ရှက်လွန်းလို့ပါနော်

Mr. MarGaNovember 30, 20121min43550

ရှက်လွန်းလို့ပါနော်

မပြောချင်ပါဘူးဗျာ

အခုတလော ဦးမာဃ စိတ်နဲ့ လူနဲ့ကို မကပ်ဘူး

အလုပ်လုပ်ရတာလဲ အလွဲလွဲ အချော်ချော်နဲ့

ဗျာ ဘာကိစ္စရှိလို့လဲ ဟုတ်လား

ဘာကိစ္စရှိဦးမှာလဲဗျာ လူ့ပြည်က ဦးမာဃရဲ့ ရင်နှစ်သည်းချာ သားရတနာပေါ့ဗျာ

ဖအေက နတ်ပြည်က ကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေရတဲ့ကြားထဲ အဲဒီကောင်က လူ့ပြည်ကနေလှမ်းပြောတယ်။

စာမေးပွဲ ကျသတဲ့ဗျာ ။

ကြားကြားချင်း ဘာမှ ပြန်မပြောနိုင်ဘူး။

ကိုယ်တွေးထားတာတွေ ပြန်စဉ်းစားမိပြီး ပထမဆုံး ဝင်လာတဲ့ အတွေးက ဒုက္ခရောက်ပြီ ဆိုတာပဲ။

ဦးမာဃက ငါ့သားလေး ဒီတစ်နှစ်ပြီးရင်တော့ ဘွဲ့ဝတ်စုံလေးနဲ့ မြင်ရချေသေး ဆိုပြီးတော့ နတ်ပြည်မှာ ပတ်ကြွားထားတာကိုးဗျ

အခုတော့ဗျာ

ဦးမာဃရဲ့ မျှော်လင့်ချက်တွေ အစီအစဉ်တွေအားလုံး ရေထဲသဲသွန် ဖြစ်သွားပြီလေ။ သဲထဲရေသွန် တာကမှ အရာကျန်ဦးမယ်။

မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်သွားသလိုပါပဲ။ အခုဆို ဦးမာဃမယ် နတ်သဘင်တောင် မှန်မှန် မတက်ရဲဘူး၊ နတ်တွေက တွေ့လိုက်တိုင်း သိကြားမင်းကြီးရဲ့ သားတော်မောင် အောင်ရဲ့လား ဆိုပြီးတော့ပဲ ဝိုင်းမေးနေကြတယ်။

ဦးမာဃမှာတော့ အဲဒီလို အမေးခံလိုက်ရတိုင်း ကိုယ့်သားကိုယ်ပဲ သတ်ချင်နေမိတယ်။

နတ်ပြည်မှာမို့ပေါ့ဗျာ လူ့ပြည်မှာဆို ဒီကောင် ဦးမာဃလက်ချက် မိပြီးပြီ။

အဲဒါကိုသိလို့ နတ်ပြည်က ဦးမာဃရဲ့ မိဖုရား လေးပါးကလဲ လူ့ပြည်ကို အဆင်းကို မခံဘူးဗျာ။ ဦးမာဃကို ဗီတိုအာဏာနဲ့ တားထားတယ်။

တစ်ယောက်ထဲ တားတာဆိုရင် ဦးမာဃ ပယ်ချလို့ရပါတယ်။ အခုက လေးယောက်အားဆိုတော့ ဦးမာဃလဲ ပယ်ချလို့မရဘူး။

အဲဒါကြောင့် ကိုယ့်ဒေါသကိုပဲ ပြန်လျှော့နေရတယ်။

ဦးမာဃမယ် ဒီသတင်းကို ဘယ်သူ့မှ (အဲလေ) ဘယ်နတ်မှလဲ မပြောရဲဘူး။ ပြောလိုက်မိလို့ကတော့ဗျာ ဦးမာဃ နတ်အသိုင်းအဝိုင်းမှာ သိက္ခာ ကျလိုက်မယ့်ဖြစ်ခြင်း။

