စဉ်းစားကြစေလိုပါတယ် ( ၄၃ ) ( ဝမ်ပေါင် )

Foreign ResidentDecember 2, 20121min19220

စဉ်းစားကြစေလိုပါတယ် ( ၄၃ )

( ဝမ်ပေါင် )

 

၁ ။

ဒီ စီမံကိန်းဟာ အိုင်ဗင်ဟို နှင့် အစိုးရ သတ္တုတွင်း ဝန်ကြီး ဋ္ဌာန ပူးပေါင်း စီမံကိန်း ။

အဲဒီအတွက် EIA ၊ SIA အားလုံး အိုင်ဗင်ဟို ကလုပ်ခဲ့ပါတယ် ။

အိုင်ဗင်ဟို ရှုံးတယ် ၊ ဆက်မလုပ်နိုင်ဘူး ။ သူ့ ရှယ်ယာ ကို ရောင်းတယ် ။

 

၂ ။

ထုံးစံအတိုင်း သတင်း အဆက်အသွယ်ကောင်းတဲ့ ဦးပိုင် ဝင်လာတယ် ။

စာချုပ်ထဲမှာတော့ အိုင်ဗင်ဟို ရှယ်ယာ ကို ဦးပိုင် က ဝယ်တယ် ။

တကယ့်တကယ် ပိုက်ဆံချေရတော့ ဝမ်ပေါင်ကပဲ အပြည့် ချေရတယ် ။

 

၃ ။

အကျိုး အမြတ်ကျတော့

ငွေ အရင်းအနှီး ပြန်နှုတ်ဖို့ နှင့် လုပ်ငန်း စရိတ် က ၅၅ % ( ဘာမှ ပြောစရာ မရှိ )

အစိုးရ ( သတ္တုတွင်း ဝန်ကြီး ဋ္ဌာန ) က ၁၅ % ( ထားပါ သူက အစိုးရ မို့လို့ )

ဝမ်ပေါင်က ၁၅ % ( သူက ငွေ အား ၊ လူ အား ၊ နည်းပညာအား ရင်းရတယ် )

ဦးပိုင်က ၁၅ % ယူတယ် ( ဘာမှ တော့ ရင်းတာ မတွေ့ဘူး ) ။

 

နောက်ဆုံး ထပ်တက်လာတဲ့

Wiki Leak က သတင်းတွေ အရ ၊

 

ဝမ်ပေါင်က ပေးရတဲ့ ငွေက ၊

အိုင်ဗင်ဟို ကုမ္ပဏီကို US$ သန်း ၂၅ဝ ။

သတ္တုတွင်း ကို ပြန်မွမ်းမံ ရတာက US$ သန်း ၁၀ဝ ။

ဦး တေဇ ကို ပွဲခ ( ပွဲခ ) ပေးရတာက US$ သန်း ၅ဝ တဲ့ ။

 

ဦး တေဇ နာမည်ခံတဲ့ ပွဲခ US$ သန်း ၅ဝ က ၊

ဦး တေဇ တစ်ယောက်ထဲ ရတာလား ။

တစ်ခြားသူတွေကို ဝေရသေးလား မသိဘူး ။

အင်း ၊ ဦး တေဇ ပါတယ်ဆိုတော့ ၊ – – – – – လဲ ပါပုံရတယ် ။

 

” using regime crony Tay Za as a broker. Ford told us

the Chinese agreed to pay USD 250 million for the mine and

equipment, USD 50 million to Tay Za in consulting fees, and

an additional USD 100 million to upgrade the mine. ”

 

<http://wikileaks.org/cable/2009/01/09RANGOON20.html>

 

ဦးပိုင် က ဘာမှ မရင်းပဲ နှစ်စဉ် ၁၅ % အမြတ် ယူတယ် ။

ဦးတေဇ ( နှင့် သူ့ ဆရာ တွေ ) က လေ ရင်းပြီး US$ သန်း ၅ဝ ယူတယ် ။

 

တော်တော် ဟုတ်တဲ့ သူတွေ ။

အကယ်၍ အမေစုတို့ ကော်မရှင်က စစ်လို့ ၊

လယ်သမားတွေ ကိုလျော်ကြေး ထပ်ပေးရမယ်ဆိုရင် ၊

ဝမ်ပေါင် ကို လုံးဝ ( လုံးဝ ) လျော်ခိုင်းမနေနှင့် ၊

နင်တို့ ဦးပိုင် နှင့် ဦးတေဇ ပေါင်းလျော်ကြ ။

 

တော်သေးဘီ ။

 

အဘ ဖေါ  ( FR ) ။

 

20 comments

  • ဦးဦးပါလေရာ

    December 2, 2012 at 12:08 pm

    ကြည့်ရတာ အဘဖေါ မြန်မာပြည် ပြန်မလာတော့ဘူးထင်တယ်…
    :harr:

    ကြေးနီတောင်နဲ့ ဝမ်ပေါင်ကိစ္စမှာ ပြောချင်တာတွေများလွန်းလို့
    (ဘယ်သူနဲ့မှလဲ သဘောမတိုက်ဆိုင်မှာမို့)
    ဘာမှ မပြော မမန့်ပဲ နေခဲ့တာ….
    ဒီပိုစ့်မှာတော့ ပိုစ့်ရေးသူကိုအားမနာတာမို့ နောက်ပိုင်းမှာ နဲနဲ ဝင်ပြောပါဦးမယ်…
    လောလောဆယ်တော့ သူများကို ဦးစားပေးပါတယ်…။
    😀

