ဖြစ်ရပ်မှန် မြန်မာဇာတ်လမ်းတွဲရှည် (ဘယ်အချိန်ပြီးဆုံးမည်ဆိုတာမသိ)

KingDecember 3, 20121min17111

ရွာမှာ ဇာတ်လမ်းတွေ ရေးနေကြတာတွေ့တော့ တစ်ခါတစ်လေလည်း ကိုယ်လည်း ရေးချင်မိသား …. ရေးမယ်လို့ စိတ်ကူးမိပေမယ့် သူတို့လောက် စာရေးမကောင်းတော့ ချပြရမှာလည်းရှက် ရေးရမှာလည်း အခက်နဲ့ ကီးဘုတ်ပေါ်က လက်ကလေးတွေကိုတောင် အားနာမိပါရဲ့ …. ရေးမယ်ဆိုတော့ ငါဘာတွေရေးမှာလဲ အကျိုးပြုတွေလား …. စဉ်းစား တွေးချိန်ချင့်စရာတွေလား … ဘဝအမောတွေ ပြေပျောက်အောင် ဖြေဖျောက်ပေးနိုင့်ပါ့မလားဆိုပြီး ပြန်လည်သုံးသပ်ရင်း မိုးလင်းခဲ့ရတဲ့ ညပေါင်းတွေလည်း မနည်းတော့ပါဘူး (အမှန်က ဘောလုံးပွဲကြည့်ရင်း အာရုဏ်တက်ချိန်ရောက်သည် စာထဲမှာတော့ နည်းနည်း တင်စားတော့ပါဗျာ) ကဲကဲ စကားချည်းတွေက တယ်များပါ့လားဆိုပြီး မေတ္တာပို့နေပါဦးမယ် .. ဇာတ်လမ်းလေးကို မကြာခင် စပါတော့မယ် … ဇာတ်လမ်းလို့သာ ပြောရတယ် … သိုင်းဝိုင်းပြီးရေးထားတော့ မရှိဘူးနော် … ဒါက ကြိုတင် စကားပလ္လင်ခံထားတာ … ဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဆိုတော့ တိုတို တုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းပဲ ရေးထားတယ်နော် … ကဲ ဇာတ်လမ်းအစက ဒီလိုဗျ ………
………………………………………………. ………………………………………………………………………………..

ကျွန်တော် အရင်တုန်းက ပိုက်ဆံလေး လေး ငါးရာ ရဖို့အတွက်
နေပူထဲမှာ သူများခိုင်းသမျှ လုပ်ပေးခဲ့ရတယ် …..
…………………………………………………..
အခုတော့ ပိုက်ဆံ လေး ငါးရာ ပေးပြီး
သူများကို နေပူထဲ ခိုင်းတတ်နေပါပြီ ……
…………………………………………………..
ကျွန်တော် သောင်းဂဏန်း ပိုက်ဆံတွေကို သူများဆီက မုန့်ဖိုးရဖူးခဲ့ပါပြီ
ကျွန်တော် ဘယ်တော့ သူများကို သောင်းဂဏန်း ပြန်ပေးနိုင်မယ့်အချိန် ……………..
…………………………………………………..
ဆက်ပါဦးမည် …..
ဘဝဆိုတာကတော့

စိတ်ကူးနဲ့ပုံဖော်ကြည့်ရင် ရုပ်ရှင်တွေတောင် လိုက်လို့မမီပါဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ ဇာတ်လမ်းတွဲလေးကို မိမိကိုယ်ပိုင် စိတ်ကူးများနဲ့ ပုံဖော်ကြည့်ရှုပေးပါရန်။ မီတာလည်း သက်သာတယ်။ မျက်လုံးလည်းမညောင်းတော့ဘူးဟုတ်။ (အမှန်ကကိုယ့်ဖာသာရေးရင် ကောင်းချင်မှ ကောင်းမှာလေ အဲဒီတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ကြည့်ခိုင်းတော့ မကောင်းဘူးလို့ မပြောကြဘူးထင်လို့ )

ဝင်ရောက်ဖတ်ရှုသူအပေါင်းကို ကျေးဇူးတင်ပါတယ်……………………..

ပုံလေးကတော့ အရက်သမား ကုလသမဂ္ဂအဖွဲ့ချုပ်ကနေ ကူးယူဖော်ပြပါသည်။ http://www.facebook.com/pages/%E1%80%A1%E1%80%9B%E1%80%80%E1%80%B9%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%81%A2%E1%80%A1%E1%80%96%E1%80%B2%E1%80%BC%E1%82%95%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9/125662110843334

11 comments

  • မောင်ပေ

    December 3, 2012 at 8:49 pm

    မင်းကောင်ရယ်
    ဘဝမှာ အရေးကြီးဆုံးကဘာလဲဆိုတော့
    တစ်ယောက်နဲ ့တစ်ယောက် မတူတာများမယ် ထင်ပါရဲ ့

