မိဘုရား တစ်ပါး အလိုရှိသည်

ဗုံဗုံDecember 3, 20121min29941

နန်းတော်ထဲ ရှိညီလာခံ သဘင်ကျင်းပရာနေရာသည် ဆိတ်ဆိတ်ငြိမ်လျက် တစ်စုံတစ်ခုကို အပြင်းအထန်တွေးတော နေကြမှန်းသိသာနေသည်။ အမတ်မင်းများလည်း  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ဘုရင်မင်းမြတ်အား မည်ကဲ့သို့ လျောက်တင်ရမှန်း မသိ ဖြစ်နေကြလေသည်။ ဘုရင်ကြီး မိဘုရား ရရှိရေးကို အပြင်းအထန်ဆွေးနွေးနေကြခြင်းဖြစ်ပေသည်။

ဟုတ်သည် ယနေ့သည်ရတနာပူရ ဂေဇက်တိုင်းပြည်ကြီးအားစီမံ အုပ်ချုပ်မင်းလုပ်နေသော ခိုင်ဘုရင်ကြီး၏ နန်းစံသက် နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။်ဖခင်ဘုရင်ကြီး ရုတ်တရက် ဝမ်းလျှောတော်မူ၍ နတ်ရွာစံသွားပြီးသည့်နောက် တစ်ဦးတည်းသော သားတော် ခိုင်မင်းသားလေးမှာ အော်တိုငုတ်တုတ်ဘုရင်ဖြစ်ခဲ့လေသည်။ အိမ်ရှေ့စံ ကိုယ်တော်ဘဝမှာလည်း လက်စွဲတော် နှစ်လုံးပြူးမှ လွဲ၍ မည်သည့်အရာမှ စိတ်မဝင်စားဘဲ တောထွက်၍ ဖားရိုက်ရန် တာစူနေသောမင်းသားလေးအဖို့ အချစ်ဆိုသည်မှာ လည်း အမတ်ပေ၏ တူမ မိချစ်ကိုသာလျှင် သိလေသည်။ထို့ကြောင့်မင်းသားလေးအဖို့ ကြင်ယာတော်မရှိရခြင်းမှာလည်းမဆန်း။သို့သော် တိုင်းပြည်အုပ်ချုပ်နေသော ရှင်ဘုရင် တစ်ပါးဖြစ်လာပေပြီမို့  မိဘုရားမရှိသောဘုရင်သည် လူရာမဝင်သကဲ့သို့ဖြစ်လာလေပြီ။ ထို့ကြောင့်မိဘုရား တစ်ပါး ရရှိရေးအတွက် အမတ်များအားအလုပ်ပေး လေတော့သည်။ သက်ဦးဆံပိုင် ဘုရင်တစ်ပါးအဖို့ ကြိုက်ရာ မိဘုရားလောင်းအား လက်ညှိုးဖြင့် ကော် ပုလ္လင်ပေါ်ဆွဲတင်နိုင်သော်လည်း နှလုံးသားမပါဘဲ ဘိတ်သိတ်သွန်းမခံနိုင်ပါဟူ၍ ဂဂျီဂဂျောင် ကျနေသောကြောင့် အမတ်များ ခေါင်းကိုက်နေလေသည်။

ရှေးဘုရင်များကဲ့သို့ ဘုန်းကံကြောင့်အလိုအလျောက် ဝါးပိုးမင်းသမီးလေးများ ပေါ်ထွက်လာမလား ဟဲ့ ဟု မိန့်တော်မူ၍ တိုင်းပြည်အတွင်း အပြင်ရှိ ရှိသမျှ ဝါးလုံးတို့သည်လည်း ဝါးခြမ်းများဖြစ်၍ နေလေပြီ။ ဝါးပိုးမင်းသမီးနှင့်တူတာ မဆိုထားနှင့် နှောက်ချေးပိုးတောင်မတွေ့။ခက်တော့ခက်ချေပြီ။

