ဝမ်ပေါင်ကို သန်ကောင်မှတ် bacteria

ကျုပ်တို့ဟာ နိုင်ငံဂျီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျုပ်တို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာလေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ….. နိုင်ငံရေးသမား ဦးကြောင်ကြီး မုံရွာလက်ပန်းတောင်းတောင် ဒေသခံများအား ရဲရဲတောက် မိန့်ခွန်းပြောကြား နေဟန်ဖြစ်သည်။ ပရိတ်သတ် မိန့်ခွန်းကြားနေသော်လည်း အသံရှင်အား ရှာမတွေ့ချေ၊ ထို့ကြောင့် သို့လော သို့လော ဖြစ်ကာ ဘေးဘီဝဲယာ ရှာကြသည်၊ အဆင့်မြင့်ဆို၍ ကောင်းကင်မော့ကြည့်သူကြည့်နှင့် လူအုပ် အိန္ဒြေမရ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ခေတ်မှီသူများက ဝိုင်ဖိုင်နည်းပညာဖြင့် ဟိုတယ်မှ မိန့်ခွန်းခြွေသည်ဟု ထင်မြင်ချက်ပေးသလို ဂြိုလ်တုသုံး၍ နေပြည်တော်မှ တိုက်ရိုက်အသံလွင့်သည် ပြောသူကပြောသည်။ အမှန်တော့ ဘယ်မှမရောက် လူထုပရိတ်သတ်ရှေ့ ချောက်ထဲတွင် သူရှိနေသည်။ ဦးကြောင်မိန့်ခွန်းပြောစဉ် မြေတဖြေးဖြေး ပြိုဆင်းသွားရာ နေရင်းထိုင်ရင်း ချောက်ထဲ ရောက်သွားလေသည်။ ဤသည်ကို ဘယ်သူမှ သတိမပြုမိချေ။ “အောင်မလေး ကယ်ဂျပါအုံးဗျ” ကြောက်လန့်တကြား အော်သံကြားမှ မြေကြီးထဲ လည်ပင်းနစ်နေသော ဦးကြောင်ကြီးအား ဝိုင်းဆွဲထုတ်ရသည်။ အနီးတဝိုက်မြေကို ဝမ်ပေါင်တရုတ်ကုမ္မဏီမှ မိုင်းခွဲထားသောကြောင့် အောက်ခံမြေသား ဟောက်ပက်ဖြစ်ခြင်း ရလဒ်ပေတည်း..။

“ခွီးထဲမှပဲ ကံကောင်းလို့မသေ သံချောင်းတို့အဖေ၊ တော်တော်ဆိုးတဲ့ တရုတ်ကုမ္မဏီ.. ဒင်းတို့ကို အပြတ်ရှင်း ထုတ်ပစ်ကွာ။” ရွှေပြည်အေးလုပ်ရန်လာသော ဦးကြောင်ကြီး ရေလည်လည် တင်းသွားသည်။ သေတာတောင် ရိုးရိုးမသေ မြေမျိုခံရသေသည်ဆိုလျင် ရာဇဝင်ရိုင်းပေတော့မည်။ သနားသလိုနှင့် အကုသိုလ်အတော်ကြီးသူဟု ရေနစ်သူ ဝါးထိုးကူလိုက်ကြမည့်ဖြစ်ခြင်း…။ ရွာလုံးကျွတ် မီးခိုးတိတ် အလှူပေးသူများပင် ရှိလိမ့်မည်။ “တရုတ် မကောင်းလျင်ပြော၊ လုံးဝ တာဝန်ယူတယ်၊ တယောက်ထဲမက ဆယ်ယောက် တရာ တထောင် ဖြစ်ပလေ့စေ။ အရိုးကြေကြေ အရေခမ်းခမ်း အပြတ်နှံပစ်မကွ။” ပရိတ်သတ် မနောခွေ့သွားသည်။ ဒါမျိုးရှာနေတာ ကြာပြီ မဟုတ်ပါလော။ ဟိုလိုလို ဒီလိုလို မပြတ်မသား ပြောနေသူများကို စိတ်ကုန်နေကြပြီ။ ယခုမှ သူ့ကိုမထောက်ခံ မည်သည့်အချိန်တွင် ထောက်ခံမည်နည်း..။

တရုတ်သံအမတ် ကြေးမုံဂျီးကမူ အူယားဖားယား ဤသို့ဆိုသည်။ အာ့ယာယား လုနဲ့ဝအကြား ညှိထားတာ စာချုပ်စာတမ်းနဲ့နော်… ကျွေးမွေးပေးကမ်းထားတာတွေလည်း မနည်းမနော၊ အခုနေ နင်တို့ အဘတွေကို အနောက်ကနေ ကန်ထည့်ရင် ငါ့ဆီက မျိုဆို့ထားတာတွေ အတုံးလိုက် အတစ်လိုက် အန်ထွက်လာမယ်။ ချီးဘဝတောင် မရောက်ရသေးဘူး။ စီမံကိန်း ဆက်ကိုလုပ်ရမယ်။ ကိုယ့်ကိုယ်ကို ဘာမှတ်နေကြသတုန်း၊ ငါတို့ ကျွေးမွေးခဲ့လို့ ၈၈တုန်းက ငတ်မသေတဲ့ ဟာတွေကများ။ ဗိုက်ဝတော့မှ ထီးထောင်မပြနဲ့။ စီပန်းလန်ကျောက် ရေငန်သောက် မြက်ချောက်စား….

