မင်္ဂလာပါ …………..အရပ်ကတို့ရေ

ဗုံဗုံDecember 1, 20121min26436

မန်းလေးဂေဇက်အတွင်းမှာ နေထိုင်ကြကုန်သော  ရွာသူရွာသား  အပေါင်းတို့ရှင့်  ကျွန်မ ကတော့ ယခုမှ ရွာတွင်းသို့ (အခက်အခဲများစွာဖြင့် ) အသစ်ဝင်ရောက်လာသော  ရွာသူအသစ်ကလေး ဗုံဗုံဖြစ်ပါတယ်ရှင်။ ရွာတွင်းသို့ဝင်ရန် အတွက်  အကြိမ်ကြိမ်ကြိုးစားခဲ့ရပါသည်ရှင့်။  ထို့ကြောင့် အခက်ခဲများ ၊ မသိခြင်းများစွာဖြင့် ဝင်ရောက်လာပါသော ဗုံဗုံအား  နွေးထွေးစွာ ကြိုဆိုပေးကြပါအုံးရှင့်။  မဝင်ဖြစ်ခဲ့သော်လည်း  နေ့တိုင်းပုံမှန် မန်းလေးဂေဇက် ကို  ကိုယ့်ရည်းစားလို တစ်မေ့တစ်မော စောင့်ကြည့်ဖတ်ရှုခဲ့ ပါသဖြင့် ရွာသူား အားလုံးကို ဗုံဗုံ ကသိနေပြီးဖြစ်ပါတယ်ရှင်။ အထူးသဖြင့်  ရွာ၏ စာဆို ပညာရှိကြီး  ဦးဦးသစ်မင်း ၊ ဘဘ ဦးဘလက်ချော၊ ဦးလေးမဟာရာဇာ အံစာတုံး (အမလေး မောတာ)၊  ဘဘ ဦးပေ၊ အဆင်လှတဲ့ ဦးဦးခင်ခ၊အဆင်ချောပါသော အဘဖော၊  အထာသိတဲ့ ဘဘဦးဆာမိ ၊နေရာတစ်ကာရောက်တဲ့ ဦးဦးပေါက်(မန်းလေးသူလေး ဗုံဗုံကို ပိုခင်ရမယ်နော်)၊ မက္ခရာမင်းသားကြီး အလက်ဆင်း၊ တိုကျိုမှာ ဖိုတိုဆွဲတဲ့ ဘဘ အင်ဇာဂီ ၊ ရွာဦး ကျောင်းမှာ သီတင်းသုံးစံပယ် နေပါသော ကိုရင်စည်သူ(သဘောင်္သီးဆရာတော်)၊  ကပိ္ပယကြီး ဦးကြောင်ကြီး၊ အချိန်မဆွဲတဲ့ ဦးတိမ်မည်း၊ အရမ်းမိုက်တဲ့ ကိုကို စိန်ဗိုက်ဗိုက် စသောရွာသားများအပြင် ရွာသူများဖြစ်ကြသော အန်တီပဒုမ္မာ၊ အန်တီ အေးကေကေ၊ မမမိုချို၊ မမမိုးစက်၊ မမနန်းတော်ရာသူ ၊ မမခိုင်ဇာ၊ မမရွှေကြည် တို့ကိုလည်း ဗုံဗုံက သိနေပြီးသားဖြစ်ပါတယ်ရှင်။

ထို့ကြောင့် ယနေ့မှစ၍ ဝင်ရောက်လာပါသော ဗုံဗုံအား အမြင်မတော်တာများရှိရင် ပြုပြင်ဆုံးမ သွန်သင်ကြပါရန် အပ်နှံပါတယ်ရှင့်။ ဟိုက်. ဘုရားဘုရား အဓိက ဟာမေ့ကျန်ခဲ့ပြီ ရွာထိပ်က ရုက္ခစိုး  အဲလေ ရွာသူကြီး ဘဘ ဦးခိုင် အဟဲ သဂျီးလည်း လေးစားစွာ နှုတ်ခွန်းဆက်သပါတယ်ရှင့်။ (စာက မရေးရသေးဘူး ပွိုင့်တော့ နှုတ်ခံရတော့မယ်) အားလုံးကို ကွန်နက်ရှင် မကောင်းသည့်ကြားထဲမှ ဗုံဗုံက လေးစားစွာ နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားလိုက်ပါရစေရှင်။

 

 

36 comments

  • ခင်ခ

    December 1, 2012 at 10:05 am

    အပြောကောင်းအရေးလေးနဲ့ ရောက်လာသူ ဗုံဗုံရေ ခင်ခမှ ကြိုဆိုပါ၏။
    ရွာထဲမှာ ဆုံကြအုံးစို့နော်။

  • ရွာသူ jujuma .

