ကြားခဲ့မြင်ခဲ့ရသော အွန်လိုင်းဆိုင်ရာ

manawphyulayJuly 16, 20101min646

အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက
ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့
အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ…
ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။
ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။
အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။
‘ဒါလည်း ဟုတ်သလိုဘဲနော်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့လည်း ဒီဘလော့ဂ်ဆိုတဲ့ အရာကြီးကို နှစ်သက်လာလို့ပါဘဲ။ ဘာပဲဖြစ်ဖြစ်လေ မိတ်ဆွေဘဲ စဉ်းစားကြည့် လူတစ်ဦးမှာ မိတ်ဆွေအပေါင်းအသင်းတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီအပေါင်းအသင်းက ကိုယ်လိုအပ်တဲ့အချိန်မှာ သူဟာ ကိုယ့်ကို အဖော်လုပ်ပေးနိုင်သလား။ အမြဲတမ်းနော်။ ဘယ်သူ့မှ လုပ်မပေးနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်အပန်းဖြေစရာကို ရှာကြတော့တာပေါ့။
ဒါပေမဲ့ ရှာတတ်ဖို့တော့ လိုတာပေါ့။ ကျွန်မတွေ့ရှိခဲ့တဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခု ချိတ်ထားတာတွေ့ရပါတယ်။ ဘာလဲဆိုတော့ ပညာကိုသာ စွဲလမ်းပါ။ အင်တာနက်ကို မစွဲလမ်းမိပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့ စာသားလေးနော်။ ကျွန်မတော့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူ့နေရာနဲ့ သူ အထိန်းအကွပ်တော့ ရှိရမှာပေါ့။ တချို့ကျတော့ အမြင်ကျဉ်းတာလား။ ဒါမှမဟုတ် သူတို့မြင်တွေ့ရတဲ့ ဝန်းကျင်ကိုဘဲ ကြည့်ပြီး အားလုံးကို သိမ်းကျုံးပြောသလားတော့ မသိဘူးနော်။ အင်တာနက် သုံးတဲ့သူတိုင်းဟာ ဘဲ ဝင်နေကြတယ်လို့ နေရာတော်တော် များများမှာ သတင်းထွက်လာတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လည်းဟင်… မိတ်ဆွေရဲ့အမြင်ကိုလည်း သုံးသပ်ပေးခဲ့ပါနော်။ ကျွန်မရဲ့အမြင်ကို ပြောပြတာပါ။

ရေးသားသူ – မနောဖြူလေး(http://manawphyulay.mmsarpay.org)

6 comments

  • etone

    July 16, 2010 at 5:45 am

    တစ်ချို့လူတွေဆိုရင် အင်တာနက်ကိုစွဲလမ်းပြီး တနေ့ 4 နာရီ 5နာရီလောက်အချိန်ဖြုန်းပစ်ကြပြီး ။ တစ်ချို့ဆိုရင် ထမင်းစားဖို့တောင်မေ့နေပါသတဲ့ ။

  • manawphyulay

    July 16, 2010 at 8:17 am

    ၄ နာရီ ၅ နာရီထိုင်ပြီး အကျိုးရှိတာလုပ်နေရင်လည်း အချိန်ဖြုန်းတယ်လို့ မဆိုသာပါဘူးရှင်….

  • onlinezz

    July 16, 2010 at 8:37 am

    အင်တာနက်ကကိုယ်အတွက် ပညာရနေတယ်ဆို အချိန်ဖြုန်းတယ်လို ့ မထင်ပါဘူး။
    အရည်မရ၊အဖတ်မရတွေပြောပြီး ထမင်းမေ့၊ဟင်းမေ့လုပ်နေမှသာ အချိန်ဖြုန်းနေတာပါ။
    မနောဖြူလေးတွေ ့ခဲ့တဲ့ အင်တာနက်ဆိုင်က ဆောင်ပုဒ်ကိုတော့ တကယ်နှစ်သက်မိပါတယ်။

  • manawphyulay

    July 16, 2010 at 8:45 am

    ဟုတ်ပါတယ်ရှင်။ ကိုယ့်အတွက် ပညာရမယ်ဆိုရင် ၅ နာရီမကလို့ ၂၄ နာရီထိုင်လည်း မနောတို့က ထိုင်ဖြစ်ပါတယ် ဟီး

  • မန်း ရိပ်

    August 26, 2010 at 3:01 pm

    ကဲ ငြင်းမနေနဲ့တော့
    ဘယ်အရာမဆို သုံးတက်ရင် အသုံးဝင်တယ် မသုံးတက်ရင်တော့ ဆိုးကျိုးပဲ

  • snow white

    March 19, 2012 at 5:49 pm

    အမရယ်ဟုတ်တော့ဟုတ်တယ် အင်တာနက်ကိုသုံးလို့အကျိုးရှိတယ်ဆို 24နာရီလုံးသုံးလည်း အဆင်ပြေပါတယ် အရမ်းသုံးတာတော့မကောင်းဘူးပေါ့နော် အကျိုးရှိမယ်ဆိုသုံးတာကောင်းပါတယ်

Leave a Reply