၇၃နှစ်တဲ့လား

ဪနေလို့ရပါသေးပါရဲ့ဗျာလို့ပြောလိုက်ချင်ပါရဲ့ဗျာ

အနီ:ကပ်ဆုံးရင်ထဲကစကားတွေကိုအမြဲပြောခွင့်ရခဲ့ပေမဲ့

ဒီတခါအမေကြားခွင့်ရစေချင်ပါရဲ့

ငယ်စဉ်တောင်ကျေးကလေးဘဝကနေလူလားမြောက်အောင်ပျိုးထောင်ပေးခဲ့တာတွေ

ပြည့်စုံမှူတွေဝေးကွာနေစဉ်ကခေါင်းချင်းဆိုင် လက်ချင်းယှက်လောကဒဏ်ကိုရင်ဆိုင်ခဲ့တာတွေ

တဦးတည်းသောသားတယောက်ကို လူရာဝင်စေဖို့သင်ကြားပေးခဲ့ပုံတွေ

ဝင်ငွေ၃၅၀ဆိုတဲ့လခနဲ့ ရာကျော်တန်ပုဆိုးမှဝယ်ပေးခဲ့တာတွေ

အရွယ်ရောက်လို့လူလားမြောက်ခဲ့ပြီ:ပြည်ပသွားဖို့စီစဉ်ခဲ့စဉ်က

အဆင်ပြေစေဖို့လည်ပင်းကရွှေဆွဲကြိုးရောင်းပြီ:

သားဖြစ်သူရဲ့လမ်:ကိုဖြောင့်စေခဲ့တာတွေ

သူတိုးသမီ:နဲ့အတူပြန်လာတဲ့သားဖြစ်သူရဲ့အပြန်လမ်:ကိုဝမ်:သာအားရကြိုနေခဲ့တာတွေ

သားဖြစ်သူရဲ့ရင်သွေး၂ယောက်ကိုမငြိုမညင်ပြုစုစောက်ရှောက်ခဲ့တာတွေ

နှစ်တွေအတော်ကြာမှပြန်လာတတ်တဲ့သားကိုမျှော်နေတတ်တာတွေ

သားကြိုက်တတ်တဲ့ငါးဂျီ:ချပ်ခြောက်ကျော်နဲ့သားကိုထမင်းစားစေဖို့မျော်နေတတ်တာတွေ

တွေးမိလိုက်တိုင်းမနေ့ကလိုပါဘဲအမေ

အမေသွားရမဲ့လမ်:အတိုင်းတနေ့ကျနော်သွားရမှာမုချမလွဲပါအမေ

ဒါပေမဲ့အမေရယ်ဒီဘဝဒီခဏတာမှာ ဆုံရပေမဲ့အမေ့ကျေးဇူ:တွေကြီ:လှပါတယ်ဗျာ

ကျနော်ပြောချင်နေတဲ့ဒီစကားတွေ  အောက်စီဂျင်ဘူ:နဲ့အသက်ရှူနေတဲ့အမေကြားနိုင်သိနိုင်စေချင်ပါရဲ့

၇ရက်သားသမီ:များအားအစဉ်လေးစားလျှက်         မောင်အောင်

 

 

မန်:တလေးဂဇက်သူကြီ: ဦးခိုင်မိခင်ကွယ်လွန်ခြင်းအတွက် အထူးထပ်တူထပ်မျှဝမ်:နည်းကြေကွဲရပါကြောင်း

About koaung

ko cho has written 51 post in this Website..

မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်ဖွားတဦး ဖြစ်ပြီးအောင်မြင်နေတဲ့ company တခုမှာ ပျော်ရွှင်စွာ တာဝန်များ ထမ်းဆောင်လျှက်ရှိပါတယ် ကျမ်းမာကြပါစေ(လူ+စိတ်)