ဟူးးးးးး စိတ်လေပါတယ်ဗျာ။

နတ်စိတ်ဆိုတာလဲ လူ့စိတ်နဲ့ မထူးပါဘူးဗျာ ရင်ထဲက ကလိကလိနဲ့ ဖြစ်နေတာကို ဖွင့်မချရရင် နေလို့မကောင်းဘူးဗျ။

နတ်ပြည်မှာ ပြောမိရင်လဲ ကိုယ့်မျက်ခွက်ကိုယ် အိုးမည်းသုတ်သလို၊ ပက်လက်လှန်ပြီး တံတွေးထွေးသလို၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်မှာဆိုတော့ တော်တော် ထိန်းထားရတယ်ဗျ

အဲ နတ်ပြည်မှာ မပြောရဲလို့ လူ့ပြည်မှာ ရင်ဖွင့်မယ်ဆိုရင်လဲ သိကြားမင်းရဲ့ သားတော်မောင် စာမေးပွဲ ကျသဟဲ့ ဆိုပြီး ဟိုးလေးတကျော် ဖြစ်လိုက်မယ့်ဖြစ်ခြင်းဗျာ။

အဲဒါအပြင် သတင်းတွေ ရှားနေတဲ့ အချိန်မှာ ဒီသတင်းသာ ထွက်လို့ကတော့ အင်းးးးးးးးး လာလိုက်ကြမယ့် သတင်းထောက်တွေ တွေးမိတာနဲ့တင် ရင်မောပါ့ဗျာ။

တခြားအချိန်တွေတုန်းက ကျတယ်ဆိုရင် ဦးမာဃ ဒီလောက် ဖြစ်မှာမဟုတ်ဘူးဗျ။

ဒီနှစ်က နောက်ဆုံးနှစ်ဆိုတော့ ဦးမာဃလဲ ငါ့သားလေး ဘွဲ့ရတော့မယ်ဟဲ့ဆိုပြီး နည်းနည်း အကြွားလွန်သွားတာ။

တစ်ခါမှ စာမေးပွဲ ကျဖူးတဲ့ ကလေးမဟုတ်တော့လဲ မျှော်လင့်မိတာပေါ့ဗျာ။

သားတော်မောင်က ပြောရှာပါတယ် ခြေချော် လက်ချော် ဖြစ်သွားတာပါ တဲ့။

အဲဒီတော့လဲ သားတော်မောင်ကို စိတ်ဓာတ်မကျဖို့နဲ့ ဆက်ကြိုးစားဖို့ ပြောရတာပေါ့လေ။(စိတ်ထဲမတော့ ဘယ်ကောင်းမလဲဗျ မှန်တာပြောရင် သတ်ချင်နေတာ)

ဒါပေမယ့် အဲသလိုသာ ပြောလိုက်ရင် ပိုဆိုးမှာဆိုတော့ စိတ်ထိန်းထားရတာပေါ့ဗျာ။

သူ့ခမျာလဲ ဘယ် စိတ်ကောင်းရှာမလဲလေ။ ဦးမာဃတောင် ဒီလောက် ဖြစ်နေတာဆိုတော့။

ဦးမာဃလဲ ဘယ်အချိန် ရောဂါရမလဲ မသိဘူး။ ခင်ဗျားတို့လဲ သိပါတယ် ရင်ထဲမှာ မြုံထားရင် ဘယ်လိုဖြစ်မလဲဆိုတာလေ။