  • ဦးကြောင်ကြီး

    December 2, 2012 at 1:33 pm

    ဝမ်ဘိုးဘိုးလား ဝမ်ပေါင်လား wan baoခေါင်းစဉ်နဲ့တောင် ရေးပြီးသွားပြီ။ ဦးဖောပို့စ်က ဦးသွားတော့လည်း.. ရေငန်ပိုင် ဦးဖောပြောတဲ့ ဝမ်ပေါင်စာချုပ်ပါ အချက်အလက်များဖတ်ပြီး လက်ပန်းတောင်း ကြေးနီတောင် စီမံကိန်း အကျိုးအမြတ် ခွဲဝေမှုကနေ စဉ်းစားမိတယ်။ အရင်က မှတ်ဖူးတာ ရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ သန်းတထောင် (တဘီလျံ)၊ ကြေးနီသိုက်တန်ဖိုး ဒေါ်လာ၄၆ဘီလျံ ခန့်မှန်းခြေ ဆိုလားပဲ။ ဦးဖောပြောတာ အရင်းအနှီးနဲ့ လုပ်ငန်းစားရိတ် ၅၅% အစိုးရ၊ ဦးပိုင်နဲ့ ဝမ်ပေါင်တို့က ၁၅%စီ လုပ်ထားတယ်။ ဝီကီလိခ် သတင်းအရ မူလ ကန်ထရိုက်တာ ကနေဒါကုမ္မဏီ အိုင်ဗင်ဟိုးကို ပေးရတာ ဒေါ်လာသန်း၂၅၀၊ သတ္တုတွင်းပြန်မွမ်းမံခ သန်း၁၀၀၊ ဦးတေဇပွဲခ သန်း၅ဝ စုစုပေါင်း ဒေါ်လာသန်း၄၀ဝ ကနဦး ကုန်ကြတယ်။
    ဝမ်ပေါင်ကုမ္မဏီက ရာနှုန်းပြည့် ပိုင်တယ်ထင်ပါတယ်။ အကျိုးအမြတ် ခွဲပေးရမှာမို့ မြန်မာဖက်က ၃၀% သေချာနေပြီ။ ကျန် ၅၅%ကို ဘယ်လိုသတ်မှတ်သလဲ။ အလုပ်သမားစားရိတ်၊ အခွန်အခဆိုတာ မြန်မာဖက်က ရတာသေချာတယ်။ စက်ပစ္စည်း၊ ဓါဓုဗေဒကွန်ပေါင်း အက်ဆစ်ဆေးရည်၊ နည်းပညာ အပျော့ထည် အမာထည်၊ ပညာရှင်လစာ၊ စီမံခန့်ခွဲကြေးတွေ တရုတ်လက်ထဲမှာဆိုရင် လုပ်ငန်းလည်ပတ်မှု စားရိတ်၅၅%ကို တဝက်စီ အကြမ်းမျဉ်းဆိုပါစို့။ ဟုတ်တယ်ဆိုရင် ၄၆ x .၅၅ = ၂၅.၃ ရဲ့တဝက် ၁၂.၆၅ ဒေါ်လာဘီလျံစီရမယ်။
    မြန်မာအတွက် စုစုပေါင်း ၂၇.၅%+၁၅%+၁၅% = ၅၇.၅% ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ တန်ဖိုးအားဖြင့် ၄၆x ဝ.၅၇၅ = ၂၆.၄၅ဘီလျံဒေါ်လာ။ စဉ်းစားရမှာ ဝမ်ပေါင်က ရသွားတဲ့ သတ္တုတွေသည် ဈေးကွက်ပေါက်ဈေး ဟုတ်ရဲ့လား။ ဘယ်လိုအခြေခံ တွက်ယူသလဲ။ သူကနေ တရုတ်အစိုးရကို ပြန်ရောင်းဈေး ထားတွက်တယ် ဆိုရင် အခြေအနေ မကောင်းဘူး။ ညီအကို သားအဖ ထရန်စဖာနှုန်း လက်လွှဲဈေးနဲ့ သင့်ဖို့များတယ်။ တန်ရာ တန်ကြေးထက် အများကြီး နဲနေလိမ့်မယ်။ ပတ်ဝန်းကျင် ပျက်သင့်တာထက် ပိုပျက်၊ နည်းပညာ အဆင့်မမြင့်၊ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးရမှု စတဲ့ရှုဒေါင့်တွေ ထပ်ပေါင်းရင် မိအေးနှစ်ခါ နာမှာမိုလို့ သတ္တုရိုင်း ဈေးကနေ စကြည့်သင့်တယ်။ စက်တွေသွင်းလာတဲ့အခါ တပတ်ရစ်တွေ ခေတ်မမှီတော့တာတွေကို တန်ဖိုးမြှင့် စာရင်းပြ၊ ပတ်ဝန်းကျင် ထိခိုက်စေတာမျိုးတွေ နိုင်ငံခြားကုမ္မဏီများ လုပ်တတ်တယ်။ ဝမ်ပေါင်ကုမ္မဏီကတော့ ဦးပိုင်နဲ့ပေါင်းရိုက်တာမို့ ဖြစ်နိုင်ခြေ ပိုများတယ်။
    များသောအားဖြင့် ကနဦးလိုငွေကို ဘဏ္ဍာရေးဈေးကွက်မှာ စတော့၊ ဘွန်းတွေရောင်းပြီး ငွေရှာရင်ရှာ မရှာရင် ဘဏ်တွေဆီက ငွေချေးတာပဲ။ အခုဟာက တရုတ်အစိုးရနဲ့ ဆိုင်တယ်ဆိုတော့ တရုတ်ဘဏ်တွေက ငွေကြေး ပေးပါမယ်။ အဲဒီချေးငွေ တိုးရင်းပေါင်းကို ရင်းနှီးလည်ပတ်စားရိတ် ၅၅%ထဲက ပေးတာဆိုရင် တရုတ်ဘဏ်ပါ ဝေစုရတယ်။ သာမန်ကြည့်ရင် တရုတ် ၁၅%ပဲ။ ဘဏ်ခ ဘယ်လောက် ဆော်သလဲ စာချုပ်ပြမှပဲ သိခွင့်ရမှာပါ။ အခုတော့ မှန်းသမ်းလို့ပဲရမယ်။ ဒီကြားထဲ အိုင်ဗင်ဟိုးနဲ့ ဝမ်ပေါင် လက်ပြောင်း လက်လွှဲကာလ တူးဖော်ဆဲ သတ္တုတွေ အပျောက်ရိုက်လို့ ဒေါ်လာသန်းဆယ်ဂဏန်း အမှုလည်း ရှိနေတယ်။ ဦးတေဇကရော သန်းငါးဆယ် အပြီးလား။ ထပ်မယူလည်း တနေရာရာကနေ ဆပ်ကန်ထရိုက် ဝင်ဆွဲအုံးမှာပဲ။ အစောပိုင်းကာလ တိုတယ်၊ ယူနီကောင်းလ် ကမ်းလွန်ရေနံခေတ်မှာ ဒေါ်လာသန်းချီ ပွသွားတဲ့ ခရိုနီလေးတွေ တပုံကြီး။ ထမင်း ကန်ထရိုက်၊ အလုပ်သမား ကန်ထရိုက်တွေနဲ့တင် သိန်းထောင်ချီမြတ်တယ်။
    ဒီတော့ဗျာ ပါးပါးလေးတွေးချင်တယ်..
    ၁။ သတ္တုရိုင်းတတန် ဘယ်ဈေး ဘယ်လိုအခြေခံ သတ်မှတ်လဲ..
    ၂။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ နည်းပညာလွှဲပြောင်းမှု၊ ဒေသခံအကျိုးစီးပွား…
    ၃။ အမြတ်ခွဲဝေမှု ရာခိုင်နှုန်း.. (က) ရင်းနှီးလည်ပတ်စားရိတ် ၅၅% (ခ) အမြတ် ၄၅%
    (က) ဘယ်နေရာတွေမှာ ဘယ်လို ရင်းနှီးတာလဲ၊ ငွေအရင်းအမြစ်နေရာနဲ့ ရေတိုရေရှည် ကုန်ကျစားရိတ်၊ ငွေရှင်တွေရဲ့ဩဇာ၊ အသုံးစားရိတ် တိကျမှု တရားမဝင် ကော်မရှင်ကြေးတွေ အဲဒီမှာ ရှိဖို့များတယ်။
    (ခ) အမြတ်၁၅%စီ အမှန်တကယ်လား၊ ဟန်ပြလား။ ကျွန်းသစ်လုံးလို ပေါချောင်ကောင်းဆိုရင် လက်သမား လက်ခလျှော့ပြီး ပစ္စည်းဖိုး ပြန်ဝှိုက်တာနဲ့ အတူတူပဲ။
    ၄။ အစိုးရ၊ ဒေသခံ အဖွဲ့အစည်းများ အာဏာသက်ရောက်နိုင်စွမ်း။ များလွန်းရင် လုပ်ငန်းခွင် အနှောက်အယှက် ဖြစ်သလို နဲပြန်ရင်လည်း အိမ်ပေါ်တက် ချီးအပါခံရတာနဲ့ မထူးဘူး။ လိုအပ်တဲ့ ဥပဒေစည်းမျဉ်းတွေ ရှိရဲ့လား၊ ခေတ်နဲ့အညီ ဖြစ်ရဲ့လား၊ ဒဏ်ငွေလေး တသောင်း နှစ်သောင်းဆို လူရယ်စရာဂျီး….။

