အဲဒီနေ့က … (ကဗျာ)

++++++++++++++++++++++++++

“ခွပ်” ခနဲ ….
လွတ်ကျ ကွဲအက်သံကို
ကြားလိုက်ရတဲ့အခိုက်မှာ
နှလုံးသားထဲမှာ
အောင့်သက်သက် ဝေဒနာတစ်ခုဟာ
မခံမရပ်နိုင်အောင်ပဲ
ထိုးဆွလာခဲ့တယ် ………။

အမှတ်တမဲ့
ကောင်းကင်ဆီ မော့ကြည့်မိခိုက်မှာ
ထိန်ထိန်သာနေတဲ့ လတစ်စင်းဟာ
တိမ်ညို၊ တိမ်မည်းတွေနောက်
ပျောက်ရှသွားခဲ့တယ် ……….။

အဝေးဆုံးထိ
ငေးကြည့်မိပေမယ့်
ပုံရိပ်များကတော့ဖြင့် ဝိုးတဝါး …
အရင်နဲ့ (လုံးဝ) မတူတဲ့
ပူနွေးမှုတစ်ခုကတော့ဖြင့်
ငါ့ရဲ့ ပါးပြင်တွေထက်
ခုန်ပေါက် ဆော့ကစားလျက် ………။

ဟန်ဆောင်မှုတစ်ခုကို
သံယောင်ပြုမိခဲ့တာလား ???
ရိုးရိုးလေး အဆုံးသတ်သွားတဲ့
နှုတ်ခမ်းမဲ့မဲ့ တစ်စုံဆီက ပုံပြင်တစ်ပုဒ်ကို
ခုံမင်စွာ နားဆင်ခဲ့မိတာလား ???
မဝေခွဲတတ်တော့ ……။

နှေးကွေးမှု၊ လေးလံမှု
ဒီချိုင်းထောက်နှစ်ခုကို အားပြုလို့
လျှောက်လှမ်းလာခဲ့တဲ့
အိမ်အပြန် လမ်းတစ်လျှောက်မှာလည်း
ညမွှေးပန်းတို့ရဲ့
ပြက်ရယ်ပြုမှုကိုလည်း ခံခဲ့ရ ….

ဘာမှ မလုပ်ပေမယ့်
လမ်းဘေးက ခွေးတစ်အုပ်ရဲ့
တဝုတ်ဝုတ်နဲ့
ရန်စမှုကိုလည်း ခံခဲ့ရ …..

အိုဘယ့် … အသင်လောက
ကံဆိုးသူ သွားလေရာ
ဘာကြောင့် မိုးတွေရွာစေခဲ့တာလဲ ????

++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။