believe it or not :P

etoneJuly 16, 20101min781

၁) မျက်လုံး နှစ်လုံးကို မျက်လုံးအိမ်ကနေ  ထုတ်ယူပြီး ဇေါက်ထိုး ပြန်ထည့်ပေးလိုက်ရင် အဲဒီလူရဲ့ အမြင် ဘယ်လိုဖြစ်သွားမလဲ လို. တွေးကြည့်ဖူးလား မိတ်ဆွေ… အတည့်ပဲ မြင်နေရမှာလား ၊ ဇေါက်ထိုးတွေ မြင်နေရမှာလားဆိုတာကိုပေါ့ …. တကယ်လို. အဲဒီလိုသာ လုပ်ခဲ့ရင် နှစ်လ လောက်ထိတော့ ဒီလူရဲ့ အမြင်တွေဟာ  ဇေါက်ထိုးပဲ မြင်ရမှာပါ… အဲဒီနောက်ပိုင်းမှာတော့ ပြန်ပြီး အတည့် မြင်လာမှာပါ ခင်ဗျာ …. လူ. ခန္ဓာကိုယ်ရဲ့ adaptation ရသွားတဲ့အခါပေါ့ဗျာ … ( ကြံကြံဖန်ဖန် research တစ်ခုကိုဖတ်ရလို. ပြန်ရေးထားတာပါ ။) (၂) နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာ ( ပေ ၅ဝ )အထိညှစ်ထုတ်နိုင်တယ် … ဒါဟာ ရန်ကုန်ကတိုက်အိမ်တွေရဲ့  ငါးထပ်လောက်ထိ ရောက်နိုင်တဲ့ သဘောပေါ့ဗျာ ။ (၃) ကျနော်တို. ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေဟာ တနေ.ကို အကြိမ် နှစ်ထောင်ခန်. လှည့်ပတ်နေတာပါ ။ (၄) အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရေပြားမျက်နှာပြင်ကို ဖြန်.ခင်းလိုက်ရင်  ၂၂ စတုရန်းပေ လောက်ရှိပြီး ခုနစ် ပေါင်နီးပါးလေးပါတယ် ။ (၅) လူ.ကိုယ်မှာ အသေးဆုံး အရိုးက နားအတွင်းမှာ ရှိတဲ့ စတားရပ် ( stirrup ) ခေါ်တဲ့ အရိုးလေးပါ ။ အကြီးဆုံး အရိုးကတော့ femur လို.ခေါ်တဲ့ ပေါင်ရိုး ပါ ခင်ဗျာ ။ တဆက်တည်းပြောပြပါဦးမယ် ။ ပေါင်ရိုးကျိုးတာဟာ လူတစ်ယောက်ကို သေစေနိုင်ပါတယ် ။ (၆) လူကြီး တစ်ယောက်ရဲ့ အဆုတ်ထဲ ဝင်ဆန်.တဲ့ လေပမာဏက (၅) လီတာခန်. ရှိပါတယ် ။ (၇) လူတစ်ယောက် အသက်ရူတဲ့ခါ ရူသွင်းတဲ့ အရှိန်နှုန်းနဲ့ ရူထုတ်တဲ့ အရှိန်နှုန်းက အတူတူပဲ ဖြစ်ပြီး တစ်နာရီကို ၈ ကီလိုမီတာ လောက်ဖြစ်ပါတယ် ။ (၈)  ကိုယ့် ကို သူများထက်ပိုပြီးခြင်ပိုကိုက်တာ