အင်းးးးး အနည်းဆုုံး တစ်လ၊ တစ်လ ကျော်ကျော်လောက် တော့ မြုံထားရဦးမှာပေါ့ဗျာ။

မြုံမထားလို့ ပြောဟေ့ဆိုတော့လဲ ရှက်လွန်းလို့ ပြောမထွက်ဘူးဗျ

ဦးမာဃ ရှက်လွန်းလို့ ဒါကို ဘယ်သူ့မှ မပြောရဲပါဘူးဗျာ။

အခုလဲ ဦးမာဃ ပြောသာပြောလိုက်ရတယ် ရှက်လိုက်တာနော်။

တကယ်ပြောတာပါ ဦးမာဃ ဘယ်သူ့မှ မပြောပါဘူး ရွာထဲသာ မနေနိုင်လွန်းလို့ ပြောပြတာ။

ခင်ဗျားတို့ ဘယ်သူ့မှ မပြောကြနဲ့နော်။

ဦးမာဃ ရှက်လွန်းလို့ပါဗျာ။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

50 comments

  • jullies cezer

    November 30, 2012 at 1:41 pm

    ဟုတ်ကဲ့ ဘယ်သူ့မှ ပြန်မပြောပါဘူး ဦးမာဃ စိတ်ချလက်ချနေပါ ရွာထဲက
    member သိပ်မများပါဘူး ၉၀၀ဝ ကျော်ဆိုလား အဓိက ဖွဘုတ် အဲလေ
    ဖေ့စ်ဘုတ် ပေါ်မရောက်ဖို့ပဲအရေးကြီးတာ ဖွဘုတ်ပေါ် ရောက်လို့ကတော့
    ဘယ်စည်ပင်သာယာမှသိမ်းလို့မနိုင်ဘူးဗျို့ :kwi:

    • Mr. MarGa

      November 30, 2012 at 1:43 pm

      အဲဒါမှ ဒုက္ခ
      ဖွဘုတ်ပေါ်က တင်ပြီးပြီကွယ့်

  • ခင်ခ

    November 30, 2012 at 1:53 pm

    ဦးမာဃရေ တင်ပြီးတဲ့ဖွဘုတ်
    ပြန်ရုတ်မရပြီမို့ ရှက်ရှက်နဲ့ဘဲ
    နေလိုက်ပေတော့ဗျာ။

    • Mr. MarGa

      November 30, 2012 at 2:02 pm

      အင်းပေါ့လေဗျာ
      ပြန်ပြင်လို့မှ မရတာ
      ဖြစ်သမျှအကြောင့် အကောင်းပေါ့လေ

  • Ma Ei

    November 30, 2012 at 1:57 pm

    ဦးမာဃတို့ ရှက်တတ်ပုံများ
    ရွာထဲသာ မနေနိုင်လွန်းလို့ ပြောပြတာ ဆိုတော့လေ
    စိတ်ချပါ…
    ဘယ်သူ့မှ မပြောပါဘူး…
    :hee:

    • Mr. MarGa

      November 30, 2012 at 2:04 pm

      ဟုတ်ကဲ့ပါဗျာ
      ဘယ်သူ့မှ မပြောလို့ မအိကို ကျေးကျေးပါလို့
      ဦးမာဃ ရှက်လို့ပါနော်

  • kyeemite

    November 30, 2012 at 2:03 pm

    ဦးမာဃရေ…စိတ်အေးအေးထားပါဗျာ…
    အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်
    မိဘဆိုတာတော့ သားသမီးတော်တာ
    ကောင်းစားတာမြင်ချင်တွေ့ချင်ကြတာပဲ
    ဒါပေမဲ့ ဆုံးမတဲ့အခါ ဒေါသ မပါအောင်
    အတော်သတိထားဖို့လိုတယ်ဗျာ…
    နို့မို့ဆို လမ်းလွဲသွားတတ်တယ်..(ဆရာကြီးလုပ်တာမဟုတ်ပါနော)
    ခင်မင်လို့ရယ် ကိုယ်ချင်းစာလို့ရယ်ပါ…
    ကျုပ်မလဲ သားတစ်ကောင်ကို သတိထားပီး မနဲတဲ့မတ်ပေးနေရပါဂျောင်းးးး :528:
    ခင်တဲ့…
    ကြီးမိုက်။

    • Mr. MarGa

      November 30, 2012 at 2:08 pm

      နွားပိန်ကန်အောင် ရုန်းရဦးမှာပေါ့ဗျာ
      ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူးဆိုတော့လဲလေ

  • Mon Kit

    November 30, 2012 at 2:07 pm

    ဦးမာဃတို့ကတာ့ ရှက်လို့သာဘဲနော်..
    :hee:

    • Mr. MarGa

      November 30, 2012 at 2:11 pm

      အော်
      ရှက်ပါတယ်ဆိုမှ
      မွန်ကစ်ရေ
      ရွာထဲပတ်မဖွရဘူးနော်
      သိကြားမင်း သိက္ခာက ရှိသေးတယ်

  • Inz@ghi

    November 30, 2012 at 2:16 pm

    ကျောင်းသားဘွက ဘန့်ချ်ပေါ်မှာ ကော်ရက်ရှင်ပင်န် နဲ့ ရေးထားတဲ့ ကဗျာတိုလေးအမှတ်ရတယ်..
    ဘာတဲ့ …

    အဘေးက သာကီ
    အဘိုးက ဘာမထီ
    အဖေက အာဇာနည်
    ငါက … ငါက … ဆပ္ပလီ
    (supplementary)

    ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့ မြင်ရဆိုးပေမယ့် သူများထောင်းတာထက်တော့ သက်သာသေးသပေါ့ဗျာ..

    :harr:

    • Mr. MarGa

      November 30, 2012 at 2:21 pm

      အဲဒါကြောင့် ရွာထဲကို ဖွင့်ချတာပေါ့ကွယ်
      ဆိုးတာက ကွန်ပျူတာမှာ ဆပ်ပလီမရှိဘူးကွယ့်
      ရှိရင်တော့ အောင်လောက်မယ်ထင်ပါ့

  • Thu Wai

    November 30, 2012 at 2:33 pm

    ကျသွားတာကောင်းပါတယ်ဗျာ
    နောက်တက်လာတဲ့ ပထမနှစ် စော်အလန်းလေးတွေ ထပ်ရှာလို့ရမှာပေါ့ သူ့ခင်မျာ

    • Mr. MarGa

      November 30, 2012 at 2:39 pm

      အင်းပေါ့လေ
      နောက်ဆုံးနှစ် ကျောင်းသားကြီးပဲဟာကို နော
      ဒါလောက်တော့ ဖြစ်ရမှာပေါ့

  • ဗုံဗုံ

    November 30, 2012 at 3:00 pm

    သိကြားမင်းကြီး ကတန်ခိုးနဲ့ဆွဲတင်ပေးလိုက်ပါ့လား ဒီနေရာကြတော့ တန်ခိုးမရှိဘူးပေါ့လေ ဟိဟိ

    • Mr. MarGa

      December 3, 2012 at 7:11 pm

      အမ်
      အင်းးးးးးးးးငါတော့ ဗုံဗုံ နဲ့မှပဲ သိကြားသိက္ခာ ကျတော့တယ်
      ဗုံဗုံ ရယ် တန်ခိုးနဲ့ လုပ်ရင်တော့ ရတာပေါ့ကွယ်
      ဒါပေမယ့် ကိုယ့်အင်အားနဲ့ ကြိုးစားတာက ပိုတန်ဖိုးရှိတယ်လေ
      အဲဒါကြောင့် ဦးမာဃက ဘာမှ ဝင်မပါတာ

  • အော် .. အင်း .. အဲ ..
    လူ့ပြည်ရော ..
    နတ်ပြည်ရော ..
    ဘယ်မှာမှ မဖွပါဘူး ..
    သို့ပေသိ ..
    ဗြဟ္မာပြည်ကိုတော့ဖြင့် ခြွင်းချက်အနေနဲ့ ခွင့်ပြုပါလို့ ..
    ခွင့်မပြုလည်း ဖွဒယ်ဂျာ .. ဘာဖစ်လဲလို့ .. :mrgreen:

    • Mr. MarGa

      November 30, 2012 at 3:09 pm

      အန်ဇာတုံးက ဂန့်ပြီဆို
      ဘယ်က ပေါ်လာတာလဲဟ
      အမလေးးးးးးးးးးးးးးးးးးးးး သရဲ သရဲ

        • Mr. MarGa

          November 30, 2012 at 3:34 pm

          သေရွာပြန်ပေါ့ ဟုတ်လား
          ဒါမှန်းသိ နတ်ပြည်ကနေ မစောင့်ပါဘူး
          အလကားသက်သက် လူပင်ပန်းတယ်