“ ဘယ်လိုလဲ အမတ်ဖောရဲ့ ငါကိုယ်တော်မြတ်ကို အကြံဉာဏ်လေးများ လင်းစမ်းပါအုံး”

“မှန်ပါ့ဘုရား ကျွန်တော်မျိုး အမတ်ပေနှင့် တိုင်ပင်ထားတာ လေး လျှောက်တင်ပါရစေဘုရား”

“ တင်စေ မောင်မင်း’’

“ မှန်လှပါ ဘုရား ကျွန်တော်မျိုးတို့ ရှေးဘုရင် အစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ဆရာတော် တစ်ပါးရှိပါသည်ဘုရား ယတြာလည်း လွန်စွာမှ အစွမ်းထက်လှပါသည်ဘုရား ဆရာတော်အား နန်းတော်သို့ ပင့်ဆောင်၍ အရှင်မင်းကြီးအား ချစ်မြတ်နိုးတော်မူသော မိဘုရား ရရန်အတွက် ယတြာတောင်းသင့်ကြောင်းပါဘုရား’’

“ကောင်းလိုက်တဲ့ အကြံပါလား အမတ်ကြီးရဲ့ ဒါမှလူမသိသူမသိနဲ့ ငါကိုယ်တော်မြတ်မိဘုရားတစ်ပါးရရချည်သေးရဲ့  အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့မောင်မင်းကို နေရာတစ်နေရာ ပေးရသေးတာပေါ့ကွယ်  ကဲဟိုနေရာကနေ ဒီနေရာရွှေ့ထိုင်လိုက်ပေတော့ ဖောရိန်းအမတ်ကြီး”

“သင့်မြတ်လှကြောင်းပါဘုရား” ဟူ၍ အမတ်ပေနှင့် အမတ်မိုက်ကား ပြိုင်တူ လျောက်တင်ကြလေတော့သည်။

‘’ ကဲ ကဲ ဆရာတော်ကို နေမပူခင် သွားပင့်ချေကြတော့ အမြန်ဆုံးနော် ဟိဟိ”

“ ဘုရင်ကလည်း ကြီးမှ ဝက်သက်ပေါက်နေတယ်” ဟူ၍ မကြားတကြားပြောနေသော ပုဏ္ဏားအံစာ၏ စကားကို ဘုရင်မှ ကြားသွားလေသည်။ “ တယ် ဒီပုဏ္ဏားတော့ မျက်နှာခြောက်ဖက် တစ်ဖက်မှ အကောင်းမကျန်အောင် သံလျက်နဲ့ မွှန်းလိုက်ရ ဟွန်း အခုတော့ ငါကိုယ်တော်မြတ် နှလုံးသားရေးရာ ကိစ္စမို့ ခွင့်လွှတ်လိုက်မယ်”ဟု ဆို၍ ပြုံးပြုံးကြီး စိတ်ကူးယဉ်နေလေတော့သည်။

 

(မနက်ဖြန် မိဘုရားလောင်း ရွေးပွဲအား ရွာသူရွာသားများ စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

 

 

 

41 comments

  • ဗုံဗုံ

    December 3, 2012 at 10:53 am

    သီမီး က အူးလေး တို့ကို ချစ်လို့စတာနော် စိတ်ဆိုးရဘူးနော် မအိပ်ဘဲ ရေးထားရတာရယ်
    ဘဘသဂျီး ပွိုင့်လည်းမနုတ်နဲ့နော် မိဘုရားလှလှလေး ရအောင် ရေးပေးမှာ လှလှလေးရရင် ပိုွင့်တစ်သိန်းပေးမှာလား

  • ခင်ခ

    December 3, 2012 at 11:00 am

    အဲ အခန်းဆက်ပါလား။ အင်း စောင့်ရအုံးမှာပေါ့လေ၊ ကိုယ်ကဖတ်ချင်တာကိုး။

  • ခေါင်းစဉ် ဖတ်မိပြီး ..
    အနော်ရေးခဲ့တဲ့ “မိဖုရား အလိုရှိသည်” ဆိုသလိုမျိုး ဖစ်နေမလားလို့ ဝင်ဖတ်ကြည့်ဒါ ..
    https://myanmargazette.net/118733/society-lifestyle/aha-jokes

