ဒီမယ် ကျိပေါက်
သွားတတ်ရင် လမ်းဖြစ်တယ်
မင်းမှာ …ယုံကြည်ချက် အထားအသို
နေရာအတည်တကျ ဖြစ်ပြီဆိုရင်
မဖြစ်မနေ အနိုင်နဲ့ပိုင်းမှ
ဖြတ်ရမယ့် လမ်းတွေကို
တပ်ခေါက် နောက်ဆုတ် လှည့်ပြန်တတ်လာ ပါလိမ့်မယ်…။

ကျိပေါက်ရယ်……
လက်ျာကပ်မောင်းတာက လွယ်ပါတယ်
လက်ဝဲ ကပ်မောင်းတာကလည်း လွယ်ပါတယ်
အလယ်တည့်တည့် သွားရတာကမှ
အန္တရာယ်များမြောင် ကြမ်းတမ်းလွန်းလှပါသကွဲ့…..။

ကျိပေါက်….
ဒုက္ခဆိုတာ ခေတ်အဆက်ဆက်
အနာရင်းလာရင် ပြည်တည်ပေါက်ကွဲတတ်တယ်ဆိုတာ
ညီးလည်း သိမှာပါ…။
မရောင်ရာ ဆီလူးတဲ့ပတ်ဝန်းကျင်ကို
တင်းတင်းဆုပ်မထားနဲ့…။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကို
ဂရုတစိုက် မွေးမြူပြီး
ကိုယ့်နှလုံးသားကိုပြန်ကြည့်ပါ
ကျိပေါက်ရဲ့ အိပ်မက် မိုင်တိုင်တွေမှာ
အနာဂတ္ထိမိုးတိမ်တွေ လှပသာယာနေပါလိမ့်မယ်….။

ကျိပေါက်ရေ့….
လမ်းခရီးမှာ
မမြင်နိုင်တဲ့
တောကြီးဝင်္ကပါတွေရှိတယ်
အစိုးမရတဲ့ မာယာညွတ်ကွင်းတွေရှိတယ်
ထောင်ချောက်ရဲ့ တံခါးဝဟာ
ချိုမြိန်တယ်…။

အဲဒီအရာတွေကို ကျော်လွှားဖို့
နှလုံးသားအာဟာရ ပျိုးပင်လေးတွေစိုက်ပါ
မေတ္တာတရားနဲ့ ပေါင်းကူးပါ
ဒါဟာ အလယ်လမ်းကို မောင်းတဲ့ လမ်းစဉ်ပါ…။

ကျိပေါက် ….
တင်းတင်းဆုပ်မထားနဲ့
ဆုပ်မထားနဲ့
လွှတ်ချလိုက်…။ ။
………….
2 . ဒီဇင်ဘာ..2012
(နံရိုးလေး ညင်သာဖို့အတွက် ရည်စူး)

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....