ဓာတ်ငွေ့ဗုံး လက်တွေ့သုံး ရပ်လေ့အုံး သက်စေ့မုန်း (ဓာတ်ပုံ – အော်ပီကျယ်၊ ဧရာဝတီမဂ္ဂဇင်း)

တရုတ်အိုးကား တရုတ်အားကိုးသူများကမူ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ဖြေးဖြေးသက်သာ လုပ်ကြပါ၊ တရုတ်တစ္ဆေဆိုတာ ရုပ်ရှင်ထဲ မမြင်ဖူးဘူးလား။ လက်ကြီးရှေ့ထုတ်ဆန့်လို့ ခုန်ဆွခုန်ဆွနဲ့ ကြောက်စရာဂျီး။ ကူမြူနစ် သရဲဆိုတော့ ဘုရားစာ ရွတ်လို့မရဘူး။ စေတနာနဲ့ပြောတာ၊ ငါတို့ကအနေသာကြီး။ ကြားချောင် နိုင်ငံရေး အမြတ်ထုတ်သူက မိုးပြားဂိုဏ်းသား ကိုအောက်အော့ ဖြစ်သည်။ မိုးထဲလေထဲတွင် အောက်ချင်းငှက် အသံဖြင့် အများပြောနေတာ လိုက်မပြောချင် တကယ့်အစစ်အမှန်သာ ပြောမည်ဆိုပြီး မိုးပြားအယူဝါဒအား မျက်နှာပြောင်တိုက် ဖြန့်ဖြူးလေသည်။
ရှုပ်ကုန်ကြလေပြီ။ ရန်သူ မိတ်ဆွေ လူကောင်း လူဆိုး ခွဲခြားရန် မလွယ်တော့။ ဤသည်ဂါး ဝိပဿနာတရားနှင့် ခေတ်ပြိုင် ပိမှတ်တဏှာတရားရှင် ကိုဘေးနွားကင် ဂဇက်ဦးခိုင်ပြောလေ့ရှိသော အနှစ်တထောင် ကျိန်စာပင် ဖြစ်ပေတော့သည်….။ တိန် :kwi:

25 comments

  • မောင်ပေ

    November 30, 2012 at 7:35 pm

    ဝမ်ပေါင်
    အကြံအောင်
    လှန်ပြောင် ( ကြေးနီထွက်ရာမြေကြီးများ )
    လူထု
    အပူဆု (မီးဘုံးကျဲသဖြင့်)
    နူအခု (အဆိုပါဗုံးနောက်ဆက်တွဲအဖြစ် ဗုံးဒဏ်သင့်သူများ နာတာရှည်ရောဂါများ ဆက်လံခံကြရတော့မည်)

  • Mr. MarGa

    November 30, 2012 at 7:49 pm

    ထိုမိန့်ခွန်းနားထောင်သူများတွင်
    တရုတ်ဘက်တော်သားများ အင်အားများသဖြင့်
    နိုင်ငံရေးသမား ဦးကြောင်ကြီး ခွေးပြေးဝက်ပြေး ပြေးလာရကြောင်း မျက်မြင်သက်သေတစ်ဦးမှ ဂေဇက်သို့ သတင်းပေးလာပါကြောင်း
    :kwi:

  • အရီးခင်လတ်

    November 30, 2012 at 7:51 pm

    http://www.first-11.com/index.php?option=com_content&view=article&id=16600:2012-11-30-12-10-36&catid=42:2009-11-10-07-36-59&Itemid=112

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည်
    မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင်
    နိုဝင်ဘာလ ၃ဝ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်း ထဲမှ

    {{{ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စီမံကန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ ့ အခြေအနေမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘယ်လိုစာချုပ် ချုပ်ထားတယ်ဆိုတာ ကျွန်မမသိပါဘူး။ အစိုးရနဲ့ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်၊ နောက်တစ်ခုကတော့ ကျွန်မတို့ တစ်ပတ်ကျော်ကျော်လောက်က အဆိုတင်သွင်းခဲ့တာပါ။ အဆိုအရ လက်ပံတောင်းတောင်ကိစ္စကို သေသေချာချာ စိစစ်ဖို့ ကော်မရှင်တစ်ခုဖွဲ့ရေး ဖြစ်ပါတယ်။ ဒီကော်မရှင်ထဲမှာ ပြည်သူလူထုအများက ရိုသေလေးစားပြီးတော့ လက်ခံနိုင်တဲ့သူတွေလည်း ပါရမယ်။ အစိုးရဘက်ကလည်း ပါရမယ်။ ကျွမ်းကျင်သူတွေလည်း ပါရမယ်။ အဲလိုကော်မရှင်တစ်ခုအနေနဲ့ ဒီကိစ္စကိ လူမှုရေးဘက်က စီးပွားရေးဘက်က ပတ်ဝန်းကျင်ဘက်က အားလုံးကို အမြန်ဆုံး လေ့လာပြီးတော့ အစီရင်ခံစာတင်ဖို့ ဖြစ်ပါတယ်။ အဲလို လုပမှပဲ ကျွန်မတို့ တစ်နိင်ငံလုံးကရော၊ တစ်ကမ္ဘာလုံးကရော လက်ပံတောင်းတောင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားမှာ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုဖြစ်နေလဲ။ ဘယ်သူတွေက ဘယ်လိုနစ်နာမလဲ။ နစ်နာမှုတွေကို ဘယ်လိုရှောင်နိုင်မလဲ။ ဘယ်လိုပြန်ပြီးတော့ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြီးတော့ ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ အဲဒါ အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဖြေရှာပြီးတော့ အဖြေပေါ်မှာ အခြေခံပြီးတော့ အားလုံးကောင်းအောင် စီမံကိန်းတစ်ခုကို ချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လူကြီးပီသတယ်။ ရင့်ကျက်တယ်။ အပေးအယူလုပ်မယ် ကိုယ့်ဘက်ကနေ ပြီးတော့ အတတ်နိုင်ဆုံး သည်းခံမယ်။ အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လုပ်မယ်။ အဲလိုဆိုရင် နောက်တစ်ဖက်ကလည်း ဒီလိုပဲတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မျော်လင့်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ သဘောထားကြီးကြီးနဲ့ ဦးတည်တယ်ဆိုရင် တစ်ဖက်ကလည်း ဒီလို ဦးတည်လိမ့်မယ်လို့ ယုံကြည်တယ်။ ဦးတည်အောင်လည်း လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ပါတယ်။ }}}

    ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်ထဲ ပန်းပန်လျှက်ဘဲ ဆိုတာမျိုး …..
    ဒီလောက်တောင် ယုတ်မာပြီး ကလိန်ကကျစ် စိတ်ဓာတ်တွေ ရှိတဲ့ သူတွေကြား မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားနဲ့ စိတ်ထား တွေ ကို ရင်ထဲ နှလုံးသားထဲကကို အလွန်လေးစားပါတယ်။
    စိတ်ဓာတ် ခိုင်မာတည်ကြည်သူမို့လဲ ဒီလောက် နေနေနိုင်တာပါ။

    ဒီလို လူရှိတာ ရှိတာတစ်ပိုင်း၊ သူပြောနေတာ ပြောတာတစ်ပိုင်း
    သူလဲ ပြောချင်ရာ ပြောပါစေ။ ငါတို့လဲ ငါတို့ လုပ်ချင်တာ လုပ်လို့ရနေတာဘဲ ဆိုပြီး ကန့်လန့်ကာ နောက်က ဟားနေတာ တွေ ကြားလိုက်ရပြီ။

    ထိပ်ကနေ စီးကပ်နေနေ တဲ့ အလွှာတစ်ခု မပွင့်သွားသ၍ ဒေါ်အောင်ဆန်းစုကြည် စကားတွေဟာလဲ လက်တွေ့မှာဖြစ်မလာဘဲ သမိုင်းထဲ မှာ ဦးညွတ် နေရမဲ့ မော်ကွန်းဝင်စကား တွေ ဘဲ ဖြစ်နေတော့မယ်။

  • ဥကြောင်ရီး မြေမြိုပီး တေတွားရင်
    ဟိုရီးကောင်ဒွေဂ ခုလို ပြောလိမ့်မယ် ထင်တယ် …
    အိုက်ဒါ တလုတ်ဂျီးဂို ကျေးဇူးကန်းလို့ ..
    တွေ့လား .. ဆိုပီးဒေါ့ …

  • အလင်းဆက်

    November 30, 2012 at 9:07 pm

    ရှုပ်ကုန်ကြလေပြီ။ ရန်သူ မိတ်ဆွေ လူကောင်း လူဆိုး ခွဲခြားရန် မလွယ်တော့။

  • သခင် Mobile

    December 1, 2012 at 1:59 am

    အော်ရှင်းမရ မယ့်အတူတူ ဆိုရင်တော့
    ဒီပြဿနာကို ဖန်တီးသွားတဲ့ သေနာကောင်တွေကို အလွန်အမြင်ကတ်မိပါကြောင်း
    ထိုင်ပြီးမေတ္တာပို့နေလိုက်ချင်တယ် . . . . . . .
    တောက်ခ် . . . . . အသားထဲကလောက်ထွက်တဲ့ ကောင်တွေ . . . . .
    မင်းတို့ဒီလို တိုင်းပြည်နဲ့ လူမျိုးကို အမျိုးမျိုး ဒုက္ခရောက်အောင် လုပ်နေမယ်ဆိုရင်
    သေရင် ဂျိုးကပ်မှာ အဇာတသတ်က စောင့်နေလေရဲ့ . . . . . မတွေးဝံ့စရာ

  • kai

    December 1, 2012 at 2:21 am

    အမေရိကားမြေထဲ..လာရင်းနှီးမြုတ်နှံနေတဲ့.. British Petroleum ဘီပီကြောင့်.. လွန်ခဲ့တဲ့..၂နှစ်က ဆီတွေယို.. ပင်လယ်ကမ်းမြို့တွေ..စီးပွားပျက်ဒုက္ခရောက်တော့.. ယူအက်စ်ကွန်ဂရက်လွှတ်တော်က.. ဘီပီကိုဆင့်ခေါ်စစ်ဆေးပါတယ်..။
    အိမ်ဖြူတော်က.. ပြန်ပြင်စရ်ိပ်အတွက် ဘီလီယံ၂ဝဖယ်ခိုင်းလိုက်ပါတယ်..။