    ခုဒေါ့ ..
    အနော်က အသက်ငယ်ငယ်ရွယ်ရွယ် ရုပ်ရည် ခပ်ချောချော ပုဏ္ဏားလေး တစ်ယောက်ပေါ့နော် … :mrgreen:

  • Mr. MarGa

    December 3, 2012 at 11:13 am

    အင်းးးးးးးးး
    အခန်းဆက်ပြန်ပေါ့
    စောင့်လိုက်ပါဦးမယ်လေ

  • Foreign Resident

    December 3, 2012 at 11:29 am

    အင်း ဗုံဗုံ က ရွာသူ အသစ်သာဆိုတယ် ၊
    လက်ရည်ကတော့ လျော့တွက်လို့ မရဘူးပဲ ။ 😛

    • အိမ်း …
      ဟုတ်ပေဒယ် ဖောရိန်းအမတ်ဂျီးရဲ့ …
      ခေသူလေး မဟုတ်ပေဘူးဘဲ … အဟိ .. :mrgreen:
      နောက်တာနော် ဘဖော ..

    • surmi

      December 3, 2012 at 11:43 am

      အဘဖေါရေ
      စောင် ့ဖတ်ရမည် ့စာရင်းထဲ ထည် ့ထားရမယ်ထင်တယ် …..ဟုတ်စ

  • surmi

    December 3, 2012 at 11:41 am

    ဟိုက်ရှာလပတ်ရည်…!!!!!!!!!!!!!!!!!
    ဝင်ဝင်ခြင်း သဂျီးကိုနှံရဲတာ ဒီတစ်ယောက်ပဲ တွေ ့ဖူးသေးတယ်……
    ရွာသူအဟောင်းသာမဟုတ်ရင်တော ့အတော်လေး ရွာအကြောင်းသိသူပေပဲ
    ကောင်းပါ လေ ့ဗျာ …. ရွာကိုဂရုစိုက်သူတစ်ယောက်ရွာသူဖြစ်လာတာ ….
    အရေးအသားရော တင်ပြပုံပါ ဗျူဟာမြောက်ပါပေတယ် ။ စာရေးသက်လည်း
    နည်းမယ်မထင် ။ မဟုတ်မှလွဲရော ………ထင်တာပြောရရင် ………….
    …………………………………??????????????………………………

    • ဗုံဗုံ

      December 3, 2012 at 12:03 pm

      ဦးလေးဆာမိ မိဗုံက ရွာသူအသစ်မှ ဂျွတ်ဂျွတ် နဲ့တောင်မြည်နေသေးတယ်တော့ (အဟီး) ရွာထဲဝင်ချင်တာကြာပေါ့ ရွာစောင့်နတ်ကြီး(ကော်နက်ရှင်က မျက်စောင်းထိုးနေလို့ ဝင်လို့မရတာ) မန်းလေးဂေဇက်က မိဗုံအသည်းစွဲလေ အဲ့ဒါကြောင့်သိတာပေါ့ ဦးကြီးဆာမိရဲ့

      • ခင်ခ

        December 3, 2012 at 2:56 pm

        ဒီပိုစ့်အရေးအရတော့ ဗုံဗုံအမည်နဲ့ ရွာသူအသစ် ဖြစ်လောက်ပေမယ့် ဒါပေမယ့် ရွာထဲရောက်နေတဲ့ သက်တမ်းတော့ဖြင့်———-????? တွေးနေမိပါရဲ့။
        ဘယ်လိုဘဲဖြစ်ဖြစ် သူကြီးဦးခိုင်အမည်ပါအကြောင်း ဒုတိယမြောက်ပိုစ့်မှာရေးတဲ့ သတ္တိတော့ ချီးကျူးမိပါတယ်ဗျ။

  • candle .

