လက်ပန်းတောင် ကိစ္စမှာ အမေစု ဒီနေရာကို လာမှာ သိသိကြီးနဲ့ လာခါနီးမှ ဒါမျိုးကပ်လုပ်တာဟာ နိုင်ငံရေးကစားကွက်တစ်ခုလားလို့ ထင်မြင်မိပါတယ်..။ အမေစုဟာ အစိုးရက ဖြေရှင်းရမယ့် ကိစ္စတွေမှာ စည်းကမ်းရှိရှိနဲ့ ဝင်မပါပဲ စောင့်သာ ကြည့်နေခဲ့ပါတယ်..။ ဒီကိစ္စမှာလည်း အမေစုရဲ့ မူရင်းရည်ရွယ်ချက်က သွားရောက်လေ့လာရုံ ၊ ပြည်သူတွေကို မျှမျှတတ အေးအေးချမ်းချမ်း ရှိအောင် ဖြောင်းဖျရုံ လောက်ပဲ လုပ်ဖို့ သွားရောက်တာလို့ မြင်မိပါတယ်..။ အခုတော့ အမေစု လာခါနီးမှ ဒီလို လုပ်လိုက်တော့ ဒီကိစ္စဟာ အမေစု ခေါင်းပေါ် ပုံကျလာပါတယ်… ။  အမေစုလာတဲ့အခါ ဒီကိစ္စကို တရားမျှတမှုရဖို့ လူတွေက တောင်းဆိုကြမှာပဲ..။ ပြည်သူတွေကို မျက်ကွယ်မပြုတတ်တဲ့ အမေစုဟာ မဖြစ်မနေ ကြားဝင်ရတော့တာပေါ့…။ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးပါ့မယ်ဆိုပြီး တာဝန်ယူရတော့တာပေါ့…။
နဂို အခြေအနေမှာ လူတစ်ရာရှိရင် ၁၀ ယောက်က သူတို့ကဘက်က ၁၀ယောက်က ကြောက်လို့ သူတို့ဘက်က ပါရတဲ့လူတွေ ၁၀ယောက်က ဟိုလည်းမပါ ဒီလည်းမပါ ကြားနေတဲ့လူတွေ ကျန် လူ ၇၀ က အမေစုကို အားပေးထောက်ခံတဲ့လူတွေ ဆိုကြပါစို့…။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမေစုက တရားမျှတတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့အခါမှာ…(လူတွေ လိုချင်တဲ့ တရားမျှတမှုက ဒီလိုခံစားခဲ့ရတာကို တစ်ခုခု ပြန်ရဖို့ဖြစ်ပြီး အမေစုရဲ့ တရားမျှတမှုက နှစ်ဦးနှစ်ဘက်စလုံးကို ညီတူညီမျှ တွေးပေးတဲ့ တရားမျှတမှု အဖြစ် အဓိပ္ပါယ် ကွဲလွဲသွားနိုင်ပါတယ် ) လူ ၇၀ ထဲက.. ၁၀ယောက်လောက်က အမေစုရဲ့ အမြော်အမြင်ကို နားလည်ပြီး လက်ခံမယ်..၁၅ယောက်လောက်က အမေစုပြောတာမို့လို့ လက်ကိုခံတယ်ဆိုတဲ့ လူတွေဖြစ်မယ်ထား ၊ ကျန်တဲ့ လူတွေထဲက တစ်ဝက်လောက်က ဒီဆုံးဖြတ်ချက်ကို သဘောမတူဘူး လက်မခံဘူး ဖြစ်သွားနိုင်ပြီး ၊ နောက်ကျန်တဲ့ တစ်ဝက်ကတော့ သိပ်တော့လက်မခံချင်ပေမယ့် အမေစု ပြောတာဆိုတော့ လက်ခံရမှာပေါ့ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်…။
ပြီးလည်းပြီးရော အဲ့အချိန်ကျမှ မြစ်ဆုံလိုမျိုး ပြည်သူ့ ဆန္ဒအရ ဒီစီမံကိန်းကို ရပ်ပေးလိုက်ပါတယ် ဆိုတာမျိုး လုပ်လိုက်ရင်… စောစောက အမေစု ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့လူတွေနဲ့ အင်တင်တင်လက်ခံလိုက်ရတဲ့ လူတွေက တစ်ဘက်ကို အပြည့်အဝထောက်ခံသွားကြပြီးတော့ ကျန်တဲ့ အမေစုရဲ့လူတွေ ထဲမှာတောင် ဒီတစ်ခါတော့ သူတော်သားဟ ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်…။ အဲ့လိုနည်းနဲ့ အမေစုရဲ့ သြဇာကို ဖဲ့ထုတ်ဖို့ ကစားကွက်ခင်းတာများလားလို့ တွေးမိပါတယ်ခင်ဗျာ…..။

About လင်းစက်ရာ

has written 14 post in this Website..