    ပြီးခဲ့တဲ့ရက်ပိုင်းက..အမေရိကန်လူထုကိုလိမ်ပြောခဲ့လို့.. ဘီပီ တရားရှုံးပြီး.. တိုင်းပြည်ထိခိုက်နစ်နာမှုအတွက်.. အစိုးရကို ဒဏ်ကြေး.. ဘီလီယံ၄.၅ လျှော်ရတာမှာ.. ကမ္ဘာ့အများဆုံးလျှော်ကြေးဖြစ်သွားကြောင်း..
    .. မြန်မာလွှတ်တော်အမတ်တွေ..အတုယူနိုင်ဖို့.. ဘီပီစီအီးအိုရဲ့.. ကွန်ဂရက်စစ်ချက် TRANSCRIPTပါတင်ပေးလိုက်ကြောင်း…

    BP’s $4.5 Billion Dollar Fine — Too Little, Too Late
    Huffington Post-Nov 21, 2012
    An explosion Friday on a rig in the Gulf owned by Houston-based Black Elk Energy has reportedly injured several workers, with four missing, …
    ==
    Gulf oil spill: Congressional hearings begin with attack on BP ...
    latimesblogs.latimes.com/…/gulf-oil-spill-congressional-hearings-begi…
    Jun 17, 2010 – Greeted by signs that proclaimed “BP kills,” the company’s chief executive, Tony Hayward, came to Congress on Thursday to apologize for his …
    ==
    Apologies and anger dominate gulf oil-spill hearing as BP goes …
    http://www.washingtonpost.com › Nation › Green
    Jun 18, 2010 – The much-anticipated congressional hearing Thursday on the Gulf of … Obama called the agreement for BP to put $20 billion into escrow “a …
    ==
    http://transcripts.cnn.com/TRANSCRIPTS/1006/18/ltm.02.html
    BP CEO Testifies Before Congressional Panel; Barton Apologizes to BP; Louisiana Tourism Suffering From Negative Perceptions of Gulf Oil Spill; Inside Van der Sloot’s Cell; Goodbye Free Checking; Town Builds Iron Curtain Against Oil Spill; Hearing Obsessions; Oil Spill Outrage
    Aired June 18, 2010 – 07:00 ET
    THIS IS A RUSH TRANSCRIPT. THIS COPY MAY NOT BE IN ITS FINAL FORM AND MAY BE UPDATED.

    KIRAN CHETRY, CNN ANCHOR: Happy Friday. Glad you’re with us on this day. It’s June 18th. Welcome to AMERICAN MORNING. I’m Kiran Chetry.

    DREW GRIFFIN, CNN ANCHOR: I’m Drew Griffin. John Roberts off today. Lots to talk about. Let’s get right to the headlines.

  • kai

    December 1, 2012 at 7:27 am

    China’s economy is at serious risk – and the entire world will feel the blow both economically and even militarily.

    And your life savings and investments are no exception because China’s economy is so closely linked to America’s and other Western nations.

    You are probably aware of Robert Wiedemer, the New York Times best-selling author of Aftershock.

    Wiedemer was one of the first economists to warn of the 2008 crash.

    And now he is warning that China’s economy is at grave risk.

    He points out that after several years of massive government stimulus as well as heavy support for the real estate sector, China’s bubble is about ready to burst.

    “Housing prices in 100 major cities in China fell for the sixth consecutive month… even the China Iron and Steel Association says that growth has slowed from 15% in 2010 to 4% in 2012.”

    Adding to China’s economic woes is their fragile stock market.

    It has already fallen to 2009 lows, a significant psychological benchmark, and Bloomberg News points out that if this resistance level breaks, stocks could drop another 10 percent.

    Shockingly, many insiders warn that China, facing severe domestic problems, may turn toward their military muscle to gain an economic edge.

    A realistic fear Japan is already familiar with.

    In search of cheap energy, China has become aggressive with Japan regarding a longstanding dispute over some uninhabited islands that sit atop potentially enormous oil and natural gas resources.

    Forbes columnist Ben Marks points out, “In the event that the Chinese economy continues to weaken, do not be surprised if China deepens its nationalistic tone, which could lead to even more military hostility with its neighbors over disputed territories in Asia.”

    James Rickards, a top security adviser to the Pentagon and CIA, recently released evidence that China is secretly stockpiling gold.

    “In 2009, without anybody having an early warning, even the intelligence community, China unveiled gold reserves of 1,054 tons [not 600 tons as reported]… They are treating the acquisition of gold like it’s a military mission… they are expanding and conquering… and their military monitors this entire process. It’s critical they keep this secret.”

    What will happen with China next and what are the implications for the U.S. and global economies?

  • kyeemite

    December 1, 2012 at 8:25 am

    ဒီသတင်းလေးတော့ တွေ့မိတယ်ဗျာ..တကယ်ဟုတ်မဟုတ်
    တော့စောင့်ကြည့်ရမှာပဲ….

    Eleven Media Group
    ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ဝန်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်မည်

    လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများအား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကိုင်တိုင်း မုံရွာခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ဝန်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
    38 minutes ago

    :chee:

  • kyeemite

    December 1, 2012 at 10:10 am

    fb မှာတွေ့တာလေး ရှယ်လိုက်ပါတယ်….

    လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

    တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော
    လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအဝင် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

    Post by: People Development for Knowledge
    Photo by: မြဝတီ

    :chee:

  • areno areno

    December 1, 2012 at 11:00 am

    ိုကိုယ်သပိတ်စခန်းကိုယ်မီးရှိုတယ်လို့မရေးကြတော့ဘူးလား၊ကိုယ်စခန်းကိုယ်မီးရှိုပြီးထွက်ပြေးကြတယ်လို ့ရေးကြပါလား၊ အစိုရ အခက်တွေအောင် ကိုယ်သပိတ်စခန်းကိုယ်မီးရှိုပြီးအစိုးရမကောင်းဖြစ်အောင်လုပ်
    ကြတယ်လို့။ရခိုင်မှာရေးသလို့ပြောင်ပြန်ရေးကြပါလား၊ ကိုယ်နေတဲ့သပိတ်စခန်းနေရာကိုယ်မီးရှိုပြီးသေပြေးရှင်ပြေးထွက်ပြေးကြလေသတည်းလို့ရေးရမှာ။
    ကျောက်ဖြူမှာလုပ်သလို့ပြောရရင် မီးသတ်မှာဆီထည်ပြီးဖြန်ပြီးတော့ မီးပြလိုက်ရုံဘဲလေ၊မင်းတို့ကိုယ်လုပ်တုန်းက မသိချင်ရောင်ဆောင်နေပြီးအခုကျမှမသိသလိုူ့လုပ်ရေးမနေပါနဲ့၊မင်းတို့အကြံနဲ့မင်းတို့ခံရတာပါ၊
    နယူတန်ရဲနိယာမကို သိတယ်မဟုတ်လား၊ သက်ရောက်မှုတိုင်းတွင် လာရာဘက်ဆန့်ကျင်သောတန်ပြန်
    သက်ရောက်မှုရှိသည်တဲံ့၊ဘုရားဟောမသိရင်ပြောပြရမယ်၊ ကိုယ်ပြုလိုက်သောကံသည် ကိုယ်အပေါ်သို့ပြန်ကျလေသည်တဲ့မကောင်းမှုဆိုတာ ။ဝဋ်ဆိုတာပြန်လည်တတ် တယ်ဆိုတာမသိလေရောသလား၊သူများမတရားလုပ်ထားပြီးသံသရာတစ်ကွေမှာအတိုးနဲ့ပြန်လည်ပေး ဆပ်ရမယ်ဆိုတာ မှတ်ထားသတိရကြပါ

    • ဦးကြောင်ကြီး

      December 1, 2012 at 11:21 am

      အေဘေးကုလားဒိန် အရီနို.. ငါ့ခြံထဲ ဝင်လာမရှုပ်နဲ့။ ဟိုတခါကလည်း နင်ပဲထင်တယ် (နင်မဟုတ်လည်း အခြားကုလားဒိန်တကောင်) စစ်ကိုင်းငလျင်လှုပ်တာကို ရခိုင်-ဘင်္ဂါလီ ပဋိပက္ခနဲ့ စပ်ဆက်ပြီး ဝမ်းသာအားရရေးသွားတယ်။ အဲလို ဝက်စကားခွေးရ ပြောဂျေးဆို နင်တို့အမျိုး ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဖြစ်သွားတဲ့ မီးလောင်မှုကို ဘာပြောမလဲ။ နင်တို့ဘာသာမှာ အလ္လာရှင်မြတ်က ဖန်ဆင်းမွေးမြူရှင်ဆိုတော့ အဲလောက် လူရာကျော်သေအောင် သူပဲလုပ်တာနေမှာ… ဆဲလေကွာ။ မင်းအဲသလို အသုံးအနှုန်းတွေ သုံးမယ်ဆို ငါ့ပို့စ်ထဲ ဝင်မလာနဲ့။ (မှတ်ချက်။ ရွာသားများအနေနဲ့ တုံ့ပြန်ချင်သပဆို သူ့လို မရိုင်းဖို့ အနူအညွတ်တောင်းပန်ပါသည်)

      ဗွီအိုအေ (မြန်မာဌာန)

      28.11.2012
      ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စနေနေ့က လူပေါင်း တရာကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှုနဲ့ ဆက်စပ်ပြီး စက်ရုံရဲ့ တာဝန်ရှိသူ ၃ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

      မီးလောင်တဲ့အချက်ပေးသံ ထွက်ပေါ်လာပြီးတဲ့နောက် စက်ရုံမန်နေဂျာတွေက အလုပ်သမားတွေကိုတွေကို အလုပ်ခွင်အတွင်း ပြန်ဝင်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် အလုပ်သမားတွေကို အပြင်ကနေ သော့ခတ်ပိတ်ထားလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် စက်ရုံရဲ့ တာဝန်ရှိသူတွေကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ဒက္ကာမြို့တော် ရဲအရာရှိချုပ်က ပြောပါတယ်။

      တာဇ်ရင်း ဖက်ရှင်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေချိန်မှာ ရာနဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေဟာ စက်ရုံအတွင်းကနေ ထွက်ပြေးလို့ မရဖြစ်နေခဲ့ကြရတာပါ။ အရေးပေါ် ထွက်ပေါက်တွေထားရှိမှု အားနည်းနေတဲ့ အချက်ကြောင့်လည်း သေဆုံးသူတွေ များပြားသွားခဲ့တာ ဖြစ်တယ်လို့ မီးသတ် တာဝန်ရှိသူတွေက ပြောပါတယ်။

