ဆိုရှယ်ဝက်(ဘ)ဆိုက်များနှင့် ဂျီတော့(ခ)မှ ဝင်သော Virus တစ်မျိုး

petitelapineJuly 16, 20101min641

ယခုရက်ပိုင်းအတွင်း အွန်လိုင်း သုံးစွဲသူများထံသို့ အီးမေးလ်နှင့် ဂျီတော့ခ်မက်ဆေ့ချ်များမှ တစ်ဆင့် ဝင်ရောက်သည့် ဗိုင်းရပ်စ်တစ်မျိုး ထွက်ပေါ်လျက်ရှိပြီး ယင်းဗိုင်းရပ်စ်သည် Windows အား Repair ပြန်လုပ်ရသည်အထိ ပြင်းထန်ကြောင်း သိရသည်။ “အဓိကက ဒီဗိုင်းရပ်စ်က မက်ဆေ့ချ်တွေကနေ ဝင်တာ။ ချက်တင်တွေ၊ ဖိုရမ်၊ မေးလ်တွေကနေပေါ့။ နာမည်ကတော့ နာမည်ကြီး မင်းသမီးတစ်ယောက်ရဲ့ အမည်ကိုသုံးပြီး ဗီဒီယိုဖိုင်ပါ ဆိုပြီးတော့ ပါတယ်။ လူငယ်တွေ ထိတာများတယ်” ဟု ဗိုင်းရပ်စ် လေ့လာသူ တစ်ဦးက ပြောသည်။ အဆိုပါ ဗိုင်းရပ်စ်မှာ Worm အမျိုးအစားဖြစ်သည့် အစုလိုက် ဝင်ရောက်တတ်သော ဗိုင်းရပ်စ် ဖြစ်ပြီး၊ သုံးစွဲသည့် ကွန်ပျူတာ အတွင်းရှိ Data များ ပျက်စီးကာ Windows အသစ် ပြန်တင်မှသာ ရနိုင်ကြောင်း သိရသည်။ “သူက နှိပ်လိုက်ပြီဆိုတာနဲ့ ဒီကွန်ပျူတာကို ထိန်းချုပ်လိုက်ပါတယ်။ အဲဒါတက်လာရင် ဘာမှလုပ်လို့ မရတော့ပါဘူး။ အခု အင်တာနက်ဆိုင်နဲ့ ရုံးဝန်ထမ်းတွေ ထိတာများတယ် ” ဟု ဗိုင်းရပ်စ် Solution ဝန်ဆောင်မှု ပေးနေသည့် ကိုထူးအံ့က ပြောသည်။ အဆိုပါ ဗိုင်းရပ်စ်အား ပြည်တွင်းမှ ဟက်ကာတစ်ဦး အပျော်သဘော လုပ်ခြင်းဖြစ်ပြီး လူသုံးများသည့် facebook, ning စသည့် ဆိုရှယ် ဝက်ဘ်ဆိုက်များ၊ G-talk Message များမှ ( hppt://meoheyko.exe.video ) ယင်း link နှင့် ဝင်ရောက်ခြင်း ဖြစ်ရာ အဆိုပါ link အား ဝင်ရောက်ခြင်း၊ click လုပ်ခြင်း မပြုရန် လိုအပ်ကြောင်း ၂၀၁ဝ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • shattermoon

    July 16, 2010 at 5:45 am

    ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ဆက်တြွလေးတွေပြောပြပါအုန်း။ ကြိုတင်ကာကွယ်လို့ရတာပေါ့ဗျာ။

Leave a Reply