နေသွားပါဦးလား အမေရယ်

koaungDecember 1, 20121min14212

၇၃နှစ်တဲ့လား

ဪနေလို့ရပါသေးပါရဲ့ဗျာလို့ပြောလိုက်ချင်ပါရဲ့ဗျာ

အနီ:ကပ်ဆုံးရင်ထဲကစကားတွေကိုအမြဲပြောခွင့်ရခဲ့ပေမဲ့

ဒီတခါအမေကြားခွင့်ရစေချင်ပါရဲ့

ငယ်စဉ်တောင်ကျေးကလေးဘဝကနေလူလားမြောက်အောင်ပျိုးထောင်ပေးခဲ့တာတွေ

ပြည့်စုံမှူတွေဝေးကွာနေစဉ်ကခေါင်းချင်းဆိုင် လက်ချင်းယှက်လောကဒဏ်ကိုရင်ဆိုင်ခဲ့တာတွေ

တဦးတည်းသောသားတယောက်ကို လူရာဝင်စေဖို့သင်ကြားပေးခဲ့ပုံတွေ

ဝင်ငွေ၃၅ဝဆိုတဲ့လခနဲ့ ရာကျော်တန်ပုဆိုးမှဝယ်ပေးခဲ့တာတွေ

အရွယ်ရောက်လို့လူလားမြောက်ခဲ့ပြီ:ပြည်ပသွားဖို့စီစဉ်ခဲ့စဉ်က

အဆင်ပြေစေဖို့လည်ပင်းကရွှေဆွဲကြိုးရောင်းပြီ:

သားဖြစ်သူရဲ့လမ်:ကိုဖြောင့်စေခဲ့တာတွေ

သူတိုးသမီ:နဲ့အတူပြန်လာတဲ့သားဖြစ်သူရဲ့အပြန်လမ်:ကိုဝမ်:သာအားရကြိုနေခဲ့တာတွေ

သားဖြစ်သူရဲ့ရင်သွေး၂ယောက်ကိုမငြိုမညင်ပြုစုစောက်ရှောက်ခဲ့တာတွေ

နှစ်တွေအတော်ကြာမှပြန်လာတတ်တဲ့သားကိုမျှော်နေတတ်တာတွေ

သားကြိုက်တတ်တဲ့ငါးဂျီ:ချပ်ခြောက်ကျော်နဲ့သားကိုထမင်းစားစေဖို့မျော်နေတတ်တာတွေ

တွေးမိလိုက်တိုင်းမနေ့ကလိုပါဘဲအမေ

အမေသွားရမဲ့လမ်:အတိုင်းတနေ့ကျနော်သွားရမှာမုချမလွဲပါအမေ

ဒါပေမဲ့အမေရယ ်ဒီဘဝဒီခဏတာမှာ ဆုံရပေမဲ့အမေ့ကျေးဇူ:တွေကြီ:လှပါတယ်ဗျာ

ကျနော်ပြောချင်နေတဲ့ဒီစကားတွေ  အောက်စီဂျင်ဘူ:နဲ့အသက်ရှူနေတဲ့အမေကြားနိုင်သိနိုင်စေချင်ပါရဲ့

ရရက်သားသမီ:များအားအစဉ်လေးစားလျှက်         မောင်အောင်

 

 

မန်:တလေးဂဇက်သူကြီ: ဦးခိုင်မိခင်ကွယ်လွန်ခြင်းအတွက် အထူးထပ်တူထပ်မျှဝမ်:နည်းကြေကွဲရပါကြောင်း

12 comments

  • သခင် Mobile

    December 1, 2012 at 7:51 pm

    (ရွာသားတစ်ယောက် အနေဖြင့် (သို့မဟုတ်) သားတစ်ယောက်ဖြစ်တဲ့ လူသားတစ်ယောက်အနေဖြင့်
    ထပ်တူထပ်မျှဝမ်းနည်းကြေကွဲးရပါကြောင်း ။ )

  • မောင်ပေ

    December 1, 2012 at 8:46 pm

    ၇၃ ဆိုတာ နေဖို ့ကျန်ပါသေးတယ်ဗျာ
    အန်ကယ်အောင့် အမေ အမြန်ဆုံး ကျန်းမာလာပါစေ
    သားတွေ မြေးတွေ မြစ်တွေနဲ ့ နောက်ဆယ်နှစ်မက ပျော်ရွှင်နိုင်ပါစေဗျာ

