ဘွာတေးလို့ ရဂျေးဆို.. excuse us

ဆရာ မနိုင် ပြိုင်ချင်ရာပြိုင် ရွာသူရွာသားအပေါင်းတို့ခင်ဗျား..

ကျနော်များ မတထောင်သား ဂေဇက်အဖွဲ့သားများ ဦးဆောင်၍ ဂဇက်ရွာ ရဲစခန်းအား မနက်ဖြန်နံနက် ဝေလီဝေလင်း အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်မီးရှို့မည်ဖြစ်သည်။ ထိုသို့ စီးနင်းတိုက်ခိုက် မီးလောင်ဗုံးများ အားရပါးရ ပစ်သွင်းအပြီးတွင် ပြသနာ ပြေလည်စေရန် စခန်းမှူး ရဲမူး ဖောရှောခိုင်နှင့် ရဲသားများအား ဝန်ချတောင်းပန်ပွဲ ဆက်လက်ပြုလုပ်ပါမည်။ ထို့ကြောင့် ရဲဘော်ရဲမေများ အနေဖြင့် စုရပ်သို့ လာသည့်အခါ တုတ်၊ဓါး၊ မီးလောင်ဗုံးများနှင့်အတူ အုန်းပွဲငှက်ပျောပွဲများ တပါတည်း ယူဆောင်လာကြပါရန် နှိုးဆော်ပါသည်။
မှတ်ချက်။ သဂျီးသမီးတော်ဂလေးအား ကြံစည်နေသူများ မပါရ။

ဦးကြောင်ကြီး – ဂဇက်ပြည်သူ့ကွန်မန်ဒို

မသိလို့ပါ ရဲဂျီးရယ်… အုံးအွမ် အုံးအွမ်

မုံရွာ၊ နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီး စီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြသည့် ရဟန်း သံဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန် သံဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ၊
တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

အဆိုပါ တောင်းပန်ပွဲသို့ တက်ရောက်ရန် မုံရွာမြို့ပေါ်ရှိ ရဟန်းသံဃာတော် အပါး ၁၀ဝအထက် ရှိသော ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားပြီး မြို့မိမြို့ဖများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

The Voice Weekly

19 comments

  • သီဟသူရချာလတာအာပေတူး

    December 1, 2012 at 1:38 pm

    hahaaa 😆 ဦးကြောင်အိုက်ဖားဂျီးဘယ်ကရှာလာတာလဲ
    ညကမြန်မာ့အသံမှာတစ်ဝက်တစ်ပျက်အော်သွားတဲ့ ဖားဂျီးနဲ့တူထှာ ….. 😆

  • myanmarcitizen

    December 1, 2012 at 2:01 pm

    ထွေးပြီးသားတံတွေး လေးဘက်ထောက်ပြီးလျှာနဲကကုန်းယက်လိုယက်။ လုပ်ချင်တာလုပ်ပြီးတော့မှ တောင်း
    ပန်။ အရူးကွက်နင်းသူကနင်းနဲ့ ….အော် … ကျွန်ုပ်လဲ တစ်ခါလောက် “ဘွာတေး” ချင်လိုက်တာ ဦးကြောင်ရယ်

  • ရွာသူ jujuma .

    December 1, 2012 at 2:29 pm

    ယနေ့နေ့လည် ၁နာရီတွင် ကျင်းပမည့် ရဲများ၏ ဝန်ချတောင်းပန်ပွဲကို မုံရွာမြို့ မြို့မဂက်ကျောင်း ဆရာတော် များနှင့် ဇောတိက ကျောင်းဆရာတော်များက လက်မခံကြောင်း၊ ယင်းပွဲကိုလည်း သွားရောက်ခြင်း အသိမှတ်ပြုခြင်းများ မရှိကြောင်း ယင်းကျောင်းတိုက်ရှိ ဆရာတော်များက ပြောသည်။ လက်ပံတောင်းတောင် အရေးကိစ္စတွင် ယင်းကျောင်းတိုက်မှ သံဃာတော်များ အများဆုံးဦးဆောင်ပါဝင်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုတွင်လည်း ယင်းကျောင်းတိုက်များမှ သံဃာတော်များ အများဆုံး ပါဝင်နေကြောင်း သိရသည်။

    အဲဂလိုဆို ဂေဇက်ရွာသူားများ ရဲမူးကြီး ဖောရှောခိုင်အတွက် လက်ချောင်အဖြစ် ဒုံးကျည်တစ်လုံးလောက် .. ယူသွားရင်ကောင်းမလားလို့ .. :kwi:

    • MaMa

      December 1, 2012 at 2:38 pm

      ဂျူဂျူးရေ-
      စေတနာတွေ ရေစီးကမ်းပြိုလိုက်နေပါလား။ :kwi:

    • Good™

      December 1, 2012 at 10:31 pm

      သဂျီး က ဒုံးကျည် ထည့် ရ တဲ့ အဖျား တက်နေတာလား။
      မီးလောင် ဗုံး ဒဏ် သူပါခံ ရတာလား။

      ရွာသူရယ် ပို့မဲ့ ပို့ ကူးတို့ရောက်အောင် ပို့ တဲ့ ဒုံးကျည် ကို သေသေချာချာလေး ထည့် ပေး လိုက် ပါ နော်။

  • ဘီလူးလေး

    December 1, 2012 at 2:35 pm

    ဟဟ ဒီလိုလား

  • ခင်ခ

    December 1, 2012 at 2:41 pm

    ဟေ အဲလိုကြီးလား ကလေးတွေကစားတာကြနေတာဘဲ နိုင်ငံတော်ရဲ့ အုပ်ချုပ်သူလူကြီးတွေက။
    ကလေးစိတ်နဲ့ လူကြီးကိုယ် လို့ဆိုရအောင်လည်း အားနာစရာ။

  • ဂနေ့ ဆိုဒေါ့ ..
    ခု ဘွာတေး လုပ်ပီးဗီလား သိချင်ရို့ ….

    ဒီဂလူဒွေဂ …
    ဘုန်ဂျီးဒွေဂို ခေါင်းပုတ်လိုက်
    ထိုင်ဦးချလိုက် လုပ်နေဒလားဘဲ …

  • ဘဲဥ

    December 1, 2012 at 4:57 pm

    စိတ်ရှိလက်ရှိကို ပါဝင်ဆင်နွဲချင်ဒါ
    မှတ်ချက်ထဲမှာပါနေလို့သာပေါ့ ဟွင်းဟွင်း :harr:

  • မောင်ပေ

    December 1, 2012 at 7:08 pm

    ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန် ဆိုသလိုလို

  • ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile

    December 1, 2012 at 11:08 pm

    မင်းတို့ကတော့ ဆောရီး ဆောရီးပေါ့ကွာ
    အဘကတော့ ထီးကျိုးရောပေါ့ . . . . . . . .

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 1, 2012 at 11:22 pm

    မှန်စွာမြင်ခြင်း ဆိုတဲ့အကြောင်းက နှိဗ္ဗာန်ရောက်ကြောင်းတရားထဲ တစ်ခုအပါအဝင်ဘဲဗျ
    ယူအက်မှာဆို အင်ဒီယန်းတွေကို အစိုးရက အခါခွင့်သင့်တိုင်း တောင်းပန်တယ်ဗျ
    ဗုဒ္ဓအဆုံးမထဲလည်း ပါဝင်သပေါ့
    သံဃာချင်း ဒေသနာကြား (အာပတ်ဖြေ) ပုံ
    ( ”သင်တို့ ဘုရားမနှစ်သက်တာ လုပ်လျှင် ဆောင့်ကြောင့်ထိုင်ရမည်” )
    ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ ((အာပတ်)) အပြစ်သို့ရောက်ခြင်း
    အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။
    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။
    အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊
    ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။
    အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
    ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။
    အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
    မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။
    အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
    ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။
    အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
    ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။
    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။
    ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ ((အာပတ်)) အပြစ်သို့ရောက်ခြင်း
    အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။
    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
    အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊
    တာ တုယှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊
    ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။
    အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
    အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။
    အကြီး။ ။ အာမ အာဝုသော ပဿာမိ။
    မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။
    အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
    အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။
    အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
    ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။
    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
    မှီငြမ်းကိုးကား ။ ။ ဂေဇက်ရွာသဂျီး :mrgreen:

    • ဦးကြောင်ကြီး

      December 1, 2012 at 11:41 pm

      ဟိုတုန်းက သုံးခွမြို့ သုဿာန်ဆရာတော် ဟောတဲ့ ဆရာနှစ်မျိုးတရားအသံဖိုင်မှာ နာဖူးတာလေး ဆိုင်လို့ဒဂါဂျီးမိုက်ကယ်အောင်ပုကို ဆြာတော်ဦးကြောင် ဝေမျှချင်တယ်။ အာပတ်ဖြေတယ်ဆိုပြီး ဒဂါဂျီးရေးသလို လုံးကောက်ပါဠိစာရွတ်ပြီး ဒေသနာ တောင်းပန်တယ်။ ဒေသနာအကြားခံရသူ ကိုယ်တော်ကလည်း ပါဠိလို နောင်မလုပ်နဲ့ ပြောပီးပြီးသွားတယ်။ ဘာအပြစ်ကျူးလွန်ခဲ့လို့ ကျူးလွန်ခဲ့မှန်းလည်းမသိ၊ ကျူးလွန်ခဲ့သူကလည်း အတိအကျ ထုတ်မပြော ဒီလိုနဲ့ပဲ ပြီးသွားတယ်။ ပုထုဇဉ်မို့ ဝိနည်းအရ မိန်းမကို မိန်းမမြင်နေရင်ကို ပါစိတ်အာပတ် သင့်ပြီမို့ အချိန်မရှိလို့ အတိုချုံးတယ်ဆိုပေမဲ့ မူလရည်ရွယ်ချက် မဟုတ်တော့ဘူး။ ခရစ်ယာန်တွေ ဘုရားကျောင်းမှာ သူတို့ဘုန်းကြီးရှေ့ တဦးချင်း အာပတ်ဖြေတာကမှ အသေးစိတ်နိုင်အုံးမယ်။
      လောကမှာလည်း အပြစ်လုပ်ပြီးရင် ကိုယ့်အမှားကို ဖော်ထုတ် တောင်းပန်မှ ကြေအေးကောင်းမပေါ့။ အမှန်ဝန်မခံဘဲ ဝေဝေဝါးဝါး စကားတွေသည် စေတနာအရင်းမခံလို့ ပြသနာဖြေရှင်းခြင်း မမည်ဘူး။ မတတ်သာ အားမတန် မာန်လျှော့ခြင်းသာဖြစ်တယ်၊ အခွင့်ရတဲ့တချိန် နှစ်ဆတိုး ထပ်ကျူးလွန်မှာပဲ။ လက်ပန်းတောင်းတောင် အရေးမှာလည်း တောင်းပန်တဲ့ရဲတွေက တကယ်လုပ်ခဲ့တဲ့ ရဲတွေမဟုတ်ဘူး၊ အသုံးအနှုန်းမှာလည်း တာဝန်ယူ တောင်းပန်မှု မဟုတ်ဘဲ ဖြေရှင်းမှုသဘော ဖြစ်တယ်လို့ သတင်းမှာ ဖတ်ရတယ်။ ရဲကိုတောင် မထိန်းနိုင်ရင် စစ်တပ်ကိုပြောင်းလဲဖို့ဆိုတာ မေ့လိုက်ပါ….။

      • surmi

        December 2, 2012 at 9:56 am

        ရဲ အစစ်ရော ဟုတ်ပါ ့မလား
        ဝတ်စုံပြောင်းထားတာလား လို ့

  • cobra

    December 2, 2012 at 4:20 pm

    ဘုန်းကြီးတွေခဗျာလည်း အရိုက်ခံရတော့လည်းအရိုက်ခံရ
    တောင်းပန်တော့လည်းလက်ခံလိုက်ရ
    လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေတဲ့တိုင်းပြည်ပါလား နော်…………။

  • Mr. MarGa

    December 2, 2012 at 4:57 pm

    စစ်တပ်က တင့်ကားတွေပါ ခိုးလာမယ်လေ
    လောင်ချာ တင်ဆို နည်းတာပေါ့

    • Mr. MarGa

      December 2, 2012 at 5:02 pm

      အဲ
      တကယ့် အရေးအပါဆုံး လက်နက်ကို မေ့နေတယ်
      ဦးမာဃရဲ့ မိုးကြိုးသွားကို ယူခဲ့မယ်လေ

  • Wow

    December 3, 2012 at 11:07 am

    သူရို့အိမ်ဒွေ လောင်ချာနဲ့ထုပြီးမှ ဆောဒီးဆိုပြီး တောင်းပန်ဂျဒါပေါ့ :mrgreen:

  • Inz@ghi

    December 3, 2012 at 11:25 am

    အုံးအွမ် မပါဂျေး အုံးအွမ် မပါဂျေး။..

Leave a Reply