  • Wow

    November 30, 2012 at 3:10 pm

    စိတ်ချ ဘူမှပြောဘူး လူစုံအောင်စောင့်မယ် :harr:
    စာကျေဒယ်လို့သဘောထားလိုက်ပေါ့ သကြားမင်းရယ်…

    • Mr. MarGa

      November 30, 2012 at 3:15 pm

      ဟုတ်ကဲ့
      အဲလိုပဲ သဘောထားလိုက်ပါမယ်
      ပိုကျေသွားအောင် ခေါင်းခုအိပ်မလားလို့
      စာအုပ်တွေက အိပ်ချင်စရာ ထူထူထဲထဲတွေ ဆိုတော့လေ

  • ရွှေ ကြည်

    November 30, 2012 at 6:12 pm

    သိကြားမင်းရဲ့သား ထန်းလျှက်ခဲလေးစာမေးပွဲကျတယ်ပေါ့
    ကောင်းပါတယ်ဗျာ ကြုံဘူးသွားတာပေါ့ :mrgreen:
    အောင်တာကိုပဲခံစားဘူးနေရင်ဘယ်ကောင်းမလဲ ကျတာလေးပါခံစားဘူးတော့
    အတွေ့အကြုံစုံသွားတာပေါ့l: lol: ကျတဲ့ဘဝကိုမသာယာပဲသင်ခန်းစာယူတတ်ဖို့ပဲလမ်းညွှန်လိုက်ပါဗျာ..။
    မရှက်ပါနဲ့ဗျ ဒါလောကဓံ ပဲလေ ဟုတ်တယ်ဟုတ်..။

    • Mr. MarGa

      November 30, 2012 at 7:41 pm

      ဟုတ်ကဲ့ပါ
      အတွေ့အကြုံ စုံတယ်လို့ပဲ မှတ်ယူလိုက်ပါတယ် မရွှေကြည်ရေ

  • မောင်ပေ

    November 30, 2012 at 6:23 pm

    ရှက်လွန်းလို ့
    ချက်ပွန်းစို ့
    လက်တွန်းတို ့
    ပက်ချွန်းမို ့
    ဆက်ရွန်းဗျို ့

    • Mr. MarGa

      November 30, 2012 at 7:43 pm

      ကဲ
      ဆက်ရွန်းပါပြီ လေးပေ ခင်ဗျား

  • အရီးခင်လတ်

    November 30, 2012 at 6:31 pm

    စာမေးပွဲ ?????
    ကျတယ် ?????
    မကြားလိုပါ၊ မကြားလိုပါ။ 😆

    ကျပြီးမှတော့ ဘာတတ်နိုင်မှာလဲ ဖိုးသီကြား ရယ်။
    ကျက်ထားတာ နဲ့ မေးတာနဲ့ မကိုက်သွားလို့ ကျတာ ဘာရှက်စရာရှိလဲ။ 😉

    အတိတ်က ကျန်ခဲ့ပါပြီ။ ဘာမှ လုပ်လို့ မရပါဘူး။
    ဒါပေမဲ့ ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး ပိုပြီးကြိုးစားအောင်သာ အားပေးပါ။
    လက်ရှိ က ပိုပြီးအရေးကြီးပါတယ်။

    • Mr. MarGa

      November 30, 2012 at 7:45 pm

      ဟုတ်ကဲ့
      ကျေးဇူးတင်ပါတယ် အရီးလတ်ရေ
      ပိုကြိုးစားဖို့ ပြောလိုက်ပါမယ်
      လာဖတ်ပေးတာ ကျေးဇူးပါနော်

    • Mr. MarGa

      December 1, 2012 at 6:13 pm

      ဒူ့ ကိုမှ မပြောလို့ အလက်ဆင်းကို မုန့်ဝယ်ကျွေးမယ်နော်
      လာဖတ်တာ ကျေးကျေးပါ လို့