  • ဦးကြောင်ကြီး

    December 1, 2012 at 8:50 pm

    ကိုအောင်
    ထိုကြောင်
    ဆိုသယောင်
    အပျိုရှောင်
    လျှိုဖျောင်
    မအိုပေါင်
    လိုနောင်
    အပိုဆောင်..။

  • နေနိုင်ဦးမှာပါ ဦးအောင်ရယ် …
    စိတ်မကောင်း မဖြစ်ပါနဲ့ …
    ဒီလို ပြောတာ ကိုယ်ချင်း မစာလို့ မဟုတ်ဘူးနော် ..
    ဦးအောင်ကို အားပေးတာပါ ..
    ဦးအောင်ရဲ့ ကျေးဇူးရှင်မိခင်ကြီး ပြန်လည် ကျန်းမာလာပြီး
    ချစ်သော မိသားစုတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ …

    • koaung

      December 3, 2012 at 4:50 pm

      သခင် Mobile
      ကိုပေ
      ဦးကြောင်ကြီး
      မဟာရာဇာ အံစာတုံး
      ဝိုင်းဝန်းဖေးမအားပေးသူများကျေးဇူးတင်ရှိပါ၏ လောလောဆယ်ဆေးရုံမှာ အခြေအနေပြန်လည်ကောင်းမွန်လာပါကြောင်း နှလုံးရောဂါပါဗျာ အမောဖောက်တာပါ

  • MaMa

    December 3, 2012 at 7:40 am

    အမေကို နေစေချင်သေးတဲ့ စေတနာကို ခံစားမိပါတယ်။
    ကိုယ်ချင်းလည်း စာပါတယ်။
    ဒါပေမယ့် ကိုယ်လုပ်လို့ မရတာကိုတွေးပြီး စိတ်ပူနေမယ့်အစား…..
    ဖြစ်နိုင်ရင် အမေကို ဘာဝနာပွားဖို့ သတိပေးပေးပါ။
    ကိုယ်တိုင်လည်း အမေနားမှာနေရင်း မေတ္တာသုတ် ရွတ်ပေးပါ။
    တရားစာအုပ်ဖတ်ပြတာမျိုး၊ တရားခွေဖွင့်ပေးတာမျိုးတွေ လုပ်ပေးပါ။
    သာမဏေကျော် ရေးတဲ့ အခက်အတွက် လက်နက်ကောင်းဆိုတဲ့ စာအုပ်မှာတော့….
    မှန်ရာကို သစ္စာဆိုပြီး ဆုတောင်းရင် ထက်မြက်ပါတယ်။
    ကိုအောင်ရဲ့ အမေ ရောဂါဝေဒနာများမှ ပျောက်ကင်းချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

  • kyeemite

    December 3, 2012 at 11:32 am

    ကိုအောင်ရဲ့ အမေ ရောဂါဝေဒနာများမှ ပျောက်ကင်းချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

  • kai

    December 3, 2012 at 2:36 pm

    ဝမ်းနည်းကြောင်းရေးပေးတာလေးအတွက်.. အသိအမှတ်ပြုပါကြောင်း ပြောလိုပါတယ်နော..
    ဆိုတော့..
    မိခင်..
    ရင်ထဲမှာ.. မသေပါဘူး..
    ရှိနေပါတယ်..
    ရှိနေပါစေ.. လို့..။

  • surmi

    December 3, 2012 at 2:41 pm

    အမေဆိုတာအားလုံးရဲ ့ အမေပါပဲ
    ထပ်တူထပ်မျှပါကိုအောင်ရေ …….

  • koaung

    December 3, 2012 at 5:04 pm

    MaMa
    kyeemite
    kai
    surmi ဟုက်ကဲ့အမေကရန်ဂုံမှာပါ ကျနော်အားလုံးကိုစိတ်အနှောက်အယှက် ဖြစ်သွားရင်ခွင့်လွှတ်ကြပါဗျာ ကျနော်ကဖုံးနဲ့ဘဲ
    ဆက်သွယ်နေရတာပါ အလုဎ်များတတ်တဲ့ကျနော် တခုခုများဖြစ်ရင်ပြန်ဘို့တောင်ခက်နိုင်တာတွေးမိပြီး စာရေးတင်လိုက်မိတာပါ
    ခွင့်လွှတ်ကြပါဗျာ အစဉ်လေးစားလျှက်