    December 1, 2012 at 10:28 am

    ကြို ဆို ပါတယ် ညီမရေ …

  • ဦးကြောင်ကြီး

    December 1, 2012 at 10:42 am

    ဗုံလေးကဆို ဦးကြောင်တီးမယ်… ဗုံဗုံ ပတ်ပေဗုံ ပလို့ဂျိ… :oops

    • ဗုံဗုံ

      December 1, 2012 at 2:49 pm

      ချိုမိုင်မိုင် ချိုမိုင်မိုင်

  • Foreign Resident

    December 1, 2012 at 11:28 am

    ကြိုဆိုပါတယ် ၊ ဗုံဗုံ ရေ ။

  • မောင်ပေ

    December 1, 2012 at 11:38 am

    ဗုံဗုံလေးရေ
    အားရတယ်ကွဲ ့
    မင်္ဂလာရှိပါစေကွယ်
    မန်းဂေဇက်ရွာကြီးမှာ
    ပျော်ပါးမော်ကြွားနိုင်ပါစေကွယ်

  • kyeemite

    December 1, 2012 at 11:47 am

    ဗုံဗုံ က စာရေးကောင်းမဲ့ပုံပဲ..
    နှုတ်ခွန်းဆက်ကလေးရေးတာတောင်အတော်ဟုတ်တာပဲ..
    ကြိုဆိုပါတယ်ဗျာ…စာကောင်းကောင်းလေးတွေဖတ်ချင်နေတာ…
    :528: ခင်တဲ့…
    ကြီးမိုက်။

    • ဗုံဗုံ

      December 1, 2012 at 2:48 pm

      ဦးကျီးမိုက်ပြောလို့ စာတွေမအိပ်မနေရေးတော့မယ်

  • etone

    December 1, 2012 at 11:51 am

    ကြိုဆိုပါဧ။် .. ကြိုဆိုပါဧ။် …. ခိခိ :kwi:
    (လှည်းတန်းမှ ပေါင်ချိန်စက်ကထွက်သော အသံမျိုးဖြင့် ရွတ်ဖတ်ပါလေ … :mrgreen: )

  • Inz@ghi

    December 1, 2012 at 11:58 am

    Welcome,
    I’m now in နဂိုရွာ

    :harr:

  • ကိုရင်စည်သူ

    December 1, 2012 at 1:35 pm

    ကြိုဆိုပါတယ်.. ဗုံလေးရေ..။ အရေးအသားကြည့်ရတာ စာရေးကောင်းပြီး
    ဟာသဉာဏ်ရှိမယ့်ပုံပဲနော်…။ ရွာအကျိုးလည်း သယ်ပိုးနိုင်ပါစေ..
    ဗုံ စည်အကျိုးလဲ သယ်ပိုးနိုင်ပါစေ.. :gee:

    • ဗုံဗုံ

      December 1, 2012 at 2:46 pm

      ပြောတဲ့အတိုင်းလိုက်နာဆောင်ရွက်ပါ့မယ် ဘုရား

  • မန်းလေးသူမန်းလေးသားဆိုရင်တော့ အလိုလိုနေရင်းခင်ပြီးသားလို့သတ်မှတ်လိုက်ပါတော့

    • ဗုံဗုံ

      December 1, 2012 at 2:44 pm

      လမ်းတွေ့ရင် မုန့်ကြွေးရမယ်နော် ဦးပေါက်

      • ဗုံဗုံရေ
        လေးပေါက်ကလဲ လမ်းပေါ်မှာဆိုတော့ တွေ့ဘို့များပါတယ်။
        လေးပေါက်ဖုန်းကတော့ ရပ်သိရွာသိ အဲတော့ မုန့်စားချင်ရင်ဆက်လိုက်ပါနော်။

  • thit min

    December 1, 2012 at 3:36 pm

    ကြိုဆိုပါတယ် ဗုံဗုံ။
    ဂေဇက်ကိုစိတ်ဝင်တစားဖတ်တဲအဆင့်ကနေ စာစမ်းရေးကြရင်း ရွာသားကြီး၊ရွာသူကြီးတွေ
    ဖြစ်လာကြတာမို့ အားလုံးဒီလမ်းကိုလျှောက်ကြသူအချင်းချင်းတွေပါဘဲ။
    အရင်လျှောက်သူက လူဟောင်း၊နောက်မှလျှောက်သူက လူသစ် ဆိုပေမဲ့ အားလုံးဟာရွာသူ၊ရွာသားတွေပါဘဲ။
    ဂေဇက်ရဲ့ ညှို့ချက် တခုကတော့ ရွာသူ၊ရွာသားတွေဟာ အပြင်မှာမမြင်ဘူး၊
    မတွေ့ဘူးကြလဲ အရမ်းခင်ကြပါတယ်။
    (ခုနောက်ပိုင်းတွေမှာတော့ တွေ့ဘူးမြင်ဘူးပြီးသူတွေ ရှိလာနေပါပြီ)။
    ကျနော်ကတော့ ဘယ်သူနဲ့မှ မတွေ့ဘူးသေးပါဘူး။
    ဒါပေမဲ့ ရေးတဲ့စာ၊ ကော်မန့်တွေ နဲ့ဘဲရင်းနှီးပြီး ခင်မင်ရသူတွေအများကြီး ရနေပါပြီ။
    နောင်ဆို ဗုံဗုံလဲ မိတ်ဆွေတွေတိုးပွါးရရှိလာမှာပါ။
    ချမ်းမြေ့ပါစေ။

