော်မလား
    လာဘ်မျှော်ထား..။

    • မောင်ပေ

      December 1, 2012 at 8:37 pm

      လာဘ်မျှော်ခါး
      ရှက်နော်သွား
      ဖက်ခေါ်နား
      ခွက်ကျော်ခါး
      ဆက်ကြော်စား
      *******
      ကိုရင်ရွှေတိုက် ပို ့စ်ကို ဖတ်ရတာ ၊ ဦးဖိုးကျား ရဲ ့ မိတဆိုးရှင်ပြု ဖတ်ရသလို ရသတွေတွေ ့လို ့

Leave a Reply