      စက်ရုံမီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ ရာနဲ့ချီတဲ့အလုပ်သမားတွေဟာ ဗုဒ္ဓဟူးနေ့မှာ တတိယမြောက် နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။ လမ်းတွေကို ပိတ်ထားကြသလို အဆောက်အဦးကိုလည်း ခဲတွေနဲ့ ပစ်ပေါက်နေကြပါ တယ်။

      ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံတကာ အဝတ်အထည် ကုမ္ပဏီတွေအတွက် ချုပ်လုပ်နေတဲ့ အထည်ချုပ် စက်ရုံပေါင်း ၄ ထောင်ဝန်းကျင် ရှိပါတယ်။

  • သုရှင်

    December 1, 2012 at 2:16 pm

    ဝမ်ပေါင်တရုတ်ရန်ထောင်ယုတ်နေတာ တို့တစ်နို်င်ငံတည်းမဟုတ်ဘူးဗျို ့..။အားလုံးကတော့ ဝေဖန်နေကြပြီ။

  • MaMa

    December 1, 2012 at 2:27 pm

    (ကျုပ်တို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာလေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ…..)
    တော်လိုက်တဲ့ ကြောင်ကြီး။
    ဒါပေမယ့်……..
    စကားလုံးတွေက အနှစ်ပါလွန်းလို့ ပိပြီး မြေကြီးထဲနစ်ဝင်သွားတာကို တရုတ်ကြီးကို အပြစ်ဖို့နေသေးတယ်။ :kwi:

  • areno areno

    December 1, 2012 at 3:11 pm

    — Deleted by Admin —
    ဘာသာရေးထိခိုက်စော်ကားမှုများပါသောကြောင့် ယခုကော်မန့်အားဖျက်လိုက်ပါသည်။

  • မိုးသောက်ချိန်

    December 1, 2012 at 6:14 pm

    အရေးထဲဆို အမြတ်ထုတ်ဖို့
    ကုလားဒိန်တွေကလည်း ချောင်းလို့ချောင်း
    ကုလားအရေး မျက်စိကျပြန်နေရင်လည်း
    စီလုတ်ကြီးက ကြိတ်လုပ်တာတွေနဲ့
    ချုပ်နေတာပဲ …. 😆

  • uncle gyi

    December 1, 2012 at 10:59 pm

    မကြာမှီလာမည်မျှော်
    စုံစမ်းရေးကော်မီတီ

    • kai

      December 2, 2012 at 3:33 am

      စုံစမ်းရေးကော်မတီက..စစ်ဆေးပြီး..
      ဦးပိုင်-ဝမ်ပေါင်ကနေ.. နစ်နာသူတွေကို.. တောင်းပန်… ပြီးရင်.. ထိုက်သင့်တဲ့လျှော်ကြေးပေးလိုက်ရင်ပြီးတယ်လို့.. ထင်ပါတယ်..။
      ဒါမျိုးက.. တကမ္ဘာလုံးမှာဖြစ်နေကျ.. ဖြေရှင်းနေကျပုံစံလို့.. ထင်ပါတယ်..။

      အခုဆန္ဒပြနေသူတွေအပါအဝင်.. နစ်နာတယ်ထင်တဲ့သူတွေက.. စုပြီး ဦးပိုင်-ဝမ်ပေါင်ကို.. တရားစွဲဖို့လိုလိမ့်မယ်..
      ရှေ့နေကောင်းကောင်းငှားပေါ့..။ တနိုင်ငံလုံးလိုလိုက.. အားပေးနေတာပဲ.. နိုင်နိုင်ပါတယ်..။
      တရားနိုင်ရင်.. လျှော်ကြေးရမှာပါ..။
      “ကြုံတုံးဝုန်းမယ်”ဆိုပြီး.. ငွေယူဆန္ဒပြသူတွေရှိကောင်းရှိပါလိမ့်မယ်..။
      အဲဒီသူတွေတော့.. တရားရှုံးနိုင်ပါတယ်..
      ရှုံးရင်တော့.. ပြန်လျှော်ရမယ်ဆိုတာ.. သတိထားသင့်လှတယ်.. :buu:

      ဆိုတော့..ဦးပိုင်ကနေ.. . မြေတွေသိမ်းတုံးက.. အသိမ်းခံရသူတွေ သဘောတူလက်မှတ်လေးများ.. ထိုးထားလိုက်သလား.. သိချင်သား..
      အဲဒါကိုလက်မှတ်ထိုးထားရင်.. တရားရေးတက်တဲ့အခါ.. တမျိုးတမည်တော့.. မြင်ရမယ်ဖြစ်ပါတယ်..။
      ဦးပိုင်ကုမ္ပဏီကို အစိုးရအနေနဲ့မမြင်ဖို့.. တပ်မတော်အနေနဲ့မမြင်ဖို့.. အထူး(အထူး)လိုပါလိမ့်မယ်..။
      စာချုပ်ချုပ်တဲ့လူ. လက်မှတ်ထိုးတဲ့တာဝန်ရှိသူတွေသာ.. အပြစ်ရှိရင်..တရားရေးအဆုံးအဖြတ်အရ.. ခံသင့်ပါကြောင်း..