  • မိုးတိမ်

    December 1, 2012 at 12:47 am

    ကျွတ်(စ်)……သိကြားမင်းကြီးရယ်…ကိုယ့်ပေါင်ကိုလှန်ထောင်းပါရစေ…….
    မောင်နှမ နှစ်ယောက်ပဲရှိတာ (၃)နှစ်ရှိပေါ့ (၁၀)တန်းကျတာ..
    ဦးမာဃထက်ရှက်သဗျာ။ကျုပ်တုန်းက ၅ ဘာသာမှာ ၃ ဘာသာဂုဏ်ထူးပါသဗျ…
    ကျန်တဲ့ဘာသာတွေကလဲ ၇ဝ ကျော်သဗျ။အခုတော့ ညီမက (၁၀) တန်းတောင်အောင်အောင်မဖြေနှိုင်
    ဘာမှလဲမသိ။ကိုယ့်ဘာသာ နတ်ပြည်မှာနေတာကောင်းပါတယ်လေ…

    မောင်မိုးတိမ် ဆိုက္ကားနင်းနေရတာတောင်နည်းသေးးးးးးး

    • Mr. MarGa

      December 1, 2012 at 6:18 pm

      အင်းးးးးးးးးးးးး ဦးမာဃ ကပဲ မောင်မိုးတိမ်ကို ပြန်အားပေးလိုက်ပါမယ်
      ကိုယ်က လမ်းဖောက်ခဲ့ပေမယ့် မွေးချင်းတွေက ကိုယ်ဖောက်တဲ့လမ်းကို မလျှောက်နိုင်ရင်လဲ ဂရုဏာဒေါသော ဖြစ်တတ်ပါတယ်
      ဒါပေမယ့်
      သူနဲ့ ကိုယ်နဲ့ ဉာဏ်ရည် မတူဘူး လို့သာ မှတ်ရမှာပေါ့လေ

  • Mလုလင်

    December 1, 2012 at 1:14 am

    ပိုစ့်ပိုင်ရှင် ဦးမာဃ ရေ .. ဒီနှစ် က ကွန်ပျုတာ မှာ အကျ (အလွန်) များပါတယ် ….။ နောက် နှစ်မှာ ပညာသင်နှစ် လေးနှစ် နဲ့ ညှိသွားမှာ မို့ ……… စိတ်မကောင်းပါဘူး လို့ပဲပြောချင်ပါတော့တယ် .. ကျုပ ညီတော်မောင် လဲ ဒုတိယ နှစ် မှာ ကျ ပါတယ်။ ဒုတိယ နှစ် ကျောင်းသားသူ တွေ ထဲက 60 % လောက်ပဲ အောင်တယ် ကြားပါတယ် ….။ တက္ကသိုလ် ရဲ့ အထူးသင်ခန်းစာ အဖြစ် သင်ယူ နိုင်ပါစေ လို့ အားပေးပါရစေ …. ဗျို ့ …။

    • Mr. MarGa

      December 1, 2012 at 6:25 pm

      မှန်ပါတယ် ကို Mလုလင် ရေ
      ဦးမာဃ သိတာကိုပဲ ပြောရမယ်ဆိုရင် UCSM က တတိယနှစ် ဖြေတဲ့သူ ၈၃ ယောက်မှာ ၅ဝ ခန့်သာ အောင်ပါတယ်။
      အဲဒီ အထဲကမှ ၉ ယောက်သာ ဂုဏ်ထူးတန်း ပါပါတယ်။
      အဲဒီတော့ အောင်ရုံသာ အောင်တဲ့သူတွေကလဲ ဂုဏ်ထူးတန်းမပါလို့ စိတ်ညစ်( သူတို့က ခါးပြတ်သွားတာဆိုတော့လေ)
      ကျတဲ့သူတွေကလဲ ကျလို့ စိတ်ညစ်
      အဲ ဂုဏ်ထူးတန်း ပါတဲ့သူတွေကလဲ ကိုးယောက်ထဲဆိုတော့ တက်သင့်မတက်သင့် တွေဝေကြတာနဲ့
      ဘယ်ဘက်ကမှ မကောင်းပါဘူးဗျာ
      ဖွဘုတ်က ကျောင်းသားအသိုင်းအဝိုင်း မှာလဲ မကျေနပ်သံတွေ ပလူပျံနေတာပါပဲ

