“ဆောင်းဦးပေါက်နံနက်ခင်း အလင်းစက်များ”

1 မဝံ့မရဲ အလင်းလေးပေါ့

 

“ဆောင်းဦးပေါက်နံနက်ခင်း အလင်းစက်များ”

 

 

ကျနော်ငယ်စဉ်ကာလများက ဆောင်းဦးပေါက်ရာသီများက လွမ်းစရာကောင်းပါသည်။

နိုဝင်ဘာလ ဝင်ပြီဆိုကတည်းက နှင်းမူန်လေးတွေဝေ့ဝေ့ဝဲဝဲ။

ဆောင်းနံနက်ခင်းဆိုလျင် ကျုံးဘေးမှာလမ်းလျောက်ထွက်ကြလျင် မထူ ့တထူ နှင်းမြူများကဝေ့ဝေ့ဝဲဝဲ။

ငယ်စဉ်ကတော့ ဆောင်းရောက်လျင်အဖွားနှင့်အတူ လမ်းလျောက်ထွက်မည်။

အပြန်လမ်းမှာတော့ ကျုံးနံဘေးမှာ ဗန်းလေးတွေကိုယ်စီနှင့်ချရောင်းကြသော နွားနို့ဟင်းပူပူကို မလိုင်ထည့်၍စားကြမည်။

နွားနို့ဟင်းသည်ပုဏ္ဏားမကြီး အဆစ်ထည့်ပေးသော နွားနို့ဂျုးိဖတ်နီကျင်ကျင်လေးများ ကို

တမက်တမောစားကြမည်။

တစ်ခါတစ်ရံ အဖွားစိတ်လိုလက်ရရှိလျင် မေတ္တာပေါင်းကူးတံတား ထိပ်တွင်ရှိ အခန်းကျဉ်းကျဉ်းလေးတွင်ဖွင့်လှစ်ထားသော ဆိတ်စွတ်ပြုတ်ကို ချပါတီနဲ့စားကြမည်။

အခုမှာတော့  ဆိတ်စွတ်ပြုတ်ရောင်းခဲ့သောအခန်းလေးကလည်း တိုက်အကြီးကြီးဖြစ်။

မေတ္တာပေါင်းကူးတံတားကြီးကလဲ ပျောက်ကွယ်သွားသလို ကျနော့်အဖွားကလဲ

လူ့လောကကြီးထဲမှထွက်ခွာသွားသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။

 

2 သစ်ရွက်ဖျားသို့ ထိခတ်သောအလင်း

 

3ရေပြင်ကိုခစားတဲ့အလင်းရိပ်
4 ရွှေရောင်အလင်းစများ

လူပျိုပေါက်ဘဝမှာတော့ ဆောင်းနံနက်ခင်းများသည်လည်း ရင်ခုန်စရာနံနက်ခင်းလေးများဖြစ်ခဲ့ပြန်ပေသည်။

အိမ်မှထွက်ခဲသော မန်းလေးသူများလည်း ဆောင်းနံနက်ခင်းမှာလမ်းလျောက်ထွက်ကြပါသည်။

သူကလည်း သူ့အစုအဖွဲ့နှင့် ကိုယ်ကလဲ ကိုယ့်အစုအဖွဲ့နှင့်။

လမ်း 80 တရုပ်တန်းဘက်မှ လာသော သူတို့အဖွဲ့ ကို 26ဘီလမ်းမီးပွိုင့်ဒေါင့်မှစောင့်လျင်သေချာပေါက်ပြေးမလွတ်။

လာလျင်သူတို့နောက်မှလိုက်မည် ။

အသံတွေပေးမည်။

မထိတထိနှင့်မခံချင်အောင်စမည်။

လမ်းလျောက်ရက်ကြာလာလျင်တော့ ရင်းနှီးသွားကြပြီး နှစ်ဖွဲ့သည်တစ်ဖွဲ့ဖြစ်၍သွားမည်.။

ဆောင်းနံနက်မှလမ်းလျောက်ရင်းချစ်သူတွေဖြစ်သွားကြသူတွေရှိသကဲ့သို့

လွမ်းစရာကောင်းသော ဆောင်းးနံနက်ခင်းလေးတွေဖြစ်သူဖြစ်။

ဘာပြောပြောဆောင်းနံနက်ခင်းများကတော့ အမှတ်ရစရာများကို ချန်ထားခဲ့သည်တော့အမှန်။

 

