အကြည်းတန်

zaw winDecember 2, 20121min1356

ဒွေးရောယှက်တင်မနေပါနဲ့
ကြိမ်ဖန်များလျှင် အကြည်းတန်ခဲ့။
ကာလကြာရှည် မတွယ်တာနဲ့
ချိန်ကြာခဲ့လျှင် အကြည်းတန်ခဲ့။
လူတိုင်းကူညီ မရယူနဲ့
ယူပါများလျှင် အကြည်းတန်ခဲ့။
မသိတတ်သူ ကျေးဇူးရှိခဲ့
ရှိပါများလျှင် အကြည်းတန်ခဲ့။
အယူအဆမှားလျှင် သတိထားသင့်
ရှေ့တိုးလာလျှင် အကြည်းတန်ခဲ့။
ရခဲလှတဲ့ လူ့ဘဝကို
သင့်ကြောင့် အကြည်းမတန်ပါစေနဲ့။

မင်းသုတ
၂၂-၁၁-၂၀၀၉

6 comments

  • အကယ်​၍ အကျည်းတန်ခဲ့လျှင်လည်း
    ဆေးကြောနိုင်အောင် ကြိုးစား ..
    ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သေးတာပဲ ….။

    • ခေတ်သစ်ဘိုးတော်ဘုရာမင်းတရားကြီး (သို့မဟုတ်) ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile

      December 2, 2012 at 10:07 pm

      ကိုအန်စာတုံးကြီးရေ ဆေးကြောနိုင်အောင်ကြိုးစား ဆိုတော့ ဒီလိုလေးများလား
      ဆေးကြောနိုင်အောင်ကြိုးစားပြီးရင်တော့ ထမင်းဆိုင်မှာ သွားပြီးပန်ကန်ဆေး
      တစ်လကို သုံးသောင်းခွဲးဆိုလားဗျ။

  • ခေတ်သစ်ဘိုးတော်ဘုရာမင်းတရားကြီး (သို့မဟုတ်) ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile

    December 2, 2012 at 10:05 pm

    ကဗျာလေးက မှတ်လောက်ပါပေတယ်ဗျာ
    သဘောကျလွန်းလို့ ကူးယူထားလိုက်ပါတယ်
    အိမ်မှာ လူအများမြင်သာမယ့် နေရာမှာ ပရင့်ထုတ်ပြီး ချိတ်ထားလိုက်တော့မယ် . . . . .
    ရခဲလှတဲ့ လူ့ဘဝကို
    သင့်ကြောင့် အကြည်းမတန်ပါစေနဲ့ ဒီတစ်ကြောင်းကို အကြိုတ်ဆုံးပဲဗျာ . . . . . .

  • အကျည်းတန် အရုပ်ဆိုး တဲ့အကောင်ကို
    ကြည်းတပ် ပို့ပြီး
    ငါးအကြေးခွံလှန်သလိုလှန်လိုက်။
    ကျေးငှက်တွေကြော်သလိုကြော်စားပြီးရင် ကျော်ခွပြီးမှ အိမ်ပြန်မယ်ဗျာ။

  • Mobile

    December 3, 2012 at 10:16 pm

    စိတ်ကူးလေးက ကောင်းလှချည်လားဗျ။
    ဓာတ်ပုံတွေ လျှောက်ရိုက်ရင်နဲ့ အတွေးအခေါ်အသစ်အဆန်းလေးတွေ
    ရနေတယ်ထင်ပါ့။ ကင်မရာ တစ်လုံးတောင်ဝယ်ရမယ့် သဘောဖြစ်နေပြီ။

Leave a Reply