      အင်း..
      ကျုပ်သာအစိုးရကိုအကြံပေးရမယ်ဆိုရင်တော့…
      ရင်းနှီးမြုတ်နှံမှုဌာနမှာရှိတဲ့..အကြီးအကဲအနေနဲ့ကလည်း.. တိုင်းပြည်အပေါ်ရင်းနှီးမြုတ်နှံဖို့ပြင်နေချိန်ဆနေသူတွေကို.. နောက်ပြန်သွားစေဖို့ဖြစ်သွားစေတယ်ဆိုပြီး.
      နိုင်ငံတော်နစ်နာမှုအတွက်.. ဆန္ဒပြသူတွေ… .လှုံ့ဆော်သူဦးဆောင်သူတွေနဲ့ဦးပိုင်-ဝမ်ပေါင်တို့ကို.. သိမ်းကြုံးတရားပြန်စွဲခိုင်းတယ်..။

      ဆိုတော့..
      အနာဂတ်မြန်မာနိုင်ငံမှာ.. ရှေ့နေတွေ..ထိပ်တန်းရောက်လာမယ်ဖြစ်ကြောင်း..
      ရှေ့နေတွေဝင်ငွေကောင်းအလုပ်ကောင်းတဲ့ နိုင်ငံဟာ..တိုးတက်ကြောင်း..

      ဒန်တန်တန်.. :harr:

      • ဦးကြောင်ကြီး

        December 2, 2012 at 9:58 am

        ပွဲကတော့ ကိုကြည့်ကောင်းလာပြီဗျို့…။

        လက်ပံတောင်း ကော်မရှင်တွင် ၈၈ ပါဝင်ရန် ဆန္ဒမရှိ
        Saturday, December 01, 2012 အိမ့်သံစဉ် ဧရာဝတီဘလော့ဂ်မှ..

        ယနေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူရမည့် လက်ပံတောင်းအရေး စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်
        ကျောင်းသားတွေအနေနဲ့ အဆိုပါ လက်ပံတောင်း အရေး စုံစမ်းရေး ကော်မရှင်မှာ ပါဝင်လိုခြင်း မရှိ
        ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။ အပြည့်အစုံကို အောက်မှာ ဖတ်ရှု့နိုင်ပါ တယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဟာ အဖွဲ့ဝင် အဖြစ်နဲ့ ပါဝင်နေသည်ကို အားလုံးသိကြပြီးဖြစ်မှာပါ။

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။

        စာအမှတ် – ၃၁/ ၂၀၁၂(၈၈)
        ရက်စွဲ – ၂၊ ဒီဇင်ဘာ၊ ၂၀၁၂
        ၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
        သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
        ဖုန်း – ဝ၁- ၅၇ရ ၆၅၆
        Email – 88generation@gmail.com

        ၂ ၊ ဒီဇင်ဘာ၊ ၂၀၁၂

        အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။

        သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင် ရွက်လိုသည့်ဆန္ဒ မရှိပါကြောင်း အသိပေးအပ်ပါသည်။

        ၈၈ မျိုးဆက်ကျောင်းသားများ။

  • Foreign Resident

    December 2, 2012 at 10:21 am

    အဘ ဖါတ်မိသလောက်တော့ ။

    ၁ ။ ဒီ စီမံကိန်းဟာ အိုင်ဗင်ဟို နှင့် အစိုးရ သတ္တုတွင်း ဝန်ကြီး ဋ္ဌာန ပူးပေါင်း စီမံကိန်းပါ ။
    အဲဒီအတွက် EIA ၊ SIA အားလုံး အိုင်ဗင်ဟို ကလုပ်ခဲ့ပါတယ် ။
    အိုင်ဗင်ဟို ရှုံးတယ် ၊ ဆက်မလုပ်နိုင်ဘူး ။ သူ့ ရှယ်ယာ ကို ရောင်းတယ် ။

    ၂ ။ ထုံးစံအတိုင်း သတင်း အဆက်အသွယ်ကောင်းတဲ့ ဦးပိုင် ဝင်လာတယ် ။
    စာချုပ်ထဲမှာတော့ အိုင်ဗင်ဟို ရှယ်ယာ ကို ဦးပိုင် က ဝယ်တယ် ။
    တကယ့်တကယ် ပိုက်ဆံချေရတော့ ဝမ်ပေါင်ကပဲ အပြည့် ချေရတယ် ။

    ၃ ။ အကျိုး အမြတ်ကျတော့
    ငွေ အရင်းအနှီး ပြန်နှုတ်ဖို့ နှင့် လုပ်ငန်း စရိတ် က ၅၅ % ( ဘာမှ ပြောစရာ မရှိ )
    အစိုးရ ( သတ္တုတွင်း ဝန်ကြီး ဋ္ဌာန ) က ၁၅ % ( ထားပါ သူက အစိုးရ မို့လို့ )
    ဝမ်ပေါင်က ၁၅ % ( သူက ငွေ အား ၊ လူ အား ၊ နည်းပညာအား ရင်းရတယ် )
    ဦးပိုင်က ၁၅ % ယူတယ် ( ဘာမှ တော့ ရင်းတာ မတွေ့ဘူး ) ။

    အဘတော့ အဲလိုပဲ နားလည်ထားတယ် ။
    ဒီ စီမံကိန်းမှာ ဘယ်သူမှားလဲ ကတော့ ရွာသူားတွေပဲ စဉ်းစားကြပေါ့ ။

    နောက်ဆုံး ထပ်တက်လာတဲ့
    Wiki Leak က သတင်းတွေ အရ ၊

    ဝမ်ပေါင်က ပေးရတဲ့ ငွေက ၊
    အိုင်ဗင်ဟို ကုမ္ပဏီကို US$ သန်း ၂၅ဝ ။
    သတ္တုတွင်း ကို ပြန်မွမ်းမံ ရတာက US$ သန်း ၁၀ဝ ။
    ဦး တေဇ ကို ပွဲခ ( ပွဲခ ) ပေးရတာက US$ သန်း ၅ဝ ။
    လို့ပြောတာပဲ ။