    • Foreign Resident

      December 2, 2012 at 2:09 pm

      ဦးကြောင် ရဲ့ ။
      မှန်တာပြောရရင် ၊ ဝမ်ပေါင် ကိုလည်း ကောင်းတယ် မထင်ပါဘူး ။
      ပြည်မကြီး တရုတ်တွေ ဆိုကတည်းက ၊ မယုတ် ရင်တောင် ၊
      တော်တော် ရိုင်းပြီး ၊ တော်တော် ရမ်းမဲ့ ကောင်တွေပါ ။

      သဘာဝ ပါတ်ဝန်းကျင်ကတော့ အများကြီး မမျှော်လင့်ပါဘူး ၊
      နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ပြီး ၊ မကိုက်လို့ အိုင်ဗင်ဟို ထွက်သွားတာပဲ ။
      နောက်ပြီး ဒီ ပြည်မကြီး တရုတ်တွေက သူ့တိုင်းပြည်ထဲမှာကို သောက်ရမ်း လုပ်နေတာ ။
      ကိုယ့်တိုင်းပြည်ကျမှ ကွက်ပြီး သောက်ရမ်းလာ လုပ်နေတာမှ မဟုတ်တာ ။

      ဝမ်ပေါင် ကလည်း အသာကြီး နှင့် စာချုပ်ချုပ်မှာ သေချာပါတယ် ။
      စီးပွားရေး ကုမ္ပဏီပဲ မသာရင် ဘယ်လုပ်ပါ့မလဲ ။

