ရှာမှရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်း (၆၃ နှစ်ပြည့် အာဇာနည်နေ့အမှတ်တရ)

nyanayJuly 16, 20101min803

ဗိုလ်ချုပ်ကတော့ တကယ့်ကို ရှာမှရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာ အမှန်ပဲ ဒိလိုခေါင်းဆောက်မျိုးဆိုတာ သမိုင်းတစ်ခေတ်မှာထွက်ပေါ်ခဲ့တယ်။
နှစ်ပေါင်းနှစ်ရာသုံးရာမှာတောင် တစ်ယောက်ပေါ်ထွက်ဖို့မလွယ်ကူဘူး။ ကမ္ဘာ့သမိုင်းမှာလည်းဗိုလ်ချုပ်အောင်ဆန်းလို ထူးချွန်တဲ့ ခေါင်းဆောင်မျိုးဟာ
နှစ်ပေါင်းငါးရာတစ်ထောင်မှ တစ်ယောက်လောက်သာပေါ်ထွက်တတ်တယ်။ဒီဒုတ်ဦးဘချို ၊ ဟသာင်္တဦးမြ ၊ သခင်မြတို့လို လူကြီးတွေကတောင် လူငယ်ဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်မှုကိုလက်ခံကြတာ ဘာကြောင့်ဆိုတာ နားလည်ကြမှာပါ။ ဗိုလ်ချုပ်က သူအသက်အရွယ်နဲ့မလိုက်အောင် အတွေးခေါ် အမြော်မြင်ကြီးမားထက်မြက်သူဖြစ်တယ်။ သူ့ရဲ့ဦးနှောက်ထဲမှာ ကိုယ်ကြိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကူးလုံးဝမရှိပါဘူး။

-
-

ဗိုလ်ချုပ်ဟာရည်မှန်းချက်တစ်ခုတည်းကိုသာအာရုံစိုက်သူဖြစ်တယ် ။ ဗိုလ်ချုပ်ရဲ့ တစ်ခုတည်းသော အော့ဘ်ဆက်ရှင်း( OBSESSION ) စွဲလမ်းမှုက တိုင်းပြည်အတွက် လွတ်လပ်ရေးရဖို့အတွက်သာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး ကျုပ်တို့နိုင်ငံသားတွေရရှိခဲ့တာအလွန်ကံကောင်းပါတယ် ၁၉၂ဝ ကောလိပ်သပိတ်နောက်ပိုင်း မြန်မာနိုင်ငံရေူသမားတွေ အမျိုးမျိုး ကြံစည်ကြိုးစားခဲ့သော်လည်း မရခဲ့တဲ့လွတ်လပ်ရေးကို မောင်ရင့်ဆရာဗိုလ်ချုပ်အောင်ဆန်းကယူဆောင်ပေးနိုင်လိမ့်မယ်လို့ ကျုပ်တော့ တစ်ထစ်ချယုံကြည်တယ်။မောင်ရင့်တာဝန်ကတော့ သူမတူအောင်ထူးခြားတဲ့ ခေါင်းဆောင် NATIONAL LEADER OF UNIQUE CAUBRE ဖြစ်တဲ့ ကိုယ့်ဆရာသမားလို အစွမ်းကုန်ကြိုးစား ကူညီဖို့ပဲ။
မှတ်ချက် ။ ။ အင်္ဂလန်နိုင်ငံမှ BARATLAW ခေါ် ဝတ်လုံတော်ရဘွဲ့ရတရားလွတ်တော်ချုပ် တရားသူကြီး နဲ့တရားသူကြီးချုပ် ဦးကျော်မြင့်ကဗိုလ်ချုပ်ရဲ့ အပါးတော်မြဲဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)အားပြောကြားချက်။
-
-

