ကြမ်းရှရှ အေးမြမြနဲ့
ရင်ခွင်မှာလမသာခဲ့ဘူး
ညင်သာစွာ တိုးတိတ်တိတ်နဲ့
အရောင်မစုံတော့တဲ့ ညနေခင်းတွေ
တိမ်တွေမှာ အရုပ်ရေးထားမယ်
မင်းလာရင် ကြိုလင့်ရအောင်။

အဖျားခတ်တုန်ခါမှုတွေက
ရင်ခွင်ကိုဗြောင်းဆန်စေတာ မင်းသိမလား
မင်းဘက်က အတောင်တစ်ချက်ခတ်ရုံ
ငါ့ဘက်မှာက မုန်တိုင်းထန်နေတယ်
တိမ်တွေအရောင်မပြောင်းသေးဘူး။

နောက်ဆုံးမှ ထွက်ကျလာတာ
Just a kidding
နောက်မဆုတ်ဖြစ်တဲ့ ခြေတစ်လှမ်းက
ရှေ့လည်းဆက်မတိုးနိုင်
စကားတစ်ခွန်းနဲ့တင်
တိမ်တွေပေါ်က အရုပ်လေးတွေမရှိတော့ဘူး။

ဝေေ၀၀ါးတဲ့ ဘ၀မှာ
ခပ်ထန်ထန်နဲ့ဖြတ်သန်းသွားတဲ့
ဘာသာစကားတစ်ခုက
တိမ်တွေကိုအရောင်ပြောင်းပစ်တယ်

လက်မခံနိုင်တဲ့ သီအိုရီတစ်ခုကို
အရှုံးပေးလိုက်ရတယ်
တိမ်တွေအရောင်ပြောင်းတဲ့နေအထိ
ဆက်စောင့်နေမယ်။

ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ
အရုပ်ရေးချင်တယ်……………..။

********************

အောင်မိုးသူ
နိုဝင်ဘာ ၂၈ရက် ၂၀၁၂ခုနှစ်
နေ့လည် ၁၂နာရီ ၁၉မိနစ်

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 222 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။

   Send article as PDF