      ဆိုလိုရင်းက စီးပွားရေး ကုမ္ပဏီ အမြတ်ရှာတာ ဘာထူးလဲ ၊
      ဘာမှ စိတ်ဆိုးစရာ မရှိဘူး ။ သူ့ အလုပ် သူလုပ်တာ ။

      မှန်တာပြောရရင် ၊
      ကိုယ့်ခြံစည်းရိုး ကိုယ် ပက်ပက်စက်စက် ထင်းခွေတဲ့သူတွေကမှ ၊
      ပို မုန်းဖို့ ကောင်းတယ် ဆိုတာကို ပြောချင်တာပါ ။

      ဆက်ပြောလဲ ဘာမှ ထူးမယ် မထင်ပါဘူး ။
      အခု Face Book ထဲမှာ ထပ်ကြားနေရတာက ၊
      ဝမ်ပေါင် ရဲ့ မိခင် ကုမ္ပဏီ နိုရင်ကိုက ထုတ်တဲ့ တင့်ကားတွေကို ၊
      အစိုးရက ဝယ်တယ် ပြောနေကြတာပဲ ။
      နောက်ပြီးတော့ ဦးပိုင်မှာ အဓိက မြတ်တဲ့ လုပ်ငန်းက ၊
      ဒီ လက်ပန်တောင်း ၊ မြန်မာ ဘီယာ ၊ စသဖြင့် ( ၃ / ၄ ) ခုလောက်ပဲ ရှိသတဲ့ ။
      အဲဒီတော့ ဒီ လက်ပန်တောင်း က အမြတ်က ဦးပိုင် အတွက် ၊
      အရမ်း အရေးကြီးတယ် ၊ လက်လွတ်လို့မရဘူးတဲ့ ၊ ပြောနေကြတာပဲ ။

      အဲဒီတော့ လက်ပန်တောင်း ကိစ္စက ဒီလိုနှင့်ပဲ ညှိနှိုင်းပြီး ပြီးသွားမှာပါ ။
      စစ်တပ်ကို မခံ မရပ်နိုင်တဲ့အထိ စိတ်ဆိုးအောင်လုပ်လို့ ဘယ်ရမလဲ ။
      အမေစု ကြည့်လုပ် / ထိန်းလုပ်ပါလိမ့် မ ဗျာ ။

  • မောင်ပေ

    December 2, 2012 at 2:24 pm

    ရေငံပိုင်ဦးဖောရေ
    ဟိုဘက် ရွာစားပို ့စ် ထဲက ကွန်မင့်ထဲကလို
    ဟူဂိုချာဗက်ဇ် ထုံး နှလုံးမူစေချင်တော့တာပါပဲ

    • Foreign Resident

      December 2, 2012 at 2:54 pm

      ကိုပေ ရဲ့ ။
      အခုလေးတင်ပဲ သွားကြည့်ပြီး ပြန်မန့်ခဲ့ပြီ ။
      တကယ့် တကယ် လုပ်လို့ မလွယ်ပါဘူးကွယ် ။
      ဗင်နီဇွဲလားလို တရုတ် နှင့်ပဲ ဆက်ဆံချင်ရင်တော့ လုပ်ပေါ့ ။

      Quote
      ဘယ့်နှယ် လျော်ကြေးဆိုတာ မရှိ ရမှာလဲ ။
      အဲဒီ ထဲမှာရေးထားတဲ့ ” Sovereign Guarantee နဲ့ State Bank Guarantee ” ဆိုတာ ၊
      မမှန်မကန်လုပ်ရင် ပေးလျှော်ပါ့မယ် လို့ ပြောထား Guarantee ပေးထားရတာ ။

      အဲဒါကို ” ငါးပြားမှမတန်ပါဘူး ” ဆိုပြီး မလိုက်နာပဲ နေကြည့်ပါလား ။
      မြန်မာပြည်ရဲ့ Credit Rating စသဖြင့် အကုန်ထိုးကျသွားမယ် ။
      မြန်မာပြည် ဟာ Default State ဆိုလား ၊ မယုံကြည်ရတဲ့ နိုင်ငံ ဖြစ်သွားမယ် ။

      အဲဒီမှာ ဘာဖြစ်လာမလဲ ဆိုတော့ ၊
      မြန်မာပြည်မှာ အလုပ်လုပ်ရင် Insurance က Cover မပေးတာ ဖြစ်လာမယ် ။
      Insurance က Cover မပေးလို့ကတော့ ၊
      မြန်မာပြည် ကို ဘယ် ဂုဏ်သိက္ခာ ရှိတဲ့ ကုမ္ပဏီမှ လာလို့ကို မရတော့ဘူး ။

      အမေစုတို့ သိတာပေါ့ ၊ အမေစု ဆီမှာလဲ ပညာတတ် အကြံပေး အဖွဲ့ ရှိတာပဲ ။
      ဒါကြောင့် အမေစု ကိုယ်တိုင်က စာချုပ်တွေ လိုက်နာရမယ်လို့ ပြောနေတာ ။

      နောက်ပြီးတော့ ” စာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ် ” ဆိုတဲ့ ကိစ္စ ၊
      အဘ တို့ Marine Trading နှင့် Insurance တွေမှာလဲ အဲဒီဟာတွေ ပါပါတယ် ။
      ဒါပေမယ့် ၊ ဘယ်စာချုပ်မှာမဆို ၊
      စာချုပ်ထဲမှာ ထည့် / တွဲ ထားတဲ့ Clause က Over-rule အာဏာပိုကြီးပါတယ် ။

