တွက်ကြည့်တာပါ Mobile နှုန်းများ…..

တိမ္မည္းNovember 30, 20126min15432

လူတယောက်ခြင်း အထူးသဖြင့် Facebook နဲ ့ သတင်းကို ပုံမှန်ကြည့်တက်သူ တယောက်အနေနဲ ့ တွက်ထားပေးပါတယ်…..

Entertainment People Usage Minutes Usage Size in KB (Kilo Bytes)
Facebook 120 20480
Google Maps 10 6144
You Tube 8 22528
Email (attachment) 2 Mail 10 3686.4
Email (without attachment) 5 Mail 15 128
News Streams per day Parallel With Other Activity 2048
Chatting Parallel With Other Activity 853
WebPage per day 60 10240
Per Day 223 66107.4 KB
Pe Month 6690 1983222 KB
200MB = 204800KB 1936.740234 MB
1GB = 1048576KB 1.891347885 GB
Calculation Unit
With 3G per minutes 26760 Kyats
With 2G per minutes 13380 Kyats
With Plan A 39664.44 Kyats
With Plan B 37068.44 Kyats
With Plan C 25692.92 Kyats
With Plan B Size in KB Cost Unit
For Extra Rate in KB 1778422 35568.44 Kyats
Fix with 200MB 204800 1500 Kyats
Total 1983222 37068.44 Kyats
With Plan C Size in KB Cost Unit
For Extra Rate in KB 934646 18692.92 Kyats
Fix with 1GB 1048676 7000 Kyats
Total 25692.92 Kyats

 

တွက်နည်းအတိုင်းဆိုရင် သင်ဟာ 3G သမားထက် နဲနဲပိုသက်သာပေမယ့် 2G သမားထက် ပိုကျနေတာကိုတွေ ့ရမှာပါ……

ဒါပေမယ့် မမေ့သင့်တာတခုကတော့ 2G network ဟာ 3G network ထက် ပိုနှေးတက်တယ်ဆိုတာပါပဲ………..

 

အနှစ်ချုပ်အားဖြင့်…..

ပြုပြင်လိုက်တဲ့ နှုန်းထားသည် ကျေနပ်ဖွယ်မရှိသေးသော်လည်း…..

သင်သာ Chatting နဲ ့ News ကိုပဲ အချိန်အများစု အသုံးပြုမည်ဆိုရင်ဖြင့်……..

ပိုမိုသက်သာနိုင်ကြောင်း…… သင့်သူငယ်ချင်း အများစုက Gtalk Skype Viber စသဖြင့် အင်တာနက် အများစု သုံးတက်သော သူများဖြစ်ရင်….

Message တခါပို ့ 25 Kyats အစား ပိုမို ပို ့နိုင်သလို ပိုမိုသက်သာ သွားမှာပါ…….

 

စဉ်းစားကြည့်ရင် Mobile ဟာ Communication Device ပါ…..

လူနည်းစု အထူးသဖြင့် ရန်ကုန်နေ လူငယ်များအတွက် Facebook သည် အရေးကြီးပေမယ့်……

လူများစု ဖုန်းတောင် အခုမှ မြင်ဖူးတဲ့ နယ်အပါအဝင် လူအများစုဟာ Communication ဟာ အရေးကြီးပါတယ်…….

ဒါကြောင့် အခုလို အချိန်ပြည့်ဖွင့်ခွင့်ပေးလိုက်ရင် Message တွေဟာ အင်တာနက်ကနေတဆင့် ဘက်ပေါင်းစုံကနေ ဝင်လာနိုင်ပါတယ်…..

အချိန်နဲ ့တပြေးညီပေါ့နော်… အရင်လို တမိနစ် ၄ ကျပ် ၂ ကျပ် ဆိုရင် အချိန်ပြည့် မဖွင့်နိုင်ဖူးလေ……

အချိန်ပြည့် မဟုတ်ပါဖူး …. မျက်စိ ဖွင့်တဲ့အချိန် မနက် ၆ နာရီကနေ အိပ်ချိန် ည ၁ဝ နာရီ ပဲဖွင့်ပေါ့နော်…..

2G Network နဲ ့ဆိုရင် တလ ခြောက်သောင်းကျော်… 3G နဲ ့ဆိုရင် တလ ၁သိန်းနှစ်နှစ်သောင်းကျော်ကျမှာ…..

