အင်တာနက်မီတာတပ်မယ်

ခင္ခDecember 1, 20121min1177

အင်တာနက်မီတာတပ်မယ်

GSM/WCDMA Internet မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်းပါ။

မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။

မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း

၁။ ယခုလင့်မှ Installer ကို Download ရယူပါ။
http://download.cnet.com/BitMeter-2/3000-2381_4-10398686.html

၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real Time bit/sec နဲ့ အနိမ့်အမြင့် ပြနေမှာပါ။ ပြီးရင် အဲဒီ Transparent Screen လေးပေါ်မှာ Right Click နှိပ်ပြီး Statistics Grid ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့ Browser လေးပေါ်က မိမိကြည့်လိုတဲ့ သုံးစွဲပြီး bit/sec ကို ကြည့်လိုက်ပါ။

၃။ ဒီ bit meter လေးက မိမိသုံးစွဲလိုက်တဲ့ Upload bit/sec နဲ့ Download bit/sec ကို အချိန်တိုင်း၊ နေ့ရက်လိုက်၊ နာရီလိုက် မိမိသုံးစွဲလိုက်တဲ့ Bit/sec ကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

၄။ Facebook တစ်ခုတည်းဖွင့်ကြည့်ရုံနဲ့ 1M/sec download ရှိပြီး ဆက်ကြည့်ရင်ကြည့်သလောက် Mbit/sec နှုန်းဖြင့် ဆက်လက်တက်နေမှာဖြစ်တာ တွေ့ရမှာပါ။

၅။ မိမိ ကြည့်နေကျ Website လေးတွေရဲ့ သုံးစွဲကျသင့်မည့် ငွေကို တွက်ကြည့်နိုင်ပါတယ်။

Myanmar Mobile Users Group
အေးချမ်းမွန်မှ Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

စမ်းသပ်လုပ်လိုသူများအတွက် ရည်ရွယ်လျှက်ပါ။

 

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

 

7 comments

  • myanmarcitizen

    December 1, 2012 at 4:18 pm

    အသံတွေဆူညံဆူညံကြားနေရလို့ အဲ့ဒီ bit meter လေးဒီနေ့On ထားပြီးသုံးကြည့်နေတာ။ 2 နာရီကနေ ခု 4 နာရီထိကို ခုလိုလာပြတယ်ဗျ

    Date Downloaded Uploaded Both Direction Avg. Download Avg. Upload
    Today 23.28 MB 6.46 MB 29.74 MB 282 bytes/sec 78 bytes/sec

    ကျွန်တော်က ADSL line နဲ့စမ်းထားတာပါ။

    • myanmarcitizen

      December 1, 2012 at 4:24 pm

      အာအကုန်လုံးပူးသွားပြီ။ အဲ့ဒါ တခြားဘာမှမလုပ်ပဲ facebook နဲက တစ်ခြားဆိုက်လေးနဲနဲပါးပါးကြည့်တာ။ တစ်ခြားဘာမှမလုပ်ဘူး

  • သခင် Mobile

    December 1, 2012 at 4:50 pm

    လက်တွေ့စမ်းသပ် ကြည့်လိုက်ပါ့မယ်။
    အခုလို ဝေမျှမှုအတွ့ ကျေးဇူးအထူးတင်ရှိပါတယ်။

  • ဦးကြောင်ကြီး

    December 1, 2012 at 8:06 pm

    အကယ်၍ မိုဗိုင်းလ်ဖုံး အင်တာနက် ကွန်နက်ရှင်ကို ကွန်ပြူတာနဲ့ ချိတ်ဆက်သုံးရင် ဟန်းဆက် ရော ကွန်ပြူတာပါ နှစ်ခုစလုံး ပြိုင်တူလည်နေလို့ ဘစ်ရေတွက်တဲ့အခါ နှစ်ခါလား တခါလား…။ စိတ်ကူးထဲ ဝင်လာလို့ မေးကြည့်တာပါ….။

  • မောင်ပေ

    December 1, 2012 at 9:55 pm

    လေးခင်ခပေးတဲ့ လင့်ခ်အတိုင်း စမ်းကြည့်ဦးမယ်ဗျာ
    ကျုပ်သုံးနေကြ အပလီကေးရှင်းလေးနာမည်က dodol phone တဲ့
    အဲဒါလေးလဲ မဆိုးဘူး
    ဖုန်းထဲ ထည့်ထားရင် အင်တာနက် ဘယ်လောက်သုံးတယ် ၊ ဖုန်းအဝင်အထွက် အချိန် ၊ မက်ဆေ့ အဝင်အထွက် အားလုံးကို ဇယားတွေနဲ ့အတိအကျ ဖော်ပြပေးတယ်
    1 myanmar mobile မှာ ရှာလို ့ရမယ် ထင်ပါတယ်

    • မင်းနန္ဓာ

      December 1, 2012 at 10:34 pm

      ဖုန်းထဲသုံးချင်ရင် ဘယ်လိုလုပ်ရမလဲ မေးမလို့ဟာ
      ကျေးဇူးပဲ ဦးခင်ခနဲ့ ကပေရေ
      ရှာလိုက်ဦးမယ်

  • uncle gyi

    December 1, 2012 at 10:24 pm

    အခုအတိုင်းဆိုကိုပေရဲ့dodol phoneကပိုကောင်းမယ်နဲ့တူတယ်သုံးပြီးသူများအမြန်ပြန်ဝေပေးကြပါဗျို့

Leave a Reply