ဆုပ်ကိုင်မထားနဲ့ ကျိပေါက်

marblecommetDecember 3, 20121min22719

ဒီမယ် ကျိပေါက်
သွားတတ်ရင် လမ်းဖြစ်တယ်
မင်းမှာ …ယုံကြည်ချက် အထားအသို
နေရာအတည်တကျ ဖြစ်ပြီဆိုရင်
မဖြစ်မနေ အနိုင်နဲ့ပိုင်းမှ
ဖြတ်ရမယ့် လမ်းတွေကို
တပ်ခေါက် နောက်ဆုတ် လှည့်ပြန်တတ်လာ ပါလိမ့်မယ်…။

ကျိပေါက်ရယ်……
လက်ျာကပ်မောင်းတာက လွယ်ပါတယ်
လက်ဝဲ ကပ်မောင်းတာကလည်း လွယ်ပါတယ်
အလယ်တည့်တည့် သွားရတာကမှ
အန္တရာယ်များမြောင် ကြမ်းတမ်းလွန်းလှပါသကွဲ့…..။

ကျိပေါက်….
ဒုက္ခဆိုတာ ခေတ်အဆက်ဆက်
အနာရင်းလာရင် ပြည်တည်ပေါက်ကွဲတတ်တယ်ဆိုတာ
ညီးလည်း သိမှာပါ…။
မရောင်ရာ ဆီလူးတဲ့ပတ်ဝန်းကျင်ကို
တင်းတင်းဆုပ်မထားနဲ့…။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကို
ဂရုတစိုက် မွေးမြူပြီး
ကိုယ့်နှလုံးသားကိုပြန်ကြည့်ပါ
ကျိပေါက်ရဲ့ အိပ်မက် မိုင်တိုင်တွေမှာ
အနာဂတ္ထိမိုးတိမ်တွေ လှပသာယာနေပါလိမ့်မယ်….။

ကျိပေါက်ရေ့….
လမ်းခရီးမှာ
မမြင်နိုင်တဲ့
တောကြီးဝင်္ကပါတွေရှိတယ်
အစိုးမရတဲ့ မာယာညွတ်ကွင်းတွေရှိတယ်
ထောင်ချောက်ရဲ့ တံခါးဝဟာ
ချိုမြိန်တယ်…။

အဲဒီအရာတွေကို ကျော်လွှားဖို့
နှလုံးသားအာဟာရ ပျိုးပင်လေးတွေစိုက်ပါ
မေတ္တာတရားနဲ့ ပေါင်းကူးပါ
ဒါဟာ အလယ်လမ်းကို မောင်းတဲ့ လမ်းစဉ်ပါ…။

ကျိပေါက် ….
တင်းတင်းဆုပ်မထားနဲ့
ဆုပ်မထားနဲ့
လွှတ်ချလိုက်…။ ။
………….
2 . ဒီဇင်ဘာ..2012
(နံရိုးလေး ညင်သာဖို့အတွက် ရည်စူး)

19 comments

  • surmi

    December 3, 2012 at 8:47 am

    ပေါ်မလာတာကြာပေါ ့ကိုကမ်းရေ
    ခုတလောဆုပ်ကိုင်ထားတာတွေများလို ့လွှတ်ချချင်နေတာဆိုတော ့
    အဖေါ်ရသွားပြီ ။ အလယ်လမ်းစဉ်ကအခက်ဆုံးဆိုတာတော ့
    ကြိုက်တယ်ဗျို ့ ။ ခုလည်း အလယ်ရောက်အောင်ကြိုးစားရင်းနဲ ့ပဲ
    ဘေး ရောက် ရောက်နေလို ့ ။
    လုပ်ပါကိုယ် ့ဆရာတို ့ရေ ….. စာတွေလည်း များများရေးပါဦး

  • Inz@ghi

    December 3, 2012 at 9:10 am

    ဟဲ့ …အချိန်မဟုတ်အချိန်ဟုတ်ပေါက်ချလာတဲ့ ဇီးဂွက်ရီးရဲ့ ….
    ကျုပ်ကို ထိပ်ပြောင် ဖြစ်စေချင်တယ် ..ကျိန်ဇာတိုက်ရသလားဟဲ့…
    သိမ့်ဂလေး နဲ့ နီးပါရဇေ ဆုတောင်းပေးရင် ကျေးဇူးတင်အုံးမယ်…
    အဲ့လာကြောင့် ညည်း ကမ်းတင်ဝေးနေတာမဟုတ် ..သောင်ဘာထွန်းနေတာ…
    ချဉ်ပါတယ်အေ…
    ဟိုနံရိုးလည်း တူတူဗျဲ…

    :chee:

  • တိမ်မည်း

    December 3, 2012 at 9:14 am

    ကျိပေါက် ဆိုတာ ဘာဂျီးရဲဟင်………….