တလ မှ ၁သိန်းလောက်ပဲ ရတဲ့ ဝန်ထမ်းတွေဆို ဘယ်ဖွင့်နိုင်မလဲပေါ့နော်……

Plan C နဲ ့ဆိုရင်တော့ တလမှ ၇၀၀ဝ ပဲကျမှာပါ မည်သူမဆို တက်နိုင်တဲ့ နှုန်းထားပေါ့နော်…..

ပီးတော့ 1GB ဆိုရင် Chatting and News Only အတွက်က သာသာလေးလောက်ပါတယ်…… တနေ ့ ၃၄ မက်လေ…. ချက်ကမှ ၁ဝမက် သတင်း ၁ဝမက်… ကျန်တာနဲနဲပိုသုံးလို ့ရသေး….

လူသုံးများတဲ့ GoThereMyanmar ဆိုရင် သူတို ့ရဲ့ သတင်းဟာ တနေ ့ကို ၂မက်ထက်မပိုပါဖူး……

NewsofMyanmar လည်း ၂မက်သာသာမကျော်ပါဖူး…..

 

MPT လုပ်တာ မှန်တယ်လို ့ မဆိုလိုပါဖူး……..

မြို ့ကြီးပြကြီးနေ ပြည်သူလူထု တခုတည်းကို မကြည့်ပဲ လူအများစုအတွက် တွေးကြည့်တာပါ…..

မတူတဲ့ ရှူထောင့်တခုကပေါ့နော်……

 

နိုင်ငံတော်တိုးတက်ရေးအတွက် အရေးကြီးဆုံး Infrastructure တခုဖြစ်တဲ့ Communication Channel ကို အရင်ဆုံး လုပ်သွားတဲ့ သဘောပါ….

Entertainment ကိုကိုမမများ အတွက် မကြာမီလာမည် မျှော်……

🙂

 

လေးစားလျက်

တိမ်မည်း

 

ကိုးကား

https://myanmargazette.net/158106/uncategorized-other/copypaste

http://en.wikipedia.org/wiki/Bytes

32 comments

  • kai

    November 30, 2012 at 4:51 pm

    ဆက်သွယ်ရေးမှာ.. ဦးသောင်းတင်ဝင်လုပ်နေတယ်ဆိုကတည်းက.. ကျုပ်ကတော့.. စစ်သားတွေလုပ်နေတာထက်.. ပိုပြီးလက်ခံတယ်..
    သူရောက်ပြီးမှ.. ထွက်လာတဲ့လုပ်ထုံးတွေက.. အကောင်းဆုံးကို ချိန်ဆလုပ်တာလို့.. ထင်တာပါပဲ..

    ဦးသောင်းတင်လည်း.. နောက် ၂နှစ် ၂၀၁၅ဆို ပြုတ်မယ့်သူဖြစ်တာမို့.. ငွေကြေးလည်းမက်မက်မောမောရှာရအောင်… လိုနေတဲ့သူမဟုတ်လောက်တာမို့.. သူဦးဆောင်လုပ်တာ..မမှားလောက်ဖူးထင်တာပါပဲ..

    ဒန်တန်တန်.. :kwi:

    • တိမ်မည်း

      November 30, 2012 at 4:56 pm

      သဂျီးရေ KMD က ထွက်လို ့ ဦးသောင်းတင်ဘက်က ပါတာရယ်တော့မဟုတ်ပါဖူး……
      အပြင်က လူတယောက်အနေနဲ့ တွေးမိတာလေးပါ…..
      အခုလို ့ ပထမကော်မန် ့လေးအတွက် ကျေးဇူးပါ…….

  • ဘာမှ မပြောခင် ..
    အပေါ်က ဇယားကွက်ကြည့်ပြီး ..
    ကျုပ်တော့ မူးတွားဒယ် …
    (မူးဒယ် ဆိုမှ ပေါက်ဖော်တောင် သတိရလိုက်မိသေး )

    • တိမ်မည်း

      November 30, 2012 at 4:59 pm

      မူးဒါကို တောင်းပန်ပါတယ်ဗျာ…..

