ရွာမှာ ဇာတ်လမ်းတွေ ရေးနေကြတာတွေ့တော့ တစ်ခါတစ်လေလည်း ကိုယ်လည်း ရေးချင်မိသား …. ရေးမယ်လို့ စိတ်ကူးမိပေမယ့် သူတို့လောက် စာရေးမကောင်းတော့ ချပြရမှာလည်းရှက် ရေးရမှာလည်း အခက်နဲ့ ကီးဘုတ်ပေါ်က လက်ကလေးတွေကိုတောင် အားနာမိပါရဲ့ …. ရေးမယ်ဆိုတော့ ငါဘာတွေရေးမှာလဲ အကျိုးပြုတွေလား …. စဉ်းစား တွေးချိန်ချင့်စရာတွေလား … ဘ၀အမောတွေ ပြေပျောက်အောင် ဖြေဖျောက်ပေးနိုင့်ပါ့မလားဆိုပြီး ပြန်လည်သုံးသပ်ရင်း မိုးလင်းခဲ့ရတဲ့ ညပေါင်းတွေလည်း မနည်းတော့ပါဘူး (အမှန်က ဘောလုံးပွဲကြည့်ရင်း အာရုဏ်တက်ချိန်ရောက်သည် စာထဲမှာတော့ နည်းနည်း တင်စားတော့ပါဗျာ) ကဲကဲ စကားချည်းတွေက တယ်များပါ့လားဆိုပြီး မေတ္တာပို့နေပါဦးမယ် .. ဇာတ်လမ်းလေးကို မကြာခင် စပါတော့မယ် … ဇာတ်လမ်းလို့သာ ပြောရတယ် … သိုင်းဝိုင်းပြီးရေးထားတော့ မရှိဘူးနော် … ဒါက ကြိုတင် စကားပလ္လင်ခံထားတာ … ဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဆိုတော့ တိုတို တုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းပဲ ရေးထားတယ်နော် … ကဲ ဇာတ်လမ်းအစက ဒီလိုဗျ ………
………………………………………………. ………………………………………………………………………………..

ကျွန်တော် အရင်တုန်းက ပိုက်ဆံလေး လေး ငါးရာ ရဖို့အတွက်
နေပူထဲမှာ သူများခိုင်းသမျှ လုပ်ပေးခဲ့ရတယ် …..
…………………………………………………..
အခုတော့ ပိုက်ဆံ လေး ငါးရာ ပေးပြီး
သူများကို နေပူထဲ ခိုင်းတတ်နေပါပြီ ……
…………………………………………………..
ကျွန်တော် သောင်းဂဏန်း ပိုက်ဆံတွေကို သူများဆီက မုန့်ဖိုးရဖူးခဲ့ပါပြီ
ကျွန်တော် ဘယ်တော့ သူများကို သောင်းဂဏန်း ပြန်ပေးနိုင်မယ့်အချိန် ……………..
…………………………………………………..
ဆက်ပါဦးမည် …..
ဘ၀ဆိုတာကတော့

စိတ်ကူးနဲ့ပုံဖော်ကြည့်ရင် ရုပ်ရှင်တွေတောင် လိုက်လို့မမီပါဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ ဇာတ်လမ်းတွဲလေးကို မိမိကိုယ်ပိုင် စိတ်ကူးများနဲ့ ပုံဖော်ကြည့်ရှုပေးပါရန်။ မီတာလည်း သက်သာတယ်။ မျက်လုံးလည်းမညောင်းတော့ဘူးဟုတ်။ (အမှန်ကကိုယ့်ဖာသာရေးရင် ကောင်းချင်မှ ကောင်းမှာလေ အဲဒီတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ကြည့်ခိုင်းတော့ မကောင်းဘူးလို့ မပြောကြဘူးထင်လို့ )

ဝင်ရောက်ဖတ်ရှုသူအပေါင်းကို ကျေးဇူးတင်ပါတယ်……………………..

ပုံလေးကတော့ အရက်သမား ကုလသမဂ္ဂအဖွဲ့ချုပ်ကနေ ကူးယူဖော်ပြပါသည်။ http://www.facebook.com/pages/%E1%80%A1%E1%80%9B%E1%80%80%E1%80%B9%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%81%A2%E1%80%A1%E1%80%96%E1%80%B2%E1%80%BC%E1%82%95%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9/125662110843334

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................