  • ခင်ခ

    December 3, 2012 at 9:42 am

    ဟုတ်တယ် ကျွန်တော်လည်းသိချင်တာ ကျိပေါက် ဆိုတာ နံမည်လား? ဘာလား?
    ဆုပ်ထားတာတွေ လွှတ်ချဖို့ အခုတလောပြောကြတယ်။
    လွှတ်ချလိုက်ချင်ပေမယ့် အချမတော်လို့ ကိုယ့်ခြေဖမိုးပေါ်ကျရင်ဖြင့် လို့လည်းတွေးမိပါရဲ့။

  • ကျိပေါက်ဆိုတာ တရုပ်မလေး သူချစ်သူကိုပြောတာနေမှာ
    သူထက်အသက်ကြီးလို့ အကျိလို့ခေါ်တာနေမှာ
    ပေါက်=ရူးတာ
    ပေါက်ဆိုတဲ့နာမယ်ရှိတဲ့လူတွေက ခပ်ရူးရူးတွေများတယ်
    အဲတော့ နှစ်ခုပေါင်းလိုက်ရင်
    ???????????????????????????????????????????

  • Shwe Ei

    December 3, 2012 at 10:02 am

    ွှအွန်း မမကမ်းဘွလဲ ညင်သာပါစေ။
    ကိုကြွက်လဲ ညင်သာပါစေ။ :mrgreen:

  • အောင်မငီး ….
    ခေါင်းစဉ် နောက်ဆုံးက
    “ကျိပေါက်” ဆိုဒါကို ဖတ်ပြီး လန့်တွားဒါ .. :mrgreen:
    “…
    ကျိပေါက်ရယ်……
    လက်ျာကပ်မောင်းတာက လွယ်ပါတယ်
    လက်ဝဲ ကပ်မောင်းတာကလည်း လွယ်ပါတယ်
    အလယ်တည့်တည့် သွားရတာကမှ
    အန္တရာယ်များမြောင် ကြမ်းတမ်းလွန်းလှပါသကွဲ့…..။
    ….”
    Dအပိုဒ် ဖတ်မိတော့ ..
    ဘီလို တွေးရမှန်းတောင် သိဒေါ့ဝူးးးရယ် …

    ကိုကမ်းဂျီးရဲ့ ကျိပေါက်ကို အားပေးတွားဘာဒယ် .. :mrgreen:

  • မောင်ပေ

    December 3, 2012 at 12:48 pm

    နံရိုးကလေး
    အသံဆိုးပြေး
    ပန်းရံဖိုးအေး
    မကျန်ဆိုးဆေး
    ငါးပျံထိုးကျွေး
    ဆလံတိုးပေး

  • kyeemite

    December 3, 2012 at 1:31 pm

    ကျိပေါက်ဆိုတာ တကယ်တော့ ကျောက်ပိ ပါ။ :mrgreen: :mrgreen: :mrgreen:

    • Davit

      December 3, 2012 at 2:01 pm

      အနော်လည်း အဲ့လိုတွေးမိသားဗျ…… စာ အစအဆုံးကို အဲ့လိုပြောင်းပြန်သုံးပြီး ပြန်ဖက်ကြည့်ဗျာ…ရီလိုက်ရတာ ဖက်ဖက်မော…ရင်ဘက်နောက်က ကျော …………. စတာ စိတ်ဆိုးရဘူးနော်… :mrgreen: :mrgreen: :mrgreen: :mrgreen:

  • Wow

    December 3, 2012 at 1:51 pm

    ကျိပေါက် ဆိုဒေါ့ ကျောက်…. အဲလေ ဟုတ်သေးဘာဝူး :harr:

  • jullies cezer

    December 3, 2012 at 5:01 pm

    ကျိပေါက်ဆိုတော့ မှိတ်ပေါက်ရင်ဘာဖြစ်မလဲ လေးပေါက်နဲ့အမျိုးတွေလား …….