      သေသေချာချာ တွက်ပြချင်လို ့ပါ…….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 30, 2012 at 4:55 pm

    အဲဒီသတင်းကြားတော့…
    ကျွန်တော်တစ်ခုစမ်းသပ်ပါတယ်…
    ကျွန်တော် တစ်နေ့ပုံမှန်သုံးတဲ့ အင်တာနက် ဒေတာဘယ်လောက်ရှိလဲစမ်းသပ်ပါတယ်…
    မနေ့မနက် အိမ်ယာနိုးတဲ့ ၆းဝဝ နာရီကနေစပြီးတော့ ဖုန်းဒေတာကို ဖွင့်လိုက်တယ်…
    ဒီနေ့မနက်အိပ်ယာနိုးတဲ့အချိန်အထိ…

    ကျွန်တော့ဆီအီးမေးလ်တွေဝင်တယ်… မနက်တိုင်း ဂဇက်ကို ပိုစ့်အသစ်တွေဝင်ဖတ်တယ်…
    ဒါပေမယ့် IOM တို့ IM+ တို့လို Chat တွေပိတ်လိုက်တယ်…
    တစ်နေ့လုံး ကျွန်တော်သုံးတဲ့ ဒေတာပမာဏကို ဒီမနက် ၆းဝဝ အိပ်ယာနိုးတော့ကြည့်လိုက်တယ်…
    စုစုပေါင်း 7.5 MB ပါ…
    (၁၀)ရက်ဆိုရင် 75 MB အကြမ်းဖျဉ်းသုံးမယ်ဆိုကြပါစို့…
    တစ်လ ရက် (၃၀) ဆိုရင် 225 MB သုံးမယ်…
    အဲဒီတော့ Plan-B နဲ့ ကျွန်တော် တစ်လကို (၁၅၀၀) ဖိုး 200 MB သုံးပါမယ်…

    ကဲ…
    ပိုသွားတဲ့ 25 MB အတွက် ကျွန်တော်ဘယ်လောက်ပေးရမလဲ ဆက်တွက်ကြစို့…
    100KB ကို ၂ကျပ်နှုန်းနဲ့တွက်ရင်… 1MB အတွက် ၂၀.၄၈ ကျပ်ကုန်ပါ့မယ်…
    အဲဒီတော့ 1MB အတွက် ၂၀၄.၈ကျပ်ကုန်ပါ့မယ်…
    25MB ဆိုရင်… ၂၆၂ဝ ကျပ်ကုန်ကျမယ်ဆိုပါတော့…
    တစ်လ ကျွန်တော့်ပျမ်းမျှအင်တာနက်အသုံးစရိတ်က တစ်လလုံးကို ၄၁၂ဝ ကုန်ကျမယ်လို့ ဆိုရမှာပေါ့…

    အရင်တုန်းက ကျွန်တော် အချိန်တိုင်းဖုန်းမှာ အင်တာနက်ဖွင့်ထားလို့မရပါဘူး…
    ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့ကို ၂၈၈ဝ ကျပ်ကျလို့ပါ…
    အခု ကျွန်တော် တစ်နေ့လုံးအင်တာနက်ဖွင့်ထားလို့ရပါပြီ…
    အဲဒီတော့ ကျွန်တော့်အတွက် ပိုပြီးတန်တယ်လို့ပြောရမလိုဖြစ်နေပါပြီ…
    Plan C ဖြစ်တဲ့ 1GB ကို တစ်လ (၇၀၀၀)ပေးသုံးရင် ပိုပြီးကိုက်တဲ့အနေအထားပါ…
    နောက်တစ်ခုက နောက်ပိုင်း Mobile Device တွေခေတ်စားလာတော့ Mobile Themes နဲ့ Website တွေပိုများလာပါတယ်… အဲဒီဆိုဒ်တွေက ပုံမှန်ကွန်ပျူတာမှာသုံးတဲ့ဆိုဒ်ထက် ပိုပြီးသေးငယ်သလို…
    ပိုပြီးမြန်ပါတယ်… မန်းဂဇက်မှာတောင် မိုဘိုင်းဆိုဒ်ရှိပါတယ်…

    ဒါပေမယ့် ခက်နေတာလေးတစ်ခုပြောပါဦးမယ်…
    ကျွန်တော်တို့ တော်တော်များများက တယ်လီဖုန်းနဲ့ အိမ်မှာကွန်ပျူတာနဲ့ချိတ်ပြီးသုံးကြပါတယ်…
    Mobile Network ကို Mobile Network လိုမသုံးပဲ… အိမ်မှာ ADSL ဝယ်ထားသလို PAC မှာသွားသုံးသလို… နှိုင်းယှဉ်ပြီးသုံးမရပါဘူး…
    အဲဒါလေးကို သတိချပ်မိစေလိုပါတယ်…

