ွှအရောင်ပြောင်းမယ့်အချိန်

ကြမ်းရှရှ အေးမြမြနဲ့
ရင်ခွင်မှာလမသာခဲ့ဘူး
ညင်သာစွာ တိုးတိတ်တိတ်နဲ့
အရောင်မစုံတော့တဲ့ ညနေခင်းတွေ
တိမ်တွေမှာ အရုပ်ရေးထားမယ်
မင်းလာရင် ကြိုလင့်ရအောင်။

အဖျားခတ်တုန်ခါမှုတွေက
ရင်ခွင်ကိုဗြောင်းဆန်စေတာ မင်းသိမလား
မင်းဘက်က အတောင်တစ်ချက်ခတ်ရုံ
ငါ့ဘက်မှာက မုန်တိုင်းထန်နေတယ်
တိမ်တွေအရောင်မပြောင်းသေးဘူး။

နောက်ဆုံးမှ ထွက်ကျလာတာ
Just a kidding
နောက်မဆုတ်ဖြစ်တဲ့ ခြေတစ်လှမ်းက
ရှေ့လည်းဆက်မတိုးနိုင်
စကားတစ်ခွန်းနဲ့တင်
တိမ်တွေပေါ်က အရုပ်လေးတွေမရှိတော့ဘူး။

ဝေဝေဝါးတဲ့ ဘဝမှာ
ခပ်ထန်ထန်နဲ့ဖြတ်သန်းသွားတဲ့
ဘာသာစကားတစ်ခုက
တိမ်တွေကိုအရောင်ပြောင်းပစ်တယ်

လက်မခံနိုင်တဲ့ သီအိုရီတစ်ခုကို
အရှုံးပေးလိုက်ရတယ်
တိမ်တွေအရောင်ပြောင်းတဲ့နေအထိ
ဆက်စောင့်နေမယ်။

ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ
အရုပ်ရေးချင်တယ်……………..။

********************

အောင်မိုးသူ
နိုဝင်ဘာ ၂၈ရက် ၂၀၁၂ခုနှစ်
နေ့လည် ၁၂နာရီ ၁၉မိနစ်

2 comments

  • Mobile

    December 3, 2012 at 4:22 pm

    ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ
    အရုပ်ရေးချင်တယ်……………..။
    ဆေးဗူးတွေ စုပ်တံတွေ ယူပြီး ကျုပ်နဲ့လိုက်ခဲ့ပေါ့ . . . . . .

    • aung moethu

      December 4, 2012 at 9:52 am

      လိုက်ခဲ့မယ်ဗျာ.. တကယ်ရေးရမယ်ဆိုရင်ပေါ့.. း)

Leave a Reply