  • Mr. MarGa

    December 3, 2012 at 7:24 pm

    ကျိပေါက် ….
    တင်းတင်းဆုပ်မထားနဲ့
    ဆုပ်မထားနဲ့
    လွှတ်ချလိုက်…။ ။

    ဒါမှ သူ့ထက်ကောင်းတာ ယူနိုင်မှာပေါ့နော

    • အိမ်း …
      ဤသို့သော လူမျိုးဒီဂါး ..
      အလွန့် အလွန် x 10000000 … :mrgreen:
      သိကြားမင်း ဖြစ်ခဲ့လျှင်တောင်မှ
      တစ်ဖက် ငါးရာ မလောက်ငှနိုင်ဟူ၍သာ
      ထင်မိ မြင်မိ မှတ်ချက်ပြုမိလေဒေါ့ဒဒီးးးးးးး

      • Mr. MarGa

        December 3, 2012 at 7:38 pm

        အရေးထဲ ဒီ ခြောက်မျက်နှာက တညိုး
        တစ်ဖက် ငါးရာနဲ့ မလောက်လို့ မိဖုရားလေးပါး အပိုဆွဲထားတာပေါ့
        သိကြားမင်းပဲ သူများထက်တော့ ပိုမှကောင်းမှာပေါ့

  • Mobile

    December 3, 2012 at 10:09 pm

    နတ်တို့သနင်း သကြားမင်း
    သကြားတို့ သနင်း မိုဘိုင်းမင်း အတွက် ရှိရဲ့နတ်သမီးအကုန် ဗီရိုအာဏာဖြင့် သိမ်းမည်။ ဟိဟိ
    ဒီကဗျာ လေးကိုတော့ နှစ်ခေါက်လောက်ပြန်ပြီး ဖတ်ကြည့်လိုက်တယ်ဗျာ
    နားကိုမလည်လိုက်ဘူးဗျ။ (အမှန်အတိုင်းဝေဖန်ခြင်းသာဖြစ်ပါတယ်)

    • Mr. MarGa

      December 4, 2012 at 5:27 pm

      အင်းးးးးးးးးးးအခုတလော ငါ့နေရာလေး လှုပ်တုတ်တုတ် ဖြစ်နေပါလားနော်
      မဖြစ်သေးပါဘူးလေ ယတြာလေးဘာလေး ချေဦးမှ
      အခုတလော လက်အောက်ကကောင်တွေကလဲ အချိုးကိုမပြေဘူး
      ဦးမာဃ နေရာကိုများ ဗီရိုအာဏာနဲ့ သိမ်းမတဲ့
      သို့ အသင်မိုဘိုင်း
      အသင်အသိမ်းတော့ မခံ
      ရာဇဝင်ထဲက ဟိုမင်းလို အကုန်သတ်သွားမယ် ဟွန်း
      :kwi:

  • ဦးကြောင်ကြီး

    December 4, 2012 at 11:25 am

    ကျိပေါက်
    ဖိသောက်
    မိဟောက်
    ကွိဂျောက်..။

  • ရဲစည်

    December 5, 2012 at 6:50 pm

    ပထမတစ်မျိုး
    ကျနော် ကြည့်ပေါက်ပါတယ်…
    လက်ဝဲဘက်ဖြစ်ဖြစ် လက်ယာဘက်ဖြစ်ဖြစ် …
    လမ်းလယ်ကျွန်းပေါ်တော့ တက်မပေါက်ပါဘူး
    ပေါက်လဲ မပေါက်ရဲပါဘူး.. ကိုဆာမိတော့ ပေါက်ဖူးတယ်ပြောတယ်….:mrgreen:
    ကားမီးထိုးရင် ပိုလို့ အနေခက်ပါတယ်…..။

    ကျနော် ကြည့်ပေါက်ပါတယ်…
    လောကကြီး မာယာတွေ များမှန်းသိပါတယ်
    တခါက သေချာကြည့်ပေါက်တာတောင် အောက်က ပုရွက်နီအုံ နင်းမိတယ်
    ဘာခေါ်မလဲ ဒက်ဘယ်လ် ထွန့်ထွန့်ပေါ့ …..။

    ကျနော် ကြည့်ပေါက်ပါတယ်…
    ဆုပ်မကိုင်ထားပါဘူး…………။
    လွှတ်ချလို့တော့ မရဘူး စိုကုန်လိမ့်မယ်။
    ခွီး … ခွီး :mrgreen:

    ဒုတိယတစ်မျိုး
    ကေးဝမ်း
    အခုလို ကြည့်ပေါက်ကို စိတ်သက်သာစေတဲ့ အတွက်
    လောကရီးရဲ့ မါရာဒွေကို သိစေတဲ့ အတွက်
    တန်ဆာဆင် စကားလုံးတွေနဲ့ ဆင်ခြင်မိအောင်
    သတိပေးလို့ ရှဲရှဲပါ (ရှဲရှဲ=ထိုင်ပေါက်)

    အခြေအနေ အရပ်ရပ်ကို ပေါက်သွားတဲ့
    ဖင်ညှောင့်ရိုးလေး

Leave a Reply