အင်းလေးကန်သတင်း

petitelapineJuly 16, 20101min680

ာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခု စာရင်းဝင်ဖြစ်သည့် အင်းလေးကန်သည် ၂၀၀၈ ခုနှစ် နွေရာသီတွင် ရေပြင်ဧရိယာ ၄ဝ စတုရန်းမိုင် ရှိခဲ့ပြီး ၂၀၁ဝ ပြည့်နှစ် နွေရာသီတွင် ရေပြင်ဧရိယာ ၂ရ မိုင်သာ ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အင်းလေးကန်ရေပြင် တိမ်ကောလာရသည့် အကြောင်းအရင်းများတွင် ကန်ထဲတွင် နေထိုင်သည့် လူဦးရေ များပြားလာခြင်း၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ ကျွန်းမျောများ၊ စိုက်ခင်းများ များပြားလာခြင်းတို့ကြောင့် ရာသီဥတု ပြောင်းလဲလာကာ အင်းလေးဒေသ၏ အပူချိန်မြင့်တက်လာမှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။

“ဒီအင်းလေးကန်ကြီး တိမ်ကောလာရတာဟာ လူတွေကြောင့် ဖြစ်သလို ကန်ထဲကိုစီးဝင်တဲ့ ချောင်းတွေရဲ့ ရေတွေ လျော့နည်းလာတာတွေနဲ့ ရေဝေရေလဲဒေသတွေမှာ မြေသားအပေါ်ယံ အကာအကွယ် မရှိတာတွေကြောင့် မြေပြိုတိုက်စား ပြီး နုန်းပို့ချမှုကြောင့် ရေပြင်ဧရိယာ ကျဉ်းလာကြတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝစွာ မှီတင်းနေထိုင်နေကြတာကို တွေ့ရတယ်။ ဒီကန်ကြီး ဒီထက် တိမ်ကောလာမယ်ဆိုရင် အင်းလေးကန်ကြီးကို အမှီပြုပြီး ထုတ်လုပ်နေတဲ့ လောပိတ ရေအား လျှပ်စစ်စက်ရုံအတွက်ပါ အခက်အခဲတွေရှိလာနိုင်လို့ ဒီကန်ကြီးမတိမ်ကောအောင် ဝိုင်းဝန်းထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်”ဟု သစ်တောရေးရာဝန်ကြီးဌာနဝန်ကြီး ဦးသိန်းအောင်က ပြောကြားခဲ့သည်။

အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် ကာကွယ်ထိန်းသိမ်းရေး စီမံကိန်းများကို ချမှတ်ပြီး ၂၀၀ဝ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ ပထမငါးနှစ်စီမံကိန်း၊ ၂၀၀၅ ခုနှစ် မှ ၂၀၁ဝ ပြည့်နှစ်အထိ ဒုတိယငါးနှစ် စီမံကိန်းများကို ဒေသအာ ဏာပိုင် အဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာန၊ ဆည်းမြောင်းဦးစီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းလေးကန်၏ အလျားသည် ယခင်က ၃၆ မိုင် ရှိခဲ့ရာမှ ယခုအခါ ၁၁ မိုင်သာရှိပြီး အနံသည် ယခင်က ရှစ်မိုင်ရှိရာမှ ယခုအခါ လေးမိုင်သာ ရှိတော့သည်။ရေအနက်မှာလည်း မိုးရာသီတွင် ပေ ၂၀၊ နွေရာသီတွင် အနက် ၁၂ ပေထိ တိမ်ကောလာလျက်ရှိကာ လွန်ခဲ့သည့် နှစ် ၁၀ဝ ကျော်က ရှိခဲ့သည့် ရေပြင်ဧရိယာ ၁၀ဝ စတုရန်းမိုင်နှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းလာလျက်ရှိကြောင်း သိရှိရပါသည်။