    ပိုပြီးတန်ချင်တယ်ဆိုရင်… အိမ်မှာလဲ ဖုန်းလိုင်းရှိတယ်ဆိုရင် ငွေ (၅)သောင်းလောက်အကုန်ခံလိုက်ပါ…
    အိမ်မှာ ADSL တပ်ပြီး အနိမ့်ဆုံး 256Kbps Plan လေးကို တစ်လ (၁၇၀၀၀) ပေးပြီး အားရပါးရသုံးလိုက်ပါ… ပိုတန်မယ်ထင်ပါတယ်…
    ဒါကတော့ ပိုအဆင်ပြေမယ့်အနေအထားပါ…

    အကောင်းမြင်နဲ့ပြောရရင်…
    တစ်လကို 200 MB နဲ့ ၁၅၀ဝ ဖိုးလောက်ပဲသုံးပြီးချွေတာကြရအောင်လားဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • kolumbus

      December 1, 2012 at 5:55 pm

      ၅သောင်းတန် MPT ADSL ဆိုတာ တွေ့လို စပ်စုလိုက်ဦးမယ်…
      လိုင်းလျှောက်ဖို့ ဘာတွေလိုသလဲ သိချင်ပါတယ်…
      ကျနော်လည်း စာတိုက်ကနေ ပို့ ဆိုတဲ့ နေရာကို ပိုု့လိုက်တာပဲ… ခုထိ ဘာမှမသိရသေးဘူး…
      လိုအပ်တဲ့စာရွက်စာတမ်းတွေ မပြည့်စုံလို့လား… လျှောက်လွှာ မှားဖြည့်မိလို့လား… ဆိုတာ မသိရဘူး….
      ဘယ်ကိုဆက်သွယ်ရမလဲ မသိဘူး ဖြစ်နေလို့ တတ်နိုင်သလောက် ကူညီကြပါဦး…
      မြန်မာ့ဆက်သွယ်ရေး ဌာနကို ဘယ်လိုဆက်သွယ်ရမလဲ မသိဘူးဖြစ်နေလို့…. :kwi:

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        December 3, 2012 at 10:10 am

        အစ်ကိုရေ…
        ကိုယ်တိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်းရုံး (၈)မိုင်ကို သွားတင်ကြည့်ပါလား…
        ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • Good™

    November 30, 2012 at 5:09 pm

    တစ်လ 200M ကို သုံးသင့် တာ တော့ ထောက် ခံ ပါကြောင်း။
    ကျနော် လဲ အဲဒါ ကို ပဲ သုံး ဖို့ စိတ်ကူးတယ်။

  • pooch

    November 30, 2012 at 5:15 pm

    ကျမလည်း KMD က ထွက်တာပဲ ။ :mrgreen:
    စောင့်ကြည့်လိုက်ပါအုန်းမယ်။
    အဆင်ပြေမယ်ဆို ADSL ဘက် ပြန်လှည့်သုံးမယ်စိတ်ကူးတယ် ။ လိုင်းသာကောင်းမယ်ဆိုရင်ပေါ့။

  • မောင်ပေ

    November 30, 2012 at 6:11 pm

    ကျုပ် ၉၁ဝ နံပါတ် စီဒီအမ်အေ နဲ ့ သုံးတယ်
    ၁ဝမိနစ်လောက် သုံးလိုက် ၊ ဘီလ်ပြန်စစ်လိုက် နဲ ့ စမ်းနေတာတော့
    အခုထိတော့ ပုံမှန်နှုန်းတိုင်းပဲ
    ဘာလဲတော့ မသိဘူး
    အဲ… ပုံမှန်ထက် ပိုသွားတာနဲ ့တပြိုင်နက် ထပ်ဆဲရပါလိမ့်မည်

    • တိမ်မည်း

      December 3, 2012 at 8:10 am

      ဆဲသာဆဲ ဦးပေရေ… အားမနာနဲ ့… ဟီး

  • Mr. MarGa

    November 30, 2012 at 6:14 pm

    အင်းးးးးးးး
    အဲလိုဆိုတော့လဲ ဟုတ်သလိုလို

  • အရီးခင်လတ်

    November 30, 2012 at 6:17 pm

    ဦးသောင်းတင် ကိုတော့ ယုံပါတယ်။
    သူကတော့ ပြည်သူအများကို ကြည့်ပြီး လုပ်ပေးချင်မှာပါ။