  • အော် …
    အတိုချုံး ရေးပြထားတာကို
    အကျယ်ဖြန့်ပြီး တွေးရမှာပေါ့နော် .. 🙄
    ဒါနဲ့ ..
    ဘီယာရယ်၊ ဝီစကီရယ် ဆိုတဲ့ ပုံလေးကို သဘောကျတယ်ဗျာ …

  • Mr. MarGa

    December 3, 2012 at 9:12 pm

    ပုံက ဘယ်မတုန်းးးးးးးးးးးးးးးးး
    လင့် ပဲ မြင်ရတယ်

    • မိုးသောက်ချိန်

      December 3, 2012 at 9:16 pm

      ပုံလေးကတော့ လိုင်းကောင်းရင် မြင်ရပါလိမ့်မယ်
      ပုံလေးက စာလေးတွေပဲ ရေးထားတာဖြစ်ပါတယ်
      စာလေးတွေကတော့
      ဘဝမှာ ဘ ဆိုတဲ့ ဘီယာရယ် ဝ ဆိုတဲ့ ဝီစကီရယ် နှစ်မျိုးရှိတယ်တဲ့
      ဘီယာလိုပဲ များများဝင်မှ အရာထင်တဲ့ကိစ္စတွေရှိသလို နည်းနည်းလောက်သောက်ရုံနဲ့ အစွမ်းပြတဲ့ ဝီစကီလို အရာမျိုးတွေလည်း ရှိတယ်တဲ့ …. 😛

      • ဒီလို ကိုကင်းရဲ့ ..
        အဲဒီ မစ္စတာ မာဃ ဆိုတဲ့ လူကြီးပေါ့ဗျာ ..
        သူ့ကိုယ်သူ နတ်ပြည်မှာ နေတာလေး .. ဘာလေးနဲ့ ..
        ဟော .. အခုတော့ တွေ့တယ် မဟုတ်လား ..
        ကိုးနတ်ရှင် ဖွတ်ချပ်ဖွတ်ချပ် ဖြစ်နေတဲ့ အရပ်မှာရယ် … အဟိ .. :mrgreen:

        • Mr. MarGa

          December 4, 2012 at 5:08 pm

          သယ်…………………………
          ဒီ ခြောက်မျက်နှာ ကတော့
          အမိုက်အမဲလေးမို့လို့ ခွင့်လွှတ်ထားတာကိုနော်
          သိကြားမင်း အမျက်ထွက်တာ မကြုံဖူးသေးဘူး ထင်ပါ့
          နတ်ပြည်က ကိုးနတ်ရှင်က နင်တို့ထက်သာတယ်
          ဦးမာဃ နည်းနည်း မျက်စိလျှမ်းသွားလို့ ဟင်းးးးနော်

    • Mr. MarGa

      December 4, 2012 at 5:03 pm

      အင်းးးးးးးးးးဦးမာဃ မျက်စိနည်းနည်းမှုန်သွားလို့ပါကွယ်
      အပေါ်က စာလေးနဲ့ ဟာ မဟုတ်လား
      ဦးမာဃက အဲဒါကို ပုံလို့ မထင်မိလို့
      အခုမြင်သွားပြီနော်

  • Mobile

    December 3, 2012 at 9:50 pm

    ကျုပ်အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ဘဝ ကဒီလိုမဟုတ်ဘူးဗျ။
    “ဘ” ဆိုတဲ့ဘိန်းကို “၀” ဝဝလင်လင်သာရှုရမယ်ဆိုရင် တစ်လောကလုံးကိုမေ့ပြီး ပျော်ပျော်နေမယ်တဲ့ . . .

  • surmi

    December 4, 2012 at 12:00 am

    ဪ ……..ကိုကင်း …..ကိုကင်း ……
    ပြန်လာလာခြင်းကို အလုပ်ပေးတော့သကိုးးးးးး
    အင်း…..စဉ်းစားလိုက်ဦးမယ်
    သူ့ဟာ ဟုတ်တော့လည်းဟုတ်သား …. ကြိုက်သလောက် တွေးလို့ရသကိုး…….

  • uncle gyi

    December 4, 2012 at 10:36 pm

    ဘီယာနဲ့ဝီစကီဥပမာပေးကတိုတိုနဲ့လိုရင်းကွက်တိပဲ

  • တိမ်မည်း

    December 5, 2012 at 11:37 am

    ဒီထက် တိုတာမရှိတော့ဖူးလားဟင်……..
    တအားတိုနေတော့ ခံစားရတာ စန် ့တငင်ငင်ကြီးဖြစ်နေတယ်…..
    ဇာတ်လမ်းပြောပါတယ်…………

    ဘဝ ဘဝ နှစ်လုံးထဲရှိလိုသာပဲနော်… သုံးလုံးသာဆိုရင်….. ဟင်း……………..
    တော်ပါပီ နှစ်လုံးပဲကောင်းပါတယ်…..

    ဘာတဲ့………………

    ဘဝ ဘဝ

Leave a Reply