5 အစိမ်းပေါ်က ရွှေရောင်အလင်းစက်များ

 

6 အလင်းကိုကြိုဆိုခြင်း
7 အလင်းစက်များအောက် လှေငယ်လေး

 

8ဖြာထွက်ရောင်စဉ်

 

9ဆော့ကစားတဲ့အလင်းရောင်ခြည်
10 အလင်းအောက်မှာ ဘာဝနာ………………….

 

11 အလင်းပါးပါးလေး

ဘဝစေညွှန်ရာအတိုင်း ကိုယ်ပိုင်အိမ်ယာထူထောင်ချိန်။

ဘဝဝမ်းစာကို တစ်နေကုန်တစ်နေခန်းရှာဖွေခဲ့ရချိန်မှာတော့ ဆောင်းနံနက်ခင်းလေးများကိုမေ့လျော့ထားခဲ့မိပါသည်။

မူန်မွှားမွှားလျပ်စီးမီးလုံးနီကျင်ကျင်အောက်မှာ

ကိုယ်နှစ်သက်သည့် စာရေးဆရာများဖြစ်သော မောင်သာရ ခင်ဆွေဦး ငြိမ်းကျော် မစန္ဒာ

မြသန်းတင့် မောင်သိန်းဆိုင် မိုးမိုးအင်းလျား စမ်းစမ်းနွဲ့သာယာဝတီ အစရှိသူတို့၏

ခေါ်ဆောင်ရာနောက်သို့ ညနက်သန်းခေါင်အထိတိုင်အောင် လိုက်ပါခဲ့သည်ညပေါင်းများစွာကြောင့်လည်း

နံနက်ခင်းလေးများ ကို ဝေးခဲ့သည်မှာ ကာလများစွာ။

 

အသက်အရွယ်အနယ်ကျချိန် မှာတော့ ခန္ဓာကိုယ်ကလည်းအဆီချ ချိန်။

ပေါင်100တန်းမှာသည် ပေါင်200တန်းသို့ရောက်လုဆဲဆဲကာလများမှာတော့ ညစောစောအိပ်

မနက်စောစောထ ကာ ဝ ခြင်းကို ရပ်တန့်စေဘို့အတွက်လမ်းလျောက်ရပါတော့သည်။

တစ်ကျော့ပြန်လမ်းလျောက်ခြင်းမှာတော့

ကိုယ်နေထိုင်ရာ တက်သိမ်းအင်းပါတ်ဝန်းကျင်မှာသာ လမ်းလျောက်ခွင့်ကြုံပါတော့သည်။

ချစ်သောအဖွားမရှိတော့။

ဆိတ်စွတ်ပြုတ်သည် နွားနို့ဟင်းသည်လည်းမရှိတော့

ဆောင်းဒီဇင်ဘာဆိုသော်လည်းနှင်းမရှိ။

ငယ်ဘဝကိုလွမ်းစရာ။

 

ယခုအချိန်မှာတော့ မနက်လမ်းသလားတိုင်းပါနေကျ လက်စွဲတော်ကင်မရာပေါက်စက

နှင်းမရှိ အလင်းစက်များသာရှိသော ဆောင်းဦးပေါက်နံနက်ခင်းများကိုလက်ဆော့ဘို့

တွန်းအားပေးပြန်ပါသည်။

ထို့ကြောင့်……………………………………………………………………………………………………….