သမိုင်း၏တောင်းဆိုချက်အရပေါ်ထွက်လာသော လွတ်လပ်ရေးသူရဲကောင်းအောင်ဆန်း

အောင်ဆန်းပေါ်ထွက်လာခြင်းဟာ ခေတ်၏အမှတ်အသား လက္ခဏာတစ်ရပ် ဖြစ်သည်။ယင်းသည် ကမ္ဘာ့ထိပ်သီးပုဂ္ဂုလ်ကြီးများပေါ်ထွက်လာစေသည့် အစဉ်လာအတိုင်းဖြစ်သည်။ ဗြိတိသျှတို့ကမြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် အသင့်ဖြစ်လာချိန်တွင် မည်သူကမည်သို့မည်ပုံပေးမည်လဲ ဟူသော ပြသနာကရှိလာသည်။ မည်သူကသူရဲကောင်း လုပ်မည်နည်း။ မြန်မာတို့ဘက်တွင်လည်း လွတ်လက်ရေးသူရဲကောင်း ဖြစ်လိုသူတွေ အပြိုင်ဆိုင်တွေရှိနေသည်။ သည်ထဲတွင် ဆာပေါ်ထွန်းနှင့် ဦးစောလည်း ပါသည် ။ သို့ရာတွင် သမိုင်းအစဉ်လာအရ ကမ္ဘာ့ထိပ်သီးသူရဲကောင်းတို့သည် အချိန်ခါအခြေအနေ တိကျမှန်ကန်တော့မှ ထွက်ပေါ်လာစမြဲဖြစ်၏။
မြန်မာ့လွတ်လပ်ရေးကို ရယူဆောင်ကြဥ်းပေးမဲ့ အဓိကပုဂ္ဂိုလ်အဖြစ် သမိုင်း၏ တောင်းဆိုချက် အရ ပေါ်ထွက်လာသူကား အောင်ဆန်းပင် ဖြစ်သတည်း။ ။
မှတ်ချက် ။ ။မောရစ်ကောလစ်၏ LAST AND FIRST IN BURMA စာအုပ်မှ

ဝန်ခံချက်။ ။ news watchweekly ဂျာနယ်မှ

3 comments

  • naung

    July 16, 2010 at 8:12 am

    တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ စေတနာအမှန်ထားတဲ့သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့သူ၊ ကိုယ်ကျိုးစီးပွားအတွက် တကိုယ်ကောင်းစိတ် မထားတဲ့သူ၊ ဒီသုံးချက်လုံးနဲ့ပြည့်စုံသူကို ပြပါဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ သားကောင်းရတနာ ဗိုလ်ချုပ်အောင်ဆန်းကို ပြရမှာပါ။ တက္ကသိုလ်နေဝင်းရေးထားတဲ့ စာအုပ်တစ်ခုထဲမှာ ဖတ်ဖူးတယ် ရှမ်းပြည်က အမျိုးသာကြီးတစ်ယောက်က ဗိုလ်ချုပ်ကို မမြင်ဖူးလို့ဆိုပြီး လာတွေ့ခဲ့တယ်။ ပြီးတော့ ထိုင်ပြီးရှိခိုးတယ်တဲ့။ နောက်ပြီးဗိုလ်ချုပ်ကို နိုင်ငံရေးလုပ်တဲ့အခါမှာ နောက်ဆံမတင်းရအောင် ရွှေတွေနဲ့ ကန်တော့ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်က ကိုယ်ကျိုးအတွက်မသုံးဘဲ ပါတီကိုဘဲလှူခိုင်းတယ်တဲ့။ တော်တော်ကို လောဘစိတ်ကို ချိုးနှိမ်နိုင်တဲ့သူပါ။ အဲဒီတစ်ချက်နဲ့တင်ကို လေးစားသွားပါတယ်။

  • Yin Nyine Nway

    July 16, 2010 at 10:35 am

    ဗိုလ်ချုပ်လို လူ ထပ်ရှိလာရင်တော့ ကောင်းမယ်…

  • မန်း ရိပ်

    August 22, 2010 at 3:59 am

    ဗိုလ်ချုပ် ဟာ နိုင်ငံအတွက်ဆို အားလုံးကို စွန့်လွတ်မယ့်လူတယောက်ပါ
    ၉၅ နှစ်ပြည့် မွေးနေ့ ကိုကျယ်ကျယ်ဝန်းဝန်း မလုပ်တာ ဝမ်းနည်းတယ်ဗျာ

Leave a Reply