  • အရီးခင်လတ်

    December 3, 2012 at 6:22 pm

    ကိုအောင်ရေ

    ပြည်တော်ပြန်ပြီးတိုင်း ဖြစ်လာရတဲ့ ခံစားချက် ကို ကျွန်မ အင်မတန် ကိုယ်ချင်းစာပါတယ်။
    ကျွန်မ လဲ အိမ်ကပြန်လာတိုင်း နင့်နင့်နဲနဲ အမြဲ ခံစားရတယ်။
    နှစ်တိုင်းလဲ ပြန်နိုင်တာမဟုတ်။
    အမေချစ်တဲ့ သား မို့ အမေ လဲ ဒီသားအတွက် ဆက်ပြီး အသက်ရှည် နေဦးမှာလို့ ကျွန်မ ယုံကြည်ပါတယ်။
    အမြန်ပြန်ပြီး နေကောင်းလာပါစေရှင်။

    ဒါထက် သမီးချောလေး ရော မြန်မာပြည်မှာ ပျော်လား။
    သူတို့ ပျော်ရင် နှစ်တိုင်း ပြန်လို့ ရတာပေါ့။
    UK က ထုတ်တဲ့ research သတင်း တစ်ခုမှာ ဒီနှစ် ဟောင်ကောင် က ကမ္ဘာ့ပညာရေးမှာ တတိယ ဆိုဘဲ။
    ယူကေက နံပါတ် ၆ ကို ဒီက လူတွေ က တော့ သူတို့ဟာသူတို့ ဟားနေလေရဲ့။
    ယေဘူယျ မှာကလေးတွေ common sense ညံ့လာတာ ကို သိနေ မြင်နေရက်နဲ့ ထိပ်တက် နေလို့ ဆိုဘဲ။

  • koaung

    December 3, 2012 at 8:26 pm

    လေးစားရပါသောအမလတ်ခင်ဗျား ကျေးဇူးပါပြောရရင်ဒီနေ့ဘဲ ကျနော်တို့ကမ်ပနီက တိုင်ပေမှာ စက်ရုံတခုထပ်ဖွင့်တယ် ဒီ၂ရက်အိမ်
    ကိုဖုံးပြန်မဆက်ဖြစ်သလို မဆက်ရဲဘူး(စိတ်ထဲမှာဆက်ရမလိုလို လိုလိုနဲ့)မဆက်လို့ကလဲမရ ညနေပိုင်းဆက်လို့အခြေအနေကောင်းသွား
    ပါတယ်ဆိုမှ ဟီးချမိတယ် ( အကြောင်းမညီညွတ်လို့ဘောင်းဘီဝတ်ပြီး) ပြည်ပမှာရောက်နေသူတိုင်း ဖြစ်တတ်ပါတယ် အမေချစ်တဲ့သား
    (ဒီစာလုံးကျနော်အရင်ကစာတိုက်ကနေစာရေးတိုင်း အောက်ဆုံးမှာရေးတတ်တယ်)
    မှတ်ချက် အမေချစ်တဲ့သား(သူများထက်မောတယ်)
    သူရဲ့ဇနီးကအမြဲပြောတယ်(အားလုံးကောင်းတယ် တခုခုလိုနေသလိုဘဲတဲ့) (နံပတ်၁မဖြစ်ရလို့ဒဲ့)
    တတ်နိုင်ဘူးဗျာ (ကျနော်ကလဲပြောလိုက်တယ် နောက်ဘဝများရှိခဲ့ရင်ငါ့အမေလုဎ်လို့)(( နောက်တာပါဗျာ))
    ကလေးတွေကခရီးသွားတာကြိုက်ကြပါတယ် မွေးကင်းစ၂လကျော် မြန်မာပြည်ခေါ်လာပြီးကျနော့အမေကိုထိမ်းခိုင်းတာ (မြန်မာပြည်ကအိမ်ကပိုကြီးပြီးဒီပြင်ကူတဲ့လူတွေရှိလို့ပါ) ကလေး၂နှစ်ကျော်မှာမှ ပြန်ခေါ်တာ ၂ယောက်လုံးဘဲ အခုသူဒို့၁ဝနှစ်ကျော်မှပြန်ခေါ်လာတာ ဒါမှလဲကျနော်ဒို့ ၂ယောက်လုံးအလုဎ်ကောင်းကောင်းလုဎ်ရအောင်ပါ (စာသင်စားရိတ်အကြီး
    ဆုံးဘဲဗျာ) ဟုတ်တယ်ဗျာ တိုးတက်တဲ့နိုင်ငံတိုင်းက အမှန်ကိုပြောရဲသလို ကိုယ်ဘယ်အဆင့်ရှိတယ်ဆိုတာသိကြကြေညာတတ်ကြ
    တယ် (ဒါကြောင်မို့တိုးတက်တာ)

Leave a Reply