      ဥပမာ အဘ တို့ BL မှာဆိုရင် Peril ( သဘာဝ ဘေးဒါဏ် ) ဖြစ်ရင် မလျော်ဘူး ၊ ပုံမှန်ပဲ ။
      ဒါပေမယ့် Peril ( သဘာဝ ဘေးဒါဏ် ) ဖြစ်ရင်လဲ လျော်ပါ့မယ် ဆိုပြီး Clause ထပ်ထည့်လိုက်ရင် ၊
      Peril ( သဘာဝ ဘေးဒါဏ် ) ဖြစ်ရင်လဲ လျော်ရတော့မှာပဲ ။

      ဆိုလိုတာက ၊ မူရင်းစာချုပ်ကို မမြင်ရပဲ နှင့် ဘာမှ ပြောလို့ မရပါဘူး ။
      လောလောဆယ်တော့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ၊
      မြစ်ဆုံ မဖြစ်ရင် ၊ ၃ ဘီလျှံ လျော်ရမယ် လို့ ပြောသွားတာပဲ ။
      သူက အရူးမှ မဟုတ်တာ ၊ ပြည်ထောင်စု ဝန်ကြီး ပဲ ၊ သူ သိရ လို့ပြောသွားတယ်ပဲ မှတ်ပါ ။
      Unquote

      • ဦးကြောင်ကြီး

        December 2, 2012 at 6:57 pm

        ဦးအောင်မင်းလား သူက ပညတ်သွားရာ ဓာတ်သက်ပါ စိန်အောင်မင်းလေသံ လုပ်ပြနေတာ…။ ကျုပ်တို့အဘဦးသန်းရွှေ အဲသလောက် ညံ့ပါ့မလားဗျာ။ ဦးနေဝင်း လက်ထက်ကထဲက တရုတ်က အဓိကရန်သူ သတ်မှတ်လာခဲ့တာပဲ၊ နောက်ပိုင်း လက်နက်တွေဝယ်ပြီး ရွှေလမ်းငွေလမ်းဖောက်တော့လည်း ဒီသတ်မှတ်ချက် လျှို့ဝှက်ရှိဆဲပါ။ သာဓကအားဖြင့် ၂၀၀ဝခုနှစ်လောက်မှာထင်တယ် မန္တလေးမှာ ထိုင်ဝမ်သူလျှို ကွန်ယက်တခု ဖမ်းမိတယ်။ ဦးသန်းရွှေက သူတို့ကို ထောင်ချတယ်ထင်သလား… ဝေးသေး..။ ထိုင်ဝမ် ထောက်လှမ်းရေးနဲ့ ညှိပြီး သတင်းအချက်အလက်တွေပဲ ဖလှယ်ခိုင်းတယ်။ တရုတ်ဆီကသတင်း သူလည်းသိချင်နေတာလေ။ ထိုင်ဝမ်က တရုတ်လို အာဏာကို ဒုက္ခမပေးဘူးဆိုတာ ဦးသန်းရွှေသိတယ်။ သူတို့ခြင်း စားကျက်လုတာ အမိုက်ခံ ဝင်မဖမ်းဘူး။ အဲသလို ညဏ်နီညဏ်နက်များလို့လည်း မြန်မာပြည်ကို စစ်တပ်အုပ်ချုပ်နေတာ နှစ်၅ဝကျော်ပြီ။ စာချုပ်တွေကို ဖျက်လို့ရပါလိမ့်မယ် သို့သော် တရုတ်သည် (၁) အိမ်နီးခြင်း လက်နက် အင်အားကြီးနိုင်ငံ (၂) ကမာ္ဘ့စီးပွားရေးထိပ်တန်းအဆင့်ရှိတယ် (၃) မြန်မာနိုင်ငံအဓိက ကုန်သွယ်ဖက် (၄) တရုတ်ဩဇာလွှမ်းတဲ့ လူမျိုးစု လက်နက်ကိုင်တွေ ကချင်၊ ရှမ်းဖက်မှာ အများကြီးရှိတယ်။ (၅) နိုင်ငံတကာရေးမှာဆိုလည်း သူ့ပါဝါသုံးပြီး မြန်မာပြည်ကို ယူအန်၊ အာဆီယံ စတာတွေမှာ ဒုက္ခပေးနိုင်တယ်။ …… ဒီတော့ ပြသနာ ရှောင်နိုင်ရင် အကောင်းဆုံးပဲ။ သို့သော် ဒါအတွက်နဲ့ တိုင်းပြည်သယံဇာတကို တရုတ်လက်ထဲ ထိုးအပ်ရမယ် မဆိုလိုဘူး။ မြန်မာတွေ ခေါင်းမာတယ် မကြောက်တတ် ဆိုတာ တရုတ်ကြီး သိပါတယ်။ ရတုန်းစားပြီး ရအုံးမလား ခြောက်ကြည့်နေတာ။ မရတော့လည်း ဆွေမျိုးပေါက်ဖော် အထောက်တော် လျောက်အော်ပြီး ပြန်ညှိအုံးမှာပေါ့။ ကိုယ့်ဖက်က လူညီရင် ရတယ်။ တခုရှိတာ ဘွားဒေါ်ဂျီး အိညှက်အိညှက် အလုပ်လွန်မှာစိုးရတယ်။ အခြေအနေ အရပ်ရင် သုံးသပ်ရရင် ဦးသိန်းစိန်နဲ့စစ်တပ်ရဲ့ သရုပ်သကန်တွေ ပေါ်လာနေပြီ။ အစကထဲက လွဲခဲ့ အာဏာလွှဲပြောင်းရေး စေတနာမမှန်ခဲ့တာမို့ အခုလို အကြပ်အတည်း ကြုံလာရတာ မဆန်းဘူး။ အနှေးအမြန်သာ ကွာပါလိမ့်မယ်…။ ဒီတော့ ဘိုးတော်မိုက်ကယ်အောင်ပု စကားငှားသုံးရရင် ဆန်ဆီဆား ငရုတ်ကြက်သွန် ဝယ်စုထားကြပါ။ ဘာမှ မဖြစ်တော့လည်း အားလုံးစုပြီး အလှူအတန်း ပေးလို့ရတာပေါ့… :harr:

      • Foreign Resident

        December 3, 2012 at 7:31 am

        ” ဆန် ဆီ ဆား ငရုတ် ကြက်သွန် ဝယ်စုထားကြပါ။
        ဘာမှ မဖြစ်တော့လည်း အားလုံးစုပြီး အလှူအတန်း ပေးလို့ရတာပေါ့ ”

        စိတ်မပူပါနှင့် ဦးကြောင် ။
        ကျနော့် အထင်တော့ ဘာမှ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာမယ် မထင်ပါဘူး ။

        ဘာဖြစ်လို့လဲဆိုတော့ ၊ အခု ဆန္ဒပြပွဲ ကို နှိမ်နှင်းတာ ၊
        အရမ်းတော့ မကြမ်းတမ်းပါဘူး ။ ပုံမှန်လောက်ပါပဲ ။
        အောက်ခြေကလူတွေ မလုပ်တတ် မကိုင်တတ် ၊ ကံ ကလဲ ဆိုးလို့သာ ၊
        အခုလို မတော်တဆ ထိခိုက်မှုတွေ ဖြစ်သွားတာပါ ။

        အဲဒါကြောင့် တစ်ကမာ္ဘလုံးက ဘာမှ အပြစ် ဝိုင်းမပြောကြတာ သတိထားကြည့်ပါ ။

        နောက်ပြီးတော့ အမေစု ကိုယ်တိုင် ကော်မတီ ဥက္ကဋ္ဌ အနေနှင့် ကြားက ဝင်ပေးနေပြီပဲ ။
        အမေစု ငြိမ်းငြိမ်း ချမ်းချမ်း နှင့် မျှမျှတတ ကိုင်တွယ်သွားမှာပါ ။

        ကျနော်ကတော့ ကိုယ့်ထက်နားလည်တဲ့ အမေစု နှင့် ၊
        ၈၈ ကျောင်းသားတွေ ကို ယုံကြည်လေးစားလို့ ၊
        သူတို့သုံးသပ် ဆုံးဖြတ်တာကို လေးစားစွာ စောင့်မျှော်နေပါမယ် ။

  • ကထူးဆန်း

    December 2, 2012 at 10:03 pm

    အိုင်ဗင်ဟို ရှုံးလို့ ထွက်တယ် ဆိုတာ ဟုတ်ရဲ့လား ။
    မြန်မာပြည် မှာ လုပ်ရကောင်းလားဆိုပြီး ဝိုင်းကန့်ကွက်လို့ နောက်ဆုံး ထွက်ရသည် ထင်ပါသည်။
    အိုင်ဗင်ဟို ထွက်အောင် ဝိုင်းကန် ကြသူများပါ လျော်ခိုင်းပါ ။
    ကနေဒါမှာ အိုင်ဗင်ဟိုကို ဆန္ဒ ပြသူတွေ ။ :bar:

  • Foreign Resident

    December 3, 2012 at 6:44 am

    ကထူးဆန်း ရဲ့ ။
    အိုင်ဗင်ဟိုရဲ့ အစီရင်ခံစာ တစ်ခုမှာ ၊
    သူတို့ ဒီစီမံကိန်းကနေ အကျိုးအမြတ် မရဘူးလို့ ရေးထားတယ် ။

    ဒါနှင့် စကားမစပ် ။

    ဦးပိုင် ၊ ဝမ်ပေါင် ၊ အစိုးရ အချိုးက အဘပြောတာ မဟုတ်ဘူးနော် ။
    ဗိုလ်ချုပ် ဝေလွင် လွှတ်တော်မှာ ပြောသွားတာတွေလေ ။
    သူကတော့ ၁၃.၄၉ % စသဖြင့် ပြောသွားတာပေါ့ ။
    အဘက ရှင်းရလွယ်အောင် ၁၅ % ဆိုပြီး လွယ်လွယ်ပြောလိုက်တာ ။

    နောက်ပြီး Wiki ကသတင်းက ထွက်နေတာ ကြာလှပြီ ။
    လူတွေက အခုမှ ပြန်ဖတ်ကြည့်ပြီး ပြန်ပြောနေကြတာပါ ။
    အခုမှ Wiki Leak က ထပ်ထွက်တာ မဟုတ်ပါဘူး ။

  • သုရှင်

    December 3, 2012 at 8:42 am

    အိုင်ဗန်ဟို က ရှုံးလို့ ထွက်သွားတာ မဟုတ်ဖူး ခင်ဗျ
    မြန်မာအစိုးရ က အိုင်ဗန်ဟိုကို ကြေးနီတွင်းထွက် ပမာဏ ဘယ်လောက်ရှိလဲ သဘောနဲ့ သိရုံခိုင်းပြီး ကန်ထုတ်ခဲ့တာပါ။ ကျွန်တော့် အမျိုးတစ်ယောက်က အိုင်ဗန်ဟိုးက ဝန်ထမ်းတစ်ယောက်ဖြစ်ဖူး တယ်။