    ဒါပေမဲ့ တစ်ခြား အကြောင်းတွေ နဲ့ လဲ ဟန်ချက်ညီ မှ သူ့စေတနာ ကို မြင်မှာ။
    မဟုတ်ရင်တော့ ဝေဒနာဖြစ်သွားမယ်။

    တစ်နေရာထဲ က ကောင်းတိုင်းလဲ အားလုံးကောင်းမှာ မဟုတ်တာ ကို နားလည်ကြဖို့လဲလိုပါတယ်။

    • တိမ်မည်း

      December 3, 2012 at 8:14 am

      အရီးရေ…. Think Tank တွေက ရှေ ့ရေးကို ဆယ်မိုင်လောက်မြင်ကြပီး…. လူအများစုက မမြင်ကြလို ့ ငိုကြတာကို ငိုချင်ငိုပါစေဆိုပီး ပစ်ထားတာ ကို မကြည့်ရက်တာတော့ အမှန်ပါ………..

  • အရီးခင်လတ်

    November 30, 2012 at 8:01 pm

    အိုး…. အို …. လာပြီကွဲ့။
    ပြောလို့မှ မဆုံးသေး ….
    What is the meaning of “သက်ဆိုင်ရာ လူကြီးတွေ” ????
    👿
    လာပါဦးမယ်။
    တစ်ခုပြောလိုက်။
    လူကြီးမကြိုက်လို့ ပြန်ဖျက်လိုက်။
    ဒီလူကြီးတွေ ရှိနေသ၍ အရင်လိုပါဘဲ။

    ————————————————————–
    http://www.first-11.com/index.php?option=com_content&view=article&id=16602:–volume—-&catid=42:2009-11-10-07-36-59&Itemid=112

    ”စာနယ်ဇင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ သက်ဆိုင်ရာ လူကြီးတွေကို report လုပ်ပါတယ်။ report လုပ်ပြီးဆွေးနွေးချက်အရ လူကြီးတွေက ပြန်ပြီးကောက်ခံမယ့် နှုန်းထားတွေကို ပြန်လည်တွက်ချက်ပြီးမှ ပြန်လည်ကောက်ခံဖို့ နောက်တစ်လကို ထပ်ရွေ့လိုက်ပါတယ်။ အခုသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ထပ်လျော့မယ့် သဘောရှိပါတယ်။ လက်ရှိ ထုတ်ပြန်ထားတာတွေက cancel ဖြစ်သွားပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

    • တိမ်မည်း

      December 3, 2012 at 8:20 am

      အခုပဲ ဖတ်လိုက်ပါပီ အရီးရေ….. တကယ်ကို စိတ်ပျက်စရာပါပဲ…..

  • သစ် တည်

    November 30, 2012 at 10:08 pm

    တော်ဓှာ ကောင်းဓှာ……
    KMD အုုပ်ကဒကြီးရယ်…..

  • nature

    November 30, 2012 at 11:33 pm

    သုံးတဲ့ဒေတာပမာဏ အလိုက်ကောက်ခံတာကတော့သဘာဝကျတယ်လို့ထင်မိတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလို ငွေအပိုမကုန်ဖို့ ကိုယ့်ဟာကိုယ်စိစစ်လာကြမယ်။ ဆက်သွယ်ချင်တဲ့သူတွေ ကွန်နက်ရှင်တွေကို အချိန်မရွေးဖွင့်ထား နိုင်တဲ့အတွက် viber ကနေခေါ်ရင် အလွယ်တကူရနိုင်မယ်ထင်တယ်။ ဝန်ထမ်းတွေကိုလုံလောက်တဲ့လစာပေးနိုင်ပြီး မရှုံးတဲ့နှုန်းတခုနဲ့ သင့်တော်တဲ့အကျိုးအမြတ်တခုကို တွက်ချက်ကောက်ခံဖို့ တော့လိုမယ်ထင်ပါတယ်။