    December 3, 2012 at 11:46 am

    ဟယ်..ဗုံ ညီမလေး လက်ရာက အမိုက်စားလေး တော့..
    အခန်းဆက်ဆိုတော့ ..ဟို ခြောက်မျက်နှာ အမတ်အံစာ လို..လည်ပင်းညောင်ရေအိုးဖြစ်အောင်လုပ်နဲ ့နော်..
    မျှော်နေမယ် မြန်မြန်လေး….

    • ဟိုက် ….
      သေရော ….
      သူများတွေကို ကြုံတုံး လိုက်ကစ်ကစ်နေတာ ..
      ဒီတစ်ခါတော့ ခံလိုက်ရပေါ့ … :mrgreen:

    • Mr. MarGa

      December 3, 2012 at 12:29 pm

      မောင်အံ လိုတော့ လုပ်လောက်မယ် မထင်ပါဘူး
      ဟုတ်တယ်မလား ဗုံဗုံ ရေ

  • jullies cezer

    December 3, 2012 at 12:01 pm

    ဒုတိယအပိုင်းကိုမျှော်နေပါတယ်ဗျို့ …….

  • ရွာသူ jujuma .

    December 3, 2012 at 12:02 pm

    ဗုံဗုံ ကတော့ စုံစုံ လေး သိသကိုး …
    အသစ်ပေသိ … စာဖတ်သူအဟောင်းဖြစ်မယ်ထင်ပါ့ ..
    အားပေးသွားပါတယ် ညီမရေ ..

  • တိမ်မည်း

    December 3, 2012 at 12:28 pm

    မိန်းမရဖို ့များ ဆရာတော် အပူကပ်သတဲ့……………..
    ချိတ်ညစ်ပါတယ်………….

  • မိုးသောက်ချိန်

    December 3, 2012 at 12:41 pm

    ဘုရင်မ တစ်ပါး
    တစ်ကိုယ်တည်း အပျိုကြီးဘဝကနေ အစွံထုတ်ဖို့
    အကြံထုတ်ရင်း …. အပျိုဟိုင်း ဘဝ ရောက်သွားတဲ့ ဇာတ်လမ်းမျိုးလေးတွေလည်း ရေးပေးပါ
    (သူများကို အာရုံနောက်အောင်လုပ်တာတော့ဟုတ်ရပါဝူးဂျာ) 😆

  • ကမ္ဘာဦးအစ ကျောက်ခေတ်လူသား အင်အားကြီးမျိုးနွယ်စု၏ တစ်ဦးတည်းသော ခေါင်းဆောင် ဗုဒ္ဓသက်တော်ထင

    December 3, 2012 at 12:52 pm

    အိမ်း မိမိရဲ့လက်အောက်ခံ နိုင်ငံ တစ်နိုင်ငံက
    ဘုရင်က မိဘုရား ရှာပုံတော် ဖွင့်နေပါလား။
    ငါကိုယ်တော်မြတ် စိတ်ဝင်တစား ရှိလှတယ်ကွယ်
    ငါ၏ ပိုင်ဆိုင်သော ဧရိယာအတွင်းမှ မိန်းမပျိုတစ်ယောက်ကို မိဘုရားမြှောက်တင်မည်ဆိုပါက
    ရတနာပူရ ဂေဇက်တိုင်းပြည် အားကျောက်ခေတ်လူသား အင်အားကြီး မျိုးနွယ်စု၏ တစ်ဦးတည်းသော
    ခေါင်းဆောင် အရှင်သခင်မိုဘိုင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ် ခွင့်ပြုပေးမည့်အပြင်
    အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးမည်ဟု
    ကတိပြုကြောင်း ငါကိုယ်တော်မြတ် စီးနင်းသော ခြေနင်းစင်္ကြာအား အသုံးပြု၍ အမြန်ဆုံး စာချွန်တော်
    ပါး၍အကြောင်းကြားစေဗျား . . . . . . . . . . . . . . . . .
    ဒီလိုနဲ့ ကျောက်ခေတ်လူသား နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်၍ စာချွန်တော် အဖွဲ့ဟာ
    ရတနာပူရ ဂေဇတ်တိုင်းပြည်ကို ရောက်ရှိခဲ့ပါတယ် ………
    ရတနာပူရ ဂေဇတ်တိုင်းပြည် အရှင်မင်းမြတ်အတွက် ကျောက်ခေတ်လူသား အင်အာကြီးမျိုးနွယ်စု၏
    တစ်ဦးတည်းသောခေါင်းဆောင် အရပ်ဆယ်မျက်နှာကို စစ်အောင်နိုင်တဲ့ မိုးမဆုံးမြေမဆုံး အင်ပါယာ
    အရှင်သခင် မိုဘိုင်း၏ အမိန့်တော် . . . . . . . . . . . . . . . . . . . . . . . . .
    ဒီလိုနဲ့ အရှင်သခင်မိုဘိုင်းရဲ့ အမိန့်တော်ကို ဖတ်ပြလိုက်တယ်ပေါ့ကွယ် . . . . . . . . . . .
    ပုံပြင်လေးကတော့ တစ်ဝက်တစ်ပျက်ပဲရှိပါသေးတယ် နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာကတော့
    ယခုပို့ရဲ့ ဒုတိယ အခန်းဆက်မှာ ကွန်မန်းဖြင့် ဆက်လတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • မောင်ပေ