    • Foreign Resident

      December 3, 2012 at 10:46 am

      ကို သုရှင် ရေ ။
      အဘ လည်း Pilot Project လို့ကြားလိုက်သေးတယ် ။
      မသေချာလို့ မပြောတာ ။

      • တိမ်မည်း

        December 3, 2012 at 11:00 am

        မှားတယ်…. အိုင်ဗန်ဟိုက အလဲအထပ်လုပ်သွားတာ…. ဘာနဲ ့လည်းတော့ ပြောတော့ဝူး….. ဟီးဟီး…

  • ဦးဦးပါလေရာ

    December 3, 2012 at 10:01 am

    အခု ကြေးနီတောင်နဲ့ ဝမ်ပေါင်ကိစ္စ ကျယ်ပြန့်လာတဲ့အပေါ်
    ကျုပ်အဖို့တော့ ဘဝင်မကျစရာတွေနဲ့ မေးခွန်းလေးတချို့တွေးမိတယ်….
    လက်ပန်တောင်းတောင်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတယ်ဆိုတာက ဘယ်တုန်းကစပြီးပျက်စီးတာလဲ…
    လက်ပန်တောင်းတောင်စီမံကိန်းကြောင့် ဒေသခံတွေနစ်နာမှု့ရှိတယ်ဆိုတာက ဘယ်သူ့မှာတာဝန်ရှိတာလဲ..
    အစကတည်းက မနစ်နာအောင်စဉ်းစားဘို့၊ စီမံဘို့ တာဝန်ရှိတာ ဘယ်သူလဲ….
    အခုလို စီမံကိန်းဖျက်သိမ်းဘို့အထိ တောင်းဆိုလာတာ ဘယ်သူကစပြီးတောင်းဆိုတာလဲ…
    သပိတ်စခန်းတွေမှာ သံဃာတွေ ဘယ်လိုရောက်နေတာလဲ… ဘာဖြစ်လို့ရောက်နေတာလဲ…
    သပိတ်စခန်းတွေဖြိုခွဲတော့ ထိခိုက်မှု့အများဆုံးက ဘာကြောင့်သံဃာတွေ ဖြစ်နေရသလဲ…
    ဘယ်သူက ဘာကြောင့် အဲသလိုဖြစ်စေချင်ရတာလဲ…
    သပိတ်စခန်းတွေဖြိုခွဲရာမှာ အဓိကထိခိုက်မှု့ဖြစ်စေတာက မီးခိုးဗုံးလို့ခေါ်တဲ့လက်နက်တွေဖြစ်တယ်…
    အဲဒါတွေ ဘာကြောင့်သုံးရမှာလဲ….
    ဘယ်သူက သုံးခိုင်းပြီး ဘယ်သူက ထုတ်ပေးထားတာလဲ….
    ဘာကြောင့် ဒေါ်စုလာအောင် မစောင့်တာလဲ….
    ပြီးတော့ ဒီကိစ္စမှာ ဦးသိန်းစိန်အစိုးရအပေါ် ပြည်ပဖိအားအင်မတန်နဲတယ်…
    ဘာကြောင့်လဲ…
    ??????????????????????????????????????
    ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ
    ဖြစ်ပြီးလို့ လက်ရှိရလာတဲ့ ပကတိအခြေအနေမှန်အပေါ်မှာ
    ကောင်းကျိုးများသထက်များဘို့နဲ့
    ဆိုးကျိုးနည်းသထက်နည်းဘို့ အာရုံစိုက်သင့်တယ်လို့ထင်မိတာပဲ
    ပြောသာပြောရတာ-
    ကျုပ်တို့အဲသလောက်စာတတ်မှဖြင့် နဝတ/နအဖ ဆိုတာတောင် ပေါ်မလာဘူး….။

    အော်… နောက်ဆုံးတချက်……..
    ဦးပိုင်ရဲ့ပြစ်ချက်တွေကို ရှာဖွေဖေါ်ထုတ်ဖို့ လေးနှစ်လောက်စောပါသေးကြောင်း……

    (အဲဒါကြောင့်- ကျုပ်တို့နိုင်ငံကလူစွမ်းကောင်းတွေလုပ်သမျှ နုမှည့် ချည်း ဖြစ်ကုန်တာ)

  • surmi

    December 3, 2012 at 10:26 am

    ပြဇတ်များနဲနဲဆန်နေသလားလို ့
    ဘာကြောင် ့ တန်ဆောင်တိုင်ညမှ ရွေးပြီးဖြစ်ရတာလဲ ?
    ဘွားတော်လာမဲ ့ရက်မှတိုက်ပြီး ဖြစ်ရတာလဲ ?
    လက်နက်ဆိုတာ မစမ်းသပ်ဖူးပဲ ဘာကြောင် ့သုံးတယ်လို ့ပြောသလဲ ?
    ဒဏ်ရာရသူများထဲသံဃာအချိုး ဘာကြောင် ့များနေရတာလဲ ?
    အင်း ……………ကျနော်လည်းလိုက်မမှီတော ့ဘူးဆိုတော ့ ဘေးကပဲ
    ထိုင်ပြီး ရောက်တတ်ရာရာတွေးနေမိတော ့တာပဲ ။
    ဆွေးနွေးတာတွေကို စောင် ့ဖတ်နေပါတယ် ။

  • Foreign Resident

    December 3, 2012 at 10:43 am

    ဦးပါ နှင့် ကိုဆာမိ ရေ ။

    မှန်တာပြောရရင် ။
    ကျနော်တို့လဲ သံသယတွေ အများကြီး နှင့်ပါ ။
    ခြေခြေ မြစ်မြစ်လဲ ဘာမှ မသိလှပါဘူး ။