    သုံးစွဲသူတွေကတော့ သက်သာလေကောင်းလေပါပဲ။
    ……ပြည်သူတွေသက်သာမဲ့နည်းကို စိစစ်စရာမလိုဘူးလေဗျာ အလကားပေးသုံးလိုက် ပြည်သူတွေ သက်သာသွားရော… ဒါလေးတောင်မသိဘူးလား… အဲ့ဒါပညာမတတ်လို့…..
    ဆိုတဲ့ကွန်မန့်လေးတခုကိုလည်းဖတ်လိုက်ရပါတယ်။အလကားပေးသုံးလို့ ပြည်သူတွေသက်သာတာကတော့မှန်ပါတယ်။ စရိပ်စကနဲ့ ကုန်ကျငွေတွေအတွက်က ဘယ်ကဝင်ငွေရှိသလဲ ။ ဝင်ငွေထက်ထွက်ငွေ များ နေလို့ကတော့ ဆင်းရဲတွင်းက နက်သထက်နက်လာမယ်ထင်မိတယ်။

    • တိမ်မည်း

      December 3, 2012 at 8:28 am

      အဲ့ဒီအတွက် Data Plan ကို များများချမှတ်ဖို ့လိုသေးတာပေါ့နော်….
      ပီးတော့ အခုဟာက ပလန်သုံးခု ထဲဆိုတော့ သူများ တွေဆီမှာထက်စာရင် ရွေးချယ်စရာနဲသေးလို ့ပါ……..
      MPT ကို တောင်းဆိုရမှာက အခုကိတ်စကို ဆန် ့ကျင်ဖို ့ မဟုတ်ပါဖူး…….
      ပလန်များများချပေးဖို ့ Basic ပလန်တွေမှာ ဈေးလျော့ပေးဖို ့ပါပဲ…..
      ပီးတော့ တလ အစား Subscription အလိုက်သွားတာက ပိုပီးသင့်တော်မယ်လို ့ထင်ပါတယ်……
      အပင်ပန်းမခံချင်တာက များနေသော MPT နဲ ့ မတောင်းတက်သေးသော ဒီမိုပြည်သူများလို ့သာ ခေါင်းစဉ် တပ်ချင်မိပါတယ်…..

  • သခင် Mobile

    December 1, 2012 at 1:15 am

    တွက်တဲ့ ချက်တဲ့ ပုံစံလေးကို နားမလည်ဘူးဗျ။
    ရေရေလည်လည်နားလည်အောင်လေး ရှင်းပြစေလိုပါတယ်။
    သင်ဆရာ မြင်ဆရာ ကြားဆရာ ပေါ့ဗျာ။ ပြောပြတဲ့လူက ကျနော်ရဲ့
    အနန္တဂိုဏ်းဝင်ဖြစ်သွားမှာပေါ့။

    • တိမ်မည်း

      December 3, 2012 at 8:38 am

      တွက်ချက်ပုံကတော့ MPT ပေးတဲ့ Scale အတိုင်းပါပဲဗျာ…..
      ကျန်တဲ့ ဒေတာတွေကတော့ Reference အတိုင်း ကိုးကားပီးတွက်ထားတာပါ……

  • ကိုသင်း

    December 1, 2012 at 7:35 am

    အရင်ပုံစံနဲ ့နောက်ပြောင်းတာ ဘယ်လိုကွာခြားသလဲ
    သိတဲ့သူတွေ အကြံပေးပါ၊ကျွန်တော်က နည်းနည်းဝေးလို ့ပါ
    တတ်နိုင်ရင်လူပိန်းကြိုက်လေးပေါ့
    အားလုံးကိုကျေးဇူးတင်ပါတယ်

    • တိမ်မည်း

      December 3, 2012 at 8:43 am

      KTV နဲ ့ပဲ ပြောမယ်နော်…

      အကိုက အခန်းထဲ မိန်းကလေး တယောက်ကို အခန်းထဲ ခေါ်ထားတယ်လို ့မှတ်လိုက်ပေါ့…….

      အခန်းထဲစခေါ်တာနဲ ့ ပိုက်ဆံကုန်တာပဲ……..
      ထိထိ မထိထိ စကားပြောပြော မပြောပြော……. အကို ့ဘာသာ သီချင်းဆိုပီး သူ ့ကို ဂရုမစိုက်လည်း ကုန်မှာပဲ…..
      အဲ့ဒါ အရင်စနစ်……..

      အခုစနစ်က အဲ့မိန်းကလေးကို စကားပြောသည်ဖြစ်စေ ထိသည်ဖြစ်စေ သူနဲ ့သက်ဆိုင်တာ တခုခု လုပ်မှ ပိုက်ဆံကုန်မှာ…..
      အဲ့ဒါ အခုစနစ်………..