မျိုးကို ကျနော့် မိတ်ဆွေများ ကြုံဖူးကြမှာပါ ။ ဒါဟာ လေးဖြူ ပြောသလို ရုပ်ချောတဲ့သူတွေ ကို ခြင်က ရွေးပြီးကိုက်တာတော့မဟုတ်ပါဘူး ခင်ဗျာ ။ လူတွေ မှာ ကျနော်တို.ကိုယ်တိုင် မသိနိုင်တဲ့ ကိုယ်သင်းနံ့တွေ ကိုယ်စီရှိကြပါတယ် ။တိရိစာ္ဆန်တွေသာ သိနိုင်တာပါ။ တချို. လူတွေရဲ့ အဲဒီ ကိုယ်နံ့တွေက ခြင်တွေကို ဆွဲဆောင်စေတဲံ့ အတွက် ခြင်တွေက အဲဒီလူနားမှာပဲ ဝဲနေတော့တာပါ … (၉) အများဆုံးတွေ.ရသော မျက်လုံး အရောင်မှာ အညို ရောင် ဖြစ်သည် ။ ကျနော့်မျက်လုံး အညိုရောင်ဖြစ်တာကို ထူးဆန်းတယ် ထင်တဲ့ သယ်ရင်းတွေ မှတ်ထားကြနော် … ဒါမှ normal အရောင်တဲ့ ခင်ဗျ .. (မျက်စိညိုလျှင် စီးပွါးဖြစ်မည် ။ လူချစ်လူခင်ပေါများမည် ။မျက်လုံးညိုပိုင်ရှင်များသည် အချစ်နှင့်ပက်သက်ရျ် စွဲလန်းမှုရှိသည် ။ မိတ်မြဲတတ်သည် ။ ရာသက်ပန် ပေါင်းဖေါ်ရမည့် အချစ်မျိုး ကိုသာ ရွေးချယ်တတ်သည် ။ ရာသက်ပန် စွဲမြဲသော မိတ်ဆွေစိတ် ထားရှိတတ်သည် ။ အလုပ်ကို များစွာကြိုးစားလုပ်ကိုင်ပြီး စွမ်းဆောင်နိုင်သူများလည်း ဖြစ်သည် ။ အလုပ်လုပ်ရာတွင် စေ့စပ်သေချာရျ်  ဇွဲ ရှိရှိလုပ်ကိုင်တတ်သည် ။ ယင်းတိုးသည် အနုပညာကို နှစ်သတ်မြတ်နိုးရျ် ကိုယ်ချင်းစာတရားနှင့်လည်း ပြည့်ဝနိုင်ကြပေသည် ။ ( ရူပသျှတ္တရကျမ်း၊ စာ – ၁၅၆/၁၆၄ ) ) (၁၀) လူတစ်ယောက် ရဲ့ အပေါ်သွားနဲ့ အောက်သွား ထိတဲ့အချိန် စုစုပေါင်းဟာ တစ်နေ.ကို ( ၁၉ ) မိနစ်ကျော် သာရှိပါတယ် ။ ပညာရပ်ဆိုင်ရာမေးလ် မဟုတ်လို. သေချာ မရှင်းပြတော့ပါဘူး ။ သေချာသိချင်ရင် သွားဘက်ဆိုင်ရာ ဆရာဝန်များကို မေးကြည့်လို.ရပါတယ် ။ (၁၁) လူ တကိုယ်လုံးမှာ သွေးခုန်နှုန်း တိုင်းလို.ရတဲ့ နေရာ ( ၉ ) နေရာရှိပါတယ် ။ လက်ဖျံလိုနေရာမျိုးမှာ တိုင်းလို.ရတာကိုတော့ ကျနော်တို.အားလုံးသိကြမှာပါ ။ ဒါပေမဲ့ လူတစ်ယောက် shock (ရှော့ခ်) ရသွားလို. မေ့မြောနေတဲံချိနမှာဆိုရင်တော့ လက်ဖျံလိုနေရာက သွေးခုန်နှုန်းကို စမ်းလို.မမိနိုင်တော့ပါဘူး ။ ဒါကြောင့် အရေးအပေါဆုံးနေရာကတော့ လည်ပင်း မှာရှိတဲ့ Carotic artery နေရာပါပဲ … (၁၂) သာမာန် လူကြီး တစ်ယောက်ရဲ့ အံသွားကြိတ်တဲ့ အား ဟာ ပါင် ( ၅၀) ကနေ ( ၂၀၀) ထိ ရှိပါတယ်တဲ့ … (၁၃) ကျနော်တို.ရဲ့ အူသိမ် ( small intestine ) ဟာ ၂၂ ပေ ရှည်တယ်လို. လူတိုင်းသိကြပါတယ် ။ ဒါပေမဲ့ အမျိုးသမီးတွေ မှာ ၂၂ ပေ မှရိပါဘူး ။ ယောက်ျားလေးတွေ ထက် အနည်းငယ် ပိုတိုပါတယ် ။ မိန်းကလေးတွေ အူတိုတယ်ဆိုတာ ဒီကနေ ဖြစ်တာတာလားတော့ မသိပါဘူးနော် ….

One comment

  • Yin Nyine Nway

    July 16, 2010 at 7:26 am

    ကြေ ာက်စရာ လန့်စရာ ကြီးကို ကြံကြံဖန်ဖန်

Leave a Reply