မန်းလေးဂေဇက်အတွင်းမှာ နေထိုင်ကြကုန်သော  ရွာသူရွာသား  အပေါင်းတို့ရှင့်  ကျွန်မ ကတော့ ယခုမှ ရွာတွင်းသို့ (အခက်အခဲများစွာဖြင့် ) အသစ်ဝင်ရောက်လာသော  ရွာသူအသစ်ကလေး ဗုံဗုံဖြစ်ပါတယ်ရှင်။ ရွာတွင်းသို့ဝင်ရန် အတွက်  အကြိမ်ကြိမ်ကြိုးစားခဲ့ရပါသည်ရှင့်။  ထို့ကြောင့် အခက်ခဲများ ၊ မသိခြင်းများစွာဖြင့် ၀င်ရောက်လာပါသော ဗုံဗုံအား  နွေးထွေးစွာ ကြိုဆိုပေးကြပါအုံးရှင့်။  မ၀င်ဖြစ်ခဲ့သော်လည်း  နေ့တိုင်းပုံမှန် မန်းလေးဂေဇက် ကို  ကိုယ့်ရည်းစားလို တစ်မေ့တစ်မော စောင့်ကြည့်ဖတ်ရှုခဲ့ ပါသဖြင့် ရွာသူား အားလုံးကို ဗုံဗုံ ကသိနေပြီးဖြစ်ပါတယ်ရှင်။ အထူးသဖြင့်  ရွာ၏ စာဆို ပညာရှိကြီး  ဦးဦးသစ်မင်း ၊ ဘဘ ဦးဘလက်ချော၊ ဦးလေးမဟာရာဇာ အံစာတုံး (အမလေး မောတာ)၊  ဘဘ ဦးပေ၊ အဆင်လှတဲ့ ဦးဦးခင်ခ၊အဆင်ချောပါသော အဘဖော၊  အထာသိတဲ့ ဘဘဦးဆာမိ ၊နေရာတစ်ကာရောက်တဲ့ ဦးဦးပေါက်(မန်းလေးသူလေး ဗုံဗုံကို ပိုခင်ရမယ်နော်)၊ မက္ခရာမင်းသားကြီး အလက်ဆင်း၊ တိုကျိုမှာ ဖိုတိုဆွဲတဲ့ ဘဘ အင်ဇာဂီ ၊ ရွာဦး ကျောင်းမှာ သီတင်းသုံးစံပယ် နေပါသော ကိုရင်စည်သူ(သဘောင်္သီးဆရာတော်)၊  ကပ္ပိယကြီး ဦးကြောင်ကြီး၊ အချိန်မဆွဲတဲ့ ဦးတိမ်မည်း၊ အရမ်းမိုက်တဲ့ ကိုကို စိန်ဗိုက်ဗိုက် စသောရွာသားများအပြင် ရွာသူများဖြစ်ကြသော အန်တီပဒုမ္မာ၊ အန်တီ အေးကေကေ၊ မမမိုချို၊ မမမိုးစက်၊ မမနန်းတော်ရာသူ ၊ မမခိုင်ဇာ၊ မမရွှေကြည် တို့ကိုလည်း ဗုံဗုံက သိနေပြီးသားဖြစ်ပါတယ်ရှင်။

ထို့ကြောင့် ယနေ့မှစ၍ ဝင်ရောက်လာပါသော ဗုံဗုံအား အမြင်မတော်တာများရှိရင် ပြုပြင်ဆုံးမ သွန်သင်ကြပါရန် အပ်နှံပါတယ်ရှင့်။ ဟိုက်. ဘုရားဘုရား အဓိက ဟာမေ့ကျန်ခဲ့ပြီ ရွာထိပ်က ရုက္ခစိုး  အဲလေ ရွာသူကြီး ဘဘ ဦးခိုင် အဟဲ သဂျီးလည်း လေးစားစွာ နှုတ်ခွန်းဆက်သပါတယ်ရှင့်။ (စာက မရေးရသေးဘူး ပွိုင့်တော့ နှုတ်ခံရတော့မယ်) အားလုံးကို ကွန်နက်ရှင် မကောင်းသည့်ကြားထဲမှ ဗုံဗုံက လေးစားစွာ နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားလိုက်ပါရစေရှင်။

 

 

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..