      ရှင်းရား……….!!!!!!!!!!!!!!!!

      • Foreign Resident

        December 3, 2012 at 9:24 am

        ကွက်ကွက် ကွင်းကွင်း မြင်အောင် ပြောတတ်ပါပေ့ မေါင်တိမ်မည်းရယ် ။

  • Foreign Resident

    December 1, 2012 at 9:37 am

    အဘ နဲနဲ ဝင်ပြောပါရစေတော့ကွယ် ။

    အရင် မိနစ် နှင့် တွက်ပြီး ယူနေတာက ၊
    အဲဒီအချိန်တုန်းက MPT ကပေးတဲ့ Speed က ၊
    ပက်ကျိထက်နှေးနေတော့ down load ဘယ်လိုဆွဲဆွဲ ၊
    Data ပမာဏ က ၊ သူတို့ သိပ်မှုစရာ ပမာဏကို မရှိဘူးလေ ။
    အဲဒီတော့ အရင် Mobile ဖုန်းတွေမှာ ၊ ဖုန်းပြောခ ပိုက်ဆံကောက်ခဲ့သလိုပဲ ၊
    ခပ်လွယ်လွယ် နှင့် အချိန် နှင့်ပဲ တွက်ပြီး ကောက်ခဲ့တာပါ ၊ လွယ်တာကိုး ။

    အခုက အာဆီယံ ဥက္ကဋ္ဌ နှင့် အားကစားပွဲ လာလုပ်တော့မယ်ဆိုတော့ ၊
    Speed / Band Width တွေ တင်ပေးရတော့မယ်လေ ။
    အဲဒီအခါကျတော့ အရင်လို ခပ်လွယ်လွယ် မိနစ် နှင့် ကောက်နေလို့ မရတော့ဘူး ။
    Down Load ဆွဲမဆွဲပေါ် မူတည်ပြီး MB အသုံး တွေက အရမ်းကွာလာတော့မှာကိုး ။

    အဲဒီမှာ ၊ နိုင်ငံတကာ ထုံးစံ အတိုင်း Data Usage ပေါ်မူတည်ပြီး ၊
    ပိုက်ဆံကောက်မယ် ဖြစ်လာတာပေါ့ ။

    Data Usage ပေါ်မူတည်ပြီး ပိုက်ဆံကောက်တဲ့ စံနစ်က မမှားပါဘူး ။
    ပိုက်ဆံကောက်တဲ့နှုန်းကတော့ နိုင်ငံသားတွေရဲ့ ဝင်ငွေ ကိုကြည့်ပြီး နဲနဲ ညှိပေးသင့်တယ် ။

    အကောင်းဖက်ကကြည့်ရင်တော့ ၊
    သိပ်မကြာခင်မှာ Internet Speed တွေ မြန်လာလိမ့်မယ် ။
    ( ထင်တာပဲ ) ။

    • တိမ်မည်း

      December 3, 2012 at 8:46 am

      အဘရေ….
      ဒီတခါတော့ အဘနဲ ့ကျွန်တော် တူသွားဘီ……….
      ပလန်ပိုချသင့်တာရယ် ဈေးလေး နဲနဲပဲပိုချပေးဖို ့ပဲလိုတာပါ….
      လျှောက်တဲ့လမ်းကြောင်းကလည်း Monthly ထက် Subscription ကို ပိုသွားစေချင်တာပါ……
      ဒါပါပဲ…..