      • Mလုလင်

        December 2, 2012 at 2:16 am

        9 ယောက်ဆို တက်သင့် ပါတယ် . ကျုပ် တောင် အောက်ပိုင်း တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း 11 ယောက်ထဲ အောင်တုန်းက တက်ခဲ့သေး …. ပျော်စရာတော့ ကောင်းသား … Roll Call မပြည့်မှာ လဲ မပူရဘူး …. ယောကျင်္ားလေး ၃ ယောက် ထဲဆိုတော့ အထူးအခွင့်အရေး ရတာဗျို ့ …………။ ငယ်တုန်းရွယ်တုန်း တက်သင့်ပါကြောင်း …………………….။

        • Mr. MarGa

          December 2, 2012 at 2:54 pm

          တက်သင့်တာတော့ မှန်တာပေါ့
          ဒါပေမယ့် အဲဒီထဲမှာ ဦးမာဃ မပါဘူးလေ
          မိန်းကလေး ကိုးယောက်သာ ရွေးချယ်သွားတာကြောင့်
          အထူးအခွင့်အရေးတော့ ရလောက်ပါတယ်
          အဲဒီထဲသာ ဦးမာဃ ပါရင်တော့လား အင်းးးးးးးးးးးးးးးးးးးးးးးးးးး
          ပြောတော့ပါဘူးလေ
          သိကြားသိက္ခာကျတယ်

        • Mလုလင်

          December 3, 2012 at 11:27 pm

          ကဲ ဒါဆိုလဲ ရန်ကုန် လာခဲ့ဗျာ .. ကျုပ်နဲ့ တူတူ ကုန်လာထမ်း ချေ …. တွက်ခြေကိုက် တယ်ဗျိုးးးးးးးးးးးးးးးးးးးး

        • Mr. MarGa

          December 4, 2012 at 6:47 pm

          တော်ပါပြီကွယ်
          ကိုယ့်ဟာကိုယ် နတ်ပြည်မှာပဲတစ်ဖက် ငါးရာနဲ့ နှပ်တော့မယ်
          စိတ်ဝင်စားရင် လိုက်ခဲ့လေ
          :kwi:

  • သခင် Mobile

    December 1, 2012 at 2:27 am

    မင်းတို့ လူ့ပြည်တွေ နတ်ပြည်တွေမှာ အဲ့ဂလိုတွေ ဖြစ်နေကြတာ
    ကျုပ်လို နတ်တို့သနှင်း သကြားမင်း ကကြည့်ရတာ မျက်စိနှောက်လှ
    ကြားရတာ နားရှုပ်လှတယ်ကွယ် ……
    သကြား ဆီးဆိန် လေးအပြည့်အ ခံစားပြီး အေးအေးဆေးဆေး နေချင်လှသကွယ့်

    • Mr. MarGa

      December 1, 2012 at 6:32 pm

      ကို Mobile (အင်းးးးးးးးးးးး အခုတော့ သခင် Mobile ပေါ့လေ)
      အဲဒါကမှ ဦးမာဃ နေချင်တဲ့ ပုံစံပါကွယ်
      ဒါပေမယ့် အခုတော့ ဟင့် :buu:

  • သုရှင်

    December 1, 2012 at 2:18 pm

    အင်း….အင်း…အင်း…..ဗျာ….အင်း။

    • Mr. MarGa

      December 1, 2012 at 6:36 pm

      ဟုတ်ကဲ့
      လာဖတ်သွားတာ ကျေးဇူးပါနော်

  • uncle gyi

    December 1, 2012 at 10:44 pm

    ဦးမာဃရယ်ရှက်တာများလွယ်လွန်းလို့
    ပုဆိုးမျက်နှာအုပ်ထားလိုက်အဲလေခေါင်းအုပ်ဆောင်းကြီးကိုမျက်နှာအုပ်ထားလိုက်
    ရှက်တယ်ဆိုတာမျက်နှာကရှက်တာလေမျက်နှာကိုဘယ်သူမှမမြင်ရတော့ရှက်စရာမလိုတော့ဖူးပေါ့
    နောက်တာနော်