    ” ဘာကြောင့် ဒေါ်စုလာအောင် မစောင့်တာလဲ ”
    သိပ် အလောသုံးဆယ် လုပ်လိုက်ရပုံ ပေါက်နေတယ် ။
    အမှန်ကတော့ ဦးအောင်မင်းက တောင် အကြောင်း မပြန်သေးဘူး ။

    အမေစုက သပိတ် စခန်းကို မလာဘူး ၊ စာချုပ်ဖျက်လို့ မရဘူး ၊
    ညှိနှိုင်းသင့်တယ် ၊ လို့ပြောလိုက်တာကို ၊
    အစိုးရက Signal တစ်ခုလို့များ ထင်သွားသလား မသိဘူး ။

    ” ဒီကိစ္စမှာ ဦးသိန်းစိန်အစိုးရအပေါ် ပြည်ပဖိအားအင်မတန်နဲတယ် ”
    ပြည်ပဖိအား နှင့် ပြည်ပ မီဒီယာ ဖိအား မရှိသလောက်ပါပဲ ။

    ” ဦးပိုင်ရဲ့ပြစ်ချက်တွေကို ရှာဖွေဖေါ်ထုတ်ဖို့ လေးနှစ်လောက်စောပါသေးကြောင်း ”
    မှန်ပါ့ ။ အချိန် မတိုင်ခင် မထိတာ ကောင်းပါတယ် ။

    ကျနော့်ရဲ့ နောက်ဆုံးသဘောထားကတော့ ၊
    အမေစု ကိုယ်တိုင် ကော်မတီ ဥက္ကဋ္ဌ အနေနှင့် ကြားက ဝင်ပေးနေပြီပဲ ။
    အမေစု ငြိမ်းငြိမ်း ချမ်းချမ်း နှင့် မျှမျှတတ ကိုင်တွယ်သွားမှာပါ ။

    ကျနော်ကတော့ ကိုယ့်ထက် အမြင်ကျယ် တဲ့ အမေစု နှင့် ၊
    ၈၈ ကျောင်းသားတွေ ကို ယုံကြည်လေးစားလို့ ၊
    သူတို့သုံးသပ် ဆုံးဖြတ်တာကိုပဲ လေးစားစွာ စောင့်မျှော်နေပါမယ် ။
    ဒီကြားထဲတော့ ၊ ခဏ စောင့်ကြည့်ပြီး နေသင့်တယ် ထင်တာပဲ ။

    • Mr. MarGa

      December 3, 2012 at 11:09 am

      အဲဒါ အမှန်ဆုံးပါ အဘဖောရေ
      တစ်လခန့်တော့ စောင့်ကြည့်လိုက်ဦးမယ်

  • တိမ်မည်း

    December 3, 2012 at 10:55 am

    လက်ပံတောင်းအရေးဟာ တကယ်အားလုံးခြုံကြည့်တော့ တရုတ်နဲ ့ တွဲရေးခွဲရေး နှစ်ဖွဲ ့ရဲ့ အားပြိုင်မှူ တခုပါ…. ကြားထဲက မြေစာပင်ကတော့ ပြည်သူပေါ့နော်…..
    ဂလောက်ပဲပြောချင်ပါတယ်……..
    စဉ်းစားကြည့်ကြပေါ့နော်……
    သံသယဖြစ်စရာတွေ များလွန်းလို ့ ချိတ်ပျက်စရာကြီး…………..

  • Thu Wai

    December 3, 2012 at 12:32 pm

    အကြီးကြီးတွေ ကြံတဲ့သူတွေကကြံကြ
    အကြီးကြီးတွေ ခံတဲ့သူကခံရ ……

  • ဦးဦးပါလေရာ

    December 3, 2012 at 5:18 pm

    ဒေါ်စုတခါက ပြောဘူးတာရှိတယ်
    ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ဆိုရင် တပ်မတော်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှရမယ်… ဆိုတာမျိုး…
    အဲဒါ … မဟာဗျူဟာ ဖြစ်ပါတယ်…။

    ဒါပေသိ ကျုပ်တို့က
    အရိပ်ပြလဲ အကောင်မမြင်ဘူး…
    အကောင်လိုက်ပြလဲ အကောင်မမြင်ဘူး…
    ဒဲ့ကြီး လက်ညှိုးထိုးပြောလဲ မရိပ်မိတတ်သေးဘူး…
    အော်… တော်တော်ထူတဲ့ ဦးပါလေရာပါတကား…..

    ထစ်ကနဲရှိ –
    ရှေ့လေးထွက် …
    နာမည်လေးယူ …
    သပိတ်မှောက် ….
    ဆွမ်းကြီးလောင်း…
    ပါးစပ်တလုံးနဲ့ ကြုံသလိုဖွ…
    တရားကျဖို့ကောင်းတဲ့ မင်းသားရူး ဦးပါလေရာပါတကား…..

  • uncle gyi

    December 3, 2012 at 10:54 pm

    အိုင်ဗင်ဟိုးကိုကန်ထုတ်တာကသူတို့လုပ်နေကြလေ
    အလုပ်တခုစလုပ်လို့သေချာပြီဆိုသူတို့ကနဂိုလ်လူကိုကန်ထုတ်တာရိုးနေပြီ
    မန်းလေးဘီယာဒေါ်ဝင်းဝင်းနုကိုကြည့်
    ဂျောင်းတော့ပဲ

Leave a Reply