    • ဗုံဗုံ

      December 1, 2012 at 4:40 pm

      အားပေးစကားပြောတဲ့ အတွက် ဗုံဗုံက ဦးဦးသစ်မင်းကို လေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့်

  • ဗုံဗုံ

    December 1, 2012 at 3:55 pm

    အားပေးစကားပြောပေးတဲ့ ဦးဦးသစ်မင်းကို လေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့် ကြိုးစားပါ့မယ်ရှင်

  • ဦးလေးမဟာရာဇာ အံစာတုံး … ဒဲ့ ..
    သေစမ်းဟဲ့ … နန္ဒိယ … :mrgreen:

    ဝမ်းမလိ ဝဲလကမ်းဘာ ဗုံလေးရေ …
    စာလေးတွေ ရေးရင်းနဲ့ ဂဇက်မှာ ပျော်ရွှင်ပါစေလို့ …

  • ရွှေ ကြည်

    December 1, 2012 at 4:47 pm

    မင်္ဂလာပါ ဗုံဗုံ..။
    မန်းသူလေးဗုံ မန်းဂေဇက်မှာပျော်ရွှင်ပါစေလို့..မမရွှေကြည်ကနှုတ်ဆက်ပါတယ်ကွယ်..။
    (တော်သေးတယ် အန်တီရွှေကြည်မဖြစ်သေးလို့ :mrgreen:)
    ဗျို့ဟစ်နှုတ်ဆက်လာတဲ့ဗုံ လေး စာတွေရေးဖြစ်ပါစေကွယ်..။
    အစ်မစာတွေ မရေးခင်တုန်းက ရေးရမှာကြောက်နေတာ..။(အခုလည်းမည်မည်ရရမရေးပါဘူး ဟီး)
    ရေးမိသွားရင်တော့ ပိုးဝင်သွားရောပဲ..။

  • သခင် Mobile

    December 1, 2012 at 10:46 pm

    မင်္ဂလာပါ။
    ဘုံဘုံရေ ဦးလေးကိုလဲ မှတ်ထားဦးကွဲ့။
    ဦးဦးက ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile တဲ့။

  • kai

    December 2, 2012 at 8:46 am

    ဘာလုံဗုံဗုံဆိုတဲ့အမည်ဖြစ်နေတာလည်း..
    .. ပြောပြပါလား..ဗုံဗုံ..
    စုံပလုံတုံ..
    နတ္တိ..

  • surmi

    December 2, 2012 at 9:33 am

    ဘဘဖြစ်ဖြစ် ဖိုးဖိုး ဖြစ်ဖြစ် အဆင်ပြေပါတယ်ကွယ်
    ခုလည်း ဗုံဗုံ ကို စုံစုံ လို ့ဖတ်မိပြီး ရွာသူစုံစုံ တစ်ယောက်စာပြန်ရေးတယ်ထင်မိတာ။
    အဲသလောက်ကိုမျက်စိမွဲနေပြီ ။
    ပို ့စ် ကိုဖတ်ကြည် ့မှပဲ သိတာဗျို ့ ……… ဒီတော ့ ကတုန်ကယင်နဲ ့ ဒီအဘက
    ပေါက်ကရတွေပြောမိလည်းသည်းခံ နော ………….
    ဘဘ ဆိုတာ တစ်ခါတုန်းက ချာတိတ်လေးပါပဲ………
    :hee:

  • ဦးဦးပါလေရာ

    December 2, 2012 at 12:15 pm

    ရွာထဲမှာ ကျောင်းပြေးသူတွေများနေတုန်း
    အခုလို ရွာသူသစ်ကလေးတယောက်တိုးလာတာ
    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ကွယ်…
    တင်လာမယ့်ပိုစ့်လေးတွေ စောင့်ဖတ်မယ်နော….