    • Mr. MarGa

      December 2, 2012 at 2:56 pm

      အန်ကယ်ကြီးရေ
      ဦးမာဃ က ရှက်သာရှက်တာ
      ဘူ့မှ မှ မပြောတာ
      ရှက်စရာ မလိုဘူးထင်ပါ့ နော

  • ဦးကြောင်ကြီး

    December 1, 2012 at 10:48 pm

    ဒီခေတ်ကြီးမျာ တက္ကသိုလ်စာမေးပွဲကျတာ ရှက်စရာမဟုတ်…။ သေချာစဉ်းစားပါ.. အယင်ခေတ်က စာမေးပွဲအောင်ဘွဲ့ရရင် ဘာလို့ဂုဏ်ယူဂျလဲ… လူနည်းနည်းလေးပဲ အောင်လို့… ဒီခေတ် ပညာရေးစနစ်မှာ လူတိုင်းဘွဲ့ရ စာမေးပွဲအောင်နေတာ ဦးမာဃသားက အနည်းစု စာမေးပွဲကျသူထဲပါလို့ ဘယ်လောက် ဝမ်းမြောက်ဖို့ကောင်းသလဲ…။ အများထဲကတယောက်ဖြစ်မှ ထွန်းပေါက်တော့မပေါ့…။ မောတယ် ဒီလို ကွန်ဆာဗေးတစ် ရှေးယိုးစွဲတွေနဲ့ ပြောရတာ….

    • Mr. MarGa

      December 2, 2012 at 3:00 pm

      အင်းးးးးးးးးးးးးးးး ဦးကြောင် ပြောသလို တွေးတော့လဲ ဟုတ်သားနော် 🙄
      💡 ဦးကြောင် အကြံအတိုင်း အများထဲက တစ်ယောက်ဖြစ်အောင် လုပ်ပါတော့မည် ဆိုတဲ့အကြောင်းပါဗျာ

  • TNA

    September 29, 2013 at 7:07 pm

    အော့အော် မပြောချင်ရှာလို့ပေါ့နော်။ တနားတာအေ။

    • Mr. MarGa

      September 30, 2013 at 8:00 pm

      တကယ် မပြောချင်ပါဘူးဆို
      ဒါနဲ့ ဒီပို့စ်က အခုမှ ဘာလို့ ပြန်ပေါ်လာတာလဲဟင်
      အဲဒီအကောင် မွှေသမျှသာ ပြောရရင် ကုန်နိုင်ဖွယ် မရှိဘူး…. :kwi:

  • ကျော်စွာခေါင်

    September 29, 2013 at 11:53 pm

    ဟမ်မလေးးးးးးးးး
    ကိုသကြား ရှက်တာကလည်း….
    ကလေး သားလေး မျက်နှာ ဘယ်မှာ သွားထားမလဲ…။
    ဒါမေယ့် အကိုရယ်..
    ပညာသင်စားရိတ်ထောင်းတာက တော့ ထောင်းတာပေါ့..
    သူလဲ ဘယ်ကျချင်ပါ့မလဲ…။
    တောင်းပန်ပါတယ်…
    ခုလို ထပ်ပြီး ခဏခဏရှက်မနေပါနဲ ့တော့…။ လူသိကုန်လိမ် ့မယ်.. ခု သိပ်မသိကြသေးဘူး… ခွိခွိ

    • Mr. MarGa

      September 30, 2013 at 11:00 pm

      အဲဒါကြောင့် မပြောဘဲ နေတာပေါ့ဗျာ
      ဒီကလေး မျက်နှာ ရှိနေလို့ ဗျ
      မဟုတ်ရင် မလွယ်ဘူး တကယ်…
      လူသိမှာစိုးလို့သာ ငြိမ်နေရတာ

Leave a Reply