အဲဒီနေ့က … (ကဗျာ)

အဲဒီနေ့က … (ကဗျာ)

++++++++++++++++++++++++++

“ခွပ်” ခနဲ ….
လွတ်ကျ ကွဲအက်သံကို
ကြားလိုက်ရတဲ့အခိုက်မှာ
နှလုံးသားထဲမှာ
အောင့်သက်သက် ဝေဒနာတစ်ခုဟာ
မခံမရပ်နိုင်အောင်ပဲ
ထိုးဆွလာခဲ့တယ် ………။

အမှတ်တမဲ့
ကောင်းကင်ဆီ မော့ကြည့်မိခိုက်မှာ
ထိန်ထိန်သာနေတဲ့ လတစ်စင်းဟာ
တိမ်ညို၊ တိမ်မည်းတွေနောက်
ပျောက်ရှသွားခဲ့တယ် ……….။

အဝေးဆုံးထိ
ငေးကြည့်မိပေမယ့်
ပုံရိပ်များကတော့ဖြင့် ဝိုးတဝါး …
အရင်နဲ့ (လုံးဝ) မတူတဲ့
ပူနွေးမှုတစ်ခုကတော့ဖြင့်
ငါ့ရဲ့ ပါးပြင်တွေထက်
ခုန်ပေါက် ဆော့ကစားလျက် ………။

ဟန်ဆောင်မှုတစ်ခုကို
သံယောင်ပြုမိခဲ့တာလား ???
ရိုးရိုးလေး အဆုံးသတ်သွားတဲ့
နှုတ်ခမ်းမဲ့မဲ့ တစ်စုံဆီက ပုံပြင်တစ်ပုဒ်ကို
ခုံမင်စွာ နားဆင်ခဲ့မိတာလား ???
မဝေခွဲတတ်တော့ ……။

နှေးကွေးမှု၊ လေးလံမှု
ဒီချိုင်းထောက်နှစ်ခုကို အားပြုလို့
လျှောက်လှမ်းလာခဲ့တဲ့
အိမ်အပြန် လမ်းတစ်လျှောက်မှာလည်း
ညမွှေးပန်းတို့ရဲ့
ပြက်ရယ်ပြုမှုကိုလည်း ခံခဲ့ရ ….

ဘာမှ မလုပ်ပေမယ့်
လမ်းဘေးက ခွေးတစ်အုပ်ရဲ့
တဝုတ်ဝုတ်နဲ့
ရန်စမှုကိုလည်း ခံခဲ့ရ …..

အိုဘယ့် … အသင်လောက
ကံဆိုးသူ သွားလေရာ
ဘာကြောင့် မိုးတွေရွာစေခဲ့တာလဲ ????

++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

24 comments

  • kyeemite

    November 30, 2012 at 3:19 pm

    ဂွတ်ဒ..သစ်စ အစ်စ အေ ဂွတ်ဒ :harr:

    • ဟေ့လူဂျီး ..
      ခညားက ဘာဒုံးဂျ ..
      နောက်ဒါလား .. ပေါင်ဒါလား ..
      ဒီဂမှာ အသဲကွဲနေဘာဒယ်ဆိုမှဘဲ .. ဟင့် ..

      • amatmin

        November 30, 2012 at 3:56 pm

        ခင်ညားဂျီး က ဂလောက်တောင်ရုပ်သေဖြစ်နေဒေါ့..
        ဘယ်သူက အသီးကွဲနေမှန်း သိမဒုန်းး..
        နောင်တခါဆို..ငိုချင်းရှည်နဲ့ ရွာပတ်ပီး အော်ပလိုက်. 🙂
        ဒါနဲ့ ကဗျာက.. မိုက်တယ်ဟ

        • ဟေ့လူ .. ဟေ့လူ ..
          ရှင်းရှင်း ကြောဘာ ..
          ခုဖြစ်တာက အသဲဂျ .. အသဲ ..
          အသီး ဟုတ်ဘူး ..
          အသီး က အကောင်းဂျီး ချိဒေးဒယ် .. :mrgreen:
          တော်ကြာနေ သူများဒွေ တစ်မျိုး မြင်နေမှ ဒုတ်ခွ ..

  • ခင်ခ

    November 30, 2012 at 3:25 pm

    ( အိုဘယ့် … အသင်လောက
    ကံဆိုးသူ သွားလေရာ
    ဘာကြောင့် မိုးတွေရွာစေခဲ့တာလဲ ???? )
    မိုးနတ်မင်းက ဆိုလာတယ် အပူတွေငြိမ်းအေးစေချင်လို့ပါတဲ့။

    • ဟုတ်ဘူးလေ ..
      သားဂ အိုက်ဒလို ကြောဒါ ဟုတ်ဘာဘူး ..
      ကံဒွေ ဆိုးပီးရင်း ဆိုးလို့ ကြောဒါဘာ ..
      (မင်းကလည်း လျှာရှည်လိုက်ဒါ .. သိတာပဲကို .. :mrgreen: )

      လာအားပေးတာ ကျေးကျေးဘာ ဦးခင်ခကြီး ခညာ ..