  • Moe Z

    December 2, 2012 at 3:43 pm

    မင်္ဂလာပါ ညီမလေးရေ
    ကြိုဆိုပါတယ်ကွယ် စာများများရေးပါနော်
    ကွန်မန့်လည်း များများပေး ..
    ကိုယ်လက်မခံနိုင်တဲ့ကိစ္စဆိုရင်လည်း အားရပါးရငြင်းသိလား
    ဘယ်သူ့မှ အားနာစရာမလိုဘူး :mrgreen:

  • cobra

    December 2, 2012 at 4:13 pm

    ဗုံဗုံ
    နာမည်တော့ ဆန်းသား
    အရေးအသားလည်းဆန်းလား သိချင်စမ်းပါဘိ။

  • aye.kk

    December 2, 2012 at 5:00 pm

    ဗုံဗုံ
    နာမည်က…
    ချစ်စရာ…
    အန်တီကေက…
    ခင်တတ်သူပါ……။။

  • Mr. MarGa

    December 2, 2012 at 5:06 pm

    ရွာထဲမှာ စာရေးသူတစ်ဦး တိုးလာပါပေါ့

  • အလင်းဆက်

    December 2, 2012 at 9:03 pm

    အက္ခရာမင်းသားကြီးလို ့…
    သားသားကို..သိနေတယ်..ဆိုတော့….

    အလက်ဆင်းကလည်း..
    တစ်သက် မငြင်းရက်ပါဘူး..ဂျာ ။

    ခင်မင် မိပါဒယ် ။

    =====

    ချာတွေလည်း..ညားညား.ရေးပါဂျ ။

    သားသား တို့ကိုလည်း… ခင်မင်ရင်းနှီးစွာ.. ပြောဆို..ဆက်ဆံနိုင်ပါဒယ်ခည ။

    သားတို့က… စစ နောက်နောက်..နဲ ့ပဲ… တစ်ယောက်လက်.တစ်ယောက်.တွဲ ထားကြပါဒယ်..ခည။

    ————–

    ရေး လာမယ့် .. အတွေး./ အရေးတွေကိုလည်း..စောင့်မျှော်.နေပါ့မယ်ဂျ ။

    လေးစားစွာ..
    ခင်မင်လျက်

    အလင်းဆက်
    🙂

  • မောင် ဓုဝ

    December 2, 2012 at 10:27 pm

    ကြိုဆိုပါတယ် ဗုံဗုံ မောင်ဓုဝ လည်း ရွာထဲရောက်နေပေမယ့် ။ ဘာသာရေး စာသုံးပုဒ်လောက်ပဲရေး
    ဖြစ်ပါသေးတယ်။ ဆက်ပြီးတော့ ရေးပါအုံးမယ်။ မင်္ဂလာပါပဲ။

  • jullies cezer

    December 3, 2012 at 3:54 pm

    ကြိုဆိုပါတယ် ဗုံဗုံ ဒါနဲ့စကားမစပ် ဗုံဗုံဆိုတော့ အစမ်းတီးကြည့်လို့ရလားဟင် :hee:

  • လုံမလေးမွန်မွန်

    December 23, 2012 at 8:08 pm

    ဗုံဗုံရေ… ကျပန်းစကားပြောပြိုင်ပွဲမှာ မိတ်ဆက်စကားပြောနေသလို ခံစားမိတယ်..
    အခုမှ ကြိုဆိုရတာ ခွင့်လွှတ်တော်မူပါ… ဗုံဗုံရဲ့စာတွေကို ဖတ်တော့မယ်လို့ လာပြောတာပါ…

    ခင်တဲ့
    လုံမလေး

  • နန်းတော်ရာသူနဲ့ဗုံဗုံ ဘယ်သူရှေ့၊ဘယ်သူနောက်လည်းဆိုတာ ဘယ်သူသိကြလဲအရပ်ကတို့။
    မျက်စိတွေမူးပြီး၊ခေါင်းတွေလည်ကုန်ပြီကွယ်..
    ဘယ်လိုပဲဖြစ်ဖြစ်ရောယောင်ပြီး ဝဲလ်ကမ်းလိုက်ပါတယ် :harr:

    • ခိုင်ဇာ

      December 23, 2012 at 8:55 pm

      I think, you came first here, Thaw Thaw. 🙂 if I am not wrong, your first post was in November.

      • ကျေးဂျူးပဲမမခိုင်ဇာရေ…ညီမတော့ အဟောင်းတွေကိုသိပေမယ့်။
        အသစ်ဆိုရင် အသစ်လားအဟောင်းလားမသိဘူးဖြစ်ဖြစ်နေတယ်။
        :harr:

  • ခိုင်ဇာ

    December 23, 2012 at 8:51 pm

    Hello, sis. Warmly Welcome…! 🙂

Leave a Reply