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(1-12-2012)

 

12 အလင်းမိုးစက်

 

 

13 comments

  • Mobile

    December 9, 2012 at 10:11 am

    လက်ဆော့ထားတဲ့ ဒီတစ်ခါပုံလေးတွေက ပန်ချီဆွဲးထားတာကို
    ကြည့်ရတဲ့အတိုင်းပဲဗျ။ မန်းလေးကို အလည်လာမည်ဆိုလျှင်
    နောက်နှစ်ဆောင်းတွင်းမှလာခဲ့မယ်ဗျို့ (လမ်းလျှောက်ချင်လို့ပါ)
    ကိုပေါက်ရေ လမ်းလျှောက်ရင် သတိတော့ထားဗျ တော်ကြာ ကိုမျိုးကြီး သီချင်းလို
    လမ်းလျှောက်ရင်း လမ်းပျောက်နေဦးမယ် . . . . . . .

  • မောင်ပေ

    December 9, 2012 at 12:07 pm

    ဆောင်းဦးပေါက်
    ချောင်းဦးရောက်
    ကျောင်းဦးမြောက်
    မြောင်းတူးနောက်
    တောင်းခူးဖောက်
    ဒေါင်းမူးသောက်

  • ဖေပေါက်ဂျီးရေ ..

    အောက်ဆုံးပုံက လန်းဒယ် ..
    နည်းနည်းလေး ဇွန်းဆွဲလိုက်ရင် ပိုတောင် လန်းလေမလားပဲ …
    အားပေးတွားဘာဒယ်ဂျို့ …

  • ဦးကြောင်ကြီး

    December 10, 2012 at 11:09 am

    ဆောင်းတွင်း
    ကောင်းခြင်း
    ရောင်းရင်း
    ပေါင်းသင်း
    ဒေါင်းမြင်း
    ဖောင်းဝင်း
    ချောင်းအင်း
    ငေါင်းစင်း…။

  • moonpoem

    December 11, 2012 at 11:21 am

    လေးလေးပေါက်ရဲ ့နံပါတ်၆က နံနက်ခင်းအလင်းကို မြန်မာစည်ဘီယာကပါ ဝိုုင်းပြီး ကြိုဆိုနေပါလားဗျ။ မန်းတလေးဆောင်းနံနက်ခင်းကို လွမ်းတယ်ဗျို ့။ဒီတစ်ဆောင်းတော့ မပြန်ဖြစ်တော့ပါဘူး။ နွေနံနက်ခင်း(သင်္ကြန်)ကျမှပဲ ပြန်လာဖြစ်တော့မယ် လေးပေါက်ရေ။

  • လကဗျာလေး ပျောက်ဆုံးနေတာ ကြာပေါ့။
    သင်္ကြန်ဆို မန်းလေးက မခွာတတ်ပါဘူး။
    လာမယ်ဆို အကြောင်းကြားလိုက်………………………..

    • moonpoem

      December 11, 2012 at 4:32 pm

      ဟုတ်ပါ့ လေးပေါက်ရေ ပိုက်ဆံမဝင်တဲ့ အလုပ်တွေများနေတာရော အင်တာနက် လိုင်းမကောင်းတာတွေ ရော ပေါင်းစပ်ပြီး သကာလ ရွာထဲကနေခဏပျောက်နေတာဗျ။ လိုင်းလေး အဆင်ပြေတုန်း တက်လာတယ်ဗျို ့။ မန်းတလေး လာရင် လေးပေါက်သာ စောင်ခြုံပြီး ပုန်းမနေဗျို ့။

  • ရွှေ ကြည်

    December 11, 2012 at 6:30 pm

    လေးပေါက်ရေ မိုးမိုးအင်းလျားစာတွေကိုရွှေကြည်အရမ်းကြိုက်တာ..။
    လေးပေါက်ရေးတာဖတ်ပြီးလေးပေါက်ရဲ့ငယ်ဘဝနဲ့ဆောင်းမနက်ခင်းလေးကိုသဘောကျလိုက်တာ
    နွားနို့ဟင်းဆိုတာဘယ်လိုလဲဟင်။
    နံပါတ် 9 ကိုအကြိုက်ဆုံး။
    လေးလေးဒါ့ပုံတွေကိုကြည့်ပြီး မြန်မာပြည်ဆောင်းကိုလွမ်းလိုက်တာဗျာ ဒီမှာဆောင်းမရှိဘူးဗျ
    အဲဒါကြောင့်သနားစရာ စလုံးတွေ အဲကွန်းအရမ်းကြိုက်ကြတယ် :mrgreen:

  • နွားနို့ဟင်းဆိုတာ ဆန်ကိုလှော်ပြီး နွားနို့နဲ့ မပျစ်မကျဲလေးချက်ထားတာ။
    မလိုင်ဖတ်ကလေးတွေထည့်စားရတာ ဆိမ့်နေတာဘဲ။
    သိသလောက်တော့ အဲဒါ ကမန်းလေးမှာဘဲရှီတယ်ထင်တာဘဲ။
    အခုလိုဆောင်းတွင်းမှာဆိုရင် ညနေပိုင်းရောက်ရင် 27လမ်းနဲ့လမ်း80ဒေါင့်မှာရတယ်။
    ဆိမ့်ဆိမ့်မွှေးမွှေးလေးရယ်စားလို့အရမ်းကောင်းတာ

  • Hnin Hnin

    December 12, 2012 at 5:41 am

    လေးပေါက်ရေ…မေးချင်နေခဲ့တာ..နွားနို့ဟင်းဆိုတာ..
    တစ်ယောက်ယောက်က မေးမယ်ဆိုတာ သိလို့ချောင်းချောင်းနေတာလေ… :)…
    နို့ဆန်ပြုတ် ဆန်ဆန်ပေါ့နော်…

    ဝင်ကြည့်မိတိုင်း ဓာတ်ပုံတွေရော၊စာသားတွေရော အတော်လှတယ်လို့…
    အကြိုက်ဆုံးပုံကတော့ 9 ပါပဲ…
    12 အလင်းမိုးစက် ကတော့ fb မှာ ပုံတွေလျှောက်ကြည့်ရင်းနဲ့ ဖုန်မှုန့်တွေကြောင့်
    ပုံက ပိုလှသွားတယ်ဆိုလား ဖတ်လိုက်ရတယ်…

    • နို့ဆန်ပြုတ်ဆိုပေမယ့် သူက ဆန်လှော်နဲ့ မပျစ်မကျဲလေးချက်ထားတာအေ့။
      လေးပေါ်က် ရဲ့ (pe=photo essay) တွေကို ပုံတွေသာကြည့်သွားကြတာများပါတယ်.
      စာဖတ်သွားတဲ့သူက နည်းပါတယ်အေ့။
      ဟုတ်တယ် အဲဒီနေ့က ရှေ့ကျော်သွားပြီးမှ ပြန်လာရိုက်တာ။
      စည်ပင်က တံမျက်စည်းလှည်း တော့ ဖုံတွေထလာလို့ ပိုလှသွားတာလေ။

  • MaMa

    December 12, 2012 at 7:46 am

    ကိုပေါက်ရေ-
    ရာသီပြောင်းသွားလို့လား မသိဘူး။
    ဓာတ်ပုံတွေက အရောင်ပြောင်းသွားလိုက်တာ နော်။ :hee:

  • မမရေ
    ဒီပုံလေးတွေက အောက်တိုဘာ နိုဝင်ဘာမှာ နေလမ်းကြောင်း ပြောင်းပြိး
    ခပ်စောင်းစောင်းကျတဲ့အချိန်ကို ရိုက်ထားတော့ အလင်းးတွေ အရောင်တွေက အရင်နဲ့မတူဘဲ
    ပိုလှနေတာပါ
    ကင်မရာထဲမှာပါတဲ့ အလင်းကို ပိုတောက်ပစေတဲ့ဖန်ရှင်တစ်ခုနဲ့ရိုက်ထားလို့လဲ သာမာန်ထက်ထူးကဲ
    တဲ့အရောင်တွေကိုရလာတာပါဗျ။

Leave a Reply