    December 3, 2012 at 12:52 pm

    အမတ်ပေ
    အသက်ရှည်
    အမြတ်တွေ
    အပြတ်ဖွေ
    အထက်လေ

  • ဗုံဗုံ

    December 3, 2012 at 12:56 pm

    အားပေးတာ ကျေးဇူးတင်ပါတယ် အူးလေးတို့ရေ ဗုံဗုံက ခင်လို့စတာ စိတ်ဆိုးရဘူးနော် အားလုံးနဲ့ ရင်းနှီးချင်လို့ပါ အခန်းဆက်တာ အူးလေးတို့ အလုပ်ပျက်မှာစိုးလို့ပါတော် သည်းခံကြ သည်းခံကြ ရေးနေပြီ အရေးထဲ ကွန်က မကောင်းလို့ ကောမန့်လေးတောင် ရေးလို့မရဘူး ငါ့နှယ်နော်

    အားလုံးကို လေးစားလျက်
    ဗုံဗုံ

  • Wow

    December 3, 2012 at 1:01 pm

    ဗုံဗုံလေးရဲ့လက်ရာကတော့ မိုက်သကွယ် …

  • Wow

    December 3, 2012 at 1:04 pm

    ဒီဖားတော့ ဒီနေ့တင် အဆော်ခံရတာ နှစ်ခါရှိဘီ :kwi:

  • Mon Kit

    December 3, 2012 at 1:10 pm

    ဗုံဗုံ… စုံနေအောင်ရေးနော်…
    နောက်အပိုင်းတွေ ဆက်မျှော်နေမယ်… :hee:

  • သုရှင်

    December 3, 2012 at 1:16 pm

    အင်း………………………………………………………………………………………………………………………………………………………………………………………………………………………………………………. :mrgreen:

  • ကိုရင်စည်သူ

    December 3, 2012 at 1:18 pm

    အစုံရေးတဲ့ ဗုံလေးရေ… ရွာကဝိတွေကို နှံရဲတာတော့ တော်ရုံ
    စာရေးစွမ်းရည်မဟုတ်လောက်ဘူး…။ အင်းလေ..
    ဆရာမပဲကိုး.. တီချယ်ပဲကိုး.. မန်းလေးသူပဲကိုး… :gee:
    အားပေးနေပါတယ်ခင်ည…
    ဗုံကို အားမနာတမ်းကော ဂျစ်လို့ရလားဂျ.. 😳

    • surmi

      December 3, 2012 at 1:26 pm

      ကိုရင်စည်တို ့ဂျစ်က ဘယ်နှစ်ခုတောင်ရှိလည်းမသိပါဘူး……….
      ဂျစိပဲ ဂျစ်နိုင်လွန်တယ်
      အပိုရှိရင် ဒီဘက်တစ်ခုလောက်ပစ်လိုက်ဦး
      :harr:

      • ကိုရင်စည်သူ

        December 3, 2012 at 1:31 pm

        အူးဆာမိ.. တားတို့က အထီးကျန်နေတော့လေ..
        အဖော်မဲ့နေတော့လေ.. တော့လေ… အားရင် ဂျစ်ပဲဂျစ်နေရဒါဘဲ။
        အူးဆာမိကော ဂျစ်တဲ့ထဲပါမရား… :kwi:
        မန်းလေးသားဖစ်ချင်တော့ မန်လေးသူဆို
        ထွန်ဂျစ်နဲ့လိုက်ဂျစ်မလားလို့လေ… :mrgreen:

        • ဗုံဗုံ ကို နာဂျစ်ဒယ် ..
          ဗုံဗုံ ကိုပဲ နာယူမယ် …
          ဗုံဗုံ ဖယောင်းတိုင်ထုပ် … အဲလေ .. ယောင်ကုန်ပီ .. :mrgreen:

  • kyeemite

    December 3, 2012 at 1:26 pm

    အမတ်မိုက် ကလည်း အပြတ်ခိုက်ပါသကွယ်… :hee:

  • ဗုံဗုံ

    December 3, 2012 at 1:35 pm

    ဗုံဗုံက အားမနာတမ်းရော ငြင်းလို့ရမလားဂျင့် ထုမှ ခရေးချိသေးတာကို ဘာဒွေပြောမှန်းသိဘူး ဟွန်းမိဘုရားနေရာ ထည့်လိုက်မှာတော့

  • ဗုံဗုံ

    December 3, 2012 at 2:23 pm

    အားပေးကြတဲ့ သူအားလုံးကို ဗုံဗုံမှ အထူးကျေးဇူးတင်ပါသဖြင့် ဒီနေ့ည ဆယ့်နှစ်နာရီ တိတိမှာ တစ်ယောက်ကို ရွှေတစ်ဆယ်သား လက်ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင် ယူချင်သူများ အိမ်မက်ထဲသို့ ကြွရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် (အဟီး စတာ စိတ်မဆိုးကြေးနော် လူကြီးတွေကို ပျင်းနေမှာစိုးလို့ ဗုံဗုံက အလိုက်သိရေးပေးတာ )

  • ကမ္ဘာဦးအစ ကျောက်ခေတ်လူသား အင်အားကြီးမျိုးနွယ်စု၏ တစ်ဦးတည်းသော ခေါင်းဆောင် ဗုဒ္ဓသက်တော်ထင

    December 3, 2012 at 3:22 pm

    ဟိုက် . . . . . . . .
    ချိန်ခွင် ၊ တစ်ဆယ်သားအလေး ၊ မှတ်ကျောက် ဒီပစ္စည်းသုံးခု ယူခဲ့ပြီး
    အိပ်မက်ထဲသို့ ဝင်လာမည်ဖြစ်ပါကြောင်း . . . . . . . . . .
    မှတ်ချက် ။ ။ ရွှေအရည်ညံ့လျှင်သော်၎င်း ၊ အလေးချိန်မပြည့်မှီလျှင်သော်၎င်း မယူပါ။

  • အရီးခင်လတ်

    December 3, 2012 at 7:22 pm

    ဗုံဗုံ ဆိုတဲ့ ကလေးမလေး ရေ (ဇာတ်သံဖြင့်ဖတ်ရန်)
    အရီး တို့ ငယ်တုန်းက ဗုံဗုံ ဆိုတာ အင်မတန်ချစ်စရာ ကာတွန်း ဇာတ်ကောင်ကွဲ့။ 😉
    ဒီလို လက်စောင်းထက် တဲ့ ရွာသူတစ်ယောက်တိုးတာ အင်မတန်အားရ ဝမ်းသာလှပါတယ်။
    ဟာသဉာဏ် နဲ့ ရေးလာတဲ့ စာလေးများ ကို အားပေးနေပါတယ်။