    ” using regime crony Tay Za as a broker. Ford told us
    the Chinese agreed to pay USD 250 million for the mine and
    equipment, USD 50 million to Tay Za in consulting fees, and
    an additional USD 100 million to upgrade the mine. ”

    —http://wikileaks.org/cable/2009/01/09RANGOON20.html—

    အင်း ၊ ဦး တေဇ လဲပါတယ်ဆိုတော့ ၊ စာဖတ်နေ သူကြီး လဲ ပါပုံရတယ် ။
    ဒီ ကိစ္စက ကြီးပုံရတယ် ။ မထိတာ ကောင်းမယ်ထင်တယ် ။ 😛

    • Foreign Resident

      December 2, 2012 at 10:48 am

      အကယ်၍ အမေစုတို့ ကော်မရှင်က စစ်လို့ ၊
      လယ်သမားတွေ ကိုလျော်ကြေး ထပ်ပေးရမယ်ဆိုရင် ၊
      ဝမ်ပေါင် ကို လျော်ခိုင်းမနေနှင့် ၊
      နင်တို့ ဦးပိုင် နှင့် ဦးတေဇ ပေါင်းလျော်ကြ ၊
      တော်တော် မတရားတဲ့ သူတွေ ။

      ဦးပိုင် က ဘာမှ မရင်းပဲ ၁၅ % အမြတ် ယူတယ် ။
      ဦးတေဇ က လေ ရင်းပြီး US$ သန်း ၅ဝ ယူတယ် ။

      • ဦးကြောင်ကြီး

        December 2, 2012 at 10:56 am

        ဦးပိုင်နဲ့ဦးခိုင်က ညီအကိုတွေဆို… လုပ်ပါအုံး အဘဖောက မျက်စိကြီး နားကြီး ဟိုဟာကြီး ဒီဟာကြီး အကုန်ကြီး….
        တေဇ
        ရွှေမရ
        လေခပြီ..
        ဒေဝ
        ဖေတ
        ခြေကြွကာ
        ယွန်းပေတော့
        တပ်ချုပ်ကြီးဆီကို..
        အဘရေ
        သားကိုသူရို့
        ဝိုင်းအနိုင်ကျင့်တယ်….။ :chee:

      • ရဲစည်

        December 2, 2012 at 11:34 pm

        တောက်စ် ဥူးFawရဲ့သမိုင်းဝင် ကွန်းမန်ဂျီးကွာ
        ဥူးကျောင် ပို့စ့်မို့ …အဟင်း
        လောလောဆယ် အတိအကျ ကူးပီး ဘိုတေဆီ ပို့ပေးလိုက်အုံးမယ်
        နာလည်း ပွဲစားခ ဒေါ်လာ ၂၅ဝ ရရင် တော်ပီ..

        ဆောဒီး ကြောင်ကြောင်..
        သများ သည်းညီး မခံနိူင်တော့လို့
        အဟင့်..ဘွတ်

    • ရဲစည်

      December 2, 2012 at 11:29 pm

      အူး၄ဖော
      အထက်က ရေးထားသမျှကို ကူးသွားပါကြောင်း …
      လက်ရှိ အခြေအနေထိ မည်သည့် ရာခိုင်နှုန်းနှင့်မျှ တွက်မရသည်ကို အဘဖောကြီး တွက်ပေးသွားသည့်အတွက် အလွန်တစ်ရာ လေးစားအံ့ဩမိပါကြောင်း..။
      နောက်ဆုံး ထပ်တက်လာတဲ့
      Wiki Leak က သတင်းတွေ အရ ၊
      အဲ့လူတွေက သတင်းတွေကို ကြားဖြတ်ယူရာမှာ အဆင့်မြင့် နည်းပညာသုံး အတွင်းလူသို့ ထိုးဖောက်ဝင်ရောက်မှု စနစ်သုံးနေတာတဲ့ ဒါပေသိ Wiki Leak နားနေတာ ကြာပီနော်… ကြည့်ကျက်ဖော အူး၄…

      • Foreign Resident

        December 3, 2012 at 6:39 am

        ကို ရဲစည် ရဲ့ ။

        ဦးပိုင် ၊ ဝမ်ပေါင် ၊ အစိုးရ အချိုးက အဘပြောတာ မဟုတ်ဘူးလေ ။
        ဗိုလ်ချုပ် ဝေလွင် လွှတ်တော်မှာ ပြောသွားတာတွေလေ ။
        သူကတော့ ၁၃.၄၉ % စသဖြင့် ပြောသွားတာပေါ့ ။
        အဘက ရှင်းရလွယ်အောင် ၁၅ % ဆိုပြီး လွယ်လွယ်ပြောလိုက်တာ ။

        နောက်ပြီး Wiki ကသတင်းက ထွက်နေတာ ကြာလှပြီ ။
        လူတွေက အခုမှ ပြန်ဖတ်ကြည့်ပြီး ပြန်ပြောနေကြတာပါ ။
        အခုမှ Wiki Leak က ထပ်ထွက်တာ မဟုတ်ပါဘူး ။

Leave a Reply