  • Mr. MarGa

    November 30, 2012 at 3:39 pm

    အော်အော်
    မောင်အံက အောက်ပိုင်းမသန်ရှာဘူးကိုး ချိုင်းထောက်လေးနဲ့ဆိုတော့လေ
    :kwi:

  • Mon Kit

    November 30, 2012 at 3:54 pm

    အမောင်အံဇာ..
    ညည်းကလည်း ဝါကျွတ်မှဘဲ အကွဲကသည်း နေရပြန်ဘာဘီ…
    :kwi:

    • ဦးမာဃဂျီးကို အရင်လှမ်းပြောလိုက်မယ် ..
      ဟေ့လူဂျီး ..
      ချိုင်းထောက်နဲ့ ဆိုပေမယ့်
      အောက်ပိုင်း မသန်ဘူး ထင်လို့လား .. ငွင်း .. ငွင်း .. :mrgreen:

      ++++++++++++++

      မွန်ကစ် ….

      အသည်းကွဲဒါ အချိန် ရွေးစရာလိုလို့လားဂျ ..
      ဂယ်ဘဲ .. ကြောလိုက်ချင်ဘူး ..

      အားပေးသွားတဲ့ ဦးမာဃ၊ မွန်ကစ်နဲ့ ဥမတ်တို့ကို ကျေးကျေး ..

  • အဲဒီနေ့က (၂)

    “ခွပ်” ခနဲ ….
    လွတ်ကျ
    နှလုံး
    အောင့်သက်သက်
    မခံမရပ်နိုင်အောင်ပဲ

    ထိန်ထိန်သာနေတဲ့ လတစ်စင်းဟာ
    တိမ်ညို၊ တိမ်မည်းတွေနောက်
    ပျောက်ရှသွားခဲ့တယ် ……….။

    အသင်လောက

    အဝေးဆုံး
    ငေးကြည့်မိ
    ပုံရိပ်များ
    ပူနွေးမှု
    ပါးပြင်တွေထက်
    ဟန်ဆောင်မှု
    ခုန်ပေါက် ဆော့ကစားလျက် ………။

    နှေးကွေးမှု၊ လေးလံမှု
    လမ်းတစ်လျှောက်မှာလည်း
    ညမွှေးပန်းတို့ရဲ့
    ပြက်ရယ်ပြုမှုကိုလည်း ခံခဲ့ရ ….

    ဘာမှ မလုပ်ပေမယ့်
    ခွေးတစ်အုပ်ရဲ့
    ရန်စမှုကိုလည်း ခံခဲ့ရ ။

    ဒီချိုင်းထောက်နှစ်ခုကို အားပြုလို့
    လျှောက်လှမ်းလာခဲ့တဲ့
    ကံဆိုးသူ* ပေါ်*
    ဘာကြောင့် မိုးတွေရွာစေခဲ့တာလဲ ????။

    ဆြာ အံရဲ့ ကဗျာကို ကျွန်တော်လိုချင်တာ တွေယူပြီး နောက်ထပ်တစ်ပုဒ်လုပ်လိုက်တယ်ဗျာ ကျွန်တော်ကိုယ်ပိုင် စာသားဆိုလို့ *ပေါ်* ဆိုတဲ့ ဟာလေးနဲ့ ခေါင်းစဉ်မှာ (၂) ဆိုတဲ့ စာသား ၂ခုပဲပါပါတယ်။..။

  • Shwe Ei

    November 30, 2012 at 4:01 pm

    အွန်း အသီးကွဲသူများအတွက် ဝီးချဲသမဂ္ဂ ဖွဲ့စည်းထားကြောင်း
    သတင်းကောင်းပါးအပ်ပါတယ်။ စိတ်ဝင်စားသူများ ဆက်သွယ်ရန်………..
    :harr:

    • လာဘန်ဘီ နောက်သီယောက် ..
      အသီးကွဲ ဆိုဒါဂျီးဘဲ …
      ဒါနဲ့ စကားမစပ် ..
      အိုက်သမဂ္ဂကို ဘိုဆက်သွယ်ရမဲဟင်င်င် .. :mrgreen:

      • Shwe Ei

        November 30, 2012 at 5:15 pm

        တယ်လီပသီ နည်းနဲ့ကွဲ့ :mrgreen:

  • ရွှေ ကြည်

    November 30, 2012 at 5:34 pm

    ဟန်ဆောင်မှုတစ်ခုကို
    သံယောင်ပြုမိခဲ့တာလား ???
    ရိုးရိုးလေး အဆုံးသတ်သွားတဲ့
    နှုတ်ခမ်းမဲ့မဲ့ တစ်စုံဆီက ပုံပြင်တစ်ပုဒ်ကို
    ခုံမင်စွာ နားဆင်ခဲ့မိတာလား ???
    မဝေခွဲတတ်တော့ ……။

    မောင်အံစာရေ တအားကောင်းတယ် မမဂျီးအကြိုက်ဆုံးအပိုဒ်လေးရွေးထုတ်လိုက်တာ..။
    ဗရာကြော် ဘူးသီးကြော် မြင်းခွာရွက်ကြော် အာလူးကြော်…………..။

  • မောင်ပေ

    November 30, 2012 at 6:16 pm

    အဲဒီနေ ့ကပေါ့
    အဲဒီနေ ့လေးတစ်နေ ့
    အဲဒီနေ ့ကြီးတစ်နေ ့
    အဲဒါတွေ အထပ်ထပ်ဖြတ်လာပြီးတော့
    ငါ အခု အသက်အရွယ်ကို ရောက်လာပါလေရောကလား

  • @မမဂျီး မရွှေကြည် ..

    မမဂျီး ..
    အစုံကျွေးတာနဲ့ ဗိုက်လည်း ပြည့်သွားပီ ..
    ကျေးကျေးဘဲ မမဂျီး …

    ++++++++++++++

    @ရောင်းရင်းဂျီး

    နင် အခု အသက်အရွယ်ကို ရောက်လာတော့ ဘာဖစ်တုန်း
    နဖူး ပိုပြောင်လာတာလား …
    ရှင်းရှင်း ပြောစမ်းဘာ ..
    အဲ .. ဒါနဲ့ ..
    အခု အသက်အရွယ်ကနေ ..
    နောက်ထပ် အထပ်ထပ် ဖြတ်ပြီးသွားရင်ရော … 🙄 🙄

  • အလင်းဆက်

    November 30, 2012 at 9:42 pm

    တန်ဆောင်မုန်းလကြီး..မိုးတွေ..သည်းနေပါလား..။
    ဒီကဗျာမှာလည်း..မိုးသည်းနေတယ် ။
    အပြင်မှာလည်း……………

  • သခင် Mobile

    December 1, 2012 at 2:08 am

    အိုဘယ့် … အသင်လောက
    ကံဆိုးသူ သွားလေရာ
    ဘာကြောင့် မိုးတွေရွာစေခဲ့တာလဲ ????
    ကံဆိုးမှုတွေကို ရေဆေးပေးတာ ဖြစ်နိုင်သလို
    ဒုက္ခပေးတဲ့ အနေနဲကလိုက်ရွာတာလဲ ဖြစ်နိုင်တယ်
    အမျိုးမျိုးထင်ချင်သလို ထင်လို့ရတယ်ကွဲ့

  • @ညီလင်းဆက်

    ညီငေးရေ … :mrgreen:
    အပြင်မှာလည်း မိုးတွေရွာနေတယ် ..
    ရင်ထဲမှာလည်း ရွာနေတယ် …
    သည်းသည်းမဲမဲပါပဲ …
    တစ်ခါတစ်ခါ မျက်စိနှစ်ကွင်းကနေတောင် လျှံကျလာတဲ့အထိ ……

    @သခင် မိုဘိုင်း

    ဟုတ်ကဲ့ ခည …
    အနော်ကတော့ မိုးတွေ လိုက်လို့ ရွာစေတာ
    ဒုက္ခပေးချင်လို့ပဲ ထင်ဘာဒယ် …

    အားပေးသွားကြသူ အပေါင်းကို ကျေးကျေး အထူးပါ …

  • Hnin Hnin

    December 2, 2012 at 7:59 pm

    ပျော်ပျော်နေတတ်တဲ့ မောင်မောင်ဂစ်လည်း အသည်းကွဲနေတာပဲလား…..မယုံနိုင်စရာ…
    အသည်းကွဲ တိုးဂစ်ကြီး…..အားတင်းထားပါ….. Fighting! :mrgreen:

    • ဒီလိုဘာ ခီညာ ..
      ဟိုလိုဘာ ခီညာ ….
      အသည်းကွဲတယ်ဆိုတာ ရင်ထဲက ဒဏ်ရာပါ ..
      ရင်ထဲက အဲဒီ ဒဏ်ရာကို အပြုံးတွေနဲ့ ဖုံးလွှမ်းထားသူရယ်ပါ …
      တကယ်က ညညဆို အိပ်တောင် မပျော်ဘာဘူး ခညာ ..
      (ကော်ဖီတွေ နင်းကန် သောက်ထားလို့) .. :mrgreen:

Leave a Reply