  • ဦးကြောင်ကြီး

    December 1, 2012 at 11:43 am

    အမ်ပီတီက ပြန်ရှင်းတာ ဒီဗွီဘီမှာ ဖတ်ရတယ် သိပ်မရှင်းဘူး။ ပြောတာတော့ ဖေ့စ်ဘွတ်မှာ ၂ရမိနစ်ကြာအောင် သုံးတာ ၃၂ကီလိုဗိုက်ပဲ ရှိတယ်တဲ့။ ၁၀ဝ ကေဘီကို ၂ကျပ်ဆိုတော့ တကျပ်တောင် မကုန်ဘူးပေါ့ဗျာ။ ဒါက လျောက်ကြည့်ရုံကြည့်တာပေါ့။ ပုံတွေပါတွေတင် လင်ရှာ မယားရှာ လုပ်ချင်ရင်တော့ ခံပေါ့ဗျာ… ပိုက်ဆံပြောပါတယ်။ :mrgreen:
    ဆက်သွယ်ရေးအနေနဲ့ ဒီထက်ပို ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်။ ဥပမာ – အင်တာနက် တယ်လီဖုံး စကိုင်းပီ၊ ဗိုင်ပါ၊ တန်ဂို စတာတွေ ပြောရင် တနာရီ ဘယ်လောက်ခန့်မှန်းခြေ ဖြစ်မလဲ။ ပုံမှန်ကွန်နက်ရှင်သည် ကီလိုဗိုက် ဘယ်လောက်ဆွဲမလဲ။ အကယ်၍ ပေါ်လစီနဲ့ငြိလို့ ထုတ်ပြောခွင့်မရှိဆိုရင် ပုဂ္ဂလိကချယ်နယ်တွေကနေ အမည်မဖော်လိုသူဆိုပြီး ဓာတ်ပုံ၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနဲ့တကွ အသိပေးသင့်တယ်။ အခုပုံကြည့်ရတာ အင်တာနက်ပြောတာ၊ ချက်တင်လုပ်တာနဲ့ သာမန်အီးမေးလ်သုံး ဝက်ဘ်ဆိုက်တက်ရုံဆိုရင် ပလန်B 200MB လစဉ် ၁၅၀ဝကျပ် ပေးတာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။

    • တိမ်မည်း

      December 3, 2012 at 8:48 am

      Data Consumption က တော့ အခုထိ Clear မဖြစ်သေးတာ အမှန်ပါပဲ ဦးကြောင်ရေ….
      Research and Survey ပိုမိုလိုအပ်ကြောင်းပါ……
      ဒူဝေဝေ
      လုပ်ထားတဲ့သူများရှိရင် လက်တို ့ပါနော်……..

  • mg thuta

    December 1, 2012 at 12:21 pm

    ELEVEN မှာတော့ဒီလိုတွေ့တယ်…
    မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ပြီး ယခုနှစ်ကုန်အထိ တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက နိုဝင်ဘာလ ၃ဝ ရက် ည ရ နာရီခန့်တွင် ပြောကြားခဲ့သည်။
    ”စာနယ်ဇင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ သက်ဆိုင်ရာ လူကြီးတွေကို report လုပ်ပါတယ်။ report လုပ်ပြီးဆွေးနွေးချက်အရ လူကြီးတွေက ပြန်ပြီးကောက်ခံမယ့် နှုန်းထားတွေကို ပြန်လည်တွက်ချက်ပြီးမှ ပြန်လည်ကောက်ခံဖို့ နောက်တစ်လကို ထပ်ရွေ့လိုက်ပါတယ်။ အခုသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ထပ်လျော့မယ့် သဘောရှိပါတယ်။ လက်ရှိ ထုတ်ပြန်ထားတာတွေက cancel ဖြစ်သွားပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

    ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Time Based Charging စနစ်မှ Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စာနယ်ဇင်းရှင်းလင်းပွဲအား နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းမပေါ်ရှိ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် ယင်းနေ့ ညပိုင်း၌ပင် ထိုအစီအစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

    • တိမ်မည်း

      December 3, 2012 at 8:51 am

      အစိုးရဟူသည် အခုတမျိုးတော်ကြာတမျိုး နှစ်မျိုးထဲနဲ ့ တိုင်ပင်တက်သောသူ ဟု အများက ခေါ်ဆိုမှာ မကြောက်ကျဖူးလားဗျာ……..
      ဒါမျိုးကျတော့ ခေါင်းမမာဖူး….. ဘုန်းကြီးကျတော့ မီးသွားရှို ့တယ်… အကုသိုလ်ကောင်တွေ…….

  • uncle gyi

    December 1, 2012 at 10:09 pm

    ဘယ်လိုတွက်လို့ဘယ်လိုယူတယ်ဆိုတာ
    အခုထိကိုရှင်းရှင်းမသိရသေးဖူး
    စောင့်မျှော်လျှက်ပါမြသီတာ

    • တိမ်မည်း

      December 3, 2012 at 8:53 am

      မျှော်ပါ အန်ကယ်ဂျီးရေ…. ပလန်က ထပ်ပြောင်းသွားပါပီ… အစိုးရ အခြောက်ကြီးနဲ ့ အခုလို ခနခန ကောက်နေပုံမျိုးနဲ ့တော့ အလုပ် ဘယ်လို လုပ်ရပါ့…….

Leave a Reply