    ဒါထက် သူကြီးတော့ ဗိုက်ကြောပြတ်အောင် လိမ်ဆွဲ ခံရပြီထင်ရဲ့။ ဟိဟိ။ 😆

  • အလင်းဆက်

    December 3, 2012 at 8:38 pm

    နန်းတွင်း…ဇာတ်လမ်းလေး.ပေါ့နော် ။

    အပို်င်း အဆက်နဲ ့ဆိုတော့..
    သားတို ့ကို.. စာသားတွေ.နဲ ့ဆွဲခေါ်..ဦးမယ်ပေါ့ ။

    လိုက်မယ်..လိုက်မယ် ။

  • aye.kk

    December 3, 2012 at 11:24 pm

    ဗုံဗုံရေ
    အားရပါးရကိုဝင်ဖတ်ပြီး
    အားရပါးရအားပေးသွားပါတယ်။ဖတ်ရတာမဝဘူး။
    တကယ်အရေးကောင်းပြီးဟာသအခန်းဆက်လေးတွေများများရေးနိုင်စေဖို ့။
    ဆုတောင်းအားပေးနေမယ်နော်။

  • uncle gyi

    December 4, 2012 at 9:16 am

    ရှေးအစဉ်အလာမပျက်
    ဗေဒင်ယတယာ
    နဲ့စီမံအုပ်ချုပ်တဲ့မင်းကောင်းမင်မြတ်
    တပါးပါလား

  • ဦးကြောင်ကြီး

    December 4, 2012 at 11:19 am

    ဗုံမင်းသမီး
    ချုံရှင်းပြီး
    ထုံလင်းစည်း
    လုံသွင်းနည်း..

  • မိုးတိမ်

    December 4, 2012 at 6:01 pm

    ဗုံဗုံရေ….. အားပေးသွားပါတယ်ခင်ဗျ….
    ဝင်ဝင်ချင်းကို သဂျီးဆိုတဲ့လူဂျီးကို ဗျင်းရဲတာအားပေးတယ်ဗျာ…
    တစ်ခုတော့သတိပေးပါရစေ…အဲလူဂျီးက သိပ်အငြင်းသန်သနော်။
    ကျွန်တော်နဲ့လဲသိပ်မတည့်ဘူးဗျ။တော်ပါဘီဂျာ။။။
    ဆက်ရေးပါ…စောင့်ဖတ်နေပါတယ်ခင်ည……..

    ပုံ၊သူတောင်းစား ကိုရင်မိုးတိမ်……….

  • kokothandar

    December 5, 2012 at 7:04 am

    ဘတ်စ်ကားပေါ်မှာ အချိန်ပုတ်လို့စိတ်ရှုတ်နေရတဲ့ အထဲ ကိုးရီးယားဇတ်လမ်းတွဲရေးတဲ့ ဘုံဘုံရောက်လာပြီ ဆရာကြီးမြသန်းတင့်ရဲ့ ဘုံဘဝမှာဖြင့်လို အရှည်ကြီးများလားမသိ။ ကြည့်ရတာ နေ့တိုင်းရည်းစားစကားပြော တာကြားချင်လို့ အဖြေနောက်နေ့မှ ပေးမယ်ပြောတတ်တဲ့ အပြိုဂျီးများ ဖြစ်နေမလားဘဲ။ဖတ်မိတော့လဲဖတ် ရတော့ မှာပေါ့လေ…..အင်း……ဒုက္ခ..ဒုက္ခ………………………………………

  • မိဘုရားရွေးတဲ့ထဲတော့စာရေးပေးလို့မရတော့ဘူးနော်။
    သို့ပေမယ့်နန်းတွင်းဇာတ်ဆိုတော့ တို့လို နန်းမြို့ဟောင်းသူတွေနဲ့ဆက်နွယ်နေသကွယ့်
    မပါရရင်တော့ငိုမှာနော် :eee:

Leave a Reply